ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက တောင်းရမ်း စားသောက် နေသူများ ကို YCDC ၏ ဝန်ထမ်းအဖြစ် လျှောက်ထား လိုပါက မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးများတွင် လျှောက်ထား နိုင်ကြောင်း ကြေညာ ထားသည်။YCDC တွင် နေ့စားဝင်ရောက် လုပ်ကိုင်ပါက လုပ်အားခအပြင် နေထိုင်စရာ အခက်အခဲရှိသူများကို နေထိုင်စရာ စီစဉ်ပေးမည် ဟုလည်း ရန်ကုန် မြို့တော်ဝန်က ပြည်တွင်းသတင်းထောက်များကို ပြောကြားခဲ့သည်။
ထိုသို့ နေ့စားခနှင့် နေစရာစီစဉ်ပေးမည် ဖြစ်သော်လည်း လုပ်ကိုင်လိုသူ နည်းပါးလျက်ရှိကြောင်း တောင်းရမ်း စားသောက်နေသူများ ထံမှ သိရသည်။
“ကျမ အခု မြို့ထဲမှာလိုက်တောင်းရင် တနေ့ ကျပ် လေး၊ ငါးထောင်လောက် ရတယ်။ စည်ပင်မှာ လုပ်ရင် တနေ့ ၁၅၀၀ ပဲပေးတာ။ အရင်က လုပ်ဖူးတယ်။ မကိုက်တော့ မလုပ်တော့ဘူး” ဟု တောင်းရမ်း စားနေသူ တဦးက ပြောသည်။
စည်ပင် ဝန်ထမ်းအဖြစ် ၀င်ရောက်လုပ်ကိုင်ရန် ဆန္ဒမရှိသည့် တောင်းရမ်း စားသောက် သူများကို အရေးယူ နိုင်သည်ဟုဆိုကာ ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟုလည်း သိရသည်။
ရန်ကုန်မြို့တော်အတွင်း ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက တောင်းရမ်းစားသောက်သူ ပိုမိုများပြားလာပြီး အမျိုးသား ဦးရေထက် အမျိုးသမီးဦးရေ ပိုမိုများပြားကြောင်း YCDC သန့်ရှင်းရေးဌာနမှ ဝန်ထမ်းတဦးကဆိုသည်။
“အခု သန့်ရှင်းရေး ဝန်ထမ်းအများစုက လူလတ်ပိုင်း အမျိုးသမီးတွေ ဖြစ်နေတယ်။ တချို့နေရာတွေမှာဆို အသက်ကြီးကြီး အမျိုးသမီးတွေကို တွေ့ရတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။
ရန်ကုန်မြို့အတွင်း တောင်းရမ်းစား သောက်သူများ ယခင်ထက် များပြားလာသောကြောင့် မြို့တော်စည်ပင်က တင်းတင်းကျပ်ကျပ် လိုက်လံဖမ်းဆီးနေပြီး ကမာရွတ်မြို့နယ် အတွင်းရှိ နာနတ်တော လမ်းအနီးတွင် ထိန်းသိမ်း ကာ စည်ပင်ဝန်ထမ်းအဖြစ် ဆောင်ရွက်စေသည် ဟုလည်း သိရသည်။
လက်ရှိ YCDC သန့်ရှင်းရေးဌာနတွင် စည်ပင်ဝန်ထမ်းအဖြစ် ၀င်ရောက်လုပ်ကိုင်ခွင့် ပေးထားသူ ၁၀၀၀ ဝန်းကျင် ရှိကြောင်းလည်း သိရသည်။
“ပိုက်ဆံတောင်းတဲ့သူတွေကို တနေ့ ၁၅၀၀ နဲ့ အလုပ်ပေးတယ်။ အလုပ်ချိန်က မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ဆိုတော့ တော်တော် များနေတယ်။ ၀န်ထမ်းတဦးရဲ့အလုပ်ချိန်က တနေ့ ၈ နာရီထက် မပိုသင့်ဘူး” ဟု ရန်ကုန် အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီတခုမှ မန်နေဂျာတဦးက ပြောသည်။
ရန်ကုန်မြို့တွင် တောင်းရမ်း စားသောက်သူများကို အလုပ်အကိုင်အခွင့်အလမ်းများပေး၍ စည်းရုံးနေသော်လည်း ပပျောက်သွားမည် မဟုတ်ကြောင်း၊ လက်ရှိ စည်ပင်ဝန်ထမ်း လုပ်ကိုင်နေသူများသည် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းသားများ အဖြစ် ၀င်ရောက်ရကြောင်း ကျောက်တံတား မြို့နယ်တွင် တောင်းရမ်း စားသောက်နေသူ တဦးကဆိုသည်။
ယခုကဲ့သို့ ရန်ကုန်မြို့တွင်းတွင် တောင်းရမ်းစားသောက်သူများ သိသိသာများပြားလာခဲ့ခြင်းက မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေကို ညွှန်ပြနေကြောင်း နိုင်ငံခြား ဧည့်လမ်းညွှန် တဦးကဆိုသည်။
“တချို့ပိုက်ဆံတောင်းရမ်းတဲ့ သူတွေက နိုင်ငံခြား ခရီးသွား ဧည့်သည်တွေကို အဓိကထားနေတာ။ တချို့ဆို မပေးရင် ဆဲသွားတာတွေ ရှိတယ်။ အစိုးရအနေနဲ့ ပိုက်ဆံလိုက်တောင်းတဲ့သူတွေ ပပျောက်အောင် သေသေချာချာ လုပ်စေချင်တယ်” ဟု ၎င်းကပြောသည်။
ရန်ကုန် သာကေတမြို့နယ်တွင် သန့်ရှင်းရေး ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် ဒေါ်အေးမြက “ကျမ တနေ့ ၁၅၀၀ နဲ့ နေ့စားဝင်လုပ်တယ်။ တခါတလေကျရင်တော့ ရပ်ကွက်ထဲက တချို့အိမ်တွေက မုန့်ဖိုးပေး၊ ဘာပေးနဲ့ တနေ့ ၄၊ ၅ ရာလောက် အပို ရတယ်။ တချို့ဆိုလည်း အင်္ကျီလေး၊ ဘာလေးပေးတာပေါ့” ဟု ဆိုသည်။
၂၀၀၉ ခုနှစ်အတွင်းက တောင်းရမ်းစားသောက်သူ ၃၂၃၂ ဦးကို ဖမ်းဆီး အရေးယူခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်၏ တရားဝင် စာရင်းများအရ သိရသည်။
ရန်ကုန်မြို့အတွင်း တောင်းရမ်းစားသောက်သော အခြေအနေမဲ့ လူတန်းစားများကို ရန်ကုန်စည်ပင် လက်အောက်ရှိ လုံခြုံရေးနှင့် စည်ကမ်းထိန်းသိမ်းရေး ဌာနက လိုက်လံဖမ်းဆီးပြီး စမ်းချောင်းမြို့နယ်နှင့် သန်လျင်မြို့နယ်ရှိ လူမှုကယ်ဆယ်ရေး စခန်းများတွင် ထိန်းသိမ်းထားသည်။
Set as favorite
Bookmark
Email this
Hits: 3652
written by reader, February 25, 2010
ကိုက်မှလုပ်မယ် ဆိုတဲ့ပုံပဲ သူတောင်းစား လုပ်မှ ပိုရတယ်(၁လ ၁၅၀ ၀၀၀ နီးပါး) ဆိုတော့ ဒီထက်ရရင် ဒီထက် ဆိုးတာ လုပ်မယ်နဲ့ တူတယ် နဲနဲပါးပါး ပပျောက် သွားတော့ ပို မကောင်းဘူးလား
written by Ko San Tint, February 08, 2010
You are right Mann Ko Ko. I strongly agree with you. I too, want to ask a question to the authorities in Burma. Hey you rotters, would you ever do the same job that you have offered to the beggars? You wouldn't! Isn't it? Well, you wouldn't be, and after all you are worse than the beggars. At least beggars are seeking help with their honesty rather than notoriety.
written by မန်းကိုကို, February 08, 2010
- စည်ပင် ဝန်ထမ်း အဖြစ် အလုပ် လျှောက်ထား နိုင်ပါသည်၊
- အလုပ်ချိန်မှာ တစ်ရက် ၁၂ နာရီ၊ လုပ်ခ တစ်ရက် ၁၅၀၀၊ နေစရာ စီစဉ်ပေးမည်၊
- စည်းကမ်း မလိုက်နာသူများကို အရေးယူသွားမည် ဖြစ်သည်၊
ဒီစကားလုံးတွေက အကျွမ်းတဝင် ရှိနေ သလိုပါဘဲ။
ထူးတာကတော့ “အလုပ် လျှောက်ထားနိုင်ပါသည်” ဆိုတဲ့ သကာလိမ်းထားတဲ့ သင်ဓုန်းဒါးကလေးပါ။
အဆုံး သတ်မှာတော့ “ပြောသလို လုပ်၊ မဟုတ်ရင်တော့ တုတ်စာ မိသွားမယ်” လို့ပြောတာနဲ့
အတူတူပါပဲ။
ခေတ် အဆက်ဆက် အမိန့်နဲ့ လုပ်ခဲ့တာတွေ အများကြီး ရှိခဲ့ပေမယ့် ၂၁ ရာစု ခေတ်ကြီးမှာတော့
ဒါတွေဟာ ဆေးမြီးတိုတွေပဲ ဆိုတာ လူ အတော် သိနေကြပါပြီ။ မသိချင် ဟန်ဆောင်နေတဲ့ သူများ
ကတော့ ရန်ကုန် မြို့တော်ဝန် အပါအဝင် နေပြည်တော်က ချုပ်ချုပ်ကြီးတို့ တစ်တွေပါပဲ။
တုပ်ကွေး မိနေသူကို သွားပြီးတော့ “လျက်ဆားလေး သောက်ပြီး၊ ဘော့လုံး ကွင်းလေး ဆယ်ပတ်လောက် ပြေးလိုက်ရင် ချွေးထွက်ပြီး အဖျားကျသွားမှာပါ” လို့ ခိုင်းတာမျိုး အဆီအငေါ် မတည့်
တာတွေ ရပ်တန်းက ရပ်သင့်ပြီ ထင်ပါတယ်။
အကြောင်း ရှိလို့ အကျိုး ရှိတာပါ။
နိုင်ငံမှာ ဘယ်လောက် ကြပ်တည်း လာကြသလဲ ဆိုတာ ဝေဒဆရာတွေ သွားမေးနေစရာ မလိုပါဘူး။
မဖြစ်နိုင်မှန်း သိပေမယ့် တစ်ချို့ အချက်လေးတွေကို အာဏာပိုင်တွေ အတွက် မေးခွန်းလေးတွေ
ထုတ်ကြည့်ပေးလိုက်ပါတယ်။
၁။ နိုင်ငံ့ သယံ ဇာတတွေဆီက ရတဲ့ငွေတွေကို ပြည်သူ တွေဆီ တစ်ယောက်ကို တစ်ကျပ်စီ ဖြစ်ဖြစ်၊
နှစ်ကျပ်စီ ဖြစ်ဖြစ် စီးဆင်းသွားအောင် လုပ်ပြီးပြီလား၊
၂။ လူတိုင်း လုပ်အားခ တန်ရာတန်ကြေး ရနိုင်ကြပြီး၊ ဘဝ အာမခံချက်တွေ ကိုယ်စီရှိအောင် ကြိုးစား
ပေးခဲ့ ကြည့်ပြီးပြီလား၊
၃။ အစိုးရက ကမကထ လုပ်တဲ့ လူအိုရုံ၊ မိဘမဲ့ကလေးကျောင်း၊ အခမဲ့ အသက်မွေး ပညာကျောင်း
တွေနဲ့ ထိရောက်တဲ့ ပညာပေး အစီအစဉ်တွေများ လုပ်ပြီးခဲ့ပြီလား၊ (ဒီနေရာမှာ ကြံ့ဖွတ်ကိုတော့
လက်ညိုး လာမထိုး ပြလိုက်ပါနဲ့၊)
၎။ အရာရာကို အမိန့်အာဏာနဲ့လုပ်လို့ရမယ်၊ ပြီးပျောက် သွားနိုင်မယ်လို့ ထင်ပါသလား၊
၅။ နှစ်ပေါင်း ထောင်နဲ့ချီပြီး တည်တံ့ခဲ့တဲ့ တောင်းရမ်း စားသောက်မှုဟာ စစ်အာဏာထက် အရင်
စောပြီး ပပျောက်သွားမယ် ထင်ပါသလား၊
ဖြေပေးစရာ မလိုပေမယ့် သဘာဝ နိယာမ တစ်ခုကိုတော့ ထောက်ပြ လိုပါတယ်။
အဲဒါကတော့ “အစရှိရင် အဆုံး ရှိတယ်” ဆိုတာပါဘဲ။
ဘယ်အရာက အရင်စပြီး ဘယ်အရာက အရင် ဆုံးမလဲ ဆိုတာပဲ ကွာကြတာပါ။ ဆုံးမှာ ချည်းပါပဲ။
အာဏာ လက်ဝယ် ရှိသူများ မျက်စိဖွင့်တိုင်း သာမန် လူတွေလိုပဲ မြင်နိုင်ကြပါစေ။

Write comment