လာမည့် နိုဝင်ဘာ ၁၅ ရက်နေ့တွင် စကာင်္ပူနိုင်ငံ၌ကျင်းပမည့် အဆိုပါညီလာခံတွင် အမေရိကန်သမ္မတ မစ္စတာ ဘားရက် အိုဘားမား နှင့် အာဆီယံ ခေါင်းဆောင်များ တွေ့ဆုံသည့်အခါတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ထည့်သွင်းဆွေး နွေးမည်ဟု ၀န်ကြီးချုပ် လီရှန်လွန်းကပြောကြောင်း AFP သတင်းတွင်ဖော်ပြထားသည်။
ထိုအစည်းအဝေးကို မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်မည်ဟု မျော်လင့်ကြောင်းလည်း ၀န်ကြီးချုပ် လီရှန်လွန်းက ပြောဆိုသည်။
မြန်မာစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်ထိန်းသိမ်းထားခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများကို ပြုလုပ်နေကြောင်း၊ ထိုလုပ်ရပ်များကြောင့် အာဆီယံ အဖွဲ့ကြီးနှင့် အမေရိကန် နိုင်ငံ တို့၏ ဆက်ဆံရေးမှာ အခက်အခဲရှိနေကြောင်းလည်း သိရသည်။
“အာဆီယံရဲ့ ရှင်းလင်းပြတ်သားတဲ့အမြင်ကို ကျနော်တို့ အမြဲတမ်းပြောခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသင့် တယ်လို့ ယုံကြည်တယ်ဆိုတာပါ”ဟု ၀န်ကြီးချုပ် လီရှန်လွန်းက ပြောသည်။
ယနေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ဒု နိုင်ငံခြားရေးဝန်ကြီး ကာတ့်ကမ်းဘဲလ်ဦးဆောင်သည့် ကိုယ် စားလှယ် အဖွဲ့တို့ တွေဆုံခဲ့ကြသည်။
၁၉၉၅ခုနှစ် စက်တင်ဘာလက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မက်ဒလင်း အောဘရိုက် ( Madeline Albright ) နှင့် တွေ့ ဆုံခဲ့သည့် နောက်ပိုင်း ၁၄နှစ်အတွင်း ပထမဆုံးတွေ့ဆုံခဲ့သည့် အမေရိကန်အစိုးရ အဆင့်မြင့် ကိုယ်စားလှယ်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ကြောင့် ရုံးတင်တရားစွဲခံခဲ့ရခြင်းဖြစ်သည်။
ထိုအမှုတွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက် ချမှတ်ခံခဲ့ရသည်။
ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက်လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၄ နှစ်ရှိပြီ ဖြစ်သည်။
Set as favorite
Bookmark
Email this
Hits: 3501
written by Oo Gyi Kyaw, November 05, 2009
ဟုတ်ပါ့ဗျာ... ကိုလီရှန်လွန်း တို့ရဲ့ Singapore မှာ PAP ပါတီ တစ်ခုတည်း ဗိုလ်ကျ အုပ်ချုပ်လာတာ သူ့အဖေ လက်ထည့်ကတဲ ကပါ။ တစ်ခြားပါတီဆို လို့ Worker ပါတီ တစ်ခုပဲ မကောင်းတတ် လို့ နည်းနည်း ပါးပါးပေး လုပ်ထားတာ။ လူမျိုးေ ရးမှာကော.. အဓိက လူမျိုးတွေ ဖြစ်တဲ့ မလေးတွေ၊ ကုလား လူမျိုးတွေ ကိုေ ဘးထုပ်ထားတာကော နိုင်ငံသားတိုင်း သိပါတယ်။ တစ်ယောက်စ နှစ်ယောက်စ လောက်ပဲ နေရာပေး ထားတာ PAP အစဉ်လာပါ။ အာဆီယံ ထဲ မှာ ကြောက်စရာ အကောင်းဆုံး က Singapore ပါ၊ ဗိုလ်ချုပ်တွေက မြန်မာပြည်ရဲ့ နိုင်ငံတော်ပိုင် ပိုက်ဆံတွေ ဘုန်း ပြီး Singapore မှာ စီးပွားရေးတွေ လုပ်၊ အိမ်တွေဝယ်၊ ဘဏ်တွေထဲမှာ အပ်ထားတာ ကို သိသိချည်းနဲ့ လက်ခံထားတာ။ လူရှေ့သူေ ရှ့မှာတော့ လူလို ဟစ်ပြီင်္း နောက်ကွယ်မှာ ဗိုလ်ချုပ်တွေရဲ့ ခိုးရာပါ ပစွည်း ကို ဝေစုခွဲ ယူနေ တဲ့ နိုင်ငံက အဲဒီ ကိုလီရှန်လွန်း တို့ရဲ့ Singapore ပါ။ မြန်မာပြည်က သဲတွေ လဲ ကုန်လောက် ပါပြီ ဗျာ... တော်ပါတော့...။
written by tun tun, November 05, 2009
တော်ပါတော့ စလုံးတွေ ရယ်... မင်းတို့ ၀န်ကြီးချုပ်ဟောင်း ဂိုထောင်ချုပ် ( ဂိုချုပ်ထောင်) ပဲ ဒေါ်စု က မြန်မာ နိုင်ငံရေး မှာ အရေး မပါ တော့ဘူး လို့ ပြော ထား တာ..... အခုမှ US ယောင် တိုင်း လိုက် မယောင် ပါ နဲ့... ရှက် တတ် ရင် ပေါ့ .....
written by Burmese, November 04, 2009
လီရှယ်လွန်းရယ် မင်းတို့  Pro China တွေ ဟန်ဆောင် မနေစမ်းပါနဲ့ ။ Singapore က တကယ်တော့ တစ်ပါတီ စနစ်နီးနီး သွားနေတာပါ။ PAP (People's Action Party) အုပ်ချုပ် နေတာ ဘယ်လောက် ကြာပြီလဲ၊ နောက် အတိုက် အခံ နိုင်ထားတဲ့ နေရာတွေဆို မင်းတို့ ဘယ်လို ထား လဲဆို စင်္ကာပူရောက် ဗမာ တော်တော်များ သိထားပါတယ်။ ပေါက်ပန်းစေး လျှောက်ပြောမနေပါနဲ့  လူအထင်ကြီးအောင်။
Write comment
| < Prev | Next > |
|---|












