အမေရိကန်ကိုယ်စားလှယ်များ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့

E-mail Print
မြန်မာပြည်တွင် ရောက်နေသော အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် ယနေ့ ၂ နာရီကြာ တွေ့ဆုံ ခဲ့ကြောင်း အမေရိကန်သံရုံးက ဧရာဝတီသို့ ပြောသည်။

နံနက် ၁၁း၄၀ နာရီမှ နေ့လယ် ၁း၄၀ နာရီ အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု အမေရိကန်သံရုံးအရာရှိတဦးက ပြောသည်။

“အသေးစိတ်ကိုတော့ မစ္စတာ ကာတ့်ကမ်းဘဲလ်က ဒီနေ့ ညနေ ၆ နာရီ ခွဲ ရန်ကုန်လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါလိမ့်မယ်” ဟု အမေရိကန်သံရုံးအရာရှိက ဆိုသည်။

အမေရိကန်ကိုယ်စားလှယ် အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံမီ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် နေပြည်တော်တွင် ယနေ့နံနက်ပိုင်းက တွေ့ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရာတွင် သတင်းထောက်များကို တက်ရောက်ခွင့် ပြုသည်ဟု သိရသည်။ သို့သော်လည်း ဓာတ်ပုံရိုက်ခွင့်သာ ပြုပြီး တစုံတရာ မေးမြန်းပြောဆိုခြင်း မပြုရန် သတင်းထောက်များကို ကြိုတင် တားမြစ်ထားသည်ဟု ဆိုသည်။


ထိန်းသိမ်းခံနေရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အရာရှိများ ယခင်က တွေ့ဆုံဖူးသော်လည်း သတင်းထောက်များအား ဓာတ်ပုံရိုက်ရန် ခွင့်ပြုခဲ့ခြင်းမှာ ဤအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တွင် ရောက်နေသော အမေရိကန်အဖွဲ့၏ ခရီးစဉ်နှင့် ပတ်သက်၍ အစိုးရ ချုပ်ကိုင်ထားသည့် သတင်းဌာနများတွင် တစုံတရာ ဖော်ပြခြင်းမရှိသေးပေ။

အမေရိကန်အဖွဲ့တွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က ဦးဆောင်ပြီး အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့မာရှယ်တို့အပြင် တခြား အရာရှိ ၂ ဦး ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့်လက ပြုလုပ်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ၀န်ကြီးချုပ် သိန်းစိန်က မြန်မာနိုင်ငံ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် အတွက် အခန်းကဏ္ဍတခု ရှိကြောင်း ပြောဆိုခဲ့သည်။

အမေရိကန်ကိုယ်စားလှယ် အဖွဲ့သည် ညနေ ၂း၃၀နာရီတွင် NLD ဌာနချုပ်သို့ သွားရောက်ပြီး NLD ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု သိရသည်။

အမေရိကန်အဖွဲ့နှင့် တွေ့မည့် NLD ခေါင်းဆောင်များမှာ ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးခင်မောင်ဆွေ၊ ဦးဝင်းတင်၊ ဦးစိုးမြင့်တို့ ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဦးလွင် နှင့် ဦးလွန်းတင်တို့သည် ကျန်းမာရေး ချို့တဲ့နေသဖြင့် ဆွေးနွေးပွဲ တက်ရောက်မည် မဟုတ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောဆိုသည်။

ဤခရီးစဉ်အတွင်း အမေရိကန် ကိုယ်စားလှယ်များသည် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် အဆင်မြင့်အရာရှိများ၏ မြန်မာပြည် ခရီးစဉ်သည် ပြီးခဲ့သည့် ၁၀ စုနှစ် နောက်ပိုင်း ပထမဆုံး ခရီးစဉ် ဖြစ်သည်။

၁၉၉၅ ခုနှစ် စက်တင်ဘာလက နိုင်ငံခြားရေး ၀န်ကြီး မက်ဒလင်း အောဘရိုက်(Madeline Albright) သည် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်တချို့ နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေဆုံခဲ့သည်။
Comments (14)Add Comment
0
rare real red ruby
written by myo, November 05, 2009
Myanmar rare real red Ruby can't be hidden in the mud, Myanmar leader can't be covered in the bars.
0
ကွာတယ်ဆိုတာ....အဲဒါပေါ့ 
written by ဗိုက်ကလေး, November 05, 2009
အမေရိကန် ဝန်ကြီးတွေ က ဒေါ်စု ကိုကြည့် ပြီး မလေးစားပဲ မနေနိုင်တဲ့ ပုံဆိုတာ ပေါ်လွင်နေတယ်။ ဗိုလ်ချုပ်မှူးကြီးန
0
ခေါင်းဆောင် အစစ်အမှန်ရဲ့ ဥပဓိရုပ်
written by bravokyaw, November 05, 2009
ဒါမှ ငါတို့ အမေကွ၊ဘယ်တော့မှ မရှုံးဘူး၊ ဓါတ်ပုံက စကားလုံးပေါင်း အများကြီးေ ပြာသွားတယ်
အဲဒါမှ အားလုံးလေးစားတဲ့ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင် အစစ်အမှန်ဘဲ
ဘယ်လောက် ကျက်သရေ ရှိလိုက်တဲ့ ဥပဓိရုပ်လဲ
ချိုကုပ်ဒူးကြီးနဲ့ မိုးနဲ့မြေဘဲ
0
we miss Daw Su
written by khin, November 05, 2009
Awww- the whole things from head to toe, shows us that she is a genuine Myanmar woman. She always wears simple but seems like really highest class.

The most things we respected her is “she is patient and loyalty to country. She being lived with under Buddha taught.’’ I am believed in it.
0
ကျေနပ်တယ်
written by Simon, November 05, 2009
သတင်းသမားတွေကို ဒီလိုဓါတ်ပုံ ရိုက်ခွင့်ပေးတာက စစ်အစိုးရ၏ တိုးတက်မှု ၅% လောက်ပါဘဲ။ ဘာဘဲဖြစ်ဖြစ်
အရင်အချိန်တွေထက်စာရင်တော့ဖြင့် BATTER THAN " ZERO " ပေါ့ကွာ!!!!!

အမေ တစ်ယောက်၏ အပြုံးစစ်စစ် တွေ့မြင် ရ လို့ ကျနော့ရင်ထဲမှာ ပြောမပြတတ် ရလောက်အောင် ပျော်မိပါတယ်။
အမေ တစ်ယောက် ထာဝစဉ် ပြုံးပန်းဝေ နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။
0
ပြည်သူ.ခေါင်းဆောင်သို.
written by ခင်ခင်ဝင်း, November 05, 2009
ဒေါ်အောင်ဆန်းစုကြည် မှာ ရာထူးလဲမရှိ အာဏာလဲမရှိ လက်နက်ကိုင်တပ်လဲ မပိုင် ပြည်သူတွေကို ပေးစရာ ငွေလဲမရှိ ပါ - သို.ပါလျက် ကမ္ဘာ့ခေါင်းေ ဆာင်များရော အနုပညာ သမါးတွေ ကမ္ဘာ့ ပြည်သူတွေကပါ လေးစါးချစ်ခင် ကြတာဘာ့ ကြောင့်လဲ ဆိုတာ မြန်မာပြည်ကိုလက်ရှိ အုပ်ချုပ်နေသူတွေ စေ့စေ့စဥ်းစါးကြည့်ဖို. ကောင်းပါတယ်။ ယခု ဓါတ်ပုံတွေထဲမှာ မြင်ေ နရသူ အားလုံး ရဲ့မျက်နှာတွေကို ကြည့်လိုက်တာနဲ့ သူမအပေါ် လေးစါး စိတ်တွေရှိနေကြတယ်ဆိုတာ မပြောဘဲ ပေါ်လွင် နေပါတယ်။smilies/kiss.gif
0
Hope Hope Hope
written by Shwe Myanmar, November 05, 2009
I really hope that this meeting will pave the way for further negotiations between Myanmar and US along with democratic reforms and of course to end the economic sanctions . Oh..i'm so excited about this. Everybody!!! please this is the time now. ...lets support and urge the international community for more negotiations...... for the well being of our people and of course for the sake of PEACE.
0
မှန်လိုက်လေ ကိုဗမာရယ်။
written by Chotuu Mar, November 05, 2009
မှန်လိုက်လေ ကိုဗမာရယ်။
သွေးထွက်အောင် မှန်တာပေါ့ ရှင်။

အမေရိကန် ဝန်ကြီးရဲ့ မျက်နှာကြို ကည့်၊
အန်တီစုအပေါ် လေးစားမှု အရိုအသေ ပေးတဲ့ ကိုယ်အမူအယာ၊ ဝှက်လို့မရဘူး။
ကြည့်တာနဲ့ သိသာတယ်၊ ဘယ်လောက်တောင် လေးစားမှု ရှိနေသလဲ ဆိုတာ။
0
spiritual hope
written by carlos, November 05, 2009
she is our figure of spiritual hope
0
spiritual hope
written by carlos, November 05, 2009
she is our figure of spiritual hope
0
ကျေးဇူးပါ ဧရာဝတီ
written by မင်းသစ္စာ, November 04, 2009
သိပ်ကျက်သရေ ရှိတာပဲ အမေရယ်.... အမေ့ဓါတ်ပုံတွေ တင်ပေးတဲ့ အတွက် ကျေးဇူး အထူးတင်ပါတယ်။
အမေ့ရဲ့ ဇွဲ၊ လုံ့လ၊ ၀ီရိယ တွေရင်းပြီး ကျွန်တော်တို့ တမျိုးသားလုံး အတွက် အနစ်နာခံ ကြိုးစား အားထုတ်နေတာတွေ အမြန်ဆုံး အောင်မြင်ပါစေ....
ရိုသေ လေးစား လျှက်ပါ အမေ.....
0
...
written by dolly, November 04, 2009
ဒေါ်အောင်ဆန်းစုကြ ည်နှင့်မစ္စတာ ကာတ့်ကမ်းဘဲလ်ေ တွ့ဆုံတာကို ကြိုဆိုပါတယ်။ အမေရိကန်က မြန်မာပြည်အရေးကို ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။
0
ဘာလို့များပါလိပ့်?
written by ရင်သီ, November 04, 2009
အမေ စု ခေါင်းပေါ် မှာ ပန်း တမျိုး မဟုတ် တမျိုး အမြဲ တန်း တွေ့ နေ ကြ ပါ ၊ ခု ဓါတ်ပုံထဲ မှာ ဘာလို့ များ မရှိပါလိပ့် နော် - အမေ စု မြန်မာ ပြည်သူ တွေ အတွက် အလုပ်များ နေလို့ များ လား - အမေ စု ဦးတည်ရာ ပန်းတိုင် အမြန် လျှောက်လှမ်း နိုင်ပါ စေ ~
0
လူထုခေါင်းဆောင် အစစ်အမှန် ဆိုတာ...
written by Burmese, November 04, 2009
ကြည့်လိုက်တာနဲ့ စိတ် ကြည်လင်နေပြီး ကျက်သရေ ရှိတယ်ဗျာ..အဲဒါ အန်တီစု။ ဗိုလ်သန်းရွှေ နဲ့ များ ကွာပါ့။ ပုတ်ခတ်တာ မဟုတ်ဘူးနော်၊ အရှိကို အရှိအတိုင်း ပြောတာ။

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

ဗမာတွေရဲ့ ကိုယ်တွင်း မကောင်းဆိုးဝါးများ

အမေ့ဗိုက်က ထွက်လာကတည်းက ကျုပ်တို့ ဗမာတွေဟာ မုသာဝါဒကို ရှောင်ကြဉ်ဖို့ သွန်သင် ဆုံးမတာ ခံခဲ့ရပါ တယ်။ အသက်လေး နည်းနည်းရလာပြီး ဘုရားကျောင်း ကန်ဆောက်၊ သံဃာများနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါကျ တော့လည်း

အပြည့်အစုံသို့

နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် လိုသည်

၁၉၈၈ ခုနှစ် ကျောင်းသားများ ဦးဆောင်သည့် ဒီမိုကရေစီ အရေးတော်ပုံကြီးကို အကြမ်းဖက် ဖြိုခွဲခဲ့သည့် ၂၁ နှစ်မြောက်နေ့ အကြိုတွင် မြန်မာစစ်အစိုးရက လူသားချင်းစာနာမှု အခြေခံဖြင့်

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

နိုဝင်ဘာ ၂၀၊ ၂၀၀၉
၁ ဒေါ်လာ = ၉၆၀ ကျပ်
၁ ဘတ် = ၂၈.၆၀ ကျပ်