အသက် ၆၅နှစ် အရွယ်ရှိပြီ ဖြစ်သော ဦးဝင်းအောင်သည် ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း အင်းစိန်အကျဉ်းထောင် သတင်းရပ်ကွက်က ဆိုသည်။
ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် သူ၏ နာရေးကြော်ငြာ ပါဝင်သော်လည်း ဦးဝင်းအောင် (ထားဝယ်) ဟုသာ ဖော်ပြထားပြီး နိုင်ငံခြားရေး ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ဖော်ပြခြင်း မရှိပေ။ဦးဝင်းအောင်သည် ယခင် ထောက်လှမ်းရေးအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန် ၏ လက်ရုံးတဆူ ဖြစ်ခဲ့သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် အစိုးရအဖွဲ့ အတွင်း အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ၂၀၀၄ခုနှစ် ဇူလိုင်လက အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ အစည်းအဝေး တက်ရောက်စဉ် ပြောဆိုခဲ့သည်။
၂၀၀၄ခုနှစ် စက်တင်ဘာလတွင် စစ်အစိုးရက သူနှင့် နိုင်ငံခြားရေး ဒုဝန်ကြီး ဦးခင်မောင်ဝင်းတို့ကို ရာထူးမှ အနားယူစေခဲ့သည်။ သူ၏ နေရာတွင် စစ်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ဉာဏ်ဝင်းဖြင့် အစားထိုးခဲ့သည်။
ထိုသို့ ဖြစ်ပျက်ခဲ့ပြီးနောက် အောက်တိုဘာလတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က ဗိုလ်ချုပ်ကြီးခင်ညွန်နှင့် စစ်ထောက်လှမ်းရေးအဖွဲ့ကို အရေးယူခဲ့သည်။ မူဆယ် ၁၀၅မိုင် အကောက်ခွန်ဂိတ် အရှုပ်တော်ပုံမှ စတင်ပြီး တပြည်လုံးရှိ ထောက်လှမ်းရေး အရာရှိ ကြီးငယ်များကို ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။
ဦးဝင်းအောင်သည် ၂၀၀၄ခုနှစ်မှ ၂၀၀၆ခုနှစ် အထိ နေအိမ်အကျယ်ချုပ် ချခံခဲ့ရသည်။ ထို့နောက် အာဏာ အလွဲသုံးစားပြုမှုနှင့် ထောင်ဒဏ် ၇နှစ်ကျခံရပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ခံရကြောင်း သိရသည်။
၎င်းသည် ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက တိုင်းပြည်ကို အုပ်ချုပ်နေစဉ်ကာလအတွင်း ဗိုလ်မှူးချုပ်တင်ဦး ခေါင်းဆောင်သည့် ထောက်လှမ်းရေးအဖွဲ့ကြီးတွင် ဗိုလ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မျက်မှန်တင်ဦးဟု လူသိများသော ဗိုလ်မှူးချုပ်တင်ဦး ရာထူးမှ ဖယ်ရှားခြင်းခံရသည့်အခါတွင် ဦးဝင်းအောင်သည် အာရှတိုက်နိုင်ငံများသို့ ကောင်စစ်ဝန်ချုပ်အဖြစ် ပို့ဆောင်ခံရသည်။ ဗြိတိန်နိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့တွင် သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၉၈ခုနှစ်တွင် နိုင်ငံခြားရေး ၀န်ကြီး ဖြစ်လာသည်။
လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် မတူသည့် အချက်တခုမှာ ဦးဝင်းအောင်သည် နိုင်ငံခြားရေးဝန်ကြီး တာဝန် ထမ်းဆောင်စဉ်ကာလတွင် သတင်းမီဒီယာများနှင့် ဆက်ဆံရေး ပြေပြစ်သူတဦး ဖြစ်ပြီး၊ Time မဂ္ဂဇင်း အပါအ၀င် နိုင်ငံခြားမီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံခဲ့ခြင်း ဖြစ်သည်။
“ကျနော်ကိုယ်တိုင် ဒီမိုကရေစီသမား တယောက်ပါ၊ ကျနော်ရော ကျနော့်ကလေးတွေပါ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ရဲ့ အောက်မှာ နေချင်ပါတယ်၊ ဒီလိုစိတ်ကူးမျိုး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ စစ်တပ်က တခြား ခေါင်းဆောင်တွေမှာလည်း ရှိပါတယ်”ဟု Time မဂ္ဂဇင်း နှင့် တွေ့ဆုံ မေးမြန်းခန်းတခုတွင် ပြောခဲ့သည်။
ဦးဝင်းအောင်သည် ဘာသာရေးစာပေများ နှင့် နိုင်ငံရေး ဆောင်းပါးများကို ရေးသားခဲ့သည်။ ၎င်း၏ ကလောင်အမည်မှာ စည်သူငြိမ်းအေး ဖြစ်သည်။
ဦးဝင်းအောင်တွင် သားသမီး ၃ ဦး၊ မြေး ၃ ဦး ရှိကြောင်း နာရေးကြော်ငြာတွင် ဖော်ပြထားသည်။ ဇနီးဖြစ်သူ၏ အမည်မှာ ဒေါ်စံယုံ ဖြစ်သည်။
သားအငယ်ဆုံးဖြစ်သူ ဦးသောင်းစုငြိမ်းသည် ရန်ကုန်အခြေစိုက် 7days ဂျာနယ်တွင် အယ်ဒီတာချုပ် အဖြစ် တာဝန်ယူနေကြောင်းသိရသည်။
Set as favorite
Bookmark
Email this
Hits: 6503
written by Truth, November 08, 2009
အထောင်း မခံရခင် ထိတော့ ကောင်းကောင်း ဖားကြပေါ့ အာဏရူးတွေကို ပြောတာပါ။ အနားကပ်စားတဲ့ ဖေါ်လံဖား တွေရောပေါ့။ အခန့် မသင့်လို့ အထု ထောင်းခံရတော့မှ နောင်မှရတဲ့ နောင်တ နဲ့ သူ့ဆရာ ဗိုလ်ခင်ညွန့်လိုဘဲ ခံပေဦးတော့ပေါ့။ မတရားတဲ့ သူတွေကို မတရား ဖားခဲ့ရင် ဒီလိုဘဲ တနေ့ မတရား ခံရမှာပါဘဲ။
written by ဗိုက်ကလေး, November 08, 2009
အဲဒီလိုမျိုး သတင်းတွေ များများ ဖေါ်ပြပေးပါ ၊ ဧရာဝတီ သူပြီးတော့ ...သူ့ ဆရာ ခင်ညွန့် ...သူ့ ဆရာ ပြီးတော့ ...အို..အို.. ဆရာ့ ..ဆရာ တွေ အကုန်လုံးပေါ့ .... ဖော်ပြပေးနော်.. .ဧရာဝတီရယ် မမေ့ ပါနဲ့ 
written by စည်သူ, November 07, 2009
သေဆုံးသွား ပြီဖြစ်တဲ့ လူတယောက် ကိုတော့ အတင်းကြီး မရှပ်ချခြင်တော့ပါဘူး။ တကယ်တမ်း ကျတော့ သူ ဘယ်လောက် ပဲ မမှန်တာတွေ လုပ်ပေမယ့် သူတွက်တော့ သူ လုပ်ခဲ့တာတွေ ကို မှားတယ်လို တွေးမိ ခြင်မှ တွေးမိမှာ။ ဒီလို သူတိုတွေ ဘက်က ၀င်ပြီး စဉ်းစား ပေးလိုက် မယ် ဆို ရင် ကျနော်တို တဘက်နဲ့ တဘက် နားလည်မူတွေ ပိုကောင်း လာနိုင်တာပေါ့
written by ခေါင်းကြီး, November 07, 2009
ဝမ်းနည်းတယ်ဗျာ ဦးဝင်းအောင်.. ခင်ဗျား ထောင်နန်း သက်တမ်းပြည့် စံမသွားရတာ စိတ်မကောင်းဘူး .. ထောင်ခါတဲ့ အထိ နေသွားသင့်တာပေါ။ ဒါပေမဲ့ ကြေးမုံ နောက်ကျောက စာမျက်နှာမှာ ခင်ဗျားကြီး တချိန်က နိုင်ငံတော် လူလိမ်ကြီး လုပ်ခဲ့တယ်ဆိုတာ ထည့် မကြေငြာတာတော့ ကံကောင်းတယ် ဗျို့...
written by ခထ္ထိယမျိုး, November 07, 2009
ဦးဝင်းအောင်ဟာ ခေတ်ဆိုး၊ စံနစ်ဆိုး ယန္တရားကြီး လည်ပတ်နိုင်ဖို့ ကူညီ၊ အားဖြည့်၊ ပံ့ပိုးခဲ့သူ တစ်ဦးပါ။ အဲဒီ ခေတ်ဆိုး၊ စံနစ်ဆိုး ယန္တရားကြီးကပဲ နောက်ဆုံးမှာတော့ သူ့ကိုကြိတ်နင်း၊ ချေဖျက်သွားတာပါ။
written by lwinaung, November 06, 2009
I am very sad,because of he didn't full stay in insein jail.
written by fullmoon, November 06, 2009
He might die probably because of the depression in Insein prison. Imagine, how can a government minister serve his prison term in very poor living condition. He is used to the very posh life as minister as he was treated as VIP when he visited other countries.
written by ???????, November 06, 2009
လူဆိုတာ ကိုယ့်တန်ဘိုး ကိုယ်ဖြတ် ကိုယ့်သမိုင်း ကိုယ်ရေး ကြတာပါ။
ဦးဝင်းအောင် သေတာ (သူ့မိသားစုကလွဲလို့) ဘယ်သူတွေ က ဘာများ ၀မ်းနဲကြမလဲ ဆိုတာ သူလုပ်ခဲ့တဲ့ အပြုအမှု တွေက ရောင်ပြန်ဟပ်မယ် လို့ ထင်ပါတယ်။
စည်သူငြိမ်းအေး ဆိုတဲ့ ကလောင်ကို မှတ်မိနေပါသေးတယ်။ ရွံရှာ စက်ဆုတ် ဖွယ်ရာ ကလောင် တချောင်းပါ။
ဦးဝင်းအောင် သေတာ (သူ့မိသားစုကလွဲလို့) ဘယ်သူတွေ က ဘာများ ၀မ်းနဲကြမလဲ ဆိုတာ သူလုပ်ခဲ့တဲ့ အပြုအမှု တွေက ရောင်ပြန်ဟပ်မယ် လို့ ထင်ပါတယ်။
စည်သူငြိမ်းအေး ဆိုတဲ့ ကလောင်ကို မှတ်မိနေပါသေးတယ်။ ရွံရှာ စက်ဆုတ် ဖွယ်ရာ ကလောင် တချောင်းပါ။
written by သက်ထွန်းဦး, November 06, 2009
ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရယ် လုံခြုံရေးအရ စိုးရိမ်ရလို့ နေအိမ်မှာ ထိန်းသိမ်းထားရတာပါ ဆိုတာကို ၂၀၀၃ ခုနှစ်လောက်က အာဆီယံအစည်းအဝေးမှာ ပြောခဲ့တာ ပြည်သူတွေမမေ့သေးပါဖူး။
written by Chotuu Mar, November 06, 2009
Just another one bites the dust.
He deserved what he gets. but I truly felt sorry for the death of Ko Ko Win who died of savage attack on Nove 3rd 2007. May Ko Ko Win rest in peace. But careless about Win Aung's death.
He deserved what he gets. but I truly felt sorry for the death of Ko Ko Win who died of savage attack on Nove 3rd 2007. May Ko Ko Win rest in peace. But careless about Win Aung's death.
written by Yaing, November 06, 2009
He was the one who made personal attacks to Daw Su by writing many articles on Myanmar Ah Lin (new light of Burma) with his pen name Si Thu Nyein Aye. He had a reputation about condemning and critizing Daw Su's marriage to Dr. Michael Arris. Sometimes Dhama shows by ifself and the son of U Win Aung is married to a foreigner while U Win Aung was serving as a ambassador. There were rumors that his daugther also feel in love with a foreigner and he tried to stop and asked her to go back to Yangon.
Well, I don't feel sense of loss or sandess on his passing. I hope Nyan Win will also learn this lesson.
Well, I don't feel sense of loss or sandess on his passing. I hope Nyan Win will also learn this lesson.
written by ရော်ဆမ်း, November 05, 2009
လုံးဝ မသနားဘူး။ ဒါမျိုး သတင်းပဲ များများ ဖတ်ချင်တယ်။ မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား လုံးဝ မရှိပါဘူး လို့ တကမ္ဘာလုံး ပတ်ပြီး လိမ်ခဲ့တဲ့ သူရဲ့ ပါးစပ်က ဒီမိုကရေစီ လိုချင်တယ်လို့ ပြောထွက်ေ သးတယ်။ နိုင်ငံရေး အကျဉ်းသား တွေကို နှိပ်ကွပ်တဲ့ နေရာမှာ ဗိုလ်ခင်ညွန့်နဲ့ အတူ သူလည်း တက်တက် ကြွကြွ ပါခဲ့တာပဲ။ တစ်ခုပဲ ၀မ်းနည်းတယ်၊ ထောင်သက်တမ်း ၇ နှစ် ပြည့်အောင် မနေသွားရလို့။
Write comment
| < Prev | Next > |
|---|













