ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဂျပန် တောင်းဆို

E-mail Print
၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်း စုကြည်အား လွှတ်ပေးရန် ဂျပန် ၀န်ကြီးချုပ်က တိုကျိုမြို့တွင် ပြုလုပ်သည့် ဂျပန် - မဲခေါင်နိုင်ငံများ ထိပ်သီး ဆွေးနွေးပွဲတွင် တောင်းဆို လိုက်သည်။

နိုဝင်ဘာလ ၆ ရက်နေ့ နှင့် ၇ ရက်နေ့များက မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီယား စသည့် မဲခေါင်မြစ်ဝှမ်း နိုင်ငံများနှင့် ဆွေးနွေးပွဲ ပြုလုပ်စဉ် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးဟာ အလွန်အမင်း အရေးကြီးပါတယ်” ဟု ဂျပန်ဝန်ကြီးချုပ်က စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကို ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတပုဒ်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲတွင် မည်သည့်ပါတီ၊ မည့်သည့် နိုင်ငံရေးသမားကိုမဆို ပါဝင်ခွင့် ပြုရန်၊ တနိုင်ငံလုံးရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရုံးများ ပြန်လည်ဖွင့်လှစ် လှုပ်ရှားခွင့်ပေးရန်၊ နိုင်ငံအတွင်း လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ ပုံနှိပ်၊ ထုတ်ဝေခွင့်ပြုရန် စသည်တို့ကိုလည်း ဂျပန်ဝန်ကြီးချုပ်က တောင်းဆိုခဲ့ကြောင်း သိရသည်။

စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကလည်း ရွေးကောက်ပွဲတွင် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် နိုင်ငံရေး ပါတီကိုမဆို ပါဝင်စေရန် ကြိုးစားသွားမည်ဟု ပြန်လည် ပြောကြားသွားခဲ့ကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံမှ နိုင်ငံရေး လှုပ်ရှားတက်ကြွသူများအား ဆက်လက် ဖမ်းဆီးနေသည့် အချက်ကို ကြည့်လျှင် ဗိုလ်ချုပ်ကြီးသိန်းစိန်ပြောသည့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဆိုသည်ကို ကျင်းပနိုင်လိမ့်မည်ဟု မယူကြောင်း မြန်မာ့အရေး လေ့လာနေသူ ဂျပန်လူမျိုး စာနယ်ဇင်းသမား ဦးရွှေဘက ထောက်ပြ ဝေဖန်သည်။

ဂျပန်ဝန်ကြီးချုပ်၏ ပြောကြားမှုသည် ယခင်အစိုးရများနှင့် နှိုင်းယှဉ်လျှင် ပြင်းပြင်းထန်ထန် ပြောဆိုခြင်း ဖြစ်ကြောင်း၊ ၀န်ကြီးချုပ်သည် ယခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံသူ တဦးဖြစ်ကြောင်း သိရသည်။ ၀န်ကြီးချုပ်သည် အမေရိကန်နိုင်ငံနှင့် စစ်အစိုးရတို့၏ လတ်တလော ဆွေးနွေးမှုကိုလည်း ကြိုဆိုလိုက်သည်။

ဂျပန်ဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးသည် ဂျပန် ပါလီမန်တွင် မြန်မာ့အရေးကို လေ့လာနေသူများ ဖြစ်ပြီး၊ မြန်မာနိုင်ငံ အကြောင်းကို ကောင်းစွာ သိသူများဖြစ်ကြောင်း၊ မြန်မာ ပြည်သူများ ၏ ဒုက္ခကို စာနာတတ်ကြောင်း ဂျပန်နိုင်ငံတွင် နေထိုင်ပြီး မြန်မာ့အရေး လေ့လာနေသူ ဂျက်ဖ်ကင်စတန်က ဧရာဝတီသို့ ပြောသည်။

သို့သော် ဂျပန် အစိုးရ အဆက်ဆက်သည် ဒုတိယကမ္ဘာစစ်ကာလမှ ယနေ့အချိန်အထိ မြန်မာနိုင်ငံကို မိတ်ဆွေနိုင်ငံအဖြစ် သဘောထားကြကြောင်း စာနယ်ဇင်းသမား ဦးရွှေဘက သုံးသပ်သည်။

ယခင်လက ပြုလုပ်သည့် ဂျပန်- မဲခေါင်ဒေသ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတွင်လည်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကတ်စုရာ အိုကာဒါက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ဂျပန်သည် မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့များ တိုးချဲ့ ကူညီရန် ဆုံးဖြတ်ထားကြောင်း ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတဦးကို ကိုးကားပြီး AFP သတင်းတပုဒ်တွင် ယနေ့ ရေးသားထားသည်။

ဂျပန်နိုင်ငံက ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာနိုင်ငံသို့ ဒေါ်လာ ၂၂ သန်းနှင့် ညီမျှသော အကူအညီများ နှစ်စဉ် ပေးအပ်ခဲ့သည်ဟုလည်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
Comments (0)Add Comment

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

ဗမာတွေရဲ့ ကိုယ်တွင်း မကောင်းဆိုးဝါးများ

အမေ့ဗိုက်က ထွက်လာကတည်းက ကျုပ်တို့ ဗမာတွေဟာ မုသာဝါဒကို ရှောင်ကြဉ်ဖို့ သွန်သင် ဆုံးမတာ ခံခဲ့ရပါ တယ်။ အသက်လေး နည်းနည်းရလာပြီး ဘုရားကျောင်း ကန်ဆောက်၊ သံဃာများနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါကျ တော့လည်း

အပြည့်အစုံသို့

နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် လိုသည်

၁၉၈၈ ခုနှစ် ကျောင်းသားများ ဦးဆောင်သည့် ဒီမိုကရေစီ အရေးတော်ပုံကြီးကို အကြမ်းဖက် ဖြိုခွဲခဲ့သည့် ၂၁ နှစ်မြောက်နေ့ အကြိုတွင် မြန်မာစစ်အစိုးရက လူသားချင်းစာနာမှု အခြေခံဖြင့်

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

နိုဝင်ဘာ ၂၀၊ ၂၀၀၉
၁ ဒေါ်လာ = ၉၆၀ ကျပ်
၁ ဘတ် = ၂၈.၆၀ ကျပ်