#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

NGO များ လူထု ကျန်းမာရေး ပညာပေးရေး လုပ်ငန်းများ ရပ်ဆိုင်း
အေးလဲ့ | မတ် ၂၆ ၊ ၂၀၀၈

စစ်အစိုးရက မေလတွင်ပြုလုပ်မည့် အခြေခံဥပဒေအတည်ပြု ဆန္ဒခံယူပွဲနှင့်ပတ်သက်ပြီး လူထုစည်းရုံး လှုံ့ဆော်မှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် မြန်မာနိုင်ငံအတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်း (INGO)များ၏ လူထုနှင့်ထိစပ် ဆောင်ရွက်နေသည့် လုပ်ငန်းများကို တင်းကျပ် လာနေကြောင်း ခိုင်လုံသော သတင်းရပ်ကွက်များက ဆိုသည်။

ယခုလ ၄ ရက်နေ့မှစတင်၍ INGO များကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ကျန်းမာရေးဦးစီးဌာနမှ အစည်း အဝေး ခေါ်ယူကာ လူထုနှင့် ထိစပ်လုပ်ငန်းများဖြစ်သည့် ကျန်းမာရေး ပညာပေးခြင်း၊ HIV/AIDS ဝေဒနာရှင် များကို တွေ့ဆုံပြီး နှစ်သိမ့်ဆွေးနွေးခြင်းများ စသည့် လုပ်ငန်းများကိုမလုပ်ဆောင်ရန် ခေါ်ယူပြောဆိုသည် ဟု သိရသည်။

ယင်းအဖွဲ့များအနက် Marie Stopes International (MSI) ၊ Care Inernational in Myanmar(Care-Myanmar) ၊ World Vision နှင့် Save The Children အဖွဲ့များ၏ လူထု ကျန်းမာရေး ပညာပေးမှုဆိုင်ရာ စသည့် ကွင်းဆင်း လုပ်ရှားမှုများကိုလည်း မပြုလုပ်ရန် တားမြစ်ထားကြောင်း သိရသည်။

“ရုံးခန်းတော့ ဆက်ဖွင့်ခွင့်ရှိတယ်၊ activities အားလုံးရပ်ပါ၊ ကွင်းဆင်းလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေအား လုံးကို သက်ဆိုင်ရာကို သတင်းပေးပါ၊ လုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ရှားမှုတွေကိုလုပ်မယ်ဆိုရင် သက်ဆိုင် ရာ ကျန်းမာရေးဌာနတွေပါမှ လုပ်ရမယ် ဆိုတော့ ကျန်းမာရေးဝန်ထမ်းအင်အားပါမှ လုပ်ဖို့ ဆိုတော့ လုပ်ဖို့ ခက်တယ်”ဟု အမည်မဖော်လိုသူ NGO အရာရှိတဦး က ဆိုသည်။

INGO တချို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ကနေတဆင့် အောက်ခြေလူထုသို့ ငွေကြေး ထောက်ပံ့မှုများပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း၊ ယင်းလုပ်ရပ်သည် လာမည့် အခြေခံဥပဒေ အတည်ပြု ဆန္ဒခံယူပွဲနှင့် အထွေထွေရွေးကောက်ပွဲ အသစ်နှင့် ပတ်သက်ပြီး နိုင်ငံရေးလှုပ်ရှားမှုအဖြစ် ဂယက်ရိုက်နိုင် ကြောင်း ယခုလ ၉ ရက်နေ့က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ် မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်က ပြောဆိုခဲ့ဖူးသည်။

ယခုနှစ် ဇန်နဝါရီ ၁၁ရက် နေ့က နေပြည်တော်၌ လူထုကျန်းမာရေးဌာန၏ ဒုတိယညွန်ကြားရေးမှူးချူပ် ဒေါက်တာ စံရွှေဝင်း ကြီးမှူးကျင်းပသော အစည်းအဝေးတွင်လည်း INGO များအနေနှင့် အစိုးရအသိအမှတ် ပြုထားသော ကြံ့ဖွံ့နှင့် အမျိုးသမီး ရေးရာကဲ့သို့သော အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှသာ ခရီးသွား လာခွင့်ပြုမည်ဖြစ်ကြောင်းနှင့် သုတေသနလုပ်ငန်းများကိုမူ ထပ်မံပြုလုပ်ခွင့်မပေးတော့ကြောင်း ပြင်းပြင်း ထန်ထန် သတိပေးသည်ဟု သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် HIV/AIDS ကူညီစောင့်ရှောက်မှုနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာချူပ်ဆိုထားသည့် INGO အဖွဲ့ စုစုပေါင်း ၃၄ ဖွဲ့ ရှိပြီး လျှောက်ထားဆဲ ၃ ဖွဲ့ ရှိသည် ဟု ဆိုသည်။

နောက်ဆုံးကြားသိရသော သတင်းများအရ မန္တလေးမြို့ရှိ Population Services International(PSI) အဖွဲ့ မှ အမျိုးသား လိင်တူဆက်ဆံသူများ(MSM)နှင့်ပတ်သက်သည့် အကူအညီပေးနေသော၊ HIV/AIDS ဝေဒနာ ရှင်နှင့် HIV/AIDS ကျန်းမာရေးပညာပေးရေးအတွက် ကူညီထောက်ပံ့ပေးနေသောTop Center နှင့်ဆေးခန်း တို့ကို ပိတ်ရန် မန္တလေးတိုင်း ကျန်းမာရေးဦးစီးဌာနမှ ယခုလ ၇ ရက်နေ့တွင် တရားဝင် အကြောင်းကြားစာ ထုတ်ပြန်ထားသည် ဟု NGO သတင်းရပ်ကွက်များက ပြောသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.