“ကျနော် ထဘီ ဝတ်ချင်တယ်”

E-mail Print
“မိန်းမလျာ တယောက် ဖြစ်ရတာ အရင်ဆုံး မိသားစုနဲ့ ရင်ဆိုင်ရတာပဲ။ ကျနော် ထဘီ ဝတ်ချင်တယ်။ အိမ်က ခွင့်မပေးဘူး ဆိုလို့ ကျနော် ထဘီဝတ်ခွင့် မရှိဘူး” ဟု အမျိုးသမီး တဦး အသွင် ဝတ်ဆင်ထားသည့် လိင်တူချစ်သူ မြန်မာ အမျိုးသားတဦးက ပြောသည်။

သူသည် Gay parade ဟု ခေါ်သည့် လိင်တူချစ်သူများ စီတန်း လမ်းလျှောက်ပွဲကြီး တခုတွင် ပါဝင် ဆင်နွှဲရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်လာသူ  တဦးဖြစ်သည်။ မြန်မာပြည်သို့ပြန်မည် ဖြစ်သောကြောင့် ၎င်း၏အမည်ကို အသုံးပြုခွင့် မပြုပေ။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က သူ နှင့် အခြား မြန်မာပြည်သား အယောက် ၂၀ ခန့်သည် လမ်းလျှောက်ပွဲကို မြန်မာအမျိုးသမီးဝတ်စုံများ ၀တ်ဆင်ပြီး ဆင်နွှဲရန် စီစဉ်ထားကြသည်။ သို့သော်လည်း ၎င်းတို့ ရင်ခုန်စွာ စောင့်စားနေသည့် စီတန်းလှည့်လည်ပွဲ ပြုလုပ်မည့် အချိန်တွင် နယ်မြေခံ ဆန္ဒပြသူတချို့၏ ပိတ်ဆို့ ကန့်ကွက်မှုကြောင့် အစီအစဉ်တခုလုံး ဖျက်သိမ်းလိုက်ရသည်။

ဤသို့ဖြင့် မြန်မာပြည် အရပ်ရပ်မှ ရောက်လာကြသည့် မိန်းမလျာများ (၎င်းတို့အခေါ် လိင်တူချစ်သူများ) သည် ချင်းမိုင်မြို့မှ တပ်ခေါက် ပြန်ကြရသည်။

၎င်းတို့၏ အဆိုအရ လိင်တူချင်း နှစ်သက်သည့် ယောက်ျားများကို သုံးမျိုးခွဲခြားနိုင်သည်။ အပုန်း၊ အပွင့် နှင့် သူငယ်တော်တို့ ဖြစ်သည်။

“အပုန်း” ဟူသည်မှာ လူသိမခံလိုသူများဖြစ်သည်။ မိန်းမလျာ ဖြစ်ကြောင်း အများက သိရှိသွားမည်ကို အထူးစိုးရိမ် ကြောက်ရွံ့ကြသည်ဟု ဆိုသည်။  အများအားဖြင့် ပညာတတ် လူတန်းစားမှ ဖြစ်သည်ဟု သိရသည်။ “ယောက်ျားပုန်း” ဟုလည်း ၎င်းတို့လောကတွင် ခေါ်ကြသည်။

“အပွင့်”ဟူသော ဝေါဟာရမှာ မိန်းမလျာဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ၀တ်စားဆင်ယင် ပြောဆို နေထိုင်သူများကို ရည်ရွယ်သည်။

အပုန်း၊ အပွင့် တို့နှင့် ချစ်သူအဖြစ် ပေါင်းသင်းသူများကို “သူငယ်တော်”ဟု ခေါ်ကြသည်။

အပုန်းတို့သည် ၎င်းတို့၏ မိသားစုဝင်များကို အသိမပေးဘဲ ပြင်ပတွင် အမျိုးသမီး အ၀တ်အစားများ ၀တ်ဆင်လေ့ ရှိကြသည်။ မိသားစုဝင်များ သိရှိသွားပြီးနောက် အိမ်သို့မပြန်ဘဲ အပွင့် အဖြစ် နေထိုင်သွားသူများလည်း ရှိသည်။

၎င်းတို့သည် ပညာရေးတွင် အခက်အခဲများ ရှိကြသည်ဟု ဆိုသည်။ “ကျောင်းမှာဆိုရင်လည်း ဆံပင်အရှည် မထားရဘူး။ ဒါနဲ့ ကျောင်းဆက် မတက်နိုင်ဘဲ ထွက်လိုက်ကြတယ်” ဟု အပွင့်တယောက်က ပြောသည်။

တခါတရံ ၎င်းတို့၏ မိဘများက အတင်းအကျပ် အိမ်ထောင်ပြုရန် စီစဉ်သည့်အခါ စိတ်ပိုင်းဆိုင်ရာ နှင့် လိင်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် ကြုံရသည်ဟု ဆိုသည်။

လိင်တူချစ်သူများများကို HIV/ AIDS ရောဂါပိုးများ ဖြန့်ဖြူးသူများအဖြစ် ထင်မြင် ယူဆနေကြသည် ဟု ချင်းမိုင်မြို့တွင် နေထိုင်သည့် လိင်တူချစ်သူ တဦး ဖြစ်သော ကိုအောင်မျိုးမင်းက ပြောသည်။

“လူ့အသိုင်းအ၀န်း တခုလုံးက လိင်တူချင်း ချစ်သူများကို မွေးရာပါ သဘာဝတရားသာ ဖြစ်တယ် ဆိုတာ မြင်ဖို့လိုတယ်။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရွေးချယ် ရပ်တည်မှု အပေါ် ခွဲခြား ဆက်ဆံတာတွေ မလုပ်ဘဲ၊ လူကို လူလို တန်းတူညီမျှ အသိအမှတ် ပြုဖို့ လိုပါတယ်” ဟု ကိုအောင်မျိုးမင်းက ပြောသည်။

ကိုအောင်မျိုးမင်းသည် လိင်တူချစ်သူများ ဆိုင်ရာ ပညာပေး စာစောင် တခု ဖြစ်သည့် သက်တံ မဂ္ဂဇင်း (Rainbow Magazine)ကို ထုတ်ဝေနေသူ တဦး ဖြစ်သည်။

မိန်းမလျာ ဟု ခေါ်ဝေါ်သုံးနှုန်းမှုကို ကိုအောင်မျိုးမင်းက ကန့်ကွက်သည်။

“ငယ်ငယ်လေး ကတည်းက မိန်းမလျာလို့ ပြောလိုက်ရင် နှိမ်တဲ့သဘော၊ အထင်သေးတဲ့ သဘော၊ အသိအမှတ် မပြုတဲ့ သဘောတွေ ကျနော်တို့ ခံရတယ်။ ပတ်ဝန်းကျင်က နှုတ်ကျိုးနေတဲ့ ဒီစကားလုံးကို ကျနော်တို့က မကြိုက်ဘူး။ အဲဒါကြောင့် လိင်တူချစ်သူလို့ သုံးဖို့ ကြိုးစားနေပါတယ်” ဟု ကိုအောင်မျိုးမင်းက ပြောသည်။

ပတ်ဝန်းကျင်၏ လေးစားမှုရထားသည့် အထက်တန်းလွှာ၊ ပညာတတ်များ ကြားတွင် လိင်တူချစ်သူ ဟူသော စကားလုံးကို အသုံးပြုရန် မ၀ံ့မရဲ ဖြစ်နေကြပြီး၊ ပုံစံခွက်ကြီးကို ရိုက်ဖျက်ရန် ကြောက်ရွံ့နေကြဆဲဖြစ်သည်ဟု ဆိုသည်။

အောင်မြင် ထင်ရှားသည့် လိင်တူချင်း ချစ်သူများ ရှိသည်ဟု ကိုအောင်မျိုးမင်းက ဆိုသည်။ မိတ်ကပ်ပညာရှင်ကဲ့သို့သော လိင်တူချစ်သူများမှာ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွင် အလွန် အောင်မြင်ကြသည်ဟု ၎င်းက သုံးသပ်ပြသည်။

“ဘယ်နေရာမှာ အခက်အခဲရှိလဲ ဆိုတော့ ရှေ့နေတို့၊ အစိုးရအရာရှိတို့၊ ကျောင်းဆရာ၊ ဆရာမတို့၊ ဆရာဝန်တွေ ကြားမှာတော့ ဖြစ်နေတဲ့သူတွေ အများကြီးရှိတယ်။ ဒါပေမယ့် ပွင့်ပွင့် လင်းလင်း မပြောရဲဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မိန်းမလျာလို့ ပြောလိုက်ရင် မိတ်ကပ်ရယ်၊ ရှောက်သီးဆေးပြားသည်ရယ်၊ နတ်ကတော်ရယ်ကလွဲလို့ ဒီထက် ပိုမမြင်သေးတဲ့ စိတ်ကြောင့် ဖြစ်ပါတယ်” ဟု ကိုအောင်မျိုးမင်း ကပြောသည်။

ကနွဲ့ကလျ ဖြစ်သူများကို အသက်ကြီးသူများက ဝိုင်းဝန်း နှိပ်စက်ကြခြင်း၊ ရပ်ကွက်ထဲတွင်လည်း လှောင်ပြောင်ခြင်း၊ ရိုက်ပုတ်ခြင်း စသည့် လူတယောက်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အနိုင်ကျင့်မှုများနှင့် ရင်ဆိုင်ရသည်ဟု ဆိုသည်။

ကိုအောင်မျိုးမင်းသည် ချင်းမိုင်မြို့အခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)၏ ညွှန်ကြားရေးမှူးလည်း ဖြစ်သည်။

၂၀၀၂ခုနှစ်မှစပြီး လိင်တူချင်းချစ်သူများနှင့် ပတ်သက်သည့် ပညာပေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ပတ်ဝန်းကျင်က အသိအမှတ်ပြုဖို့၊ လေးစားဖို့အတွက် ကိုယ့်ရဲ့ life style (လူမှုဘ၀ပုံစံ) အများကြီး ပြောင်းလဲ ရမယ် ဆိုတာကိုလည်း ပညာပေး ဆွေးနွေးဖြစ်တယ်” ဟု ကိုအောင်မျိုးမင်းက ဆိုသည်။

Comments (81)Add Comment
0
လူ့အခွင့်အရေးဆိုတာ ဒါမျိုးကြီးလား
written by lubo, July 27, 2009
စစ်အစိုးရက ၀မ်းပမ်း တသာ ကြိုဆိုမှာပါ
လူ့အခွင့်အရေး ဆိုတာ ဒါမျိုးကြီးပေါ့ လို့ပြောစရာ ရသွားတာပေါ့

0
One comment to LGBT
written by Sam, March 06, 2009
Dear educated LGBT,
You are so funny. You talk to much about respect and non discrimination..And you discriminate "poor" "uneducated" " prostitute" "less fortunate" gays. This is the biggest problem with you guys.

So where are you going to put these so called " low class" gays, LGBT or lain tu chit tu or lain kwe kyaut tu? Should not we respect them as human beings and take into consideration?

Well, actually. Money is power. You can be gays or bi sexual or tri sexual or multi sexual and people won't treat you bad if you are rich. I have different view on it. I am more concerned about poor, less educated gays rather than English speaking, noisy gay right fighters. It does not mean I hate them. We all are human beings. So peace....
0
LGBT community
written by skmt, March 05, 2009
This is a response to Sam. Sam, we are talking about educated, middle class gay people. Those prostitute gay people are fake because they only live off immoral earnings. Be respectful. Educated gay people do not grope young boys or men or what so ever in public or private places. Thank you.
0
မိန်းမစိတ်ရှိသူမျာ မဟုတ်ပါ
written by HIV Educator, March 04, 2009
ဂေးတွေကို
မိန်းစိတ်တပိုင်း ယောက်ျားစိတ်တပိုင်
0
balance
written by Sam, March 03, 2009
We want to have a peaceful life because life is too short. No need to fight. We have to respect each other. No question about it. BUT......
Let's look at two senerios

One: People look down on gays. Parents beat their son's for his girlish behavior. Friends use strong words for his sexuality, neighbour abused him because he is gay. Then he will kill himself or will grow up as a useless person with poor self esteem. He will hate himself and other people and instead of contributing his talents (maybe as a good make up or hair stylist or anything as a human being) he will probably think how to destroy others. This is one extreme. I believe Nobody wants that.

Two: Gays people marching on the street. Asking for their rights. To show how brave they are, they kiss each others lips. Probably do more than that. Two gays can have open discussions about sex in public. They talk about a young handsome boy in front of them on the bus and sending all kinds of signals to that young boy. WHOOOO. Do you think people will tolerate it? No because you who tell there must be RESPECT do not respect others. Key points here is " when you fight for your rights and asking for respect, please be remember you also have to respect other. We donot want that extreme too. Don't forget in our culture, even heterosexual people cannot do that.

So.... I think it is better to have a peaceful world for both. Minority will never be able to compete with majority. There will be jokes on gays people. I think they have to be prepared for that because it is life. Fat people will be teased for their big bodies, short people will be teased for their shortness etc. So don't be too sensitive and don't be too ready to jump and shout and jump and shout and jump and shout because someone teases you.

Heterosexual people also should keep in mind that they are human beings anyway. So have to respect them. We just need a bit more love and kindness. Imaging what if they were our own brothers. what if they were our sons. Our world would be more peaceful, if we can understand each other feeling better.
0
LGBT community
written by skmt, March 03, 2009
Again, I am a gay and want to be a trans woman. I haven't come out to my family but only to my elder brother. I told him that I don't want to talk about it in person and to keep it in his mind. Some people just don't know that being gay is the most difficult situation. High school years and puberty state is the most horrific period. Growing facial hair, adam's apple, they are harrowing and devastating. And being ridiculed by peers and friends is the worst. And parents don't know that, people don't know that because they(gays) don't talk about it because they don't want to shame their family. It'd be great if people can become more understanding, open-minded, sympathetic, and empathetic. Public schools should also be redesigned for the gay people to fit in their category without degrading them. We need a big change that would impact on us in a very positive way.
0
LGBT community
written by skmt, March 03, 2009
If you want to oppose what we are saying, then go ahead and do it. But RESPECT, RESPECT, RESPECT.
Everybody has to respect each other regardless of who they are. I want to talk about gays, lesbians, bisexuals and transgenders. They are who they are and let them be who they are. Come on, people, they didn't choose to be gay. They were just born with that instinct and that is called gender dysphoria. When people hear the word "gay", they envision that gays are worthless and they make them feel less than other people - which is totally not right at all. Gay people feel fettered by close-minded people, especially those who are religious people. Gay people not only in Burma but in the world are still discriminated. Parents also need to understand how their homosexual kids feel about their sexuality. Some parents disown their children because of their sexuality-that is not right at all. So, gay people! don't be afraid to come out of the closet and be who you are. Tell your parents about it and talk about it. You need a peaceful and happy life. Do you want to live your life with your untold secrets? By the way, the National Coming Out Day is October 11th and hope you get a better life when you come out. And remember, heterosexual people, stop making fun of LGBT people. You said that we all are going to bring up gay kids if we let gay people marry. NO!!!! It's not like that. Then I have a question. So heterosexual(straight) people don't give birth to gay kids? Yea, your are so right!!!! Don't use these words "Main ma shar, or achout or whatever". When you use them, it shows how rude and disrepectful you are. I think gay people should launch a campaign to have their own rights. If you have any questions, email me. This e-mail address is being protected from spambots. You need JavaScript enabled to view it .
0
Better Name
written by Philosoper, March 02, 2009
comments တွေကို ဖတ်တော့ ငယ်ငယ်တုန်းက သူငယ်ချင်းကိုစတာမှတ်မိသေးတယ်။ အဲတော့ gay တွေအတွက်နာမည်လေးပေးချင်တယ်။ ၂ပိုင်း၁ပိုင်းလို့ပါ 1/2 ပေါ့ . ယောကျာ်းကိုယ်နဲ့ မိန်းမစိတ်လေ။ တစ်ဝက်ဆီသူတို့ဆီမှာ ရှိတာပေါ့။
smilies/smiley.gif
0
...
written by Ougkar, March 02, 2009
ဒီအကြောင်းဖတ်ရတာ စိတ်ညစ်တယ်
ဒါကိုဖော်ပြခြင်းအာ
0
မှန်တိုင်းလဲ မကောင်းပါ။ (အမှန်ကို ပြောရဲ လို့ ချီးကျူးသူများ သို့
written by တာတီး, March 02, 2009
စကား ၃ မျိုး ရှိပါတယ်။
ပထမ တမျိုး က မှန်လည်း မမှန်၊ အကျိုးလဲမရှိ။
ဒုတိယ က တော့ မှန်သည် သိုသော် အကျိုး မရှိ။
တတိယ က မှန်လည်းမှန်၊ အကျိုးလဲ ရှိ။
လို့ ဗုဒ္ဓ ဘုရားရှင် က ဟောထားပါတယ်။
ခင်ဗျားတို့ က မှန်တာပြောလို့ချီးကျူးကြပေမယ့်
သူတို့ ပြောတဲ အမှန်က ဘယ်လို အမှန်တုန်း။့
0
ဝေဖန်စာတွေကို ဘာလို့ ဖြတ်တောက်နေရတာလဲ
written by မောင်မောင်ကိုင်, March 02, 2009
မဖြတ်တောက်သင့်ပါ။ အဆုံးမရှိ ဖြစ်သွားပါတယ်။
0
အဟားးးးးးးးးး
written by ForeZayar, March 02, 2009
smilies/shocked.gif ဘယ်လိုကြီးလည်း
နားမလည်တော့ဘူး
နည်းနည်းတော့ စဉ်းစဉ်းစားစားလုပ်
0
တောင်ပြုန်း၊ တောင်ပြုန်း
written by aungzin, March 02, 2009
ဒီ လိင်တူချစ်သူများ ကိုဖတ်ရတော့ ကျနော် တစ်ခေါက်ရောက်ဖူးတဲ့ တောင်ပြုန်းက gay ပွဲတော်၊ သို့မဟုတ် ရိုးရာနတ်ပွဲတော်ကို သွားပြီးတော့ မြင်ယောင်မိပါတယ်။

ကျနော် အနေ့နဲ့ကတော့ မြန်မာလူမျိုး ဗုဒ္ဒဘာသာဝင်း တစ်ယောက်အနေဖြင့် မနှစ်မြို့လှပါ။ သို့သော် ဆက်ပြီးတော့ အတိုင်းအတာ တစ်ခုထိ gay တွေကတော့ လူပ်ရှားသက်ဝင်နေပါလိမ့်မည်း။
0
မိန်းမလျာ
written by မောင်မောင်ကိုင်, March 01, 2009
သူတို့ ကတော့ နေရာရှာမတွေ့ နိုင်ပါ။ မိန်းမလျာ နာမည်ကို လည်းမကြိုက်၊ လိင်တူချစ်သူ ဆိုတာက လည်း လိင်ကိစ္စ ကို ချည်း အသားပေးနေတာ သိသိသာသာကြီးပါ။ မိန်းမ နဲ့ ယောက်ျားချစ်တာ လိင်ကိစ္စ တစ်ခုတည်း မဟုတ်ပါ။ သဘာဝမျိုးပွားရေး လည်းရှိပါတယ်။
0
Consideration for next generation
written by fruity_juicy, March 01, 2009
It is not good to oppose or trick the nature.

Man or woman, all are human being living on the World.
However, the most important thing is to be dutiful.
Kindly taken into account for the next generation, especially children.
Should children think this is a good thing, so how?
Consequently, next generation may be more and more gays.
Do you agree?
Every party has to be responsible of this.
0
respect
written by yuri, March 01, 2009
အထက်က အစ်ကိုတွေ အမတွေ ပြောသလိုပါဘဲ ... လူကိုလူလို မြင်တတ်ရင်၊ တစ်ဦးနဲ့ တစ်ဦး respect ရှိရင်၊ လောကကြီးက တော်တော် အေးချမ်းမှာဘဲ

ကူးစက်တတ်တဲ့ ရောဂါလို့ အမည်တပ်တဲ့ လူများကိုလည်း အံသြမိပါရဲ့ .... ဒီကိတ်စတွေက ခုမှ ၀ုန်းဆို ပေါ်လာတာမှ မဟုတ်တာနော့ ဟိုးပဝေသနီ ကတည်းက ဖြစ်နေတာဘဲ ... ။ ယောက်ကျားက မိန်းမထက်ပို မြတ်တယ်ဆိုတဲ့ အယူကိုလဲ ပြောင်းသင့်နေပါပြီ အားလုံး လူတွေဘဲလေ ... လိင်တူဆက်ဆံတာကို ညစ်ပတ်စုတ်ပြတ် တဲ့ အကျင့်တရားလို့  လက်လွတ်စပယ် မပြောစေချင်ပါဘူး အကြောင်းအရာ တစ်ခုကို သိမှသာ ထိုအကြောင်းအရာကို ဝေဖန်အကြံပြုနိုင်မှာပါ။ အခြောက်၊ မိန်းမလျှာ၊ ဘယ်လို ဘဲ ခေါ်ခေါ်ပါ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို ဘာဆိုတာကို သိတဲ့လူတွေ ဖွင့်ပြောရဲသူတွေကို လေးစားပါတယ် ...
ယူရီ
0
...
written by Human Being, March 01, 2009
Human Rights ကို တန်ဖိုးထားတဲ့ America မှာ Gay Rights ဆို ပြီး လွှတ်ပေးထားလိုက်တာ US Army ထဲမှာ Gay တွေ အများကြီးဘဲ။ အခုလည်း Same Sex Marriage ကို Legalize ဖြစ်ဖို့ ကြိုးစားနေကြတယ်။ ထောက်ခံတဲ့သူတွေ၇ှိသလို ကန့် ကွက်တဲ့သူတွေလည်း ၇ှိတယ်။
အမြဲတမ်း မှန်နေမဲ့ဆို၇ိုးစကား၇ှိတယ်...” မီးများမီးနိုင်...ေ၇များေ၇နိုင် ” တဲ့။ ” မီး..မီး..မလောင်ခင်တား ” တဲ့။
I respect human being. I think...Human right is not always right.
0
လိင်ကိစ္စလွန်ကဲလာသေ တောင်းဆိုမှုတင်ပြမုများကိုလက်မခံနိုပါ။
written by ဒေါက်တာဦး, March 01, 2009
ဗမာ့ယဉ်ကျေးမှုနဲ့ကြားလို့မှမတော်ပါ။ လူ့အခွင့်အရေးဘယ်မှန်းမသိ.. gay အခွင့်အရေး ကလာပြီ..ဒီလိုလူတွေနဲ့ ဗမာပြည် အနာဂတ် မတွေး ရဲပါ။ နိုင်ငံခြားတိုင်းကောင်းတယ်ထင်ပြီးအကုန်အတုခိုး..
ရွံစရာ..စိတ်ပျက်စရာ..
ဒါမျိုးတွေ နောက်ထပ် ဒီလို ၀က်ဘ်ဆိုက်တွေမှာမတင်သင့် ပါ။
0
Gay အတွက်လှပတဲ့နာမည်
written by umaung, February 28, 2009
လိင်တူချစ်သူဆိုတဲ့ နာမည်ကြီးအစား တခြားတခုခုပေါ့
မြန်မ့ာနားထဲမှာ နားဝင်ချိုအောင် ၀ိုင်းဝန်းစဉ်းစားကြပါ
မိန်းမလျာဆိုတာကမှ နည်းနည်းတော်သေးတယ်ထင်ပါတယ်
မြန်မာတွေ စကားလုံး တီထွင်တာမညံ့ပါဘူး
ဟုတ်တယ်ဟုတ်
smilies/grin.gif
0
နားလည်ပေးချင်တယ် ဒါပေမဲ့
written by simon, February 28, 2009
လိင်တူတွေရဲ့ အခွင့်အရေးကို နားလည်ပေးပါတယ်
လိင်တူဆက်ဆံသူတွေ များလာအောင် လုပ်နေတာတော့ သိပ်မကောင်းဘူး
0
မွေးရာပါ
written by John Swan, February 28, 2009
အနောက်တိုင်း အခေါ်အဝေါ်အရ gay သည် မိမိတို့ လူမှုအသိုင်းအ၀ိုင်းမှာလည်း ရှိနေတယ်ဆိုတာ တွေ့ရမြင်ရကြားနေရပါသဖြင့် နားလည်စာနာပေးနိုင်ပါသည်။ သိပ်ပံပညညာရှင်များ၏ လေ့လာချက်အရ ၎င်းတို့သည် မွေးလာကတည်းက သူတို့၏ ဦးနှောက် လှည်ပတ်မှုနှင့် ဦးနှောက်အလုပ်လုပ်ပုံများဟာ အမျိုးသမီးနှင့် တထပ်တည်းဖြစ်နေတယ်ဆိုတာ စာအုပ်တစ်အုပ်မှာ ဖတ်ခဲ့ဖူးပါသည်။ သဘာဝအလျောက် ဖြစ်တည်လာခဲ့တာကို မိမိတို့ ပြစ်တင်ရှုတ်ချခြင်းမျိုး မပြုလုပ်သင့်ပါ။

သို့သော် လူ့အခွင့်အရေးနှင့် ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲသွားတာမျိုးလည်း ရှိပါတယ်။ မိမိတို့ဆီမှာ လူ့အခွင့်အရေး ပညာပေးမှုများတွေ ပြုလုပ်နေကြသော်လည်း တခါတရံမှာ လူ့အခွင့်အရေးရဲ့အနှစ်သာရကို ကောင်းမွန်စွာနားမလည်ဘဲ အခွင့်အရေးတစ်ခုတည်းသာ ကြွေးကြော်နေပြီး မှားယွင်းသော အသုံးချမှုမျိုး ဖြစ်လာတတ်ပါတယ်။ ပျက်စီးယိုယွင်းနေသောမိမိတို့ ခေတ်ကာလကြီးမှာ အခွင့်အရေးကို ရှေ့တန်းတင်ပြီး အလွန့်အကကျွံ အသုံးပြုပါက မိမိတို့ပိုပြီးဒုက္ခရောက်မှာကို သတိပြုရမည် ဖြစ်ပါတယ်။

မှတ်ချက်။ ။ လူ့အခွင့်အရေးကို အပြည့်အ၀ လေးစား ထောက်ခံပါသည်။
0
...
written by အောင်တုတ်, February 28, 2009
နားလည်စာနာပါတယ်ဗျာ..မိန်းမတွေကိုလည်း နိမ့်ကျတယ်လို့ မတွေးမိပါဘူး..အကြင်နာတတ်ဆုံး အမေ ဖြစ်ခွင့်ကို ရရှိထားတာပါ.. ဒါပေမဲ့ သဘ၀တရားကြီးက ယောက်ကျားအဖြစ်မွေးဖွားပေးလိုက်တာကို ဘာလို့  မိန်းမဖြစ်ချင်ရတာလဲ..
မိန်းမလျာ လို့ ပဲ နုတ်စွဲနေကြပြီ..လိင်တူချစ်သူ..ဆို ယောက်ကျားလျာတွေလဲ ပါမယ်ထင်တယ်..

ဟိုမိန်းမလျာက.. ဟိုယောက်ကျားလျာက..
လို့ခေါ်တာက ကြားကောင်းပါသေးတယ်..ဟိုလိင်တူချစ်သူကြီးက..
လို့ ခေါ်ကြရင်..အရပ်ထဲမှာ နှမနဲ့ မောင်ကြားမှာ ဆရာနဲ့ တကာကြားမှာ မသင့်တော်ဘူးထင်တယ်
0
most Comments title
written by Curious, February 28, 2009
Is it The most Comments title at this site?
0
သဘာဝအလျောက် ချို့ယွင်းချက် ရှိလာတဲ့ သူတွေကို ဘာကြောင့် လှောင်ပြောင်ကြမှာလ ။
written byွှတာရာ, February 28, 2009
ကျွန်တော် Gay တွေ အကြောင်း မလေ့လာမိခင်တုန်းက Gay တွေကို ရယ်စရာ သတ္တဝါတွေလိုပဲ သဘောထားမိပါတယ်။ ဒါပေမယ့် သူတို့ အကြောင်းကို သေသေချာချာ သိတော့ ကျွန်တော့်အနေနဲ့ သူတို့ကို နားလည်မှု ပေးဖို့ လိုအပ်တယ် ဆိုတာ သဘောပေါက်လာပါတယ်။

Gay ဆိုတဲ့ ကိစ္စက မွေးကတည်းက ပါလာတဲ့ စိတ်ပါ။ မွေးကတည်းက Gay စိတ်ပါလာတဲ့သူကို ဘယ်လိုမှ ယောက်ျားစိတ် ပေါက်အောင် ပုံသွင်းယူလို့ မရပါဘူး။ ဘယ်လိုပဲ ပြောင်းပြောင်း နောက်ဆုံးမှာ သူ့မှာ ဂေးစိတ် ပြန်ပေါ်လာမှာပါပဲ။ မြန်မာပြည်က ရုပ်ရှင်သရုပ်ဆောင်တယောက်ကိုပဲ ကြည့်ပါ။ ယောက်ျားလို ဝတ်ထားပေမယ့် သူလည်း အခုအချိန်အထိ Gay ပါပဲ။

သူတို့မှာ မွေးကတည်းက စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ ချို့ယွင်းမှု တစ်ခု ရှိလာတာကို သိလာပါလိမ့်မယ်။ အဲဒီလို သဘာဝအလျောက် ချို့ယွင်းချက် ရှိလာတဲ့ သူတွေကို ကျွန်တော်တို့က ဘာကြောင့် လှောင်ပြောင် ကဲ့ရဲ့ ပြီး ငုံ့ကြည့်ရမှာလဲ။ အဲဒါဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်ပဲ အောက်တန်းကျတဲ့သူတွေ ဖြစ်သွားပါလိမ့်မယ်။

နေရာတကာမှာ Conservative ဖြစ်နေကြတာ မကောင်းပါဘူး။ တစ်ခါတစ်လေတော့လည်း Liberal ကျကျ တွေးဖို့ လိုအပ်ပါလိမ့်မယ်။
0
မိန်းမလျာ (သို့) လိင်တူချစ်သူ
written by ကျောင်းဆရာတစ်ဦး, February 28, 2009
ဘယ်လိုပဲဖြစ်ဖြစ်ပါဗျာ၊ သူတို့ခေါ်ဝေါ်ချင်သလို လိင်တူချစ်သူဖြစ်ဖြစ် ငယ်သူတော်ဖြစ်ဖြစ် လူနေမှု ပါတ်ဝန်းကျင်မှာ သိပ်များလာရင်တော့ မကောင်းတာတော့ အမှန်ပါပဲ အထူးသဖြင့် ကျောင်းဆရာတွေထဲမှာ သည်လိုလူမျိုးတွေ ရှိလာမယ်ဆိုရင်တော့ ကလေးတွေအတွက် အတုမြင် အတတ်သင်ဖြစ်တော့မှာပါ။ မြန်မာပြည်မှာကတော့ နည်းပါသေးတယ်။ ထိုင်းမှာတော့ တအားများတယ်။ ပွင့်လင်းမှုရှိတာကြောင့် ကျွန့်တော့်ကျောင်းစာသင်ခန်းတစ်ချို့မှာ ဆိုရင် ယောက်ျားလေးတွေရဲ့ နှစ်ဆယ်ရာခိုင်နှုန်းလောက်ဟာ မိန်းမလျာလေးအဖြစ် သိသာနေတယ်။ သူတို့အထဲက အများစုကတော့ ပေါ်ပေါ်တင်တင်ပဲ သူတို့ရဲ့ အပြုအမူတွေကို ထုတ်ဖေါ်ကြတယ်။ လူမှုပါတ်ဝန်းကျင်က လက်ခံလာတဲ့သဘောလဲ ပါပါတယ်။ ခေတ်ရေစီးကြောင်းတစ်ခုအဖြစ် ဦးတည်နေတာကိုလည်း တွေ့ရတယ်။
0
မမိုးသို့.........
written by -, February 28, 2009
မ မိုး ကို အမျိုးသမီးတယောက် ဖြစ်မယ် ထင်တယ်။
မိန်မဘ၀ က မနိမ့်ကျပါ။
အခုခေတ်ဟာ တိုးတက်နေတဲ့ခောတ်ပါ။
အရင်လို စစ်တိုက် ကာယနဲ့ အလုပ်လုပ်နေတာမဟုတ်ပါ။
ဥာဏ်ကောင်းတဲ့သူ ယောက်ျား မိန်မ မဟူ ခေါင်းဆောင်ဖြစ်နိုင်ပါတယ်။
မြင့်မြတ်တဲ့မိန်းမများ (ဥပမာ- ဒေါ်အောင်ဆန်းစုကြည်၊ ပါကစ္စတန် က ဘူတို၊ အမေရိကန် က ဒေါက်တာ Rice၊ ဟယ်လာရီ ကလင်တန်၊ ဗြိတန်က ဘုရင်မကြီး၊ မာဂရက်သက်ချာ........ပြောရင်မကုန်နိုင်ပါ) စသူတွေဟာ သူတို့ နိုင်ငံ က ယောက်ျားသားတွေကို ကျော်ပြီး တော်တဲ့သူတွေပါ။
အမေတွေလဲ မိန်းမတွေဘဲ မဟုတ်လား။

-
0
Who is the REAL.
written by Real Man, February 27, 2009
If you are a man, try to stay as a right man.
If you are a women, please stay as a pure women.
If you are a gay, just accepted to stay as a simple gay.

Than, people will know who is the real.

There is no matter whatever you are.
Just live in the rule of the human is OK.

0
I agree
written by Ko Twaye, February 27, 2009
I agree "I don't think anything wrong by posting the article" by Sam
0
I don't think anything wrong by posting the article
written by Sam, February 27, 2009
I don't think it is wrong to post the article. It is reality. It is happening. Wheather we like it or not. it is not an uncommon thing. It is better to know that these things are happening rather than not knowing at all.

I don't think a straight boy will not become gay or lain tu chit thu or whatever by reading this article. Why we need to be sooooooooo insecure.

Some how it reminds me of one of our classmates. We studied at a boy school. He alwyas teased some soft boys calling main ma shar. He abused them by words. Later on when we were studing at University, unfortunately some of our friends came to know that this classmate was living together with a " lain tu chit thu".

I don't know. It is so complicated. One rule of thumb is never look down and abuse other. And respect each other
0
comment တစ်ခုသို့ ..
written by Zero, February 27, 2009
ဒီ topic နဲ့ သွေဖည် သွားပေမဲ့ ..နားလည်ပေးစေချင်ပါတယ်
why "နိမ့်ကျတဲ့ မိန်းမသားဘဝ" ?
မိန်းမ ဖြစ်ရတာ နိမ့်ကျတယ် တစ်ခါမထင်ဖူးပါဘူး..
လူတစ်ယောက် ကို သူ့ ရဲ့ လုပ်ရပ်နဲ့ ဘဲ နိမ့်ကျမကျဆိုတာ တိုင်းတာကြတယ်လို့ ထင်ပါတယ်...။
အမေစု ကိုတော့ ဦးသန်းရွှေ နဲ့ မနှိုင်းယှဉ် ပြပါရစေနဲ့ ..။
( comment တစ်ခုသို့ )

0
နားလည်မှု
written by straight girl, February 27, 2009
ယဉ်ကျေးမှုတဲ့ အနောက်တိုင်းက ကူးစက်ရောဂါတဲ့ ....ဘာပဲဖြစ်ဖြစ် စာနာမှုဆိုတဲ့  စကားလုံးကို ပဲ လက်ခံချင်တယ်။
အတိတ်ကံကြောင့်ပဲ ဖြစ်ဖြစ်..ဘုရားသခင်ဖန်ဆင်းလို့ ပဲ ဖြစ်ဖြစ်...လွတ်လပ်တဲ့သူချင်း ချစ်တာ လက်ခံတယ်။
ဒါပေမယ့်  လိင်တူချစ်သူ အစား(မြန်မာတွေ အတွက် လိင်ဆိုတဲ့ စကားက နည်နည်း နားဆင်ရခက်တာမို့ ) တခြားစကားလုံးသုံးရင် ပိုလှမယ်ထင်တယ်။
0
Shocked to read the article
written by Sit Mone, February 27, 2009
I was shocked to read the article “I would like to wear Women’s Sarong” in the Irrawwaddy on- line news.
My point here is not to argue the right of the Gays. The Irrawaddy is the flagship news portal among exile media. If I am not wrong, thousands of Burmese youth will bump into Irrawaddy website daily to read the news and opinions related to Burma.

Recently, I have noticed Irrawaddy has improved far better than its rivals in all aspects of online journalism. Having said that does not mean that Irrawaddy has right to publish what ever is popular and controversial issue like this to promote its readership.

I was very happy to read the Interview with Iron Cross band members when they sincerely told Irrawaddy that most of them do not even drink Beer. The words of the Burma’s most famous band have great influence on the youths to follow the good moral conducts. Irrawaddy should not forget each and every words over your website will be read by thousands of youths everyday and consider the consequences.

Situation in Burma can not be considered parallel to the developed countries of the world.
We are struggling under the one of the most corrupt and ruthless regimes of this world.
Corruption is the outcome of the dictatorial society that will push its people deeper into poverty, immoral activity in a vicious cycle.

Most of us are well aware of moral decay in our society. Drug addiction, prostitution and human trafficking are the major problem for all of us. Our youth, who denied proper education and job opportunities, simply jump into the cycle of gambling, alcoholism, drug addiction and vice activities.

We need the brilliant leaders like General Aung San. We do not need the Gays in the time of great crisis. Human Right is important but Gay Right is just a trivial matter for all of us.
We do not want our younger generation to have more interest in make up business and beauty parlors but to get better knowledge for the future challenges.

I wish in future those who are responsible in Irrawaddy will not use this kind of controversial issue to attract more readerships. I do not think that post reflects the free and independent journalism. To me the post will be remembered as an era that triggers all of us to think seriously about the self censorship and responsible journalism.

Regards,
Sit Mone
0
လူထဲက လူဘဲလေ.....
written by Nicky, February 27, 2009
လူတိုင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့လူ့အခွင့်အရေးဆိုတာရှိတယ်။ Gayဘဲဖြစ်ဖြစ်၊ မိန်းမဘဲဖြစ်ဖြစ်၊ ယောင်္ကျားဘဲဖြစ်ဖြစ် အဓိကကျတာကတော့ Personalityကောင်းဖို့ပါဘဲ။ အခြောက်တွေဆိုပြီး ခွဲခြားဆက်ဆံတဲ့ခေတ်လည်း မဟုတ်တော့ဘူး။ တော်လှပါတယ်ဆိုတဲ့ ယောင်္ကျားတွေထက် အဆတစ်ရာထက်တဲ့ Gayတွေ အများကြီးပါ။ ဒီဘက်ခေတ်မှာ ပညာတတ်Gayတွေ တော်တော်များလာပြီမို့ ဝါးလုံးရှည်နဲ့ သိမ်းကြုံးမရမ်းစေချင်ဘူး။ ဘဝခရီးလမ်းကို လူတိုင်း လက်တွဲဖော်နဲ့တူတူဖြတ်သန်းချင်ကြတာဘဲ။ Gay Coupleဆိုတာလည်း ကာယကံရှင် လူနှစ်ဦးနဲ့သာ သက်ဆိုင်တာမို့ တဦးနဲ့တဦး အပေးအယူမျှပြီး နားလည်မှုရှိနေပြီဆိုရင် သာမာန် Coupleတွေလိုဘဲ ဘဝကို နှစ်ယောက်လက်တွဲပြီး အောင်မြင်စွာ ဖြတ်သန်းနိုင်ကြမှာပါ။ ပုန်းတာတွေ၊ ပွင့်တာတွေက အရေးမကြီးပါဘူး။ ကိုယ့်ကိုကိုယ်မညာစတမ်း ဝန်ခံကြည့်ပြီး၊ အရှိကိုအရှိအတိုင်း လက်ခံလိုက်ပါ။ ပျော်ရွှင်စရာကောင်းတဲ့ဘဝ အသစ်တစ်ခုကို မလွဲမသွေ ရရှိလာမှာပါ။
0
ကြားဖူးတာလေး တခု
written by တူငယ်ကျော်, February 27, 2009
မိန်းမက လိင်ကိစ္စ ၁၂ နာရီ စဉ်းစားတယ် တဲ့။ ယောင်္ကျားက ၁၂ နာရီ စဉ်းစားတယ် တဲ့။ အခြောက် (မိန်းမလျာ-လိင်တူချစ်သူ) က လိင်ကိစ္စ ကို ၂ ယောက်စာမို့ ၂၄ နာရီ စဉ်းစားတယ် တဲ့။ အင် -- -- သိဘူးနော့်။ ကြားဖူးတာ ပြောတာပါ။
ဒါပေမယ့် ငယ်ရွယ်တဲ့သူတွေကို ဇာတ်သွင်းတာတို့။ လူကြားထဲမှာ ဟိုလုပ် ဒီလုပ် လုပ်တာတို့ကတော့ ငါးခုံးမ ၁ ကောင် ကြောင့် ၁ လှေလုံးပုပ်ဆိုသလို ကျန်တဲ့ မာမီတွေကိုလည်း လူအထင်သေးခံရတတ်ပါတယ်။ ကောင်းတာက မာမီ(အခြောက်တွေ)တွေကို အရင် အဲလိုမျိုး ကိစ္စတွေအတွက် ပညာပေးသင့်တယ်။
စိတ်မရှိကြပါနဲ့ ဗျာ --- အားလုံးကို မဟုတ်ပါ။ တလိုင်းမောင်းတွေကို နားလည်လို့ ရပါတယ်။ ၂ လိုင်းမောင်းတော့ ရွံတယ်ဗျို့။
0
မျက်စိထဲမြင်ကြည့်ြ ရအောင်
written by pae, February 27, 2009
နိုင်ငံတနိုင်ငံနဲ့တနိုင်စစ်ဖြစ်ကြရင်အဲ့ဒီ့အဖွဲ့တွေနဲ့တော့ မြင်ယောင်မိပါတယ် smilies/grin.gif
0
Gay...not a problem , Dangerous sex is a problem...
written by On line koko., February 27, 2009
Hey, gay is not a problem , ppl who mixed up them with sex partner is a problem
0
Interesting
written by Sam, February 27, 2009
It is interesting to read the comments. It reflects how our society think on this issue. Some strongly against the idea. Some tried to understand it. I want to share my thinking
* it is right changing how you call won't change anything
Not only gays, prostitutes also came up and said we like to call like this and that. But nothing different. They don't know what they want. They do not what to do. So at least they try some thing to do which is to change the name.
* The issue of gay is not from West. I think it is everywhere. East West North and South. So it is funny to say, the disease came from West
* I think it is true that people should not promote same sex relationship. I am not saying we must against it. We just have to be neutral.
*We have to respect all human beings. We could not put anyone down because of their sexuality because you know. You can have a gay son or gay brother or gay grand son any time even though we do not know what is the reason.
*Blaming other won't serve any purpose. Everyone has their own share. So why we want to say ' Shame on you. You AIDS distributor, you half woman and half man etc etc...

0
အားလုံးကို လူ တယောက်အနေနဲ့ အရင်ကြည့်ရအောင်
written by လူသားတယောက်, February 27, 2009
လိင်တူချင်းစိတ်ဝင်စားမှု၊ လိင်စိတ်ခံယူမှုကွဲပြားမှုတွေ အားလုံးနီးနီးက တကယ်တော့ မွေးရာပါစိတ်ပါ။ ပြောင်းလဲဖို့ ယူလို့ မရပါဘူး။
တချို့ တော့လည်း ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကြောင့် ပါသွားတာလည်း ရှိတာပေါ့ ဒါပေမယ့် ဒါမျိုးက ကြာကြာမခံပါဘူး။
ကိုယ့်ဝန်းကျင်မှာက ဒီလူနည်းစုလေးတွေက တကယ်ကိုရှိနေကြတာပါ။
သာမန်လူတယောက်လိုဘဲ အသိအမှတ်ပြုရမှာပေါ့။ ကလေးတွေကိုဖျက်ဆီးတာ မတော်သရော်လုပ်တာတွေက တခြားလူတွေလဲ လုပ်တတ်ကြတာဘဲ လုပ်လဲလုပ်နေကြတာဘဲ (လူတယောက်ချင်းနဲ့ ဘဲဆိုင်ပါတယ်)

လိင်စိတ်ခံယူမှုကွဲတယ့်လူတွေကို လူတယောက်လိုလက်ခံနိုင်မှ သူတို့ လိုက်နာသင့်တဲ့ ကျင့်ဝတ်လေးတွေကို တွေးကြည့်၊ ဆွေးနွေးကြည့်သင့်တာပေါ့။
မိန်းမလျာ ဆိုရင်မကောင်းဘူးလို့ တရားသေခံယူထားချက်ကတော့ လူအဖွဲ့ အစည်းတခုကောင်းလာဖို့ အတွက် တိတ်အကူအညီမရဘူးလို့ ထင်တယ်၊
0
Be careful human.....!
written by Tristan, February 27, 2009
Everyone has their inalienable rights, that's right, but..... we are human living in the world, we should respect the nature.
Here I think your news about Gays can give nothing special knowledge nor benefits to the readers.
If you writer respect on your readers, you writers and editors should not help them advertising about their lives and should not encourage them to be famous and common.
But never ever ever let them persuade others or let them advertise about their lives through out your website.
0
ဘယ်လိုပြောရမလဲ
written by စာနာသူ, February 27, 2009
ဒါ ဟာ သဘာဝအတိုင်းပါပဲ
သက်ရှိလူသားတွေ အားလုံး တဏှာနဲ.ကင်းနိုင်ကြတဲ.သူရှိပါသလား? အမှန်တော. သူတို.ဟာ အကြွေးဆပ်နေရတဲ.သူတွေပါ။
အများအားဇြင်. ယောက်ကျားတော်တော် များဟာ သူတိုကို နှိမ်ချနေကြသူတွေပါ။
သူတို့ကို စာနာပါ ပါလို့ ဝေဖန်အကြံပြုချင်ပါတယ်
0
ဂန်ဒူးတွေကို ကြိုက်တာ အိမ်ထောင်ရှင် ယောက်ျားတွေကများတာ
written by HIV Educator, February 27, 2009
အိမ်ထောင်ရှိလျက် သူတို့နဲ့ တွဲတဲ့ ယောက်ျားကြီးတွေလည်း တပုံကြီးရှိနေတယ် ဆိုတာကို မမေ့ စေချင်။
မယုံရင် မန္တလေး ကျူံးဘေးမှာသွားကြည့် သူတို့တွေကို လာလာခေါ်နေတဲ့ သူတွေက အိမ်ထောင်ရှင် ယောက်ျားတွေပါ၊
0
ဇီဝဗေဒပြောင်းလဲမှုကု လက်ခံပေမယ့်
written by daywe, February 27, 2009
လူ့ခန္ဓာမှာ သဘာဝအရ ဇီဝဗေဒ ပြောင်းလဲမှုအရ GAY ဖြစ်လာသူတွေကိုတော့ ပတ်ဝန်းကျင်ကလူတွေက တဖြည်းဖြည်း နားလည် လက်ခံ ပေးလာပါလိမ့်မယ်။ ဒီအထိရောက်အောင်လဲ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရအုံးမှာပါ။

ဒါပေမဲ့ HUMAN RIGHTS ကို လက်တလုံးခြား အလွန်အကျွံအသုံးပြုပြီး HOMOsexual လုပ်ချင်တဲ့သူတွေကိုတော့ လူတွေ အော့နှလုံးနာစရာ ဖြစ်လာပါလိမ့်မယ်။

ဖြစ်နိုင်ရင် HUMAN RIGHTS ကို အလွန်အကျွံအသုံးပြုသူများအနေနဲ့ HOMOsexual လုပ်ချင်လို့ GAY RIGHTS, LESBIANS RIGHTS ကို တောင်းဆိုနေရင် ပတ်ဝန်းကျင်က ဆန့်ကျင်လာပါလိမ့်မယ်။

လူငယ်လေးတွေကို လိုက်ဖျက်စီးနေတဲ့ သူ တယောက်ကိုမြင်ဘူးပါတယ်။ ရွံစရာကောင်းလှပါတယ်။ ဒါတွေကို လက်မခံနိုင်ပါ။ လူ့အသိုင်းအ၀ိုင်း ၀န်းကျင်ကို အကျိုးဖြစ်စေခြင်းထက် အကျဉ်းတန်၊ အရုပ်ဆိုးအောင် လုပ်နေတာကိုတော့ ရပ်တန်းက ရပ်သင့်ပါပြီ။ သူများမိုးခါးရေ သောက်တိုင်း လိုက်သောက်ချင်တဲ့ သူတွေမဖြစ်ဖို့ သတိပေးလိုက်ပါရစေ။
0
စာနာပါတယ် (ဖောင့်အမျိုးအစား - ဇော်ဂျီဝမ်း ယူနီကုဒ်)
written by SarNarThatThu, February 27, 2009
ဖြစ် နေ တာ အပြစ် မဟုတ် ပေ မယ့် မ ကောင်း တာ အ မှန် ပါ။ မ ဖြစ် အောင် (သို့) ပြု ပြင် ဖို့ ကြိုးစားသင့် ပါ တယ်။
စိတ် စွဲ လန်း မှူ တစ် မျိုး လို့ ယူဆပါတယ် (အရက် ဆေး စွဲ သကဲ့သို့)။
ပြု ပြင် ဖို့ နည်း လမ်း ကို ဝိုင်း ဝန်း အကြံပြုစေချင်ပါတယ်။
ဘယ်သူမှ ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး။
0
ပေးထားတဲ့ နာမည်တော့ လှပါရဲ့........
written by Kham, February 27, 2009
လိင်တူချစ်သူတဲ့ သိပ်လှတဲ့ နာမည်ပဲ ရုတ်တရက်ဖတ်လိုက် ကြားမိလိုက်ရင်ပေါ့လေ။ ဒါပေမယ့် တကယ်တမ်း သေချာ ပြန်တွေးကြည့်ရင် သူတို့အစား ရှက်မိတာ အမှန်ပဲ။ လိင်မတူတဲ့ ချစ်သူတွေကို ဘယ်လို နာမည်ပေးရမှာလဲ။ လိင်တူချစ်သူလို့ နာမည်ပေးတဲ့သူတွေက စဉ်းစားစေချင်ပါတယ်။

သဘာဝ လွန်တွေ အများကြီးပါ။ ဂေး၊ အခြောက်၊ မိန်းမလျာ၊ အပုန်း စတာတွေ အများကြီးပါ လိင်တူချစ်သူဆိုတာ ကတော့ သေချာ ပြန်စဉ်းစားကြည့်။ စဉ်းစားရင်း သူတို့အစား ကြက်သီးတောင် ထလာပြီ။

အဲဒီထက် ကောင်းတဲ့ နာမည်တွေ ရှိမှာပါ။ ဥပမာ- စိတ်တူ ချစ်သူ၊ အမြင်တူ ချစ်သူ၊ သဘောတူ ချစ်သူ စသဖြင့်ပေါ့။ အဲဒါက လိင်အကြောင်းတွေ မပါတော့ဘူးလေ။

လိင်တူ ချစ်သူဆိုတိုင်း လိင်ကိစ္စကိုပဲ ရှေ့တန်းတင်နေကြသလားလို့ပါ။
0
...
written by moe thu, February 27, 2009
Whatever they are called, it doesn't matter until they are doing their own business.
But I have experienced their disturbance many times , especially in the public. It's rally annoying.
So, I want to warn those people who are on the gays' side, should educate their people not to act such behavior to men.
Until you gays are doing such behaviours , you will always be looked down by the others.
0
ယဉ်ကျေးမှုနဲ့ ကျင့်ဝတ်
written by ဖိုးယဉ်ကျေး, February 27, 2009
အမျိုးသားဖြစ်ပြီး ထမီဘဲဝတ်ချင်ချင်၊ စကတ်ဘဲ ၀တ်ဝတ်၊ ရှေးဘ၀ အကုသိုလ်တွေ အခုဘ၀မှာ လာအကျိုးပေးတယ်ဘဲဆိုဆို၊ ကိုယ့်ဘာသာ “ဖုန်းကညာတပါး လုံးရာက ပြားချင်လို့ ပြား”တာ လည်း ပြသနာမဟုတ်။ ပြဿနာက ကိုယ့်လွတ်လ့်မှုက တပါးသူကို အနှောင့်အယှက်ဖြစ်လာရင် စတတ်ပါတယ်။
အခုလည်း “ယဉ်ကျေးမှု” ကို ခုခံတာပါလို့ တဖက်က ဆိုလာရင် ဒါကို သတိပြုသင့်တယ်။ “ယဉ်ကျေးမှုများ ထိုးတိုက်ခြင်း” (Clash of Civilization) ကို ဖတ်ကြည့်ရင် ဒီသဘောကို တွေ့ရမှာပါ။

ဂေး တွေကို HIV/AIDS နဲ့ ပတ်သက်ပြီး စာစောင်တွေထုတ် ပညာပေးတာလည်း ကောင်းပါတယ်၊ ဒါပေမယ့် ပညာပေးသလိုလိုနဲ့ “အမျိုးသားအချင်းချင်း လိင်ဆက်ဆံနည်း” ပေါင်းစုံကို ပုံတွေနဲ့ ဝေေ၀ဆာဆာ မရှက်မကြောက် ဖော်ပြနေတာကတော့ လူငယ်တွေကို အတုခိုးမှားစေမှာ စိုးရိမ်စရာပါ။

နောက်တခုက ကိုယ့်ဘာသာကိုယ် အမျိုးသားအချင်းချင်း သဘောကျတာ ပြသနာမဟုတ်ပါဘူး၊ နှစ်ဦးလုံး လူလွတ် (အိမ်ထောင်ရှင်မဟုတ်သူ) တွေဆိုရင်တော့ ပိုလို့ကောင်းပါတယ်။ ဒါပေမယ့် မလွတ်မလပ်တွေကို ညုလိုက်၊ သဘောခွေ့လိုက်၊
မယားကြီးငုတ်တုတ်နဲ့ ကြောင်တောင်နှိုက်လုပ်နေတာတွေကတော့ ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းဖို့ ပျက်ကွက်နေသလို သက်ဆိုင်ရာ မိသားစုတွေကိုလည်း စိတ်ဆင်းရဲစေပါတယ် ကွယ်တို့။
ဆင်ခြင်ကြဖို့ အကြံပြုကြည့်တာပါကွဲ့။
0
It is a delicate to debate
written by Nay Thit, February 27, 2009
This issue is so delicate to be debated. Therefore, there is no comments ! People can do whatever they like. It's their choice. However, it is required to be ensured that no other people are disturbed by their behaviours. That's all I would like to comment.
0
...
written by ၀ဋ်, February 27, 2009
အေးဗျ.. အဲဒါ ၀ဋ် ပဲဗျ..
0
Don't make this concern with God
written by george, February 27, 2009
I would like to request Irrawaddy, i am your side reader, i like all your things you do, i always support you, but in this case,
please do not put in your news but let the gays go alone.
George
0
letter
written by shan Reporter, February 27, 2009
နားလည်စာနာပေးပါတယ်။
0
စကားဝိုင်းထဲဝင်ရော်ခြင်း
written by ပူတာအိုသူ, February 27, 2009
အမြင်ဖလှယ်ပေးထားသူတဦးရဲ့ စကားလုံးနဲ့ပတ်သက်ပြီး အမြင်ဖလှယ်ပါရစေ။ တိုက်ခိုက်တယ်လို့တော့ မယူဆစေချင်ဘူး။ (နိမ့်ကျတဲ့မိန်းမဘ၀) ဆိုတာ ဘာကိုပြောတာပါလဲ။
လူသားအားလုံးဟာ အတူတူပါ။ မတူညီတဲ့ တာဝန်တွေကိုသာ ထမ်းဆောင်နေကြရတာပါ။
လူ့လောကအတွက် မျိုးဆက်သစ်ကိုဝမ်းနဲ့လွယ်ပြီး မွေးဖွားပေးနိုင်ခွင့်ကို သဘာဝတရားဆီက အပိုဆုတောင် ရထားတဲ့ မြင့်မြတ်တဲ့လူသားတွေပါ။
ဘုန်းရှိခြင်းမရှိခြင်း၊ မြင့်မြတ်ခြင်း မမြင့်မြတ်ခြင်းဆိုတာ ယောက်ျား၊ မိန်းမ၊ လိင်တူချစ်သူ ဖြစ်ခြင်းနဲ့ မဆိုင်ဘဲ လူတဦးချင်းစီရဲ့ ကျင့်ကြံ တွေးခေါ်ပြောဆိုမှုနဲ့
မိမိလူမှုအသိုင်းအ၀ိုင်း ပတ်ဝန်းကျင် နဲ့ နိုင်ငံအတွက် ဘယ်လောက်အကျိုးပြုနေသလဲ ဆိုတဲ့ အချက်တွေနဲ့သာ သက်ဆိုင်သင့်တယ်လို့ ကျမတော့ မြင်ပါတယ်။
0
...
written by fu, February 27, 2009
I don`t hate gay people, but I just don`t want to be a gay.
Let`s be a straight.
0
why gay?
written by Leo, February 27, 2009
Try to be she-boy other than gay.
Some of the gays are both homo & hexo ; so called "2 phat choon" . I hate it. They are looking for sex only. Not accepatble.
0
ဖြစ်စေချင်၍
written by မမိုး, February 27, 2009
ဘ၀ပေးကုသိုလ်ကောင်းလို့ ယောကျာင်္းဖြစ်လာရတာကို နိမ့်ကျတဲ့မိန်းမသားဘ၀ကို ပြန်မသွားစေချင်ဘူး။
0
ခွင့်ပြုတယ်၊ ခွင့်လွတ်တယ်...
written by aungaung, February 27, 2009
smilies/grin.gif ဒါပေမယ့် အဲဒါတွေ ကျယ်ပြန့် ထွန်းလားခဲ့ လာရင်တော့ ရှော့ရှိတယ် ထင်တယ်ဗျာ..ဖြည်းဖြည်းလုပ်ကြပါဗျာ...smilies/grin.gif
ရှုပ်ထွေးလွန်းလှတဲ့ အို..လောက
0
positive
written by coolzy, February 27, 2009
sometimes just leave the things what they are.. we should respect each other whatever gay or lesbian. the problem in burma is ppl are so narrow minded becos of their lifestyle and the way how they look at the things. it is really not easy to accept those who are conservative. Read some ppl here gave very negative comments..thats really bad..at least we should respect them. one thing for sure...human being needs sexual relation either same sex or different..think of ourself when we need sex how we feel and should consider for those homo ppl suffer when they need. come on thats kinda basic needs for human buddies !
0
...
written by mannyl, February 27, 2009
gays lives, mind which are already set up since birth.
we have to give them space what they choose.
it is a defect we can never change.
0
be opening mind person, ppl
written by Arcopal, February 27, 2009
I do not think it is wrong to think these people are going against natural. They are working and have responsible as a human, but except they happen to like same sex. There are nothing wrong with this. A guy who call themselves as a man than not taking responsible for their action (i.e. having girl pregnant, or worst raping someone, etc) is the worst. In my view, everyone who are taking part in society and taking responsible for their action and able stand their own feets should respect regardless of their sexual reference. I do not understand people who against gay or lesbians. In free society, you are allow to fall in love or date whoever you desire as long as you are not troubling other party.
0
wah ..ha..ha
written by joe/zaw koko myint, February 27, 2009
smilies/grin.gifsmilies/grin.gif......huuuuuu.....their society also busy ..
0
မဲပေးဖို့ လိုမည်မထင်
written by ကျွန်တော်အစစ်နှင့် ကျွန်မအစစ်, February 26, 2009
အတော် စိတ်ဝင်စားသွားတယ်...မထင်နဲ့
နားမလည်ဘူး ... ဘာလို့ လိင်တူချစ်သူလို့ သတ်မှတ်ချင်တာလဲ တဘက်တည်း တွေးနေတာလား
ဒါဆို ကျွန်တော်တို့ ကျွန်မတို့က လိင်မတူချစ်သူ ဖြစ်ကုန်မလား.. ရှုပ်ကုန်ပြီ... မရိုင်းဘူးထင်ပါတယ်
ဘာကိုလိုချင်တာလဲ.. အမည်ပြောင်းရုံနဲ့ သူတို့ရဲ့အဆင်ပြေမပြေမှုတွေ မပြောင်းလဲနိုင်ပါ
ဟေ့ လိင်တူချစ်သူတွေလို့ လှမ်းခေါ်၇င်ေ၇ာ သူတို့တွေ ကြိုက်မယ်မထင်... နောက်ဘ၀အတွက်ကိုဘဲ ကိုယ်ဖြစ်ချင်တာကိုယ် ဆုတောင်းတာ အကောင်းဆုံးလို့ထင်တယ်..
0
BrokeBack Mountain
written by သတိုး, February 26, 2009
မြန်မာပြည်မှာတော့ လိင်တူချစ်သူတွေ ကို စာရေးဆရာနဲ့  အနုပညာရှင် တွေက Brokeback လို့ ခေါ်ကြတယ်။
ဒါရိုက်တာအန်းလီရဲ့ Broke Back Mountain အော်စကာဆု ရပြီးတဲ့နောက်ပေါ့ ဒီကားက အမေရိကန် ၀ိုင်အိုမင်းပြည်နယ် က Gay Cowboy နှစ်ယောက်အကြောင်းပေါ့ ။
0
...
written by zaw, February 26, 2009
မကောင်းဘူး။
0
စိတ်ပျက် တယ်
written by zaw, February 26, 2009
smilies/smiley.gifမိန်းမလျာ ဆိုတဲ့စကား မကောင်းဘူး အချောက် ဆို ကောင်းပါတယ်။
0
သြော်...အနောက်တိုင်းက ကူးစက်ရောဂါ
written by သြော်...သဘာကပေးတော့ကျပ်ပြည့်တယ်...ဒီလိုအသိုင်းအ၀ိုင်းနဲ့ အတွေးခေါ်တွေနဲ့တွေ့တော့ ကျပ်မပြည့်တော့ဘူး..., February 26, 2009
သြော်...အနောက်တိုင်းကလူတွေက တော်တော်စွမ်းတာပဲ...အရှေ့တိုင်းက ပညာမတတ် ငတိတွေခမျာ သူတို့လုပ်လို့ Human Right စကားကိုကန့်လန့်ခံပြီးတော့ လိင်တူဆက်ဆံတာတို့၊ gay တို့ lesbian တို့ တွေ ပေါ်လာတာကိုပါ အဲဒီလို ငတိတွေလက်ခံလာအောင် သုံးနိုင်သပ...ဒီလိုငတိတွေကတော့ သူတပါး ယဉ်ကျေးမှုအကုန်ကိုပဲ ကိုယ့်ယဉ်ကျေးမှုလို့ များ ထင်နေသလားမသိဘူး...
သူတပါးယဉ်ကျေးမှုဆိုတာက ကိုယ်ဘက်က logic ကျကျ လက်ခံသင့်သလောက်ပဲ လက်ခံရတယ်လို့ထင်တယ်...သဘာဝတရားကို လွန်ဆန်ပြီးတော့ freak တွေလိုမျိုးတွေးတာကတော့ ရယ်စရာကောင်းပါတယ်...
ကျွန်တော့်အမြင်တော့...ဒီလိုဟာတွေဘက်က လက်ခံပြီး ရပ်တည်ပြောနေတဲ့လူတွေကတော့...အနောက်တိုင်းက ကောင်တွေက ကျောက်ခဲကို အရည်ညှစ်သောက်တာလဲသူတို့ culture ပါဆိုရင်တောင် ဒီလိုကောင်တွေက စမ်းကြည့်တာပေါ့ လို့တွေးပြီးတော့ လုပ်ကြည့်မယ့်ကောင်တွေပဲ....
ကျွတ်...ကျွတ်...ကျွတ်....
0
...
written by big cat, February 26, 2009
I think the usage: same sex lover aka "lein to chit thu" is going too far and instead it can be homo or homosexual aka "lein to setsan thu".

I don't heard that people call heterosexual persons "different sex lover aka lein kwel chit thu".
0
ကောင်းတော့ ကောင်းတယ်။ ဒါပေမယ့် မျက်စိ စပ်တယ်ဗျာ။
written by -, February 26, 2009
အားတော့ နာပါတယ်။
လက် မ ခံနိုင်ပါ။
နားလည်ပေးလိုတော့ရပါတယ်။ လွန်တော့ မလာနဲပေါ့။
့ဖြစ်နေတဲ့လူတွေကိုလဲ အပြစ်မတင်ပါဘူး။
ဒါပေမယ့် သဘာဝ တရားကို ဆန့်ကျင်ပြီးလုပ်တာ ဘယ်ဟာမှ မကောင်းပါ။
ယောက်ျား ဖြင့် ယောက်ျား။ မိန်းမ ဖြင့် မိန်းမပေါ့။
ယောက်ျားလဲ ယောက်ျားတာဝန် မိန်းမ လဲ မိန်းမ တာဝန် ပေါ့။
ဒီလူတွေက ဘာတွေလဲ။ ဘာတာဝန် ယူလို့ ဘာတာဝန်ကျေမှာလဲ။
လူငယ်တွေ ကလေးတွေ အတုယူမှား ကုန်မှာစိုးလို့ပါ။
သင့်ပတ်ဝန်းကျင်မှာ ဒီလို လူတွေ များလာရင် ကောင်းပါ့မလား။

လွန်သွားရင် တောင်းပန်ပါတယ်။
0
ငြင်းခုံကြစေ
written by reader, February 26, 2009
smilies/smiley.gifငြင်းခုံဖို့ကောင်းတဲ့ issue တစ်ခုပေါ့နော်smilies/wink.gif
0
စိတ်လေနေသူများနဲ့ စိတ်ပျက်နေသူများကု ပြန်စိတ်ပျက်နေခြင်
written by juzz, February 26, 2009
ဟေး

အံ့သြတယ် သူများအရေးကို ရှင်တို့ ကစိတ်ပျက်နေရတယ်လို့ ကွယ်။
ယဉ်ကျေးတဲ့လူမူအသိုင်းအ၀ိုင်းအတွက်တော့ ဒီစကားလုံးကိုမမေ့ပါနဲ့ နော်
"RESPECT"
0
Gay
written by Free society, February 26, 2009
Internationally, it's call Gay. smilies/smiley.gif But Gay is also a human and we should give them a space. Why should we hate them. They have a right to be a Gay. Hey reader, don't think about me, I'm a man. smilies/grin.gif

0
ကိုယ်ချင်းစာ ပေးပါလား
written by အမည်မဖော်လိုသူ, February 26, 2009
smilies/sad.gifsmilies/sad.gifsmilies/sad.gif အဲ့ဒိသူတွေလည်း ဒီလိုတော့ ဘယ်ဖြစ်ချင်ပါ့မလဲ။ ကိုယ်ချင်းစာပေးသင့်တယ်။
ယောက်ျားပီသပါတယ် ပြောပြီး မိဘလုပ်စာ ထိုင်စားနေတဲ့သူနဲ့ အခြောက်ပေမယ့် မိဘ ကို လုပ်ကျွေးနေတဲ့သူ ဘယ် သူက ပိုသာတယ် ထင်လဲ။ သူတို့လည်း လူသားတွေထဲက လူတွေပဲလေ။
0
ဟာ ဟာ
written by John, February 26, 2009
ဒီလိုပဲပေါ့ဗျာ၊ ကိုယ့်ဘ၀နဲ့  ကိုယ်ပဲ ပေါ့။
0
...
written by THU, February 26, 2009
what happen in the world?smilies/tongue.gif
0
What will be different?
written by KSM, February 26, 2009
What about "Ah Chauck" or "Na Pone Lane"?
"လိင်တူချစ်သူ" is very long to say so it will not get to people's mouth.

No matter what you call it. Abnormal is still abnormal. People may accept more on gay issue in 21st century Asia than previous century, still you cannot be normal on the view of mainstream heterosexual people.
0
I don't even know what to say.
written by hello, February 26, 2009
ဘယ်လိုပြောရမယ်မှန်းတောင်မသိတော့ပါဘူးဗျာ။
Gay လို့တော့မပြောချင်ပါဘူးဗျာ။ ' အခြောက် ' ဆိုရင်ဖြစ်မလား။
သူငယ်တော် ဆိုတာကကောဘာလဲ။ ယောင်္ကျားပဲလား။ အခြောက်လား။
0
...
written by မိုးထက်, February 26, 2009
မိန်းမလျာ ဆိုတဲ့စကားက အတော် ယဉ်ကျေးပါတယ်။ လိင်တူချစ်သူ ဆိုတာက လိင်ကိစ္စ တခုတည်းကို ရည်ညွှန်းသလို ဖြစ်နေတယ်။
0
လိင်တူ ချစ်သူ တဲ့
written by =9,1,, February 26, 2009

အားတော့ နာပါရဲ့ နောက်ထပ် ဒါမျိုး အကြောင်း မရေး ပါနဲ့
တောင်းပန်ပါတယ်။
သဘာဝ တရားကို ဖေါက်ပြန် ၊ ညစ်ပတ်စုတ်ပြတ် တဲ့ ၊အကျင့်တရား ရှိတဲ့ ၊
လိင်တူ ဆက်ဆံ မှု ပြုလုပ် တာ ရှက် စရာ အလုပ် မဟုတ်ဘူးလား?
0
မောင်ဖုန်းလုံးရာက...ပြား..
written by Ko J J, February 26, 2009
ထာဝရဘုရားသခင်ဖန်ဆင်းတဲ့လူသားတွေထဲမှာမောင်ဖုန်းတို့လည်း ပါတယ်လေ.....
မျိုးရိုးဗီဇချို့ ယွင်းနေတာလေးကို နားလည်မှုလေးပေးနိုင်ကြပါစေလို့ ....
0
Ms
written by Ma Ma, February 26, 2009
Hey people, be open minded.
I think they are part of our society and they also contributing in their way. They are also people just like you and me. Nothing wrong with them. This is their choice.
Don't confuse, I'm a real woman.
0
...
written by မဟာ, February 26, 2009
ဘာတွေလဲဗျာ
0
ဟူးးးးးးးးးးးးးးး
written by ဟူး..., February 26, 2009
စိတ်လေတယ်......
0
စိတ်ပျက်မိခြင်း
written by မောင်ဘုန်း, February 26, 2009
ဂေး ဆို ဂေးပဲ လက်ခံနိုင်ပါတယ်။ လိင်တူချစ်သူဆိုတာ မကြားဝံ့ မနာသာကြီးပါ။
သြော် ပြောမိတာပဲ ကိုယ့်အလွန် ရှိပါစေတော့။
မကြိုက်ရင် ဖျက်သာဖျက်။
မောင်ဘုန်း

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Thursday, 26 February 2009 19:04 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်