ပြည်သူ့ဥယျာဉ်နှင့် ပြည်သူ့ရင်ပြင်ကို ပုဂ္ဂလိကသို့ ရောင်းပြီ

E-mail Print
ရန်ကုန် မြို့လယ်ရှိ ရွှေတိဂုံဘုရား အနောက်ဘက် မုခ်နှင့် ပြည်သူ့လွှတ်တော် ရှေ့တွင် တည်ရှိသော ဧက ၁၃၀ ကျယ်ဝန်းသည့် ပြည်သူ့ ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်ကို စစ်အစိုးရက ပြည်တွင်း ကုမ္ပဏီတခုသို့ ရောင်းချလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အများပြည်သူ အပန်းဖြေသည့် ပြည်သူ့ ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်ကို တရားဝင် ကြေညာခြင်း မရှိဘဲ Natural World ကုမ္ပဏီသို့
လွှဲပြောင်း ရောင်းချ ထားကြောင်းနှင့် ၎င်းဥယျာဉ် အတွင်းတွင် စားသောက် ဆိုင်များ၊ စီးပွားရေး အဆောက် အအုံများ၊ အပန်းဖြေ အားကစား ရုံများကို အဆိုပါ ကုမ္ပဏီက တည်ဆောက်ခွင့် ရရှိမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သတင်း ရပ်ကွက်မှ ကြားသိရသည်။

“စည်ပင် လက်ထဲက လွှဲပြောင်း ရထားတာ မှန်ပါတယ်။ ဒါပေမယ့် ဘယ်နှနှစ် လုပ်ကိုင်ခွင့် ရမလဲ ဆိုတာတော့ စည်ပင်နဲ့ ညှိနေတယ်။ ဒီဥယျာဉ်ထဲမှာ ဆိုင်ခန်း ဖွင့်ဖို့နဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ဖို့ဆိုရင် ကုမ္ပဏီိမှာ စာရင်း ကြိုပေးထားဖို့ လိုပါတယ်” ဟု Natural World ကုမ္ပဏီ ၀န်ထမ်းတဦးက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဌ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ဇန်န၀ါရီလ ၁၉ ရက်နေ့က
သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ကို နိုင်ငံတကာအဆင့်မီ အပန်းဖြေ အားကစားကွင်း
အဖြစ် အသွင်ပြောင်းလဲရန် ရှိပြီး နိုင်ငံတကာ အဆင့်မီ ရေပန်း ရုပ်ရှင်နှင့် ခေတ်မီ အပန်းဖြေစက်များ တပ်ဆင်သွားရန် ရှိကြောင်း ပြောကြားခဲ့ သော်လည်း Natural World ကုမ္ပဏီသို့ လွှဲပြောင်း ထားသည့် သတင်းကို တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

“ပြည်သူ့ရင်ပြင်နှင့် ဥယျာဉ်ကို စိတ်ဝင်စားတဲ့ စီးပွားရေး သမားတွေ တော်တော် များတယ်။ ဒီအထဲမှာ ပစ္စည်းအရောင်းဆိုင်၊ စားသောက်ဆိုင်နဲ့ တခြား စီးပွားရေး အဆောက်အအုံ ဖွင့်ချင်တဲ့သူ တော်တော်များတယ်။ တိုးတိုး တိတ်တိတ် လက်လှမ်းသင့်ရာ ရောင်းလိုက် တော့လည်း ဘယ်တတ်နိုင်မလဲ” ဟု ရန်ကုန်စီးပွားရေး သမား တဦးက ပြောသည်။

ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ကို စစ်အစိုးရ လက်ထက် ၁၉၉၀ ပြည့်နှစ်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရသည် ၂၀၁၀ ပြည့်နှစ်ဆန်းမှ စတင်၍ အစိုးရပိုင် လုပ်ငန်းနှင့် တိုက်တာ အဆောက် အအုံများကို ပုဂ္ဂလိကသို့ ရောင်းချလျက်ရှိပြီး ယခုနောက်ဆုံး နိုင်ငံတ၀န်းရှိ အစိုးရပိုင် စက်သုံးဆီဆိုင် ၂၄၆ ဆိုင်ကို ရောင်းချနေသည်။

ဝန်ကြီးများရုံး၊ ရန်ကုန်တက္ကသိုလ် အပါအ၀င် ရန်ကုန်မြို့ရှိ သမိုင်းဝင် အဆောက်အအုံများကို လေလံတင် ရောင်းချမည်ဆိုသော သတင်းများလည်း  ထွက်ပေါ်လျက် ရှိသည်။
Comments (4)Add Comment
0
ဒီဆိုးကျိုးက မြန်မာပြည်ကို ရာစုနှစ် တစ်ခုလောက် ချောက်ထဲ တွန်းချလိုက်တာပဲ
written by zawone, February 09, 2010
မြန်မာနိုင်ငံမှာ စူပါအင်အားကြီး စီးပွါးရေးအုပ်စုတွေ ပိုပြီး အားကောင်းလာမယ်။ သူတို့က တိုင်းပြည်ရဲ့ နိုင်ငံရေးစီးပွါးရေး အရေးပေါင်းစုံမှာ ၀င်ရှုတ်ကြလိမ့်မယ်။ ပြိုင်ဖက်တွေ ပေါ်လာရင်လည်း ဂန်းစတားတွေ မွေးပြီး ရန်ပြုတာတွေ၊ အပြတ် ရှင်းတာတွေ၊ အာဏာပိုင်တွေနဲ့ ပေါင်းပြီး ဘိန်း ပစ်ဖမ်းတာတွေ အားလုံးကို လက်ရဲ ဇက်ရဲပဲ လုပ်ကြလိမ့်အုံးမယ်။ သူတို့နဲ့ မပြောနဲ့ သူတို့သား သမီးတွေနဲ့ ထိုက်တိုက် တွေ့ကြတဲ့ လူငယ်တွေကိုပါ အပြတ် ရှင်းတဲ့ အထိ အန္တရာယ် ပြုကြလိမ့်မယ်။
ဒီမိုကရေစီ ရရင်ရော... လွယ်ပါတယ် ငွေရှိရင် နိုင်ငံရေး သမားတွေ နဲ့ သူတို့ရဲ့ အာဏာတွေ ကို ငွေပေး ၀ယ်ကြမယ်။ လက်ရှိ အတိုက်အခံ ဒီမိုကရေစီ သမားတွေ တောင်မှ ငွေရရင် မျက်စိ ကန်းသွားကြတာတွေ အများ အပြားပဲလေ။
ဒီမိုကရေစီ ခေတ်မှာလည်း ဒီလိုပါပဲ...
၁၀ သိန်း..ခင်ဗျား ကျုပ်ကို စော်ကားတာလား လာဘ်ပေးမှုနဲ့ အရေး ယူလိုက်ရမလား
သိန်း ၁၀၀..အင်း.. ခင်ဗျား တော်တော် ပြောရ ခက်ပါလား
သိန်း ၁၀၀၀...ဒီလိုဆိုတော့ ခင်ဗျား အခက်အခဲကို ကူညီ ရမှာပေါ့(ကျွန်တော် မကူရင် ခွက်ဆွဲ တောင်;စားရတော့မယ်)
သိန်း ၅၀၀၀ အထက် ဆိုရင်တော့ သမီးနဲ့ပါ ပေးစားပစ်လိုက်မယ်
ဆိုတော့ မြန်မာနိုင်ငံမှာ အရမ်း ဆင်းရဲတဲ့ ငရဲ တစ်ထပ်နဲ့ အရမ်း ချမ်းသာတဲ့ နပ်ပြည်(နပ်တဲ့ ကောင်တွေပဲ ရှိတယ်) တစ်ထပ် စုစုပေါင်း ၂ထပ်ပဲ။ အဲ.. ရှိသေးတယ်..လူနပ်တွေ ခိုင်းတာ လုပ်ပြီး ငရဲပြည်ကိုပါ အုပ်ချုပ်တဲ့ အာဏာ ပါးကွက်သားတွေ နေတဲ့ ထပ်ခိုး တစ်ထပ်။
ဆိုတော့ အခု တိုက်ရင်တိုက် မတိုက်နိုင် ရင်တော့ အနဲဆုံး ရာစုနှစ် တစ်နှစ်လောက် မြန်မာ နိုင်ငံဟာ ချောက်ထဲက တက်နိုင်မှာ မဟုတ်တော့ဘူး။ ။
သတင်;ကောင်း ကတော့ ရုရှား၊ အီရန်တို့ မက်စီကိုနိုင်ငံ တို့ကိုတော့ အမှီ လိုက်နိုင်မှာပါ......
0
အရပ်ကတို့ ကယ်တော်မူကြပါ၊
written by ကမ်းယံ (သို့) ဝါးပင်အောက်ကလူ, February 09, 2010
ချိုကုပ် .. ချုပ်ချုပ် .. ဟာ ရှုပ်ကုန်ပြီ … ဒီမှာ၊ ဒီမှာ ဦးလေးကြီးတို့ …

ကျုပ်တို့ မဟာရန်ကုန် ရောက်တုန်းက အလကား ပစ်ထားတဲ့ ပြည်သူ့ ရင်ပြင်လို့ ခေါ်တဲ့ ကွင်းကြီးပေါ့ဗျာ၊
တစ်ကယ် တစ်ကယ် .. မသုံးမယ့် အတူတူ ပွဲတွေ သွင်း၊ ဘော့လုံးကွင်း တွေများသာ လုပ်လိုက်လို့
ကတော့ ကွာ ဆိုပြီး ခဲထားတာ ခုတော့ ဦးလေးကြီး တို့က လူမသိ၊ သူမသိ ရောင်းပြစ် လိုက်တော့
သမျှော လိုက်တာဗျာ။

ရွာဦးကျောင်း ဆရာတော်ကတောင် ပြောတယ်၊ အစိုးရက ရှိသမျှ အကုန် ရောင်းနေတာ၊ နင်တို့လည်း
ကြပ်ကြပ် သတိထားတဲ့။ ကြက်သီးများတောင် ထတယ်ဗျာ။

ရွာ နောက်ဘက်က ကြီးတော်ပု တစ်နေ့က မြို့တက် ဈေးဝယ်တော့ ပြောနေကြတာက မြနန်းရှင်
မမြစိမ်းတို့ သိုက်ပြောင်းသွားတာ တခြားနေရာ ဟုတ်ရိုးလား .. ကျုပ်တို့ ရွာနားကတောင် ဆိုပဲ။

ဒုက္ခတော့ ဖြစ်ပြီ ထင်ပါရဲ့၊ ကျုပ် စုထားတဲ့ငွေက နောက်နှစ်ဆို ဘကြီးကွေးဆီက လယ်တစ်ကွက်
ဝယ်နိုင်တော့မှာ။ ကျုပ်ကောင်မလေး ဇီးကွက်ကလည်း လယ်တစ်ကွက် ရှိမှ ကျုပ်ကို ယူမှာတဲ့။
ကျုပ်လည်း အသက် ၄၀ ပြည့်တော့မယ် ဗျ။

ရှိကြီး ခိုးပါရဲ့ဗျာ၊ တစ်ကယ်ပါ။
တစ်ကယ်လို့များ ကျုပ်တို့ရွာကို မမြစိမ်းတို့ သိုက်ကြောင့် လက်ညှိုးထိုးပြီး ရောင်းစားဖို့များ ရှိရင် ကျုပ်ကို ကြိုပြီးတော့များ ပြောပြထားပါလား နော် .. နော် … နော် လို့ …
0
တရားမ၀င်တဲ့လွှဲပြော်းပေးမှုပါ
written by Moenagar, February 09, 2010
ဒီလိုမျိုး အများ ပြည်သူတွေ ပိုင်ဆိုင်တဲ့၊ အများ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အများပိုင် နေရာ၊ အဆောက်အဦ၊ လုပ်ပိုင်ခွင့်
စတာတွေကို အများ ပြည်သူတွေရဲ့၊ တကယ့်ပိုင်ရှင် အစစ်တွေရဲ့ သဘော တူညီမှု၊ ခွင့်ပြုမှု စတာတွေ မပါဝင်ပဲ အများ
ပြည်သူတွေ သဘောကျ တင်မြှောက်ထားခြင်း မရှိပါပဲ လက်နက် အားကိုးနဲ့ အာဏာကို အပိုင်စီး ချုပ်ကိုင် ထားတဲ့
စစ်အုပ်စုက ရောင်းတာ တွေကို ၀ယ်ရဲတဲ့သူတွေ၊ စစ်အုပ်စုက ပေးတဲ့ အခွင့်အ ရေးကို ယူရဲတဲ့သူတွေ၊ လုပ်ပိုင်ခွင့်တွေကို
လွှဲပြောင်း လက်ခံရ ယူရဲတဲ့ သူတွေကို အရမ်း အံ့သြမိပါရဲ့၊ တစ်ချိန်ချိန်မှာ ပြည်သူ့ာဏာဟာ ပြည်သူတွေရဲ့ လက်ထဲကို
မလွဲမသွေ ပြန်ရောက်တဲ့ အခါကျရင် လူကြီးမင်းတို့ တကယ့်ပိုင်ရှင် အစစ် မဟုတ်တဲ့ အာဏာရှင် စစ်အုပ်စုနဲ့ သဘောတူ လုပ်ကိုင် ချုပ်ဆို ထားတဲ့
သဘောတူ စာချုပ်တွေ၊ အပေး အယူတွေဟာ အသက်ဝင်၊ တရား ၀င်ပါတော့မလား ဆိုတာကို စောင့်ကြည့်ပါ၊ ပိုင်ရှင် အစစ်တွေ သဘော မတူပဲ ကြားက လူနဲ့ အရောင်းအ၀ယ လုပ်ထားတာတွေကို ဘုရားတပြီး ဆုတောင်း နေပါလို့ သတိ ပေးချင်ပါတယ်
0
ဗိုလ်တွေ စဉ်းစားကြ၊ စဉ်းစားကြ အများ အကျိုးအတွက် ...
written by အမြင် မတော်သူ တစ်ဦး, February 08, 2010
ငါအစိုးရ၊ နိုင်ငံ့ပိုင် ပစ္စည်း မှန်သမျှ ငါပိုင်တယ်။ ငါ ကောင်းတယ်ထင် အကုန် လုပ်နိုင်တယ် ဟူသော စကား လက်ဆောင် ထား၍ အများပြည်သူ၏ အကျိုး စီးပွားကို မငဲ့ကွက်ပဲ နိုင်ငံပိုင် ပစ္စည်းနှင့် သံယံ ဇာတများကို ဗြောင် တစ်မျိုး၊ လက်သိပ်ထိုး တစ်မည် ပုဂ္ဂလိကနှင့် နိုင်ငံခြားသား များသို့ ရောင်းချနေသည့် လုပ်ရပ်များ ရပ်တန်းက ရပ်သင့်ပြီ ထင်ပါသည်။ နိုင်ငံတော် မဖွံ့ ဖြိုး၍ နိုင်ငံတစ်ကာ အလယ် မျက်နှာငယ် နေရသည့်အထဲ နိုင်ငံတော်ကို အခွံလုံးလုံး မြေကတုန်း ဖြစ်အောင် လုပ်နေကြသည်မှာ ရင်နှင့်ဖွယ် ဖြစ်သည်။ အရှည်ကို စဉ်းစားပြီး အမြော် အမြင် ရှိသူများ ဖြစ်ပါက ဒီနိုင်ငံသည် တစ်ချိန်ချိန် ကိုယ့်သား မြေးမြစ်များ မှီတင်း နေထိုင်ရာ နေရာတစ်ခု ဖြစ်၍ ပြည်သူ အကျိုး ရှေးရှု၍ တိုးတက်ဖွံ့ ဖြိုးအောင် လုပ်သင့်သည့် အစား ချောက်ထဲ ထိုးချနေသည်မှာ သားသမီများ အပေါ် မိဘအရင်း တစ်ယောက်က ကာကွယ် စောင့်ရှောက် နေသည်နှင့် မတူပဲ ဆက်ဆံနေသည်မှာ မသင့်လျှော် ပါကြောင်း ရေးသား လိုက်ရသည်။

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Monday, 08 February 2010 14:09 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်