ဦးရုက္ခစိုး အဖမ်းခံရခြင်း

E-mail Print
ဦးရုက္ခစိုး တယောက်တည်း နေပြည်တော်သို့ တရားကျင့်ရန် ရောက်နေသည်။ ဦးရုက္ခစိုး အခြေချရာ ချင်းမိုင်ရှိ ဒွိုင်ဆူထေ့ တောင်ထက်ပင် နေပြည်တော်ကြီးက တိတ်ဆိတ်လွန်းလှ၏။

တခါတုန်းက ကြပ်ပြေး နေပြည်တော်တွင် ကျက်စားနေသော ကြပ်ငပွေးဖြင့် အလည်အပတ် လိုက်ခဲ့ဖူးရာ နေပြည်တော် ရွှေမြို့တော်ကြီးကား တိတ်ဆိတ်လွန်း၍ တရားမှတ်ရန် အလွန်ကောင်းသော နေရာတခုအဖြစ် သတိရမိပြီး ဖိုးရှုပ်တို့ကိုပင် မခေါ်ဘဲ ရောက်လာခြင်းဖြစ်သည်။

သုသာန် တစပြင်အလား ခြောက်ကပ်တိတ်ဆိတ်လှသော နေပြည်တော်ကြီးရှိ ကျိုးတိုးကျဲတဲ ပေါက်နေသော သစ်ပင်ငယ် တပင်အောက်တွင်ထိုင်ကာ တရားမှတ်နေစဉ် သူ့အနားသို့ ချိုကုပ်ဒူးကြီး အမောတကော ပျာပျာသလဲ ပြေးလာသည်။

ချိုကုပ်။     ။ ဟာ ဟာ … ဦးရုက္ခစိုးကြီး … ခု ရပ်၊ ခု ရပ်။

ရုက္ခစိုး။     ။ ဘာဖြစ်လို့လဲဗျ၊ အမေရိကန်တပ်တွေ ဝင်လာလို့လား။

ချိုကုပ်။     ။ မဟုတ်ဘူး … ခင်ဗျားကို ဖမ်းရလိမ့်မယ်။

ရုက္ခစိုး။     ။ ဘာမှုနဲ့ ဖမ်းမှာလဲဗျ။ ခင်ဗျားတို့ နေပြည်တော်မှာ တိတ်ဆိတ်ငြိမ်သက်လွန်းလို့ သဒ္ဓါစိတ်ပွားပြီး တရား ကျင့်မလို့လေ။

ချိုကုပ်။     ။ အဲဒါကြောင့် ဖမ်းရမှာဗျ။ တရားကျင့်တယ် ပြောရုံနဲ့ ဘယ်ရမလဲ။ ခင်ဗျား မှတ်နေတဲ့ တရားတွေကို ဆင်ဆာမှ မတင်ဘဲဟာ။

ချိုကုပ်ဒူးကြီး၏ စကားကြောင့် ဦးရုက္ခစိုး အလွန်အမင်းအံ့သြသွားသည်။

ရုက္ခစိုး။     ။ ထူးဆန်းပါပေ့ဗျာ၊ မှတ်မယ့် တရားတောင် ဆင်ဆာ တင်ရမယ်လို့။

ချိုကုပ်။     ။ မထူးဆန်းပါဘူးဗျာ၊ ခင်ဗျား သတင်းတွေ မဖတ်ဘူးထင်တယ်၊ NLD က အင်္ဂါဆုတောင်း အဖွဲ့တွေ ဆိုရင် လက်ထဲမှာ ကမ္မဝါ စာရွက်တွေ့လို့ ဖမ်းပြီးပြီ။

ရုက္ခစိုး။     ။ ဟာ ကမ္မဝါဖတ်တာ ဘာဖြစ်လို့လဲ။ ပိဋကတ်သုံးပုံ ဘုရားဟောထဲမှာလည်း ပါတာပဲဟာ။

ချိုကုပ်။     ။ အဲဒီ ဘုရား ဆိုတာကိုတောင် အတုလား၊ အစစ်လား ခွဲရမယ်။ မှတ်ပုံတင် ရှိ၊ မရှိ စစ်ရမယ်။ တောင်ကြာ အတုဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ခင်ဗျားပြောတဲ့ ပိဋကတ် သုံးပုံ ဆိုတာလည်း အခု ပြန် စိစစ်ရမယ်။ အစိုးရဆန့်ကျင်ရေးပါရင် ဖြတ်ပစ်မယ်။ သူ့ထဲမှာက ပါဠိလိုတွေ ရေးထားတာဗျ။
ရုက္ခစိုး။     ။ သြော် ဆင်ဆာက လူတွေကတော့ ပါဠိလို နားလည်တယ်ပေါ့နော်၊ တော်ကြရှာသားပဲ။

ချိုကုပ်။     ။ ဘယ်ကလာ နားလည်ရမှာလဲ။ ဒီလိုပဲ ဆင်ဆာဘုတ်က ခွင့်ပြုသည်ဆိုပြီး ဆိုင်းထိုး၊ ပြီးရင် စာအုပ်ရှေ့မှာ နိုင်ငံပျက်ရေး ဦးတည်ချက်တို့၊ စီးပွားပျောက်ရေး ဦးတည်ချက်တို့ ထည့်ရိုက်လိုက်ရင် တရား ဝင်ပြီ။ ဟိုလူတွေရဲ့ ကမ္မဝါ စာရွက်မှာက အဲဒါတွေမှမပါဘဲ။ အဲဒီတော့ ဖမ်းတာပေါ့။

ရုက္ခစိုး။     ။ ဒါဆို ကျုပ်က ခင်ဗျားတို့ မဖမ်းအောင် ဘယ်လိုလုပ် တရားမှတ်ရမှာလဲ။

ချိုကုပ်။     ။ အသံထွက်မှတ်လေ။ ဒါပေမယ့် မေတ္တာပို့ရင်တော့ ဖမ်းမယ်။ အေးငြိမ်းကြပါစေတို့၊ ချမ်းသာကြ ပါစေ တို့ ပါလာရင် ဖမ်းမယ်။ ကောင်းတာကတော့ ကမ္မဝါတို့ ဘာတို့လို လူနားမလည်တဲ့ ပါဠိတွေ ရွတ်မယ့်အစား သူတို့တာဝန်အရေး ၃၆ ပါးတို့၊ နိုင်ငံပျက်ရေးဦးတည်ချက်တို့၊ စီးပွားပျောက်ရေး ဦးတည်ချက်တို့ ရွတ်ပြီး တရားမှတ်ပေါ့။

ရုက္ခစိုး။     ။ သြော် … မှတ်သားလောက်ပါ ပေရဲ့။ ဖိုးရှုပ်တို့ရေ ငါ့ လာကြည့်ကြပါဦးဟ။

ဦးရုက္ခစိုးက ဖိုးရှုပ်ကို တ လိုက်သော်လည်း အနားသို့ ရောက်လာသူက ချိုကုပ်ဒူးကြီး၏မြေး ဖိုးလောက်လန်း ဖြစ်နေသည်။

ဖိုးလောက်လန်း။     ။ ဘိုးဘိုးတို့ ရုတ်ရုတ်ရုတရုတ်နဲ့ ဘာဖြစ်နေကြတာလဲ။

ချိုကုပ်။     ။ ဒီမှာ ဦးရုက္ခစိုးကြီးလေ၊ ဘိုးဘိုးရဲ့ နေပြည်တော်မှာ မဖွယ်မရာ တရားလာကျင့်နေလို့ ပညာပေးနေတာ။

ဖိုးလောက်လန်း။     ။ ဦးရုက္ခစိုးတို့ကလည်း တရားကျင့်ဖို့၊ မေတ္တာပို့ဖို့၊ ကမ္မဝါဖတ်ဖို့လောက်ပဲ သိတယ်။ လုံးဝ ဒိတ်အောက်တယ်ဗျာ။ ခက်တာပဲ။ မြန်မာပြည်ကြီး မတိုးတက်တာ ခင်ဗျားတို့လို လူတွေ … အဲ … နတ်တွေ ကြောင့်ဗျ သိလား။

ဖိုးလောက်လန်းကပါ အဘိုးလေသံဖမ်း၍ ဦးရုက္ခစိုးကို ဝင်ငေါက်နေသည်။

ချိုကုပ်။     ။ ဒါနဲ့ ငါ့မြေးက ရန်ကုန်ကနေ ဘယ်လိုလုပ် နေပြည်တော်ရောက်နေရတာတုန်း။

ဖိုးလောက်လန်း။     ။ ပိုက်ဆံလာတောင်းတာလေ၊ ဘိုးဘိုးပဲ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီ ချီတက်မလို့ဆို။

ဦးရုက္ခစိုးကြီးက “အင်း … တရားလည်း မှတ်မရမယ့် အတူတူ … ဒီမြေးအဘိုး ပေါက်တတ်ကရတွေ ပြောတာ နားထောင်ရင် ရယ်ရမယ်ထင်တယ်” ဟုစဉ်းစားကာ နားစိုက်ထောင်လိုက်သည်။

ချိုကုပ်။     ။ ဟုတ်တယ်လေ … ငါ့မြေးပဲ တလောက ပြောတယ်မဟုတ်လား။ စက်မှုခေတ်ကို သွားမှ ရမယ်ဆိုတာ။ အဲဒါနဲ့ အဘိုးလည်း အောက်ကချိုကုပ်တွေကို ပြောပြလိုက်သေးတယ်။ သူတို့တွေ မှတ်သားပြီး မြန်မာ့အမှောင်ထဲမှာ ထည့်ရေးကြတယ်လေ။ ငါ့မြေးက သိပ်တော်တာပဲ။

ဦးရုက္ခစိုး။     ။ မြန်မာပြည်မှာ စက်မှုတော်လှန်ရေး စတော့မယ် ဆိုပါတော့။

ဖိုးလောက်လန်း။     ။ ဟုတ်တယ် ဦးရုက္ခစိုးရဲ့။ ကမ္ဘာမှာ မြန်မာဟေ့ဆိုပြီး ပြတဲ့နေရာမှာ၊ ဖိုးလောက်လန်းက ဘယ်လိုပါဝင်ခဲ့တယ်ဆိုတာ နောင်လာနောက်သားတွေ သိစေရမယ်။

ဦးရုက္ခစိုးရွဲ့ပြောသည်ကို ပြောမှန်းမသိဘဲ ဖိုးလောက်လန်း သွေးနားထင်ရောက် သွားသည်။

ချိုကုပ်။     ။ ဒါနဲ့ ငါ့မြေးခုဏက တောင်းတဲ့ ပိုက်ဆံက ဘာလုပ်ဖို့လဲ။

ဖိုးလောက်လန်း။     ။ ကားဟောင်းတွေ ဝယ်မလို့။

ချိုကုပ်။     ။ ဟာ … ငါ့မြေးက ကားဝပ်ရှော့ ထောင်တော့မလို့လား။ ဝယ်ရင်လည်း ကားအသစ်တွေ ဝယ်ပါလား ငါ့မြေးရယ်။

ရုက္ခစိုး။     ။ ဟုတ်တယ်လေ၊ ဟို … စီးပွားရေးသမား တေဂွရဲ့ သားတွေတောင် ဖယ်ရာရီ စီးနေကြတာ၊ ချိုကုပ်ဒူးကြီးမြေးက ကားဟောင်းတွေဝယ်စီးတယ် ဆိုတော့ အရပ်ရပ် နေပြည်တော် ကြားလို့မှမတော်။

ဖိုးလောက်လန်း။     ။ အဲဒါခက်တာပေါ့ ဘိုးဘိုးတို့၊ ဦးရုက္ခစိုးတို့ ဒိတ်အောက်နေကြပြီ။ ကျနော်က ကား အဟောင်းတွေကို ဝယ်မယ်၊ ဆေးသုတ်၊ မိတ်ကပ်လိမ်း၊ ပေါင်ဒါဖို့၊ ပန်းပါပန်ပြီး မိတ်အင် ဖိုးလောက်လန်း ဆိုပြီး လုပ်မှာ။ တေဂွသားတွေက သူများလုပ်ထားတဲ့ ကားကို ပိုက်ဆံပေးစီးတာ၊ ကျနော်က ကိုယ်တိုင် လုပ်ရောင်းမှာ။

ချိုကုပ်။     ။ ဒါမှ ငါ့မြေးကွ၊ ကောင်းလိုက်တဲ့ ဦးနှောက် ရွှေချထားဖို့တောင် ကောင်းတယ်။

ရုက္ခစိုး။     ။ ဟို ဟို … အဲဒီကားတွေက ဂျာမနီတို့ …

ဦးရုက္ခစိုးစကားမဆုံးခင် ဖိုးလောက်လန်းက လက်ကာပြလိုက်သည်။

ဖိုးလောက်လန်း။     ။ သူ့ဘာသာသူ ဘယ်နိုင်ငံကပဲ လုပ်လုပ် … ကျနော်က ပုံပြောင်းပြီး တံဆိပ်ကပ်လိုက်ရင် ကျနော်လုပ်တဲ့ကားပဲ။ အင်းလျားလိတ်မှာ လုပ်တဲ့ အကြီးကျယ်ဆုံး ပြိုင်ကားပြပွဲကြီးကို သွားလေ့လာပြီးပြီး။ ဘိုးဘိုး ပိုက်ဆံသာ အဆင်သင့်ပြင်ထားတော့။

ချိုကုပ်။     ။ ပိုက်ဆံအတွက်မပူပါနဲ့ ငါ့မြေးရယ်။ ခုဆို အသံတိတ်ဂျာနယ်က အယ်ဒီတာလေးကလည်း ဘိုးဘိုးတို့ အတွက် သူ့ဂျာနယ် စာမျက်နှာပေါ်မှာ အလှူခံပေးနေပြီ။

ရုက္ခစိုး။     ။ အဲဒါက ၂၀၁၀ ရွေးကောက်ပွဲအတွက် မဟုတ်လား ချိုကုပ်ဒူးကြီးရဲ့။

ချိုကုပ်။     ။ သူရေးထားတာ ခင်ဗျားမတွေ့ဘူးလား၊ ဒိုင်လူကြီးဖြစ်တဲ့ တပ်မတော်ကို အဲဒီအလှူငွေတွေ အပ်မှာတဲ့။ အဲဒီတော့ တပ်မတော်ရဲ့ အချုပ်ကြီးဖြစ်တဲ့ ကျုပ်ပဲရမှာပေါ့။ မပူနဲ့ ငါ့မြေး ဆက်ပြော။ ငါ့မြေးလုပ်မယ့် အလုပ်က နိုင်ငံတော် ရှေ့ရေးအတွက် အရမ်းအရေးပါတယ်။

“ဘုရား၊ ဘုရား … ”  ဟု ဦးရုက္ခစိုးကြီး ယောင်ပြီးတလိုက်မိရာ ချိုကုပ်ဒူးကြီးက မျက်ထောင့်နီကြီးနှင့် လှည့်ကြည့် သဖြင့် ငြိမ်နေလိုက်ရသည်။

ဖိုးလောက်လန်း။     ။ အစီအစဉ်တွေ အကုန်ချပြီးပြီ ဘိုးဘိုးရဲ့။ ကားတွေကို ပုံပြောင်းဖို့က လွယ်ပါတယ်။ ကားဘီးတွေကို ဖြုတ်လိုက်မယ်၊ ပြီးရင် ဒီမှာတင်လုပ်တဲ့ နွားလှည်းဘီးတွေ တပ်လိုက်ရင် ပြီးသွားပြီပေါ့။

ရုက္ခစိုး။     ။ မောင်းလို့ကော ရပါ့မလားကွ။

ဖိုးလောက်လန်း။     ။ မောင်းလို့ရစရာ မလိုဘူးလေ။ ကားဖြစ်ရင်ပြီးရောပေါ့။ အဲဒီလို ကားတွေကို ပုံပြောင်းပြီး ဈေးကွက်တင်တဲ့အခါကျ … ဝက်ဝံရွှေရည်တို့၊ ဆောင်းဟေခိုတို့၊ တင်ဇာဝင့်ထော်တို့လို မော်ဒယ်လေးတွေကို မလုံ့တလုံဝတ်ခိုင်းပြီး ကားတွေပေါ်မှာ ကော့်ကော်ကန်ကား ထိုင်ခိုင်းမယ်။ ဒါကတော့ နိုင်ငံတကာ ပုံစံပေါ့လေ။ ကျနော့်ကားဝယ်တဲ့သူကို မော်ဒယ်လေး တယောက်စီ လက်ဆောင် ထည့်ပေးလိုက်မယ်ဆိုရင် ချက်ချင်းကို ပြိုက်ခနဲ ကုန်သွားမှာ၊ အဲဒီမှာ အဘိုးကော မြေးကော ကမ္ဘာကျော်ပြီပေါ့ဗျ။

မြေးလုပ်သူ၏ စကားကိုကြားသောအခါ စက်မှုနိုင်ငံအိပ်မက် မက်နေသော ချိုကုပ်ဒူးကြီးလည်း သွားရည်များ တမြားမြားဖြင့် အနာဂတ်ကို စိတ်ကူးယဉ်ရင်း ကြည်နူးနေသည်။ ဒီတခါတော့ ဦးရုက္ခစိုးကြီး စိတ်ထဲကပဲ ဘုရား တလိုက်သည်။

ရုက္ခစိုး။     ။ မော်ဒယ်လေးတွေက လိုက်ပါ့မလားဗျ၊ ကြည့်လည်းလုပ်ပါဦး။

ချိုကုပ်။     ။ မလိုက်လို့ရမလား … ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် … ဆိုရင် လိုက်ရမှာပေါ့။ ဒါ နိုင်ငံတော် အတွက်ပဲဟာ …။

ဒီတခါတော့ ဦးရုက္ခစိုးပါးစပ်က လွှတ်ခနဲ ထွက်သွားတော့သည်။

ရုက္ခစိုး။     ။ ဘုရား၊ ဘုရား၊ သြော် … အနိစ္စ၊ ဒုက္ခ၊ အနတ္တ … ။ လူအချင်းချင်း နှိပ်စက်ခြင်း … ကင်းဝေးကြပါစေ၊ လှည့်ဖျားလိုခြင်း အချင်းချင်း … ကင်းရှင်းကြပါစေ၊ မေတ္တာအစွမ်း ကမ္ဘာလွှမ်း လွှမ်းပတ်သာယာ ရှိစေသော် …။အနန္တစကြာဝဠာ၊ အနန္တသတ္တ၀ါတို့ … ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ … ဒေါသခပ်သိမ်း ကင်းရှင်းကြပါစေ … နှလုံးစိတ်ဝမ်း ……။

ဦးရုက္ခစိုးကြီး၏ မေတ္တာပို့သံ မပြီးဆုံးမီ ချိုကုပ်ဒူးကြီး၏ “ဖမ်း” ဟူသော အသံကြီး ထွက်ပေါ်လာသည်။ ထို့ကြောင့် ဦးရုက္ခဆိုးလည်း သူ၏ နောက်ဆက်တွဲ မေတ္တာပို့ကို ဘယ်ခေါ်သွားမှန်းမသိသည့် ကားပြာကြီးပေါ်တွင် အသံ မထွက်ဘဲ ဆက်ရွတ်နေရ လေတော့သတည်း။     ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။
Comments (9)Add Comment
0
အကြံပြုစာ
written by Truth, November 14, 2009
အဲဒီ မျောက်လောင်း အကြောင်းကို ဟိုတခါလို 7-lecker ကဖေးလို မျိုး ပြသနာ ဖြစ်တာ အကြောင်း ထူးတာ မရှိရင် သိပ်မရေးကြပါနဲ့။ နတ်ရူးဘုံစော် အဖိုး အရှိန်နဲ့ မြောက်ကြွနေတဲ့ အကောင် ပိုကြွလာစေ သလို ဖြစ်ပါလိမ့်မယ်။
0
So funny
written by Sar Chit Thu (Canada), November 13, 2009
I like all your effort.smilies/cheesy.gif
0
...
written by Truth, November 13, 2009
-----ကမ္မဝါတို့ ဘာတို့လို လူ နားမလည်တဲ့ ပါဠိတွေ ရွတ်မယ့်အစား ----- လို့  ရေးထားတာ မသင့်ဘူးလို့  ပြောချင်တာက လွဲရင် သိပ်ကောင်းတဲ့ သရော်စာ တခုပါပဲ။ အဓိကကတော့ လူနာမည် အရင်းတွေကို ရယ်စရာ နာမည် အဖြစ် ပြောင်းထားတာ အပြောင်မြောက်ဆုံး ပါပဲ။
0
Great as always
written by REALITY, November 13, 2009
KoTarTay, You did it again. Ha ha ( Kaught, Kaw, Kan, Kar....... )
0
လုပ်စားရိုက်စားတိုးပြည်
written by ??????????, November 12, 2009
တစ်တိုင်းပြည်လုံး လူထုကို ကားစုတ်တွေသာ စီးစေပြီး၊ ငွေ ထော နေသူတွေဆီက ငွေ သိန်းထောင်ချီ ရအောင် မတန်တဆ ဈေးနဲ. ရောင်းပေးနေတဲ့ စီးပွားရေး ဦးပိုင် လီမိတက် ( စီးပွားရေး အပိုင်စီးအဖွဲ. ) နဲ. တပ်မတော် ( သူခိုး ဒမြအုပ်စု ) ကို ကပ်ဖါးရပ်ဖါး စီးပွားရေး သမား တို. ဝေစား မျှစား လုပ်စား ရိုက်စားနေတာ လူတိုင်း သိစေချင်ပါသည်။
ကားဈေးသည် မည်သည်. နိုင်ငံတွင်မှ မကြားဘူးသော ဈေးများသာ ဖြစ်သည်။ Hand phone ဈေးလည်း လောဘ ကြီးစွာ ဈေးတင်ထားသည်။ မြန်မာပြည်တွင် ၁၅ သိန်းကျော်ပေးရသော Sim card ကို နိုင်ငံခြား တိုင်းပြည်တွင် ၃၀၀၀ ကျပ်သာ ပေးရသည်။ စိတ်ကြိုက်နံပါတ် ကြိုက်တဲ့နေရာ ၀ယ်ရသည်။ လျောက်လွှာ မလိုပါ။
0
...
written by Ko MHT, November 12, 2009
ဒီတစ်ခါတော့ ဒွိုက်ဆူပျော်ကြီး ကိုယ်ယောင် မဖျောက်နိုင်တော့ဘူးလား ဗျို့။ ဘယ်နှယ်ဗျာ နတ်ကို လူဖမ်းရတယ် လို့။ အင်း---ဂျိုကုတ်ကြီးမှာလဲ နတ်ဖမ်း စကြာ လက်နက် ရှိထားပုံရတယ်။ ဒါကြောင့် ကမ္ဘာကို ကလန်ကဆန် လုပ်နေတာဖြစ်မယ်။ ဦးရုက္ခစိုးကြီးကို တရားရုံး တင်ဦးမှာလား မသိဘူးနော်။ ဆင်ဆာ မဖြတ်ပဲ တရား ရှုမှတ်မှုနဲ့ ထောင်နှစ်ရှည် ချထားမှာ စိုးရသေးတယ်။ smilies/grin.gif
0
...
written by Oo Gyi Kyaw, November 12, 2009
တစ်ကယ် ဖတ်လို့ ကောင်းပြီး ပြုံးစရာပါ။ ဈေးကွက်တင်တဲ့အခါကျ ဝက်ဝံရွှေရည်တို့၊ ဆောင်းဟေခိုတို့၊ တင်ဇာဝင့်ထော်တို့လို မော်ဒယ်လေးတွေနဲ့ အတူ ချိုကုပ် ဒူကြီး ကတော် မော်ဒယ်ထိပ်ခေါင် ဒေါ်ကွိုင်ကွိုင်ကို ပါ မလုံ့တလုံဝတ်ခိုင်းပြီး ကားတွေပေါ်မှာ ကော့်ကော်ကန်ကား ထိုင်ခိုင်းလိုက်မယ် ဆိုရင် ချက်ချင်းကို ပြိုက်ခနဲ ကုန်သွားမှာ၊ ဘာလိုလဲ ဆိုတော့ ချိုကုပ်တွေက ဖားပြီး ဝယ်ကြမှာလေ။
0
A big laughter
written by chanm, November 12, 2009
Really Funny!
0
a big laughter
written by chanm, November 12, 2009
Really Funny!

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

မိန်းမသားပေမယ့် နိုင်ငံရေးမှာ အားမငယ်

ကျမတို့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာ အမျိုးသမီးတွေ အင်နဲ့အားနဲ့ ပူးပေါင်းခဲ့ကြတာ ဒေါ်အောင်ဆန်းစုကြည် ကြောင့်ပဲ။  အမျိုးသမီး အဖွဲ့ဝင်တွေကို သူက လမ်းဖွင့်ပေး၊ ပြုစု ပျိုးထောင် ပေးတဲ့အတွက်

အပြည့်အစုံသို့

နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် လိုသည်

၁၉၈၈ ခုနှစ် ကျောင်းသားများ ဦးဆောင်သည့် ဒီမိုကရေစီ အရေးတော်ပုံကြီးကို အကြမ်းဖက် ဖြိုခွဲခဲ့သည့် ၂၁ နှစ်မြောက်နေ့ အကြိုတွင် မြန်မာစစ်အစိုးရက လူသားချင်းစာနာမှု အခြေခံဖြင့်

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

ဖေဖော်ဝါရီ ၉၊ ၂၀၁၀
၁ ဒေါ်လာ = ၉၉၅ ကျပ်
၁ ဘတ် = ၂၉.၉၀ ကျပ်