လှိုင်သာယာ စက်မှုဇုန် အလုပ်သမားများ ဆန္ဒပြ

E-mail Print
ရန်ကုန်မြို့လှိုင်သာယာ စက်မှုဇုန် ၃ ရှိ မြ ဖက်ရှင် အထည်ချုပ် စက်ရုံ အပါအ၀င် စက်ရုံ ၄ ရုံခန့်မှ အလုပ်သမား ၂၀၀၀ ခန့်သည် ၎င်းတို့ ရပိုင်ခွင့်များကို ယမန်နေ့က စတင်ကာ ယနေ့အထိ ဆန္ဒပြ တောင်းဆို နေကြသည်ဟု မျက်မြင် သက်သေတဦးက ပြောပြ သည်။

ယင်း အလုပ်သမားများက စက်ရုံဝင်းထဲ၌ စုဝေး၍ ဆန္ဒပြ တောင်းဆိုနေကြပြီး တောင်းဆိုချက်များနှင့် ပတ်သက်၍ ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း ၎င်းက ဧရာဝတီသို့ ပြောသည်။

အလုပ်သမားများက လစာတိုးပေးရေး၊ အလုပ်လုပ်ချိန် လျှော့ပေးရေး နှင့် အလုပ်သမားများ စားသောက်နေထိုင်သည့် နေရာများ၌ သန့်ရှင်းရေးများ ပြုလုပ်ပေးရန် စသည့် အချက်များကိုတောင်းဆိုကြောင်းသိရသည်။

ထိုစက်ရုံ အနီး၌ ရဲကား အစီး ၄၀ ခန့် အပါအ၀င် မီးသတ်ကားများ၊ အချုပ်ကားများ စသည်ဖြင့် လုံခြုံရေးတင်းကျပ် ထားကြောင်း လည်း သိရသည်။

ရန်ကုန်မြို့ရှိ အမည်မဖော်လိုသည့် သတင်းထောက်တဦးက“မနက်ကတော့ မီးသတ်ကားတွေ ရဲကားတွေက စက်ရုံ တွေ ကို ၀ိုင်းထားတယ်၊ ခုဖြိုခွင်းဖို့ လုပ်နေတယ်၊ အခြေအနေ တော်တော် တင်းမာနေတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စက်ရုံ အလုပ်သမား တဦးလျှင် အခြေခံလစာငွေ ကျပ် ၂ သောင်းမှ အမြင့်ဆုံး ၄ သောင်းအထိသာ ရရှိရာ အလုပ် သမားများအနေဖြင့် စားဝတ်နေရေး ခက်ခဲမှုရှိသောကြောင့် အချိန်ပို ဆင်းကြရကြောင်း သတင်းများ ဖော်ပြ ချက်အရ သိရှိရသည်။
Comments (2)Add Comment
0
ပြည်သူ့မျက်နှာထောက ပါ
written by toe toe, February 10, 2010
ဗိုလ်သန်းရွှေ အစိုးရ အနေနဲ့ ပြည့်သူများရဲ့ စားဝတ် နေရေး အဆင်ပြေစေရန် လုပ်ပေး စေလိုတာ
ပြည်သူ အားလုံးရဲ့ ဆန္ဒဆိုတာ သိမှာပါ ၀န်ထမ်းလဲ ပြည်သူ ၀န်ထမ်း မဟုတ်လဲ ပြည်သူပါပဲ
စိတ်ကောင်း မွေးစေချင်ပါတယ်။
0
ကြည့် ချင် လို့
written by soemoenaing, February 10, 2010
ဓာတ် ပုံ တင် ပါ လား

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်