အဝေးသင် တက္ကသိုလ်ဘွဲ့ရများကို အရည်အချင်း မရှိသူများအဖြစ် အစိုးရအရာရှိကြီးများ ကိုယ်တိုင် မှတ်ယူထားခြင်းကြောင့် အစိုးရ အရာရှိငယ် ရာထူးများအတွက် မရွေးချယ်ခြင်း ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ အရာရှိကြီးတစ်ဦးက ရှင်းပြသည်။
“အရာရှိငယ်ရာထူးအတွက် အဝေးသင်ဘွဲ့ရတွေကို မခေါ်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒါက တရားဝင် ညွှန်ကြားချက်ထွက်တာမျိုး မဟုတ်ဘူး။ ၀န်ကြီးဌာနတိုင်းမှာ ဒီလိုပါပဲ။ နေ့တက် တက္ကသိုလ် ဘွဲ့ရတွေကိုပဲ ခေါ်ကြတယ်”ဟု ထို အကောက်ခွန်အရာရှိက ပြောကြားသည်။
အဝေးသင်တက္ကသိုလ်ဘွဲ့ရများသည် အရာရှိငယ်ရာထူး များမရရှိနိုင်သော်လည်း ၀န်ကြီးဌာနများတွင် စာရေး၊ စာချီကဲ့သို့သော အောက်ခြေ ၀န်ထမ်းများအဖြစ် ၀င်ရောက်အလုပ်လုပ်နိုင်သည်ဟု သိရသည်။
“ပညာရေး ဝေးသည်မရှိ” ဆိုသော ဆောင်ပုဒ်နှင့်အတူ စစ်အစိုးရ တီထွင်ခဲ့သော အဝေးသင် တက္ကသိုလ် ပညာရေးစနစ်မှ မွေးထုတ်လိုက်သည့် ဘွဲ့ရလူငယ်များကို စစ်အစိုးရ ကိုယ်တိုင် အသိအမှတ်မပြုခြင်းမှာ လက်မခံနိုင်ဖွယ်ရာဖြစ်သည်ဟု အဝေးသင်ဘွဲ့ရ လူငယ်များက ပြောသည်။
“အစိုးရရဲ့ အဝေးသင်ပညာရေးစနစ်နဲ့ဘွဲ့ရတာကို အစိုးရကိုယ်တိုင်က အသိအမှတ်မပြုချင်ဘူး ဆိုတော့ ဒီအဝေးသင်တက္ကသိုလ်ဘွဲ့ရတွေက ဘာဆက်လုပ်ရမလဲ” ဟု ရန်ကုန်အဝေးသင် တက္ကသိုလ်ဘွဲ့ရ ကျောင်းသူတဦးက မေးခွန်းထုတ်သည်။
ရန်ကုန်မှ မြန်မာစာကထိက တဦးကမူ နေ့တက်တက္ကသိုလ်ဘွဲ့ရ များက အရည်အချင်းရှိပြီး အဝေးသင်ဘွဲ့ရ များက အရည်အချင်းမရှိဟု ခွဲခြားသတ်မှတ်ခြင်းမှာ မသင့်လျော်ဘဲ ပညာရေးစနစ်သည်သာလျှင် တရားခံ အစစ်ဖြစ်သည်ဟု သုံးသပ်သည်။
“ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်း ကိုယ်တိုင်က တက္ကသိုလ် နောက်ဆုံးနှစ်စာမေးပွဲမှာ ဂုဏ်ထူးထွက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အဖြေလွှာကလွဲရင် ကျန်တဲ့ Day ရော၊ အဝေးသင်ရောမှာ ဆရာ၊ ဆရာမတို့ ကြိုက်သလို လုပ်ပါ။ ကျနော်တို့ ဘာမှ မပြောပါဘူး ဆိုပြီး မှာတယ်။ ပြောချင်တာက ကျောင်းသားတွေကို အအောင်ပေးပါ၊ အကျမများပါစေနဲ့လို့ ပြောတာ” ဟု အဆိုပါမြန်မာစာကထိက က ထောက်ပြသည်။
စစ်အစိုးရသည် ကျောင်းသားများ နိုင်ငံရေးမလုပ်ရန်သာ စိတ်ဝင်စားပြီး ပညာတတ်သည်၊ မတတ်သည်ကို ထည့်သွင်းစဉ်းစားခြင်း မပြုကြောင်း၊ ထို့ကြောင့် တနှစ်တနှစ် မြန်မြန်အောင်၊ မြန်မြန်ဘွဲ့ရ ဆိုသော ပြီးစလွယ် ပညာရေးစနစ်ဖြင့် တိုင်းပြည်လူငယ်များကို အကွက်ကျကျ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း တက္ကသိုလ် ပညာရေးဆိုင်ရာ ၀န်ထမ်း အသိုင်းအ၀န်းတွင် ဝေဖန်နေကြသည်။
“အဝေးသင် တက္ကသိုလ်မှာ ၁၀ ရက်ကျောင်းတက်ပြီး စာမေးပွဲဖြေလို့ ပညာမတတ်ဘူးလို့ ပြောနေကြတာ။ နေ့တက် တက္ကသိုလ်တွေမှာလည်း ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းပြည့်ရင် မည်သည့်ကျောင်းသားမျှ ကျရှုံးခြင်းမရှိစေရဆိုတဲ့မူနဲ့ ဘွဲ့တွေပေါပေါလောလော ပေးနေတာပဲ။ ပြောရရင်လည်း ကိုယ်ပေါင်
ကိုယ်လှန် ထောင်းရသလိုပဲ” ဟု တက္ကသိုလ်ဆရာမတဦးက ပြောသည်။
စစ်အစိုးရ၏ ပညာရေးစနစ်သည် ချွတ်ယွင်းချက်များစွာရှိနေပြီး ပညာတတ်များစွာ မွေးထုတ်မည်ဆိုပါက ယခုလက်ရှိ ပညာရေးစနစ် တခုလုံးကို မြေလှန် ပြောင်းလဲပစ်ရန် လိုအပ်သည်ဟု ဒဂုံတက္ကသိုလ် မြန်မာစာ ကထိကဟောင်း စာရေးဆရာမ ဒေါ်မေငြိမ်းက ပြောသည်။
မြန်မာ့ ပညာရေးစနစ်တွင် ဆရာ၊ ဆရာမ၏ သင်ကြားမှုကို လိုက်လံမှတ်သား ကျက်မှတ်သည့် စနစ်မှ ကျောင်းသားကိုယ်တိုင် လေ့လာဆည်းပူးခြင်း စနစ်သို့ကူးပြောင်းရေးသည် အလွန်အရေးကြီးကြောင်း ဒေါ်မေငြိမ်းက ဆက်လက်ပြောကြားသည်။
“တက္ကသိုလ်ပညာရေးမှာ တကယ့် သော့ချက်က ဆည်းပူးတာ။ သင်ယူတာမဟုတ်ဘူး၊ လေ့လာဆည်းပူး ပညာရှာရတာ။ တက္ကသိုလ်ဆိုတာ ကြံဆရတာ” ဟု သူက သုံးသပ်ပြောဆိုသည်
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယခုနှစ် အောက်တိုဘာလ အတွင်းက ပြုလုပ်သော အဝေးသင် တက္ကသိုလ်ဘွဲ့နှင်းသဘင် ပေးအပ်ပွဲတခု၌ ရန်ကုန်အဝေးသင် တက္ကသိုလ်ပါမောက္ခချုပ်က မြန်မာနိုင်ငံ၏ တက္ကသိုလ် သင်ရိုးညွှန်းတမ်းများသည် ကမ္ဘာ့အဆင့်မီ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရ အာဏာရရှိချိန်မှစပြီး ယနေ့အချိန်အထိ မှတ်ပုံတင်ထားသည့် အဝေးသင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အရေအတွက် ၂ သိန်းကျော်၊ ၃ သိန်းနီးပါးရှိနေပြီ ဟု ပညာရေး အသိုင်းအ၀န်းမှ သိရသည်။
written by Chitmyanmar, November 14, 2009
written by Myanmar, November 13, 2009
Dear Dr. Chan Nyein,
Once while i was in Singapore, i met with one guy who is an Engineer and the Graduate of Rangoon Institute of Technology, he told me once that you were a good person while you were trying to get the degree from the MIT but now you are the one who is betraying the citizens of Myanmar, shame on you doctor. shame on you. i do believe that those who are civilians and collabrating with the Military Junta and making profits for themselves are worse than those military officers who are taking bribe and corruped during these days. we can forgive the officers but we could not forgive someone like Dr. Chan Nyein or U Soe Thar or Dr. Kyaw Myint, because they are the real traitors. who betrayed the citizens of Myanmar and make the Myanamr people stupids and allow them to have a situation of dump in the eyes of the international community.
please do remember that those who betrayed the nation don't end up their lives peacefully.
if you understand the situation,then you should not do like these nowadays,
to become a minister is not a main thing to be the one who dare to tell the truth is more important.
once our national leader U Aung San told the people he did not give a shit while people see him as the minister but he care being the leader of the people. he wanted to become the leader of the people than to be the minister in the British colonial master's govdernment.
so those who held the Doctor degree and do all the bad things to Myanmar Citizens should correct their mistakes and do good things for Myanmar citizens and the Union of Myanmar.
Education is the most important in everyone life.
Look at Singapore which is tiny country in South East Asia, but the most influential in the region why ???????
the answer is very clear the % of the Singaporeans who are educated is higher than those in the other nations in the region.
but there are many educated persons who are afraid to tell the truth in their lives and just say yes to the dictators, for those who are working under the present military Junta is not new because there was one scholar who showed the way of making friend with the dictator and get profits from that friendship, the scholar is late president of the Union of Burma, a historain and the personal biographer of late dictator Gen. Ne Win, Dr. Maung Maung the father of former deputy minister of foreign affairs, U Kyaw Thu ( Retired Colonel) please remember how did he ( Dr. Maung Maung) ened up his life???
I hope that you scholars will take a lesson from him.

written by Chotuu Mar, November 13, 2009
ကိုသားဆိုးရေ၊ ငြင်းတာ မဟုတ်ဘူးနော်။
တူးမာ ကြားဘူးတာက ၃ယောက်ပေါင်း ၄တန်း မအောင်တာ ဆိုလားလို့။
လေးတန်းက အစိုးရစစ် ဆိုတော့ လာဘ်ထိုးလို့ မလွယ်ဘူး။
၁တန်း၊ ၂တန်း နဲ့ ၃တန်းက ကိုယ့်ကျောင်းမှာ ကိုယ်စစ်တာ၊ တီချာတွေက ရင်းပြီးသား၊ ဟီဟိ။
တူးမာ ကြားဘူးတာက ၃ယောက်ပေါင်း ၄တန်း မအောင်တာ ဆိုလားလို့။
လေးတန်းက အစိုးရစစ် ဆိုတော့ လာဘ်ထိုးလို့ မလွယ်ဘူး။
၁တန်း၊ ၂တန်း နဲ့ ၃တန်းက ကိုယ့်ကျောင်းမှာ ကိုယ်စစ်တာ၊ တီချာတွေက ရင်းပြီးသား၊ ဟီဟိ။
written by မောင်မောင်, November 12, 2009
ကြားရတာစိတ်မကော င်းစရာပါ။ တိုင်းပြည်အနာဂါတ်အတွ က်အလွန် ရင်လေးစရာကောင်းပါတယ်။ လူငယ်များကိုခွဲခြားခံကြ ရသဖြင့်ဝမ်းနည်းရပါတယ်။ ပညာရေးကိုစံနစ်တ ကျဖျ က်ဆီးနေ သည့်တိုင်းပြည်ဖြစ်ေ နပါပြီ။ ဆေးပညာ၊ အင်ဂျင်နီယာပညာ၊ ဥပေ ဒပညာ အားလုံး ကိုအညှိုးတကြီးဖျက်ဆီးထားတာ မြင်ရပါသည်။ စစ်တပ်ထဲ ၀င်မှသာ ပညာကောင်းကော င်းသင်ပေးပြီး နေရာကောင်းများ ပေးနေပါသည်။ လူငယ်များ စိတ်ပျက်ပြားလာပါမည်။
written by ye naing, November 12, 2009
အဝေးသင် ရော day ရော ကျောင်းသားအားလုံးဟာ မိမိကိုမိမိ ညာနေသူ အများစု ဖြစ်ပါတယ်။ဒါပေမဲ့ dayသမား ကတော့ စာနဲ့ ထိတွေမှု့ များတာ အမှန်ပါ။
written by kmo, November 12, 2009
I dont see any reason to say that the quality of day student are better than that of distance student.In fact all are the same..The whole education system is inferior ..Further more..How abt the quality of myanmar master and doctorate students? how many percent of them are qualfied?Less than 10%..?? And How many of them making their own researches ,case studies and thesis without copying other people works..and do they know what's the meaning of plagiarism ?
written by sora, November 12, 2009
ကျွန်တော်တို့ သိတာတော့ ပိုက်ဆံ နဲနဲ ပြေလည်တဲ့ မိဘဆို DAY ပို့ပေးပါတယ် သူတို့သား သမီးတွေလဲ ဒီစာအုပ်မှာ ပါတဲ့သင်ရိုး ညွှန်းတန်းကို သင်ကြရပါတယ် အဝေးသင် ကျောင်းသား/သူလည်း ဒီသင်ရိုး ညွှန်းတန်းကို သင်ကြရပါတယ် အဝေးသင်တွေကတော့ နေ့ကျောင်းသားတွေလို ကျောင်းသားဘ၀ကို အပြည့်အ၀ မခံစားရပါဘူး ၁လ အတွင်းမှာသင်ရိုးကို တက်သုတ်ရိုက်လို့ ဖြေဆိုရပါတယ် ပင်ပန်းပါတယ် ဒီစာမေးလို့ ဒီစာကျက်လို့ ဖြေခဲ့ရတဲ့ ကျောင်းသားချင်း အတူတူပါ ဒါကျက်မှ အတန်း အောင်မှာပါ အတန်းအောင်မှဘွဲ့တခုရမှာပါ ဘွဲ့လေးတစ်ခုရဖို့အတွက်ပဲ ကျောင်းသားတွေက ရုန်းကန်နေတာပါ သူလိုငါလို ဘွဲ့လေးတစ်ခု ပိုင်ဖို့ အတွက်ပါ ဒီထက် ဘာမှ မပိုပါဘူး ဘာမှလဲ သုံးစားလို့ မရပါဘူး အားလုံးဟာ ဒီပုဒ်ထဲက ဒီပဲပါ အေးတစ်ခုတော့ ပြောလိုက်ချင်ပါတယ်အားလုံးကို တံခါးလေး ဖွင့်ပေးလိုက်ပါ ကမ္ဘာမှာ မြန်မာဆိုတာ ဘာလဲဆိုတာ သိပြီးသားပါ ထွေထွေ ထူးထူး ရှင်းပြနေစရာ မလိုပါဘူး ပညာရှင်တွေ တောင်လို ပုံနေမှာပါ
written by Burmese, November 12, 2009
ဟေ့မေးချင်လို့  သန်းရွှေက ဆယ်တန်း (၁၀)တန်း တောင် အောင်ခဲ့လို့ လားဟ။ သန်းရွှေက ပညာတတ်ကြီးကျနေတာပဲ..
written byုဝိဇာထွန်း , November 12, 2009
မြန်မာအစိုးရ က အဝေးသင်ကျောင်းသားတွေကို အစိုးရရာထူး လျှောက်ထားခွင့်မပေးတာ ၊အရည်အချင်းမရှိတာတွေဟာ အခုမှ ထုတ်ဖော်ပြောနေတာ ကျတော့်အနေနဲ့ ဒါဟာ အရမ်းနောက်ကျသွားပြီးလို့ ကျတော်ပြောနိုင်ပါတယ်၊ တစ်ကယ်တော့ အဝေးသင်နဲ့ day ဟာ အရည်အချင်းက အတူတူပါပဲ ဘာမှ မထူးခြားပါဘူး၊ နိုင်ငံတကာ တော့မပြောပါနဲ့ အရှေ့တောင်အာရှနိုင်ငံ တွေရဲ့ ပညာရေး အဆင့်ကိုတောင် မမှီသေးပါဘူး၊
written by ဝိဇာထွန်း , November 12, 2009
ပညာရေး စနစ်ကို နိုင်ငံတစ်ကာအသိအမှတ်မပြုသလို့ အခုအခြေအနေမှာ အစိုးရကဒီလို အဝေးသင်ကျောင်းသားတွေကို အလုပ်လျှောက်ထားခွင့်မရှိဘူးပြော နေတယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်က ပိုပြီးတော့တောင် မတွေးရဲစရာဖြစ်နေမှာ အသေခြာဆုံးပေါ့.၊အရည်အချင်းမရှိတဲ့ကျောင်းသားတွေကို မွေးထုတ်ပေးတာ မြန်မာတစ်နိုင်ငံပဲရှိတယ်ဆိုတာ အစကတည်းက အစိုးရက မသိချင်ဆောင်နေတာလေ၊၊
written by fun, November 12, 2009
we have many important issue in our country.
education is one of them.
this news story is awesome.
journalist should raise education issue.
it is very very important for the country's future.
now, we have many degree holders without education.
distance education system is crazy idea.
yes, the students stay out of the school and no more student strike. They will get degree after they attend the school for 40 days.
but, no education.
the only thing they know is how to pass the exam without learning.
so bad!

written by Than Shwe, November 12, 2009
အဝေးသင်ဘွဲ. ရသူတွေ အရည်အချင်းမရှိဘူးဆိုရင် day ကျေင်းသားတွေက ၁၀ တန်းကျောင်းသားတုန်း ခိုချပြီး အောင်လာတာ မဟုတ်ဘူးလား။ ကိုယ်တိုင်မရေးတဲ့ ခိုးချစာရွက်ကြီးပါ။
written by ဘူချို, November 12, 2009
ဟားဟား ဒါလဲ ဟာသတစ်ခုပဲနော်။ သူတို့ နအဖ အုပ်ချုပ်တဲ့ အချိန်မှာ ဘယ်ကျောင်းသားမှ အရည်အချင်းကောင်းကောင်း မရှိဘူး။ အဝေးသင်တွေ နေ့ကျောင်းသားတွေဆိုပြီး သွေးခွဲနေတာ။ ဘယ်ကျောင်းတက် တက် ဘယ်သူမှ အရည်အချင်းကောင်းကောင်းမရှိဘူး။ အားလုံးအတူတူပဲ။ ဆေးကျောင်းသားတွေလဲ ဘာထူးလဲ သူတို့ကို ပိုက်ဆံပေးတဲ့ သူတွေကျတော့ ၇၅ ရာခိုင်နှုန်းမပြည့်လဲ စာမေးပွဲ ဖြေလို့ရတယ်။ သူတို့ မကျေနပ်တဲ့ သူတွေကျတော့ စာမေးပွဲ ပေးမဖြေဘူး။ ဘယ်လိုကြောင့်လဲ။
written by tharsoe, November 12, 2009
တချိန်က ပြောခဲ့ကြတာကိုး ၃ ယောက်ပေါင်း ၆ တန်းတောင် မအောင်တဲ့ကောင်တွေလို့ သန်းရွှေလဲ အဲဒီအထဲပါနေတော့ နာတာပေါ့။ အခုတော့ အဲဒီ အညှိုးနဲ့ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ဖျက်နေတာပဲ။ အင်း သိပ်မကြာခင် မြန်မာ နိုင်ငံကြီးက ဆိုမာလီယားတို့ အီသီယိုပီးယားတို့ ဇင်ဘာဘွေတို့ လမ်းစဉ်လိုက်တော့မယ်။ ရှက်ဖို့ကောင်းလိုက်တာ သန်းရွှေရယ်။ ခင်ဗျားမို့လို့ ကိုယ်သမိုင်းကိုယ်ဖျက်တယ်။ ခင်ဗျား ဘယ်လောက်ကြီးပဲ သတင်းစာတွေထဲ အကောင်းတွေလုပ်ပြလုပ်ပြ ကောင်းပါတယ် ပြောပြော လက်တွေ့ နဲ့က တခြားစီပဲ။
သားဆိုး
သားဆိုး
written by မောင်ငယ်, November 11, 2009
မြန်မာနိုင်ငံရဲ့ ပညာရေးဘယ်လိုအဆင့် အတန်းလဲဆိုတာ ဒေါက်တာချမ်းငြိမ်းသိပါတယ်။ သူကလဲသူ့ရဲ့ရာထူးတည်မြဲ ရေး အတွက် ဆက်ပြီး အထက်ကိုလိမ်နေတာပါ။ လွန်ခဲ့တဲ့ ၃ နှစ်ခန့် က လွိုင်ကော်တက္ကသိုလ် ကိုဗိုလ်ချုပ်သိန်းစိန်မလာခင် သူအရင်လာစစ်ပြီး ဆရာတွေကို ပြောခဲ့တဲ့စကားကမှတ်သားစရာပါ။ သူ (ဗိုလ်ချုပ်သိန်းစိန်) လဲဘာမှမသိဘူး။ သူအထင်ကြီးအောင်သာ ခင်ဗျားတို့တွေ ပြောလိုက်ပါတဲ့။ ဒီလိုလူက ပညာရေးဝန်ကြီးဆိုတော့ တိုင်းပြည်ပညာရေးက ဘယ်အထိ တိုးတက်နေလဲဆိုတာ စဉ်းစားသာကြည့်ပါတော့၊
Write comment
| < Prev | Next > |
|---|

တိုးတက်လာပြီ ပညာရေးကြီး အဟိ ဟအိဟ ဟိဟိ ဟိဟိ

These questions could be solved with eveidence based research. No one can say without evidence.
Critisize your education system yourself, within your organization to be good outcome and result.