#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ပုပ္ပါးလိပ်ပြာများ မျိုးတုန်းပျောက်ကွယ်
ကြည်ဝေ | မတ် ၃၁၊ ၂၀၀၈

ပထမဆုံးအဖြစ် မြန်မာနိုင်ငံတွင် ကျားများ ဆုံးရှုံးခဲ့ရသည်။ ထို့နောက် မြစ်များအတွင်းရှိ ငါးများ ပျောက်ကွယ်မျိုးတုန်း ကြရပြီး၊ အင်းလေးကန်ရေပြင်လည်း ညစ်ထေးလာခဲ့သည်။ ယခုအချိန်တွင်မူ မြန်မာနိုင်ငံအတွင်းရှိ လိပ်ပြာများပါ မျိုးတုန်း ပျောက်ကွယ်နေပြီကို မြင်တွေ့နေကြရသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ ပုပ္ပါးတောင်သည် နတ်တို့ ပျော်စံရာမြေနှင့် နိုင်ငံသိ ထင်ရှားသော ဘုရားဖူးလည်စရာ တောင်တခုလည်း ဖြစ်သည်။ ပုပ္ပါးတောင်သည် မီးတောင်သေ တခုဖြစ်ပြီး၊ လူသိနည်းလှသော အချက်မှာ ရှားပါးလှပသည့် ရွှေငှက်တောင် (ဇီဝဗေဒအခေါ် Taoides aceacus) အမည်ရှိ လိပ်ပြာများ အပါအ၀င် ကမ္ဘာတွင် အရှားပါးဆုံးသော လိပ်ပြာမျိုးစိတ်အချို့၏ ကွန်းခိုရာ နေရာတခုလည်း ဖြစ်သည်။

၁၉၈၂ ခုနှစ်တွင် မြန်မာ့သစ်တောဝန်ကြီးဌာန၏ အစီရင်ခံစာတခုတွင် ပုပ္ပါးတောင်၌ ရှိနေသော လိပ်ပြာအမျိုးပေါင်း ၁၀၀ ခန့်ကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ပုပ္ပါးတောင်၏ ပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ၂၀၀၀ ခုနှစ် တွင် စစ်တမ်းကောက်ယူချက်အရ အမျိုး ၆၀ အထိ ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။ ၇ နှစ်ကြာသောအခါ သုတေသီများ က လိပ်ပြာ ၃၂ မျိုး ကိုသာ တွေ့ရှိခဲ့ရပြီး ရှားပါးလှသည့် ရွှေငှတ်တောင်လိပ်ပြာမျိုးသည်လည်း မျိုးတုန်းပျောက်ကွယ်သွား ခဲ့ပြီ ဖြစ်သည်။

သစ်တောပြုန်းတီ်းခြင်းနှင့် ရာသီဥတု အပြောင်းအလဲများကြောင့် လိပ်ပြာမျိုးစိတ်ပေါင်း ၇၀ ခန့် ဆုံရှုံးခဲ့ရသည်ဟု ဆိုသည်။

မြေသြဇာကောင်းလှသော မီးတောင် ချော်ပြာများပေါ်တွင် ပေါက်နေသော ပုပ္ပါးတောင်၏ ထူထဲလှသော သစ်တောများနှင့် များပြားလှသော တောင်ပေါ်စိမ့်စမ်းများသည် တချိန်တခါက လိပ်ပြာများအတွက် အကောင်းဆုံး ကွန်းခိုရာ ဖြစ်ခဲ့ပြီး ကမ္ဘာ့ အရှားပါးဆုံး လိပ်ပြာ ၁၀ မျိုးအနက် ၉ မျိုးကို ပုပ္ပါးတောင်ဒေသ၌ တွေ့ရှိခဲ့ကြရသည်။ ဤလိပ်ပြာများ ပျောက်ဆုံး ကွယ် ပျောက်သွားရခြင်းက တောပြုန်းခြင်း၏ ဆိုးကျိုး သက်ရောက်မှုများကို နောက်ထပ်သာဓက တခုအဖြစ် ပြသနေသည်။ “သစ်ပင်သစ်တော ရှင်သန်ပျံ့နှံ့မှုအတွက် ၀တ်မှုံကူးပေးဖို့ အရေးပါတဲ့ လိပ်ပြာမျိုးစိတ်တွေ ခုလို ပျောက်ဆုံးကုန်ရတယ် ဆိုတာ သစ်ပင် သစ်တောတွေအတွက် အကြီးမားဆုံး ဆုံးရှုးံမှုကြီး တခုပါပဲ” ရန်ကုန်အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တဦးက ဆိုပါသည်။

လွန်ခဲ့သော နှစ် ၂၀ အတွင်း စစ်အစိုးရသည် သစ်ကုမ္ပဏီများအား သစ်တောအကွက်လိုက် ခုတ်ယူခွင့်ပြုခြင်းနှင့် တရား မ၀င် သစ်ခုတ်လှဲမှုများကြောင့် မြန်မာနိုင်ငံ၏ သစ်တော ၂၈ % ကျော်ကို ဆုံးရှုံးခဲ့ရပါသည်။ သစ်တောများ တရကြမ်းဖျက် ဆီးခုတ်လှဲခဲ့သောကြောင့် လိပ်ပြာများ မျိုးပြုန်းမည့်အရေး ရင်ဆိုင်ကြုံတွေ့နေကြရပြီ ဖြစ်သည်။

သစ်တောများပြုန်းတီးနေသော်လည်း စစ်အစိုးရက ပုပ္ပါးတောင်၏ ဧက ၃၁, ၀၀၀ ကျော်ကို ဘေးမဲ့သစ်တောအဖြစ် စာ ရွက်ပေါ်တွင် သတ်မှတ်ထားဆဲ ရှိသည်။ ၁၉၈၂ သစ်တောဝန်ကြီးဌာန၏ စာရင်းများအရ ပုပ္ပါးတောင်ဒေသတွင် သစ်ပင် အမျိုးအစား ၃၀၀၊ သစ်ခွ အမျိုးအစား ၅၂ မျိုးနှင့် အခြား ရှားပါး ပရဆေးပင် အမျိုးကွဲပေါင်း ၁၂၀ ကျော် ရှိကြောင်း စာရင်း ပြုစုထားခဲ့သည်။ နို့တိုက်သတ္တ၀ါ ၁၀ မျိုးနှင့် ငှက်အမျိုးစိတ်ပေါင်း ၁၃၀ ကျော် ဤတောင်ပေါ်တွင် အခြေချ နေထိုင်ခဲ့ကြဖူး သည်။

တချိန်တခါက ပုပ္ပါးတောင်၏ တောင်စောင်းများတွင် ရစ်ခွေစီးဆင်းနေခဲ့သော ရေထွက်စမ်းပေါင်း ၃၆ စင်းရှိခဲ့ပြီး၊ ယနေ့ ကာလတွင် အများစုမှာ ခမ်းခြောက်ကုန်ကာ ၂ စင်းသာ ကျန်ရှိတော့သည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.