ဗဟိုအလုပ်အမှုဆောင်စုံညီ တွေ့ခွင့်မရ၍ ဒေါ်အောင်ဆန်းစုကြည် မကျေနပ်

E-mail Print
ဦးတင်ဦးမှ လွဲ၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ် အမှုဆောင်အဖွဲ့ (CEC) များနှင့် တွေ့ဆုံရန် စစ်အစိုးရက စီစဉ်သည်ကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခဲ့ခြင်းမှာ ကျေနပ်မှု မရှိ၍ ဖြစ်ကြောင်း NLDက ပြောသည်။

အမေရိကန် ကိုယ်စားလှယ်တို့ မတွေ့ဆုံမီ ဦးတင်ဦးမှလွဲ၍ NLDဗဟို အလုပ် အမှုဆောင်အဖွဲနှင့် တွေ့ဆုံရန် အစိုးရက စီစဉ်ပေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့သည့် အတွက် ယင်းတွေ့ဆုံမှုမှာ ဖြစ်မြောက်ခဲ့ခြင်း မရှိဟု အစိုးရပိုင် သတင်းစာတွင် ရေးသားထားသည်။

NLDပြောခွင့်ရ ဦးဉာဏ်ဝင်းက“ကျနော်သိတာကတော့ ဦးတင်ဦးကို ဖယ်ထားတာကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံနိုင်ဘူး၊ သူက စုံညီစွာ အားလုံးပါရမယ်၊ ဦးတင်ဦးကလည်း ထိန်းသိမ်းခံထားရတာ သူ့ကို ပါခေါ် ပေးရမယ်၊ ချန်ထားစရာ အကြောင်းမရှိဘဲ ချန်ထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်မှုမရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၀၃ ခုနှစ်မှ ၂၀၀၉ခုနှစ်ထိ ၆ နှစ်တာကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD၏ CECတို့ တွေ့ခွင့်ရသည့် အချိန်စုစုပေါင်းမှာ ၇ နာရီ နှင့် ၂၅ မိနစ် သာရှိခဲ့သည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က“ ဦးတင်ဦးကို ကွက်ပြီးချန်ထားတယ် ဆိုတာကတော့ မကောင်းဘူးပေါ့၊ ဒီအပေါ်မှာ ဒေါ်စုက မူအရ လက်မခံတာ ဖြစ်တာပါ” ဟုဆိုသည်။

အသက် ၈၁ နှစ် ရှိ NLDဒု ဥက္ကဌ ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်း စုကြည် နှင့်အတူ ဖမ်းဆီးခံခဲ့ရရာ ယခု ဆိုလျှင် ၅ နှစ် ကျော်ပြီဖြစ်သည်။

၎င်းအား စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၁၀ (က) ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ တွင် ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ်အကျယ်ချုပ် သို့ ပြောင်းလဲ၍ ရန်ကုန်နေအိမ်တွင်ထားရှိ ခဲ့ခြင်း  ဖြစ်သည်။

၁၉၉၈ ခုနှစ် ဇူလိုင်လတွင်လည်းစစ်အစိုးရက ဦးတင်ဦးကို နေအိမ် အကျယ်ချုပ် ၅ လ အပါအဝင် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပြီး ၂၀၀၀ ခုနှစ် စက်တင်ဘာလမှ ၂၀၀၁ ခုနှစ် သြဂုတ်လ အထိ နေအိမ်အကျယ်ချုပ် ချခဲ့သည်။

နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင် တရားစွဲခံရစဉ် ဒေါ်အောင်ဆန်းစုကြည်က သူ၏ သက်သေများ အဖြစ် ဦးတင်ဦး၊ ဦးဝင်းတင်တို့ကိုလည်း အဆိုပြုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုခေါင်းဆောင်နှစ်ဦးနှင့် တွေဆုံခွင့်ရရန် အတွက် ကြိုးပမ်းခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ၎င်းတို့ ခရီးစဉ်အတွင်း စစ်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသား နှင့် NLDကိုယ်စားလှယ်များကိုလည်း တွေ့ဆုံခဲ့သည်။
Comments (4)Add Comment
0
Some peoles dont understand human words!!
written by realistic, November 07, 2009
There is no junta realize to Humans' words!!!!
0
...
written by tejaniya, November 06, 2009
မှန်တယ် တွေ့ဆုံးမှု မပြုတာ နောက်နောင် ရွေးကောက်ပွဲ ၀င်ရောက်ရေး တွေမှာလည်း မှန်က န်ကောင်ဆုံးဖြတ်နိုင်ပြီး အမျိုးဘာသာ သာသနာ အတွက် လုပ်ဆောင်နိုင်ကြပါစေ။
0
...
written by yetwayni, November 06, 2009
အာဏာရှင်အောက်မှာ ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်နေတဲ့ အမေ့ကို ဦးညွှတ် လေးစားလျှက်ပါ။
မြန်မာပြည်သူ ပြည်သားတွေ အမေ့ရဲ့ သတ္တိသွေး မွေးကြပါ။
အာဏာရှင် ပေးသမျှသာ ယူမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးကို အမေ ဦးဆောင် တွန်းလှန်ပြလိုက်တာပါ။
အမေနဲ့ ကျနော်တိြု့ ပည်သားတွေ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ။

0
အမေ
written by soe, November 05, 2009
အမေမှန်တယ်၊ အမေ ကျန်းမာစွာနြဲ့ မန်မာနိုင်ငံက အမြန်ဆုံး ကယ်တင်နိုင်ပါစေ လို့ဆုတောင်းေ ပးပါတယ်အမေ။

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

ဗမာတွေရဲ့ ကိုယ်တွင်း မကောင်းဆိုးဝါးများ

အမေ့ဗိုက်က ထွက်လာကတည်းက ကျုပ်တို့ ဗမာတွေဟာ မုသာဝါဒကို ရှောင်ကြဉ်ဖို့ သွန်သင် ဆုံးမတာ ခံခဲ့ရပါ တယ်။ အသက်လေး နည်းနည်းရလာပြီး ဘုရားကျောင်း ကန်ဆောက်၊ သံဃာများနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါကျ တော့လည်း

အပြည့်အစုံသို့

နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် လိုသည်

၁၉၈၈ ခုနှစ် ကျောင်းသားများ ဦးဆောင်သည့် ဒီမိုကရေစီ အရေးတော်ပုံကြီးကို အကြမ်းဖက် ဖြိုခွဲခဲ့သည့် ၂၁ နှစ်မြောက်နေ့ အကြိုတွင် မြန်မာစစ်အစိုးရက လူသားချင်းစာနာမှု အခြေခံဖြင့်

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

နိုဝင်ဘာ ၂၀၊ ၂၀၀၉
၁ ဒေါ်လာ = ၉၆၀ ကျပ်
၁ ဘတ် = ၂၈.၆၀ ကျပ်