ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၈ ရက်နေ့ အထိ အိန္ဒိယ နိုင်ငံက ဦးဆောင် ပြုလုပ်သည့် စစ်ရေး လေ့ကျင့်မှုကို Exercise Milan ဟု အမည် ပေးထားပြီး မြန်မာနိုင်ငံမှ စစ်သင်္ဘော တစင်း စေလွှတ် ခဲ့ကြောင်း သြစတြေးလျ နိုင်ငံ ABC သတင်းဌာနက ဆိုသည်။ယင်း စစ်ရေး လေ့ကျင့်မှုနှင့် ပတ်သက်ပြီး Burma Campaign Australia (BCA) အဖွဲ့ ပြောခွင့်ရ Zetty Brake က သြစတြေးလျ အစိုးရကို ဝေဖန်ပြောဆို လိုက်သည်။
“မြန်မာ စစ်အစိုးရက ဒေသတွင်း လုံခြုံမှုကို အကြီးအကျယ် ခြိမ်းခြောက် နေပါတယ်၊ မြန်မာ စစ်အစိုးရကို လက်နက် ရောင်းချခွင့် ပိတ်ပင်ထားတဲ့ သြစတြေးလျ အစိုးရက မြန်မာရေတပ်နဲ့ ဘာကြောင့် အတူ စစ်ရေး လေ့ကျင့် ခဲ့သလဲ၊ ဘာကြောင့် သူတို့ကို အရည်အသွေး ထပ်တိုးအောင် လုပ်ပေးနေလဲ”ဟု Zetty Brakeက ဆိုသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ပင်လယ် ဓားပြတိုက်ဖျက်ရေး၊ အာရှ ပစိဖိတ်ဒေသမှ ရေတပ်များ အချင်းချင်း ယုံကြည်မှု ပိုမို ရရှိရေး အတွက် ယင်းစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံမှ စစ်သင်္ဘော ၁၃ စင်း ပါဝင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ယင်းစစ်ရေးလေ့ကျင့်မှုကို ၂၀၀၃ ခုနှစ်ကတည်းက ပါဝင်ခဲ့ပြီး စင်္ကာပူ၊ သိရီလင်္ကာ၊ ထိုင်း၊ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှား စသည့် နိုင်ငံများ အပါအ၀င် ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ နယူးဇီလန်နိုင်ငံ များမှ ရေတပ် အရာရှိများလည်း ပါဝင်ကြောင်းသိရသည်။
ယခု စစ်ရေးလေ့ကျင့်မှုသည် ၇ ကြိမ်မြောက်ဖြစ်ပြီး ၁၉၉၅၊ ၁၉၉၇၊ ၁၉၉၉၊ ၂၀၀၃၊ ၂၀၀၆နှင့် ၂၀၀၈ ခုနှစ် တို့တွင်လည်း ပြုလုပ်ခဲ့ ကြောင်းသိရသည်။
ထို့အပြင် မြန်မာနိုင်ငံကို လာမည့် ၃ နှစ်အတွင်း အကူအညီ ၄၀ ရာခိုင်နှုန်း ထပ်တိုးပေးမည်ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ စတီဖင် စမစ်က တနလာင်္နေ့တွင် ပြောကြားလိုက်သည်။
မစ္စတာ စတီဖင် စမစ်က“မြန်မာ စစ်အစိုးရအတွက် ဆုလဒ်တခု မဟုတ်ပါဘူး၊ လက်ရှိနဲ့ နောင်အနာဂတ် မြန်မာ မျိုးဆက်သစ်တွေ ရင်ဆိုင်ရမယ့် ကြီးမားတဲ့ တာဝန်တွေကို အသိအမှတ်ပြုတာပါ”ဟု ဆိုသည်။
ယင်းအတွက် မြန်မာနိုင်ငံ အနေဖြင့် လက်ရှိ သြစတြေးလျ အစိုးရထံမှ ရရှိနေသည့် အကူအညီ အမေရိကန် ဒေါ်လာ ၂၆ သန်းမှ ၄၃ သန်း အထိ ရရှိမည်ဖြစ်သည်။
ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး ကဏ္ဍများ အတွက် လူသားချင်းစာနာသည့် အကူအညီများ ပေးအပ်ခြင်း ဖြစ်သော်လည်း အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းမည် မဟုတ်ဟုလည်း သိရသည်။
နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ပေးအပ်နေသည့် အကူအညီများသည် ကမ္ဘောဒီယား၏ ၁၀ ပုံ တပုံ၊ လာအို ၏ ၁၆ ပုံ တပုံ အောက် လျော့နည်းကြောင်း၊ အရပ်သား အစိုးရ ပေါ်ထွန်းလာစေရန် မြန်မာနိုင်ငံကို အကူအညီများပေးအပ်ခြင်းသည် အရေး ပါကြောင်း မစ္စတာ စတီဖင် စမစ်က ဆိုသည်။
သြစတြေးလျက မြန်မာနိုင်ငံကို နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရစဉ်က အမေရိကန် ဒေါ်လာ ၁၅ သန်း ထောက်ပံ့ပေးခဲ့သည်။
ထို့အပြင် သြစတြေးလျ အစိုးရသည် ၁၉၈၈ ခုနှစ်မှ စတင်၍ စစ်အစိုးရ ခေါင်းဆောင်ပိုင်း အပါအ၀င် စစ်အစိုးရနှင့် နီးစပ်သူများကို ပြည်ဝင်ခွင့် ဗီဇာများ ပိတ်ပင်ခဲ့သည်။ ၁၉၉၁ တွင် စစ်လက်နက် ပစ္စည်းများရောင်းချခြင်းကို ပိတ်ပင်ခဲ့သည်။
စစ်အစိုးရနှင့် ပတ်သက်သည့် လုပ်ငန်းရှင်များ၏ ပြည်ပရှိ ငွေကြေးများကို ထိန်းချုပ်နိုင်မည့် ဥပဒေတရပ်ကို ၂၀၀၇ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။
သို့သော်လည်း သြစတြေးလျ ကုမ္ပဏီကြီးများဖြစ်သည့် Andaman Teak Supplies Pty Ltd, Gecko's Adventure, Sri Asia Tourism, Jetstar Asia, Twinza Oil တို့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည်။
Set as favorite
Bookmark
Email this
Hits: 4744
written by Ougkar, February 10, 2010
အကျိုးရှိမှ အကြောင်း ရှာတယ် ဆိုတာပဲလား၊ ထွေထွေ ထူးထူး သြစတေးလျ အစိုးရကလည်း မြတ်ထုတ်စရာ မရှိ မြန်မာနိုင်ငံက စစ်အစိုးရကိုမှ သွားပြီး ရွေးသတဲ့လား၊ သြစတေလျမှာ ရှိနေတဲ့ ပုဂ္ဂိုလ်များ တိုက်ပွဲ ဝင်ကြပါ၊
written by Badin, February 09, 2010
ဟိုလူ ပြောတာလည်း ဟုတ် သလိုလို ဒီလူ ပြောတာလည်း မမှားပြန်ဘူး ... ဒို့တော့ လိုက်လို့ကို မမှီဘူး ..
written by မန်းကိုကို, February 09, 2010
ဒီသတင်း ဖတ်ရတာ စိတ်ထဲကို တနုံ့နုံ့နဲ့ကို ဖြစ်နေရေ တာ့တာပဲ။
စစ်ရေးအတူ လေ့ကျင့်လို့တော့ မဟုတ်ပါဘူး။
ကိုယ့်နိုင်ငံ တပ်မတော်သားတွေ အရည်အသွေး တက်တာ ကြိုဆိုရမှာပါ၊ ရှုတ်ချစရာ လို့ မမြင်မိဘူး။
ရာဇဝတ်မှု ကျူးလွန်မယ်၊ အကျင့်ပျက် ချစားမယ်၊ နိုင်ငံ ယိုယွင်း ပျက်စီးအောင် လုပ်မယ့် လုပ်ရပ်မျိုး
တွေဆိုရင်တော့ ရှုတ်ချရုံတင်မဟုတ်ဘူး၊ အမြစ်ကပါ တူးထုတ်ချင်တာ။
ပြဿနာက အကူအညီ ပေးတဲ့ကိစ္စပါ။
သူတစ်ပါး ကူညီတာ မနာလို၊ မရှုဆိတ် ဖြစ်တာလဲ မဟုတ်ရပါ။ အကူအညီ ရရှိခံစား ရတဲ့သူတွေ
အတွက်လည်း မုဒိတာပွားနိုင်ပါတယ်။
အဓိက ကေတာ့ ၾသစေတ်းလ် နို္င္ငံဟာ ဒီမိုကေရစီ နို္င္ငံ တစ္နို္င္ငံ ဖြစ်နေလို့ပါပဲ။
ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဟာ လုပ်ဆောင်ချက် မှန်သမျှ ထင်သာ မြင်သာ (transparency) ရှိရပါတယ်။
(နောက်က တာဝန်ယူမှု - accountability - က ထပ်လိုက်ရ ပါသေးတယ်။)
ဒီတော့ လက်ရှိ ဗမာပြည် အစိုးရကို ကူညီပြီ ဆိုတာနဲ့ သြစတျေးလျဟာ သူ့နိုင်ငံမှာ ပြည်သူတွေကို
အခုပေးတဲ့ အကူ အညီတွေဟာ တစ်ကယ် လုပ်သင့်ပါတယ် ဆိုတာ ဖြေရပါတော့မယ်။
၁။ အကူ အညီတွေဟာ အစိုးရဆီကို တိုက်ရိုက် အလွတ် ငွေထုတ် လက်မှတ် (blank cheque)
အနေနဲ့ ပေးမှာလား၊ သက်ဆိုင်ရာ အကျိုးပြု အဖွဲ့တွေကို တိုက်ရိုက် ပေးမှာလား၊
၂။ အကျိုးပြု အဖွဲ့တွေကို တိုက်ရိုက် ပေးမှာဆိုရင် အဲဒီအဖွဲ့တွေက အစိုးရ လက်အောက်ကလား၊
လွတ်လပ်တဲ့ အဖွဲ့အစည်းလား၊
၃။ ဗမာပြည်မှာ တစ်ကယ်ပဲ သိက္ခာ အပြည့်နဲ့ လွတ်လပ်တဲ့ အဖွဲ့ အစည်းတွေ ကျယ်ကျယ် ပြန့်ပြန့်
ရှိသလား၊ ရှိရင်လဲ ဘယ်အဖွဲ့တွေကို ကူညီဖို့ ရွေးချယ်ထားသလဲ၊
၎။ အကူ အညီပေးမယ့် ငွေတွေ နာဂစ်တုံး ကလိုပဲ ငွေလဲနှုန်းမှာ များများ စားစား နစ်နာ စရာတွေ
ရှိနေ အုံးမှာလား၊ အစိုးရကကော အဖွဲ့ အစည်း တွေကို အမြတ်ခွန် ကောက်ခံမှာလား၊
၅။ စစ်အစိုးရ အတွက် မဟုတ်ပဲ ပြည်သူတွေ အတွက် လက်တွေ့ အကျိုးဖြစ်ထွန်းမှု တွေကို သက်သေ
ပြလို့ ရမလား၊ ဥပမာ - ကျောင်းတစ်လုံး ဆောက်ပြီး ဓါတ်ပုံ ရိုက်ပြတာမျိုး သြစတေးလျမှာ အလွယ်
ပြလို့ မရပါဘူး၊ ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမ နဲ့ ဒီကျောင်းက ဘယ်သူတွေကို ဘယ်လို
အကျိုး ဖြစ်ထွန်းစေသလဲ ဆိုတာတွေ ရှိပါသေးတယ်။
မေးခွန်းတွေ ကတော့ ဆက်တွေးရင်တော့ ကုန်နိုင်မယ် မထင်ဘူး။
အချက် နှစ်ချက် ရှိပါသေးတယ်။
- သြစတေးလျဟာ ဒီမိုကရေစီ နိုင်ငံ ဖြစ်တာနဲ့အညီ ဗမာပြည်လို နိုင်ငံမျိုးနဲ့ ဆက်ဆံရာမှာ “မုန်လာဥ
တစ်ဖက်၊ တုတ် တစ်ဖက်” (carrot & stick policy) ပုံစံမျိုး လုပ်တတ်ပါတယ်။ ဥပမာ - အကူအညီ ပေးတဲ့ အခါ ပေးပြီး အမြင် မတော်တဲ့ အခါလည်း ပြောစရာ ရှိတာ ပြောတတ် ပါတယ်။
- ဗမာပြည် အာဏာရှင်များရဲ့ သဘာဝက အလကား ရရင်တောင် လွတ်လွတ် ကင်းကင်း ပစ်ကျွေး တာမျိုးမှ ရွေးစား တတ်ပါတယ်။ ဒါ့ပြင် ဘယ်လောက် ကျွေးထား ကျွေးထား တစ်ချက် အပြစ် ပြောမိ လို့ကတော့ “ဟင် ဆိုရင် လှည့်ကို မကြည့်တော့ဘူး” ဆိုတဲ့ အမျိုးအစား ထဲကပါ။
ဒီတော့ အစာ ကျွေးပြီး ပူးသတ်မယ့် ဥာဏ်ကြီးရှင် များ အတွက် ကျုပ်လို အညတရ တစ်ယောက်
အနေနဲ့ ဘယ်လိုမှ အဖြေ ညှိနိုင်ဘို့ မစွမ်းသာ ကြောင်းပါဗျာ။
သိသူများလည်း ဝေမျှ ပေးကြပါအုံး။

written by Ko San Tint, February 09, 2010
Although the Australian Government has been saying that they banned SPDC and its companions into the country, yet I saw many SPDC high official's relatives in Australia. Some of them even living on Refugee and Humanitarian grounds. How come?
written by joker, February 09, 2010
ခောတ်မှိပြီး အရည် အချင်းရှိတဲ့ တပ်မတော် ဖြစ်လာဖို့ ဒီလို လုပ်ရပ်တွေဟာ အင်မတန် အရေးကြီးတယ်။ ကျွှနိတော်တို့ တပ်မတော်မှာ နိုင်ငံတကာနဲ့ရင်ဘောင် တန်းနိုင်တဲ့ အရည် အချင်းတွေဟာ ရှိနေပြီးသား... ငွေကြေး ချမ်းသာမူနဲ့ ဒီလို အခွင့် အရေးတွေရှိလာဖို့ပဲ လိုတယိ။
Write comment