အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့ မာရှယ်က ဘန်ကောက်မြို့ ချုလာလောင်ကွန်း တက္ကသိုလ်၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။“မြန်မာပြည်ကို ကျနော်တို့ တခေါက် သွားရုံနဲ့ တိုင်းပြည်က ပြဿနာ အားလုံး ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ မထင်ပါဘူး၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD မပါရင် ယုံကြည်မှုရဖို့ ခက်ခဲပါလိမ့်မယ်” ဟု စကော့မာရှယ်က ဆိုသည်။
အမေရိကန်က မြန်မာစစ်အစိုးရအပေါ် အရေးယူ ပိတ်ဆို့ထားမှုများကို ဆက်လက် ထိန်းသိမ်းထားမည် ဖြစ်ကြောင်း သူက ပြောသည်။
စစ်အစိုးရ ခေါင်းဆောင်များက ၎င်းတို့နှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် ချထားခြင်းကို လျှော့ပေါ့ပေးဖွယ် ရှိသည်ဟု အရိပ်အမြွက် ပြောခဲ့ကြောင်း ယခုခရီးစဉ်သည် အမေရိကန် အစိုးရ၏ မူဝါဒ အပြောင်းအလဲကို ရှင်းပြရန်နှင့် စစ်အစိုးရ၏ တုံ့ပြန်မှုကို နားထောင်ရန်ဖြစ်ကြောင်း သူက ရှင်းပြသည်။
စစ်အစိုးရက ယခုအချိန်မှ အမေရိကန်နှင့် မည်သည့် အတွက် စေ့စပ် ဆွေးနွေးလိုသည်ကို မသိကြောင်း သူက ဆက်ပြောသည်။
အမေရိကန် ကိုယ်စားလှယ် အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်တို့နှင့် သီးခြားစီ တွေ့ဆုံရာ၌ ၂၀၁၀ ရွေးကောက်ပွဲတွင် NLD ပါဝင်ရေးနှင့် ပတ်သက်ပြီး တစုံတရာ ပြောဆိုခြင်း မရှိဟု ဆိုသည်။
“အမေရိကန်က မြန်မာပြည် အလျင်အမြန် ပြောင်းလဲဖို့ မမျှော်လင့်ပါဘူး၊ အချိန် ယူရဦးမှာပါ” ဟု သူက ဆိုသည်။
စစ်အစိုးရက စီစဉ်နေသည့် ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ၊ တိုင်းရင်းသား ကိုယ်စားလှယ်များဖြင့် ဆွေးနွေးခြင်း မရှိလျှင် လည်းကောင်း၊ သတင်းလွတ်လပ်ခွင့် မပေးလျှင် လည်းကောင်း ရွေးကောက်ပွဲသည် ယုံကြည်နိုင်ဖွယ် မရှိကြောင်း သူက အခိုင်အမာ ပြောသည်။
၂၀၀၈ အခြေခံဥပဒေသည် အားနည်းချက်များ ရှိနေပြီး လူအများယုံကြည်မှု ကင်းမဲ့သည့် ဆန္ဒခံယူပွဲဖြင့် အတည်ပြု ထားကြောင်း၊ ယခုတလော ရန်ကုန်ရှိ သတင်းထောက်များ၊ လူမှုကယ်ဆယ်ရေး ၀န်ထမ်းများကို အဖမ်းအဆီး ပြုလုပ်နေသည့် အတွက်လည်း တစုံတရာ တုံ့ပြန်ရန် စီစဉ်ထားကြောင်း ဧရာဝတီကို ပြောသည်။
သို့သော်လည်း NLD တောင်းဆိုနေသော အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက ထောက်ခံပါသလား ဟူသော မေးခွန်းကိုမူ သူက ဖြေကြားခြင်းမရှိပေ။
အမေရိကန်ကိုယ်စားလှယ် အဖွဲ့၏ မြန်မာပြည် ခရီးစဉ်သည် ယမန်နေ့ ညနေက အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့ လေဆိပ်တွင် ကိုယ်စားလှယ်အဖွဲ့က ကြေညာချက် တစောင် ထုတ်ပြန်ရာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် ကြေညာချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် အမေရိကန် အစိုးရက အပြည့်အ၀ ထောက်ခံကြောင်းလည်း ရေးသားထားသည်။
ထို့အပြင် ဒီမိုကရေစီ အတိုက်အခံများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် စစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းထားပြီး၊ ယင်းတွေ့ဆုံဆွေးနွေးမှုသည် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် မြန်မာ့ နိုင်ငံရေးတွင် အင်အားစု အားလုံး ပါဝင်နိုင်ရေးကို ဦးတည်သင့်သည်ဟုလည်း ပါရှိသည်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်နှင့် ပတ်သက်၍ အားတက်ဖွယ် မရှိဟု ရခိုင်တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင် တဦးဖြစ်သူ ဦးအေးသာအောင်က ပြောသည်။
“အခုလို အစိုးရနဲ့လည်း တွေ့မယ် တိုင်းရင်းသား၊ NLD နဲ့တွေ့တယ် ဆွေးနွေးတယ်၊ မြန်မာပြည်အကြောင်း သုံးသပ်မယ် ဆက်ပြီးတော့ကြိုးပမ်းမယ် ဆိုတာက ယေဘုယျအနေနဲ့က ကောင်းတယ်လို့ ပြောရပေမယ့် နအဖ အနေနဲ့က သူတို့သွားနေတဲ့လမ်းကြောင်း ကနေ လိုက်လျောဖို့ ပြုပြင် ပြောင်းလဲဖို့ လက္ခဏာတွေ မမြင်တော့ ကောင်းတယ်လို့ ပြောဖို့က ခက်ပါတယ်” ဟ ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။
အမေရိကန် အဆင်မြင့်အရာရှိများ၏ မြန်မာပြည် ခရီးစဉ်သည် ၁၉၉၅ ခုနှစ် နောက်ပိုင်း ပထမဆုံး ခရီးစဉ် ဖြစ်သည်။
၁၉၉၅ ခုနှစ် စက်တင်ဘာလက ကုလသမ္မဂ အမေရိကန် သတမန် မက်ဒလင်း အောဘရိုက်(Madeline Albright) သည် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်တချို့ နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေဆုံခဲ့သည်။
Set as favorite
Bookmark
Email this
Hits: 4938
written by ရေမြေခြားမှပြည်ချစ်သား, November 06, 2009
ကျွန်တော်တို့ရဲ့ ယုံကြည် လေးစားရပါသော အမျိုးသား ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်က စည်းရုံးရေး အထူး ဆင်းစရာ မလိုဘဲ အများ ပြည်သူတို့ရဲ့ ယုံကြည်မှုကို ခံရပါတယ်။ ဒါကလည်း မျိုး နဲ့ ရိုးနဲ့ တိုင်းပြည်ကို ချစ်တတ်တဲ့ သူတို့ရဲ့ မျိုးရိုးစဉ်ဆက် ကိန်းအောင်းနေတဲ့ စိတ်ဓာတ်ပဲ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ်ကျိုး မရှာတတ်တဲ့ အနစ်နာခံတတ်တဲ့ စိတ်ကြောင့် ကမ္ဘာတစ်ဝှမ်းက လေးစားနေကြတာ အမြင်သာကြီးပါ။ ဗိုလ်မင်းရောင်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း ယခုလက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဘယ်သူတွေများ ကိုယ်ကျိုး ရှာခဲ့ကြပါသလဲ၊ သူတို့ကို ဘယ်လို ယှဉ်နိုင်မှာလဲလေ။
written by Zo Khup, November 06, 2009
You are not so bad Obama. but we are carefully watching all of your steps.
written by eaktun, November 05, 2009
ကဲ-နအဖေ၇ ဘယ်လိုလုပ်မှာလဲ နိုင်ငံတကာကေ တာ.ပြောနေပြီ ဒေါ်ေ အာင်ဆန်းစုကြည် မပါ၇င်ေ၇ွးကောက်ပွဲက တ၇ား မ၀င်တဲ.- ယုံကြည်မူ.လည်း မ၇ှိဘူး ဆိုတာ ပြောနေပြီ-အ၇င်တုန်းက တော.အဝေးက နေပြီးပြောတာ အခုတော. လူကိုယ်တိုင် လာပြီးတော. အသိပေးတာနော်-အခုတော.လမ်းပြေ မပုံေ လးပြန်ပြင်၇တော.မယ်ထင်တယ်-မြန်မာနိုင်ငံေ၇းမှာဒေါ်အောင်ဆ န်းစုကြည်မပါဘဲ နအဖတွေဘယ်လောက်ဘြဲေ ပာပြောပြည် သူတွေလုံးဝအ ယုံကြည်မ၇ှိဘူးဆိုတာ သိတယ်နော်-
Write comment
| < Prev | Next > |
|---|












