စစ်အစိုးရ ဖွဲ့စည်းပုံကို ထောက်ခံကြသည် ဆိုလျှင်လည်း အံ့သြဖွယ် မရှိ
ရဲနည် | မေ ၈၊ ၂၀၀၈

မြန်မာနိုင်ငံတွင် မေလ ၁၀ ရက်နေ့၌ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အတွက် ဆန္ဒခံယူပွဲကျင်းပရန် စီစဉ်ထားချိန်တွင်၊ မဲဆန္ဒ ရှင် ပြည်သူများသို့ "ထောက်ခံမဲပေးရန်" သို့မဟုတ် " ကန့်ကွက်မဲပေးရန်" ဖိအားများလည်း သိသိသာသာတိုးတက်လာနေ လျှက် ရှိသည်။ မည်သို့ပင်အခက်အခဲ ပြဿနာများ ကြုံတွေ့ရသည်ဖြစ်စေ စစ်အစိုးရက သူတို့အနိုင်ရရှိသည် ကြေညာ လိမ့်မည်ဟု လေ့လာသူ အများစုက မျှော်လင့်ထားကြပါသည်။ ဤသို့ဆိုလျှင် သူတို့မှန်းထားသည့် ရလဒ်အတိုင်းဖြစ် အောင် မည်သို့လုပ်ဆောင်ကြမည်နည်း။ ဆက်လက် စဉ်းစားဖွယ် ဖြစ်နေပါသည်။

စစ်တပ်က အုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် အမိန့်မှန်သမျှသည် အထက်ကလာ၍ အားလုံးက လိုက်နာအကောင်အထည် ဖော်ကြရပါသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏နောက်လိုက်များကို စစ်အစိုးရ စီမံ ရေးသားထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို အတည်ပြု ဆန္ဒမဲပေးကြရန် ညွှန်ကြားထားပြီး ဖြစ်သည်။ စစ်အစိုးရ အပေါ်သူတို့ ရပ်တည်ရှင်သန်ရေးအတွက် မှီခိုနေကြရသူ အနည်းစုကသာ ဤအမိန့်ကို ဖီဆန်ရဲကြပါလိမ့်မည်။ ဤအမိန့် နှင့်အတူ ခြိမ်းခြောက်မှုများ၊ အကျပ်ကိုင် ဖိအားပေးမှုများကလည်း တွဲလျှက်ပါလာပါသည်။

စစ်အစိုးရ၀န်ကြီးများ၊ စစ်တပ်တိုင်းမှူးများနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ခေါင်းဆောင်များ အကြားတွင် မဲမရှုံးရစေရေးအတွက် အကြီးအကျယ် စိုးရိမ်ပူပန်မှု ရှိနေကြပါသည်။ အကယ်၍ သူတို့၏ သက်ဆိုင်ရာ နေရာတွင် ဖွဲ့စည်းပုံမူကြမ်းကို အတည်ပြုနိုင်ရေး ရှုံးနိမ့်ခဲ့ပါက သူတို့ အလုပ်ဖြုတ်ခံကြရမည်မှာ မုချဖြစ်သည်။

ဝန်ထမ်းများ၊ တပ်မတော်သားများ၊ စီးပွားရေးလုပ်ငန်း အသိုင်းအ၀ိုင်းမှလူများ၊ အသိပညာရှင် အတတ်ပညာရှင်များနှင့် သာမန်လုပ်သားများနှင့် သူတို့၏ မိသားစုများကို အာဏာပိုင်များနှင့် အစိုးရအရာရှိများ စောင့်ကြည့်မှုအောက်တွင် ကြိုတင် မဲများ ပေးကြစေရန် စီစဉ်ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံမှ အစိုးရ၀န်ထမ်းများက ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြရာတွင် ဖွဲ့စည်းပုံမူကြမ်းအတွက် အတည်ပြုမဲ မရပါက သူတို့အလုပ်ထုတ်ခံရမည်ကို စိုးရိမ်နေကြသည်ဟု ဆိုပါသည်။

အမည်မဖော်လိုသော အစိုးရ အရာရှိအချို့က ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြရာတွင် စစ်အစိုးရက အစိုးရ၀န်ထမ်းများ၊ တက္ကသိုလ် ဆရာများ၊ ကျောင်းဆရာ ဆရာမများ၊ အစိုးရပိုင်လုပ်ငန်းဌာနများမှ ၀န်ထမ်းများကို စစ်အစိုးရထိပ်တန်း ခေါင်းဆောင်များရှေ့၌ ကြိုတင်မဲပေးခိုင်းခဲ့သည်ဟု ပြောပြပါသည်။ အာဏာပိုင်များက ထောက်ခံမဲ "အမှန်အမှတ်အသား" ခြစ်ပြီးသား မဲစာရွက်များကိုပင် ဝေငှခဲ့သည်ဟု လူအချို့က ပြောပြကြပါသည်။

စစ်အစိုးရက ဤသို့ ရက်စက်ကြမ်းကြုတ်စွာ တဖက်သတ် "ထောက်ခံအတည်ပြုမဲ ရရှိရေး" စီစဉ်ဆောင်ရွက်နေသော် လည်း၊ ခုတ်ရာတခြား ရှရာတလွဲ၊ တန်ပြန်သက်ရောက်မှုများ ဖြစ်ပေါ်လာစေပါသည်။

" ကျနော်က ဒီအစိုးရကို ယုံတာမဟုတ်ဘူး။ ဒါကြောင့် ကျနော်မဲသွားပေးမှာ မဟုတ်ဘူး။" စသဖြင့် ဧရာဝတီမဂ္ဂဇင်းက တယ်လီဖုန်းဖြင့် စစ်တမ်းကောက် ဆက်သွယ်မေးမြန်းခဲ့သူ အများစုက တုံ့ပြန်ပြောဆိုခဲ့ကြပါသည်။ ဤသို့ခံစားချက်မျိုးကို ပြည်ပနေ မြန်မာအများစုကလည်း အမြင်တူကြပါသည်။ ပြည်ပနေ မြန်မာအများစုက သံရုံးများတွင် ကြိုတင်ဆန္ဒမဲပေးရန် အခွင့်အရေးကို ငြင်းပယ်ခဲ့ကြပါသည်။ သံရုံးများရှေ့တွင် ဆန္ဒပြကန့်ကွက်သူများက ပိုများ၍ မဲသွားပေးသည့်သူများက အနည်းငယ်သာ ရှိခဲ့ကြပါသည်။

မဲပေးလာသူ အနည်းစုသာရှိသောကြောင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ စီစဉ်သူများအတွက် ရှုံးနိမ့်မှုဟု ဆိုနိုင်ပါသည်။ သူတို့ က မဲဆန္ဒပေးပိုင်ခွင့်ရှိသူများ၏ အရေအတွက် ၅၀% ကျော်လာရောက်မဲပေးမှ အောင်မြင်သည်ဟု ဆိုနိုင်ပါသည်။ ဤသည် မှာ ရှင်သန်လှုပ်ရှားနေသည့် ဒီမိုကရေစီစနစ်၏ သရုပ်မှန်ပင် ဖြစ်သည်။

ဤသို့ မဲပေးလာသူ အများစုရရှိရန် ရည်ရွယ်ချက်ဖြင့် စစ်အစိုးရက "အတည်ပြုထောက်ခံ ဆန္ဒမဲပေးရေး" လှုပ်ရှားမှုများကို သတင်းမီဒီယာများနှင့် လမ်းမများပေါ်တွင် ဆောင်ရွက်လာခဲ့ပါသည်။ စစ်အစိုးရတွင် ၎င်းကိုလိုလားသည့် ကြံ့ဖွံ့အသင်းနှင့် ဒေသခံ အာဏာပိုင်များရှိနေပြီး၊ ၎င်းတို့၏ အဖွဲ့ဝင်များ၊ အရာရှိများက ဖွဲ့စည်းပုံထောက်ခံရေး ကြွေးကြော်သံများရေးသား ထားသည့် တီ-ရှပ်များ ၀တ်ဆင်ခြင်း၊ နိုင်ငံတ၀ှမ်း လက်ကမ်းစာရွက်များ ဝေငှဖြန့်ဖြူးခြင်း၊ လူထုများကို ထောက်ခံမဲပေးကြ ရန် တိုက်တွန်းခြင်းများ လုပ်ဆောင်နေကြပါသည်။

လူထုများကို ထောက်ခံမဲပေးစေရန် တိုက်တွန်းစည်းရုံးရန်အတွက်၊ သို့မဟုတ် အကျပ်ကိုင်ရန်အတွက် အစိုးရက စီမံ ဆောင်ရွက်သော လှုပ်ရှားမှုများတွင် စစ်တပ် တပ်မှူးများနှင့် အစိုးရအရာရှိများကိုယ်၌ကပင်လျှင် ပါဝင်ဆောင်ရွက်နေကြ သည်ကို တွေ့ကြရပါသည်။

ယခုအခါ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ နေထိုင်နေသည့် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာတင့်ဆွေက ယခုဆန္ဒခံယူပွဲမှ ဖြစ်လာနိုင်သည့် အလားအလာကို အောက်ပါအတိုင်း တွက်ချက်ပြပါ သည်။

ဖြစ်နိုင်ခြေ ၁။

ထောက်ခံမဲ = ၂၆
ကန့်ကွက်မဲ= ၂၅
မဲမပေး= ၄၉
စုစုပေါင်း မဲပေးလာသူ= ၅၁

ဤဖြစ်နိုင်ခြေတွင် မဲလာမပေးသူ ၄၉ ဦးက ဖွဲ့စည်းပုံနှင့် ယခုဆန္ဒခံယူပွဲကို ကန့်ကွက်သူများ ဖြစ်နိုင်သော်လည်း ဖွဲ့စည်းပုံ ကို တမဲတည်းဖြင့် အတည်ပြုနိုင်လိမ့်မည် ဖြစ်သည်။

ဖြစ်နိုင်ခြေ ၂။

ထောက်ခံမဲ = ၂၆
ကန့်ကွက်မဲ= ၂၆
မဲမပေး= ၄၈
စုစုပေါင်း မဲပေးလာသူ= ၅၂

ရလဒ်က တိုက်နေသည်။ သို့သော်လည်း "ကန့်ကွက်မဲ"များကို ပယ်ဖျက်ခြင်းဖြင့် ဖွဲ့စည်းပုံကို အတည်ပြုနိုင်ပါသေးသည်။

ဖြစ်နိုင်ခြေ ၃။

ထောက်ခံမဲ = ၂၀
ကန့်ကွက်မဲ= ၃၁

ကန့်ကွက်မဲ ၁၂ မဲကို ရည်ရွယ်ချက်ရှိရှိဖြင့် ပယ်ဖျက်ခြင်းဖြင့်၊ တမဲအသာဖြင့် ဖွဲ့စည်းပုံမူကြမ်းကို အတည်ပြုရန် အာဏာပိုင် များက ဖန်တီးနိုင်ပါသေးသည်။

သီးခြားလွတ်လပ်သည့် စောင့်ကြည့်လေ့လာသူများ မရှိသည့်အခြေအနေအောက်တွင် မဲများကို လိမ်ရန်၊ ညစ်ပတ်ရန် အခွင့်အရေးမှာ အာဏာပိုင်များလက်အတွင်းတွင် အတိုင်းမသိ ကျရောက်နေပါသည်။ ယခုဆန္ဒခံယူပွဲသည် တရားမျှတ လိမ့်မည်ဟု လူအနည်းစုကသာ ယုံကြည်မှု ရှိကြပါသည်။ သို့အတွက်ကြောင့် စစ်အစိုးရက ဖွဲ့စည်းပုံမူကြမ်းအတည်ပြုနိုင် ရေးအတွက် အောင်ပွဲခံသည်ဟု ကြေညာခဲ့လျှင်လည်း အံ့သြဖွယ် မဟုတ်တော့ပါ။

ရဲနည်ရေးသားသည့် A "Yes" Vote Will Be No Surprise ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!