ကချင်ပြည်နယ် မြစ်ဆုံ ရေလှောင်တမံ ဆောက်လုပ်ပါက ရေလွှမ်းမိုးမှု ခံရနိုင်သည့် ရွာပေါင်း ၆၀ ကျော်တွင် နေထိုင်သူပေါင်း ၁၅၀၀၀ ကျော် အတွက်နှင့် ကချင်ပြည်နယ်၏ အနာဂတ် သာယာလှပရေးအတွက် ၂၄ နာရီ ဆုတောင်းကြမည်ဖြစ်သည်။
၎င်းဆုတောင်းပွဲကို မြစ်ကြီးနား ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ်က ဦးဆောင်၍ အသင်းတော် နေရာပေါင်း ၅၉ နေရာ၌ လာမည့် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။
ဤ ၅၉ အသင်းတော်သည် နေရာအားဖြင့် မြစ်ကြီးနားတမြို့နယ်လုံး၊ မြစ်ကြီးနားမှ တနိုင်းတလျှောက်၊ မြစ်ကြီးနားနှင့် ၂၇မိုင် အကွာတွင်ရှိ မြစ်ဆုံအပါအ၀င်ဖြစ်သည်။ အသင်းသူအသင်းသားပေါင်း ၃၀၀၀၀ ကျော်ရှိကြောင်းသိရသည်။
“ကျနော်တို့ လူသားတွေမတတ်နိုင်တာ ဘုရားတတ်နိုင်တယ်လေ၊ လာမယ့် ဇန်န၀ါရီလ ၁၈ ရက်နေ့ အသင်းတော် ၅၉ မှာ စိတ်နှလုံးတူ ဆုတောင်းကြမယ်၊ ဆုတောင်း အစီအစဉ်ကိုတော့ ကိုယ့် အသင်းတော်မှာကိုယ် စီစဉ်ကြမှာပါ” ဟု မြစ်ကြီးနား အခြေစိုက် သင်းအုပ် ဆရာက ပြောသည်။
ကချင်ပြည်နယ်တွင် ဒေသဖွံ့ဖြိုးရေးဟု ဆိုကာ နယ်မြေရောင်းခြင်း၊ ရေကာတာအများအပြေားဆောက်လုပ်ခြင်းကြောင့် ကချင်တိုင်းရင်းသားများ၏ လူနေမှုဘ၀ အဘက်ဘက်မှ ဖိနှိပ်ခံနေရကြောင်းလည်း ၎င်းက ဆက်ပြောသည်။
မြစ်ဆုံရေလှောင်တမံ ဆောက်လုပ်ပါက ဒေသခံများအပေါ်ကျရောက်လာမည့် လူမှုရေးပြဿနာများ၊ဘိုးဘွားပိုင် မြေယာနှင့် သီးနှံပင်များ ဆုံးရှုံးရမည် ဖြစ်ကြောင်း၊ ရေလှောင်တမံ ဆောက်လုပ်ပါက ကချင်တိုင်းရင်းသားများ၏ ယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ကွယ်ကာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ဇီဝ မျိုးသုဉ်းမှုများသည် ရေလွှမ်းမိုးမှုနှင့်အတူ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း၊ ဒေသခံများက နေပြည်တော်သို့ မြစ်ဆုံရေလှောင်တမံ ကန့်ကွက်စာများ အကြိမ်ကြိမ် တင်ပြထားပြီဖြစ်ကြောင်း လည်းသိရသည်။
ဧရာဝတီမြစ်ပေါ်ရှိ အဆိုပါ ရေလှောင်တမံ စီမံကိန်းအတွက် ပြောင်းရွှေ့ပေးရမည့် ရွာများကို လျော်ကြေးပေးမည်ဆိုကာ အာဏာ ပိုင်များက ခြံဝင်းအတိုင်းအတာများ စိုက်ပျိုးသီးနှံများကို စာရင်းယူခဲ့ကြောင်း၊ ပိုင်ဆိုင်မှု စာရွက်စာတမ်းများ မပြနိုင်ပါက နေအိမ် တန်ဖိုးသာ ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယခု အချိန်ထိ မည်သည့် ငွေကြေးတစုံတရာ မရရှိသေးကြောင်း သိရသည်။
“လျော်ကြေးမပေးရုံမက ပြောင်းရွှေ့ရမယ့်နေရာတောင်မပေးဘူး၊ နေဖို့ စုပေါင်းတဲ တလုံးစီပဲပေးတာ၊ဘယ်လိုအသက်ဆက်ရှင် ရမလဲဆိုတာကို မတွေးတတ်တော့ဘူး”ဟု မြစ်ဆုံ ဒေသခံ တဦးက ပြောသည်။
ဤမြစ်ဆုံရေလှောင်တမံ စီမံကိန်းကို တရုတ် စွမ်းအင် ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီ (CPI) အဖွဲ့ နှင့် Asia World ကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်း ပြီးစီးပါက ထွက်ပေါ်လာသော လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၁၃၃၆၀ ကို တရုတ်နိုင်ငံသို့ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် တပတ်အတွင်း တရုတ် ဒုတိယသမ္မတ ရှီကျင်းဖျင် မြန်မာနိုင်ငံသို့ သွားရောက်ကာ ရေအားလျှပ်စစ်ဆိုင်ရာ သဘောတူညီချက် ၃ ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
written by ကချင်, December 30, 2009
ူုဲုဲမြစ်ဆုံဆိုတာ ကချင်လူမျိုး အတွက်ပဲ မဟုတ်ပါဘူး . ဗမာ တပြည်လုံးရဲ့ ဘ၀တွေ စီးဆင်းနေတာပါ. အားလုံးအတွက် ရင်နာစရာ ကောင်းပါတယ်. အားလုံး ပူးပေါင်းပြီး တားဆီးဖို့ ပြောချင်ပါတယ်. ဗမာလူမျိုးတွေ အတွက် ပုဂံဟာ သမိုင်းဝင် မြို့ လိုပဲ၊ မြစ်ဆုံဆိုတာ ကျွန်တော်တို့ ကချင်လူမျိုး အတွက် သမိုင်းဝင် နေရာပါ. အခု မြစ်ဆုံ ရေကာတာ ဆောက်လုပ်တဲ့ သမိုင်း ဟာ နောင်တစ်ချိန် အားလုံးအတွက် သမိုင်းဆိုး ပြန်ဖြစ်လာမှာပါ..
written by ဇော်လေး, December 29, 2009
လျှပ်စစ် မြို့တော်တို့ လွိုင်ကော် ၊ဖယောင်းတို င်ဆောင်ထား တို့မမှား၊ ဒီစကား ကလည်းကချင် ပြည်နယ်မှာ မှန်ကန်တော့မှာ ဖြစ်လို့ အင်မတန်ကို ရင်နာရပါတယ်။ ဒီအတိုင်းကြ ည့်မနေသ င့်တော့ပါဘူး ၊အားလုံးပါဝင် တားဆီးဖို့ အချိန် တန်ပါပြီ
written by ရော်ဆမ်း, December 29, 2009
ကြွတ်ကြွတ်အိတ် သုံးတာ ကျတော့ ပတ်ဝန်းကျင် ထိခိုက်တယ် ဆိုပြီး မဆီမဆိုင် လိုက်ပိတ်တယ်။ ကချင် တွေတင် မကဘူး တနိုင်ငံလုံး ၀ိုင်း ဆုတောင်း သင့်ပါတယ်။ အရင်ကတည်း ကလည်း ဆုတောင်း နေကြမယ်လို့ ထင်ပါတယ်။ အခုတော့ တိုးပြီး ဆုတောင်း ရပါတော့မယ်။
မြန်မာနိုင်ငံမှာ ရေအား လျှပ်စစ် ဖြစ်နိုင်ချေက ၁၀၈၀၀၀ MW ရှိပါတယ်။ (နိုင်ငံတွင်း စီးဆင်း နေတဲ့ ရှိသမျှ ရေတွေ ကို ရေအား လျှပ်စစ် အတွက် သုံးမယ် ဆိုရင် ရနိုင်တဲ့ ပမာဏပါ) အဆုံး အစွန် လက်တွေ့ ထုတ်ယူ နိုင်တာ ကတော့ ၃၉၇၂၀MW လို့ စွမ်းအင် ၀န်ကြီး ဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ၂၀၀၈ နှစ်ကုန်ပိုင်းတုန်းက ဖေါ်ပြ ထားပါတယ်။ အရှေ့တောင် အာရှ ဒေသမှာ အများဆုံးပါတဲ့။ ဧရာဝတီ မြစ်ဆုံကနေ ၄၁၀၀ MW ထွက်မယ်လို့ လည်း ပြောထားပါသေးတယ်။ လောလောဆယ် အချိန် အထိ ၁၇၂၀MW (စုစုပေါင်း ပမာဏရဲ့ ၄.၃%) ကိုပဲ ထုတ်ယူနိုင်သေးတယ်လို့ ဆိုပါတယ်။ (MWယူနစ် သုံးတာ ကွာဟချက် ရှိနေတယ်လို့ ယူဆပါတယ်) ဒါဆို မြန်မာ နိုင်ငံမှာ ရေအား လျှပ်စစ် ထုတ်ယူလို့ ရတဲ့ နေရာတွေ အများကြီး ရှိနေရဲ့သားနဲ့ ဘာကြောင့် မြစ်ဆုံကိုမှ ရွေးရ တာလဲ။
နအဖက သက်သက် ယုတ်မာတာပါ။ နောင်တစ်ချိန် အာဏာ လက်လွှတ်လိုက်ရရင်လည်း ကချင် ပြည်နယ်ဟာ ဒီဓါတ်အားတွေကို ပြန်ရမှာ မဟုတ်ပါဘူး။ စာချုပ်ကြီး ကိုင်ပြီး တရုတ်က ဈေးပေါပေါနဲ့ ဆက်ယူနေဦးမှာပါပဲ။ ရာဇ၀င်နဲ့ ချီပြီး မြန်မာနိုင်ငံကို ကြောင်တောင် နှိုက်လာတဲ့ တရုတ်က ကချင်ကို သနားလို့ နောက်ဆုတ်ပေးမယ် မထင်နဲ့။ နောက်တစ်ခု ဖြစ်နိုင်တာက နအဖဟာ တရုတ်ဆီက နှစ်ရှည် အတိုးနည်း ချေးငွေတွေ ယူထားပါတယ်။ (ကမ္ဘာ့ ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရံပုံငွေ အဖွဲ့၊ အာရှ ဖွံ့ဖြိုးရေး ဘဏ်တွေက အမေရိကန်ရဲ့ ပိတ်ဆို့ ထားမှု ကြောင့် နအဖကို ငွေမချေးပါဘူး။) ဒီအတွက် မြစ်ဆုံ စီမံကိန်းကို ထိုးကျွေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှ လက်ထဲမှာ ရှိတဲ့ ဓါတ်ငွေ့ ရောင်းထားတဲ့ ငွေမာတွေကို ကိုယ့်လူမျိုး အချင်းချင်း သတ်ဖို့ လက်နက်တွေ ၀ယ်နိုင် မှာပါ။
ပြည်တွင်း လိုအပ်ချက် ကိုတော့ ဦးစားပေး မလုပ်ပဲနဲ့ ထွက်သမျှ စွမ်းအင် အရင်း အမြစ်တွေကို နိုင်ငံခြား ထုတ်ရောင်းပါတယ်။ ကမ္ဘာမှာ ဓါတ်ငွေ့ အများဆုံး ထုတ်ရောင်းတဲ့ နိုင်ငံ စာရင်းမှာ အင်္ဂလန် ပြီးရင် မြန်မာက အဆင့်(၁၁)ရှိပါတယ်လို့ စွမ်းအင် ၀န်ကြီး ဌာနကပဲ ပြောတာပါ။ ထိပ်ဆုံးကတော့ ရုရှားပေါ့။
မြန်မာ တနိုင်ငံလုံးမှာ ရှိသမျှ ဓါတ်အားပေး စနစ်ကလည်း ယိုယွင်းနေလို့ ဓါတ်အား ဆုံးရှုံးနေတာတွေက အများ ကြီးပါ။ ဒါကိုတော့ စွမ်းအင် ၀န်ကြီး ဌာနကရော အမှတ်တစ် လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ကရော ဘာမှ မပြော ထားပါဘူး။ နောက်ပြီး လျှပ်စစ်ဓါ တ်အားကို အလကား သုံးခွင့် ရနေတဲ့ သူတွေကလည်း အများကြီး (စစ်တပ်က ထိပ်ဆုံးကလို့ မပြောလည်း သိကြမှာပါ။) ဓါတ်အား ခိုးသုံးနေတာတွေကလည်း အများကြီး။ (ခိုးမှာပေါ့ တရားဝင် တောင်းရင် ပေးမှ မပေးတာ) ဒီကိစ္စတွေကို ဖြေရှင်း နိုင်ရင်ကိုပဲ ဓါတ်အားတွေ တော်တော် ထွက်လာမှာပါ။
ရေအား လျှပ်စစ် ထုတ်ရင် သဘာဝ ပတ်ဝန်းကျင် အနည်းနဲ့ အများ ပျက်စီးတာပါပဲ။ ဒါကြောင့် မီးခိုး သိပ်မထွက်၊ ၀န်ကျဉ်းပြီး ပမာဏ များများ ထုတ်လို့ ရတဲ့ နျူကလီးယား စွမ်းအင်ဘက်ကို နိုင်ငံတွေက ဦးလှည့်လာကြတာပါ။ တရုတ်က ထိပ်ဆုံးကပေါ့။ တရုတ်နဲ့ ထိုင်းက မြန်မာ နိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင်ကို ရင်းပြီး ဓါတ်အားရမယ် ဆိုတော့ ပျော်ပျော်ကြီး ၀ယ်ကြတာပေါ့။ ပြောင်းရွှေဖို့ အတွက် လျော်ကြေး ရရ မရရ ဒီကိစ္စကို ဆန့်ကျင်ဖို့ လိုပါတယ်။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးတာဟာ အစားထိုးလို့ မရပါဘူး။ ပြီးတော့ ဒီနေရာဟာ ယဉ်ကျေးမှု အမွေ အနှစ်လည်း ဖြစ်နေပါတယ်။
ဇာတ်ပေါင်း လိုက်တော့ တိုင်းပြည် အာဏာကို မတရားသဖြင့် လုယူ၊ ပြဿနာကိုလည်း မဖြေရှင်းတတ်၊ ယုတ်ကလည်း ယုတ်မာလိုက်သေးတယ် ဆိုတော့ တပ်ချုပ်ကြီးကို စာဖွဲ့လို့ကို မရတော့ပါဘူး။

Write comment

(သို့မဟုတ်) အလျှံပယ် ထွက်နေတဲ့ သဘာဝဓာတ်ငွေ့နဲ့ ပေးနိုင်ပါတယ်။
ဒါပေမယ့် ပြည်သူလူထုကို ရင်ဝယ်သားလို မဆက်ဆံပဲ ရန်သူလို ဆက်ဆံတဲ့အတွက် တမင်ညစ်ပြီး မပေးတာပါ။
သက်သက် စိတ်ဒုက္ခ ပေးထားတာပါ။
သဘာဝဓာတ်ငွေ့ မထွက်တဲ့ နိုင်ငံတွေတောင် ထမင်း၊ ဟင်းချက်ဖို့ သုံးနိုင်ပေမယ့် ကျနော်တို့ ပြည်သူ ပြည်သားတွေ မသုံးနိုင်တာကလည်း နောက်ထပ် ညစ်လုံးတခုပါ။
အဲဒီက ရတဲ့ ငွေမာတွေနဲ့ ပြည်သူကို ဖိနှိပ်ဖို့၊ တိုင်းရင်းသားတွေကို နှိပ်စက်ဖို့ လက်နက်တွေ ၀ယ်နေဦးမှာပါ။