ဦးတေဇနှင့် ဦးဇော်ဇော်ကို သီရိပျံချီဘွဲ့ စစ်အစိုးရပေးအပ်

E-mail Print
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်သည့် ဦးတေဇနှင့် ဦးဇော်ဇော် တို့အား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဘွဲ့ ဖြစ်သည့် သီရိပျံချီ ဘွဲ့တံဆိပ်ကို ပြီးခဲ့သည့် ၆၂ ကြိမ်မြောက် လွတ်လပ်ရေးနေ့က ချီးမြှင့်ခဲ့ကြောင်း သိရသည်။

bridgeဦးတေဇ၊ ဦးဇော်ဇော် အပါအ၀င် စစ်ဘက်ဆိုင်ရာ အရာရှိကြီး ၁၆ ဦးကို စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဘွဲ့တံဆိပ် ဖြစ်သည့် သီရိပျံချီ ဘွဲ့တံဆိပ်အား စစ်အစိုးရ အမိန့်ကြော်ငြာစာ အမှတ် (၂ / ၂၀၁၀) အရ ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန် အခြေစိုက် သတင်းသမား တဦးက ပြောသည်။

“အံ့သြဖို့ ကောင်းတာက ဒီလို စီးပွားရေး သမားတွေကို နိုင်ငံမှာ အမြင့်ဆုံး ဘွဲ့ဖြစ်တဲ့ သီရိပျံချီပေးတာပဲ၊ ဒါက တကယ့်ကို သိက္ခာရှိတဲ့ သူတွေကို ပေးတာလေ”ဟု ၎င်းကဆိုသည်။

သို့သော် အဆိုပါ ဘွဲ့တံဆိပ်များ ရရှိခဲ့သည့် ရဟန်းရှင်များနှင့် လူပုဂ္ဂိုလ်တို့ အမည်များကို ထုတ်ပြန်ကြေညာခြင်းမရှိဘဲ အမိန့် ကြော်ငြာစာများသာ ထုတ်ပြန်ခဲ့သည်။

ယခင်နှစ်များက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ၊ စစ်မှုထမ်းကောင်းတံဆိပ်များ၊ ပြည်သူ့ဝန် ထမ်းကောင်း စသည့် ဘွဲ့တံဆိပ်များ ပေးအပ်သည့် ရဟန်းရှင်များ ၊ လူပုဂ္ဂိုလ်များကို စစ်အစိုးရသတင်းစာတွင် ဖော်ပြခဲ့သည်။

ဦးတေဇသည် ထူးအုပ်စုကုမ္ပဏီ ကိုတည်ထောင်ထားပြီး သစ်စက်၊ ဆန်စက်၊ မော်တော်ယာဉ်နှင့် စက်ယန္တရားများ တင်သွင်းခြင်း၊ စိုက်ပျိုးရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်တင်ပို့သည့် လုပ်ငန်း၊ကျောက်မျက်လုပ်ငန်း၊ အိမ်တွင်းအလှဆင်လုပ်ငန်း၊သွင်းကုန်ထုတ် ကုန် လုပ်ငန်းအတွက် လိုအပ်သည့် ကွန်တိန်နာ၊ ယန္တရားများ ၀န်ဆောင်မှုပေးသည်လုပ်ငန်းများကို လုပ်ကိုင်သည်။

၎င်းသည် ပြည်တွင်းနှင့် ပြည်ပနိုင်ငံများကိုပြေးဆွဲနေသည့် အဲ ပုဂံ(Air Bagan)လေကြောင်းလိုင်းကို တည်ထောင်ထားပြီး မကြာသေးမီက ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းကြီး နှစ်ခုကိုလည်း စစ်အစိုးရနှင့် ဖက်စပ်လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်(MNL)ဟုထင်ရှားသည့် ဘောလုံးလောကတွင်လည်း ရန်ကုန်ယူနိုက်တက်ကလပ်အသင်းကို တည်ထောင် ထားပြီး ပြည်တွင်းပြည်ပကစားသမားများကို ခေါ်ယူကာ တနှစ်လျှင် လစာ ကျပ် သိန်းထောင်ချီပေးထားသည်ဟု Eleven Weekly ဂျာနယ်တွင် ဖော်ပြထားသည်။

ဦးဇော်ဇော်သည်လည်း ငွေကျပ်သိန်းပေါင်းများစွာ အသားတင်စိုက်ထုတ်၍ ဘောလုံးကလပ်အသင်း ၈ သင်းကို တည်ထောင်ပေးခဲ့ သူဖြစ်သည်။ ဟိုတယ်လုပ်ငန်း၊ စက်ယန္တရားတင်သွင်းခြင်းလုပ်ငန်း၊ မွန်ပြည်နယ်ရှိ ဘီးလင်းမြို့နယ်တွင် ရော်ဘာခြံ ဧက ၃၀၀၀ စိုက်ပျိုး နေပြီး၊ မက်စ် ဘိလပ်မြေ(Max Cement) ထုတ်လုပ်ရေးစက်ရုံများ၊ ရန်ကုန်- ပဲခူး ကားလမ်းမပိုင်းတွင် လမ်းအခွန် ကောက်ခံရေး လုပ်ငန်း၊ မော်တော်ယာဉ်တင်သွင်းသည့် လုပ်ငန်း၊ နေပြည်တော် တည်ဆောက်ခြင်း လုပ်ငန်း၊ ဖားကန့်ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများကိုလုပ်ကိုင်နေသည်။

၎င်းက နာဂစ်ဒေသပြန်လည်ထူထောင်ရေးအတွက် လပွတ္တာနှင့် ပြင်စလူဒေသတွင် ကျပ်သိန်းပေါင်း ၂၀၀၀ကျော် လှူဒါန်းခဲ့ပြီး နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် ပရ၀ဏ် အတွင်းရှိ ပိဋကတ်ဗိမာန်ကြီးကိုလည်း ဆောက်လုပ်လှူဒန်းခဲ့သည်ဟု အဆိုပါ သတင်း ဂျာနယ် တွင်ဖော်ပြထားသည်။

ဦးဇော်ဇော်သည် လက်ရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ယူထားသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းရှင်ကြီးများအား ဘွဲ့တံဆိပ်များ ပေးအပ်နိုင်ရန်အတွက် အမိန့်ကြော်ငြာစာ အမှတ် ၄၈/ ၂၀၀၉ကို ပြီးခဲ့ သည့်နှစ် ဒီဇင်ဘာ ၁၇ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထိုသို့ပေးအပ်ရခြင်းမှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်နှင့် အညီ အေးချမ်းသာယာပြီး ခေတ်မီ နိုင်ငံတော် တည်ဆောက် ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဂုဏ်ပြုသင့်၊ ပြုထိုက်သည့် ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီမြှင့်သွားခြင်းသာ
ဖြစ်ကြောင်း စစ်အစိုးရ သတင်းစာများတွင် ပါရှိသည်။

အဆိုပါ ဘွဲ့တံဆိပ်အမျိုးအစားသည် ပါလီမန်ဒီမိုကရေစီခေတ်က တိုင်းပြည်အကျိုးကို သယ်ပိုးခဲ့သည့် ပုဂ္ဂိုလ်များကို ပေးအပ်သော ဘွဲ့တံဆိပ်များဖြစ်ကြောင်း လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယအဆင့်)၊ နိုင်ငံဂုဏ်ရည်( ပထမအဆင့်) ရရှိခဲ့သည့် အငြိမ်းစား သံ အမတ်ကြီးဟောင်း သခင်ချန်ထွန်းက ပြောသည်။

“ဖဆပလ အစိုးရ လက်ထက် တုန်းက အကျင့်စရိတ္တကောင်းရမယ်၊ နိုင်ငံရေးလုပ်တယ်၊ အများအကျိုးဆောင်ရွက်တဲ့ လူတွေကို ပေးတာ”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဘွဲ့တံဆိပ်များကို ၁၉၄၈ ခုနှစ်နောက်ပိုင်းတွင် ချီးမြှင့်ခဲ့ကြောင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အုပ်ချုပ်နေစဉ်က နောက်ထပ် ဆိုရှယ်လစ်စီးပွားရေး ထူးချွန်ဆုများကို တီထွင်ပြီးပေးအပ်ခဲ့ကြောင်း၊ ယခုစစ်အစိုးရ အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ပေးအပ်ခြင်းမရှိတော့ကြောင်း သခင်ချန်ထွန်းက ဆိုသည်။

ပါလီမန်ဒီမိုကရေစီခေတ်က ချီးမြှင့်ခဲ့သည့် ဘွဲ့တံဆိပ်များမှာ သင်္ဂဟ ဂုဏ်ထူး ဆောင်ဘွဲ့များဖြစ်သည့် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့၊ သတိုးသီရိသုဓမ္မဘွဲ့၊ မဟာသီရိသုဓမ္မဘွဲ့ ၊ ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့များ ဖြစ်သည့် အဂ္ဂသရေစည်သူဘွဲ့၊ သတိုးမဟာ သရေ စည်သူဘွဲ့၊ မဟာသရေစည်သူဘွဲ့၊ သရေစည်သူနှင့် စည်သူဘွဲ့များနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဘွဲ့များဖြစ်သည့် သီရိပျံချီ၊ ၀ဏ္ဏကျော်ထင်၊ အလကာင်္ကျော်စွာ၊ ဇေယျကျော်ထင် ဘွဲ့များဖြစ်သည်။

ကဗျာဆရာကြီး မင်းသုဝဏ်သည် ၁၉၅၀ ခုနှစ်တွင် ၀ဏ္ဏကျော်ထင်ဘွဲ့၊ ၁၉၆၂ ခုနှစ်တွင် သီရိပျံချီဘွဲများကို ရရှိခဲ့ပြီး အလားတူ စာရေးဆရာကြီး ဇေယျ သည်လည်း အဆိုပါ ဘွဲ့နှစ်ဘွဲ့စလုံး ရရှိခဲ့သည်။

ဗိုလ်မှူးချုပ်ကျော်ဇောသည် သရေစည်သူဘွဲ့ရရှိခဲ့ပြီး၊ ဗိုလ်မှူးကြီးစောမြင့်သည် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်)၊ နိုင်ငံ့ ဂုဏ်ရည် (ပထမ အဆင့်)၊ စည်သူတံဆိပ်၊ သီရိပျံချီ စည်သူ၊ သရေစည်သူနှင့် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တို့ရရှိခဲ့သည်။

အလကာင်္ကျော်စွာ ဘွဲ့တံဆိပ် ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် ဇတ်မင်းသားကြီး ရွှေမန်းတင်မောင်၊ မြို့မငြိမ်းတို့ ရရှိခဲ့ဖူး သည်။
Comments (15)Add Comment
0
...
written by ko lin, January 21, 2010
ပေးတဲ့လူရော ယူတဲ့လူ ရော မရှက် ကြပါ။smilies/grin.gif
0
ကိုယ့်လူ ကိုယ်ပေးတဲ့ဘွဲ့တွေ
written by Myo Chit Zaw, January 15, 2010
အရှက်မရှိ ပေးတဲ့ ဘွဲ့တွေပါလား။ စီးပွားရေး လုပ်ပိုင်ခွင့်တွေ ပေး။ နိုင်ငံရဲ့ သံယာ ဇာတ ပစ္စည်းတွေကို ရောင်းစား နေတဲ့ သူကို ဒီလို ဘွဲ့မျိုး ပေးတာ ကြားတဲ့ သူတောင် ရှက်တယ်။
0
မှန်ပြီးယင်း မှန်လွန်း
written by Cho Tuu Mar, January 14, 2010
မျိုးချစ်၊ ချစ်သူ၊ Sunrise ။ မက္ခရာဓါး နဲ့ kojj တို့ပြောတာတွေ မှန်ပြီးယင်း မှန်လွန်းလို့ ရာခိုင်နှုန်းပြည့် ထောက်ခံပါကြောင်း။
0

written by htoo myat, January 13, 2010

u look so happy.
Don't laugh too much. If laugh too much, might be cry too much.
0
စိတ်နာတယ်
written by အဝေးရောက် ပေါက်စ, January 13, 2010
အော် ဒီဘွဲ့ တွေကို ယခင်က လူတော်တွေကို ပေးတယ် ယခုကျတော့
သြ.............. ဦးနောက်မရှိ ကြပါလာ နော်......... ဒီလို ဦနောက်နဲ့ ဘယ်လို နိုင်ငံ ကို အုပ်ချူပ်မလည်း ဆိုတာ
စဉ်းစာြး ကည့်ပါတော့ အရပ်ကတို ရေ.................
0

written by မျိုးချစ်, January 13, 2010
"ဝါးလုံးခေါင်းထဲ လသာသော ဆု" ဆိုရင် ပိုမှန်လိမ့်မယ်။ "ဘယ်သူ သေသေ ငတေမာပြီးရော လူတွေကို မတန်မရာနိုင့်ငံ့ ဘွဲ့ ပေးနေတယ်
0
မြန်မာ ဆရာဝန် များတချို့ ကို လည်း ပေးသင့်တယ်
written by Chit Thu, January 13, 2010
မြန်မာနိုင်ငံ အထူးကုဆရာဝန်များတချို့ ကို အလောင်းစီသူဘွဲ့  နှင့် တပ်ချူပ် မှုးကြီး ပ၊ဒု တို့ နှင့်အပေါင်းအပါ
တို့ ကို အတ္တ မဟာသတ်သူ အတင်းအဓမ္မဘွဲ့၊ သူတို့ မဟာ အသရေ ပျက်စေသူဘွဲ့၊ ပြည်ထောင်စု ပျက်စေသူ အမင်္ဂလာဘွဲ့ ၊ အလိမ်ကျော်စွာ ပြောသူ ဘွဲ့ ၊ စေရာကျော် ထင်ရာစိုင်းဘွဲ့ နှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဘွဲ့များဖြစ်သည့် ထိရိ ဖျံချီး၊ ဘဏ္ဍ စောက်ထိုး ဘွဲ့ အသီးသီး ပေးသင့်ပါတယ်။
0
ဟီဟီဟိ
written by sunrise, January 13, 2010
ဒီတစ်ခါတော့ စိတ် မဆိုးနိုင်တော့ဘူးဗျာ ကလိ ကလိနဲ့ ရီချင်လာတယ်....smilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gif
0
ကျွတ် ကျွတ် ကျွတ်
written by မက္ခရာဓား , January 13, 2010
လူတော်တွေ ထောင်ကျ၊ ဒီလိုလူတွေ ဘွဲ့ရ၊ တိုးတက်တဲ့ အံ့ဘွယ် ဒို့မြန်ပြည်။
0
တတ်လဲ တတ်နိုင်ကြပါပေတယ်...
written by kojj, January 13, 2010
ဂုဏ်ယူလောက်ပါရဲ့...အလီဘာဘာ ကနေသူ့ရဲ့ ခိုးသားလေးဆယ် ကို ဘွဲ့ထူး ဂုဏ်ထူး ပေးတာပါဘဲ....
0
...
written by Annonymous, January 13, 2010
ဟုတ်ပါတယ်ဗျား။ ဒီဘွဲ့တွေဟာ နိုင်ငံရဲ့ တကယ့် ကိုယ်ကျိုးစွန့် မျိုးချစ် ပုဂ္ဂိုလ်ကြီးများကိုသာ ပေးသင့်ပါတယ်။ ကျွန်တော် သိတဲ့၊ အများ သိပ်မသိတဲ့ မျိုးချစ်တစ်ယောက် နာမည်လည်း ဖြည့်စွပ် ပေးပါရစေ။ NLD ကို စတင်ထူထောင်စဉ်မှာ ပါဝင်ခဲ့တဲ့ ဗဟို အဖွဲ့ အတွင်းရေးမှူး၊ မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့ အထွေထွေ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့တဲ့ ကွယ်လွန်သူ ဗိုလ်မှူးကြီး ချစ်ခိုင် ဆိုရင်လည်း စွမ်းဆောင်မှူ ဆိုင်ရာမှာ သီရိပျံချီ၊ ဇေယျကျော်ထင်၊ ဂုဏ်ထူးဆောင် ဘွဲ့ပိုင်းမှာ စည်သူ၊ နိုင်ငံ့ ဂုဏ်ရည် ပထမဆင့်၊ လွပ်လပ်ရေး မော်ကွန်းဝင် ပထမ အဆင့်တွေ ရရှိခဲ့သူ မျိုးချစ် ရဲဘော်ဟောင်း တဦးပါပဲ။
0
what the hell
written by Tin Aung Ni, January 13, 2010
VIP = Very Idiotic Person
These people only know how to do business with the help of Than Shwe's family.
0
good for nation
written by Min Zaw, January 12, 2010
why this type of people get this type of honors?
0
...
written by saionmao, January 12, 2010
အံ့သြဖို့ ကောင်းတာက ဒီလို စီးပွားရေး သမားတွေကို နိုင်ငံမှာ အမြင့်ဆုံး ဘွဲ့ဖြစ်တဲ့ သီရိပျံချီ ပေးတာပဲ၊ ဒါက တကယ့်ကို သိက္ခာရှိတဲ့ သူတွေက မှာ.၇၇ှိတာပါ-တကယ် တော်တဲ.လူတွေက ၇တယ်ဆို အဲဒီဘွဲ. ကတော.တကယ် တန်ဖိုး ၇ှိပါတယ်-အသုံး မကျတဲ.လူတွေ၇တယ် ဆို၇င် အဲဒီဘွဲ.လည်း ဘာမှာ. တန်ဖိုး ၇ှိလာမှာ မဟုတ်ပါ-
0
ရိုက်စား---
written by Tun Shwe Khaing, January 12, 2010
ရှက်ဖွယ်-- ---------------------------

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၃၊ ၂၀၁၀
၁ ဒေါ်လာ = ၉၇၅ ကျပ်
၁ ဘတ် = ၂၉.၈၀ ကျပ်