အကျဉ်းသား ၇ ထောင်အတွက် ဆရာဝန် ၁ ဦးသာရှိ

E-mail Print
မြန်မာနိုင်ငံတွင် အကျဉ်းသား ၇၀၀၀ လျှင် ဆရာဝန် ၁ ဦးနှုန်းသာ ခန့်အပ်ထားကြောင်း အကျဉ်းဦးစီး ဌာန၏ စာရင်းများအရ သိရသည်။

အကျဉ်းသား ၂ သိန်းခွဲခန့်ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ဆေးဘက်ဆိုင်ရာ ၀န်ထမ်း ၇၅ ဦးသာ ခန့်ထားသောကြောင့် အကျဉ်းသားများ၏ ကျန်းမာရေးမှာ စိုးရိမ်ဖွယ်ရာအခြေအနေတွင် ရှိနေသည်ဟု ရန်ကုန်မြို့မှ အထွေထွေ ရောဂါကု ဆရာဝန်တဦးက သုံးသပ်သည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင် ၄၂ ခုနှင့် ရဲဘက် အလုပ်စခန်း ၁၀၉ ခုတွင် အကျဉ်းသားနှင့် အချူပ်သား အရေအတွက် ၂၄၈၆၆၄ ဦး ရှိသော်လည်း အဆိုပါ အကျဉ်းသားများနှင့် အချုပ်သားများကို ကျန်းမာရေး ပြုစု စောင့်ရှောက်မှု ပေးရန် အကျဉ်းဦးစီး ဌာနတွင် ဆရာဝန် ၃၄ ဦး၊ ကျန်းမာရေးမှူး ၁၉ ဦး၊ သူနာပြု ၂၂ ဦး စုစုပေါင်း ၇၅ ဦးရှိကြောင်း အကျဉ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ရန်ကုန် အင်းစိန်ထောင်တွင် နိုဝင်ဘာလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အကျဉ်းသား ကျန်းမာရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် တရားဝင် ထုတ်ဖော် ပြောကြားခဲ့သည်။

“လူဦးရေ နှစ်သိန်းခွဲ လောက်ကို ဆရာဝန် ၃၄ ဦးနဲ့ ပုံမှန် ဆေးကုသမှု ပေးဖို့နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့ဆိုတာ
မလွယ်ပါဘူး။ ဒီစာရင်း အရဆိုရင် နေထိုင်မကောင်းဖြစ်တဲ့ အကျဉ်းသားတိုင်း ဆေးကုသ ခံယူခွင့် မရနိုင်လောက်ဘူး” ဟု အထွေထွေ ရောဂါကု ဆရာဝန်က ပြောသည်။

အကျဉ်းဦးစီးဌာနမှ အရာရှိတဦးအဆိုအရ အကျဉ်းထောင်နှင့် ရဲဘက်အလုပ်စခန်းအများစုတွင် ဆေးကုသမှုဆိုင်ရာ ကျွမ်းကျင်သည့် ဆရာဝန်၊ ကျန်းမာရေးမှူးနှင့် သူနာပြုများ မရှိဘဲ ဆေးကုသမှုပညာ အနည်းငယ်သာ တတ်ကျွမ်းသော ဆေးတပ်သားများသာ ထားရှိကြောင်း သိရှိရသည်။

“အလုပ်စခန်းတွေမှာတော့ ဆရာဝန်မရှိဘူး။ လူဦးရေများတဲ့ ထောင်တချို့မှာတော့ ဆရာဝန်တဦးစီ ရှိတယ်။ ရဲဘက် အလုပ်စခန်းနဲ့ ထောင်တွေမှာ အများဆုံးထားတာက ဆေးတပ်သားတွေပဲ” ဟု သူက ဆက်ပြောသည်။

ဆေးတပ်သား ဆိုသည်မှာ ကျန်းမာရေးနှင့် ဆေးကုသမှုဆိုင်ရာ ပညာရပ်များကို စနစ်တကျ သင်ကြားခဲ့ခြင်းမရှိဘဲ လအနည်းငယ်မျှ ဆေးထိုး၊ ဆေးစပ်နည်းများသာ သင်ယူ ထားသူများဖြစ်ပြီး အကျဉ်းသားများကို လုံခြုံစိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှု မပေးနိုင်ကြောင်း ရန်ကုန် အထွေထွေရောဂါကု ဆရာဝန်က ဆိုသည်။

စစ်အစိုးရ အကျဉ်းထောင်များတွင်နာမကျန်းဖြစ်နေသော အကျဉ်းသားများကို စနစ်တကျ ဆေး ကုသပေးနိုင်သော ကျန်းမာရေးဝန်ထမ်း မရှိသောကြောင့် အကျဉ်းသားအများစုသည် နေထိုင် မကောင်းဖြစ်လာလျှင် ဆေးမြီးတိုများကိုသာ အားကိုးရကြောင်း ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်မှုကြောင့် ထောင်ကျခဲ့ပြီး လွတ်ငြိမ်းသက်သာခွင့်နှင့် လွတ်မြောက် လာသော နိုင်ငံရေးအကျဉ်းသား တဦးက ရှင်းပြသည်။

“ထောင်ဝင်စာလာတွေ့တဲ့မိသားစုကို ဆေးမြီးတိုနဲ့ တိုင်းရင်းဆေးအထုပ်တွေ မှာရတယ်။ ထောင်ထဲမှာ ဖျားနာလာရင် အချင်းချင်း ဆေးမြီးတိုလေးတွေနဲ့ ကုကြတယ်” ဟုသူကဆိုသည်။

အကျဉ်းထောင်များတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေပြီး ငွေကြေးတတ်နိုင်သော အကျဉ်းသားများက အကျဉ်းဦးစီး အရာရှိ များကို ငွေပေးကာ ကောင်းမွန်စွာ နေထိုင်နိုင်ကြောင်း၊ သို့ရာတွင် နိုင်ငံရေး အကျဉ်းသားများမှာမူ ထောင်အာဏာပိုင်များ၏
ဖိနှိပ်မှုများ ခံရလေ့ရှိပြီး တခြားအကျဉ်းသားများ နည်းတူ အခွင့်အရေးတန်းတူ မရကြောင်း၊ အထူးသဖြင့်နိုင်ငံရေး အကျဉ်းသားများ နေထိုင်မကောင်းဖြစ်လာလျှင် ဆေးကုသခွင့်ရရန် မလွယ်ကူကြောင်း သိရသည်။

“နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ဆေးကုသ ခွင့်ရဖို့ တော်တော်အရေးဆိုရတယ်” ဟု ၁၅ နှစ်ခန့် ထောင်ကျခဲ့ဖူးသူ
နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ပြောသည်။

နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သော ကျန်းမာရေးကိစ္စအပါအ၀င် ကိစ္စများအားလုံးကို ထောင်အာဏာပိုင်များက ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ စစ်ဗိုလ်ချုပ်ကြီးများအထိ တင်ပြကာ ခွင့်ပြုမိန့် တောင်းခံရလေ့ ရှိသောကြောင့် နိုင်ငံရေး အကျဉ်းသားများ နေထိုင်မကောင်းဖြစ်လာလျှင် ချက်ချင်း ဆေးကုသခွင့် မရနိုင်ခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ ကြားသိရသည်။

ယခုဒီဇင်ဘာလအတွင်း အင်းစိန်ထောင်တွင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၌ ပါဝင်မှုဖြင့် ထောင်ဒဏ် ၃ နှစ် ၃ လ ကျခံနေရသော အသက် ၃၈ နှစ်အရွယ် မတင်တင်ထွေး နှလုံး သွေးကြောပေါက်ရောဂါဖြင့် ကွယ်လွန်သွားသည်ဟု
ကြားသိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၇၃ ဦးရှိကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ထောင်တွင်း၌ သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၄၃ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများ အရ သိရသည်။

စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း ၂၀၀၆ ခုနှစ်က အကျဉ်းသားဦးရေ ၁၀၀၀ လျှင် သေဆုံးသူ ၆ ဦးရှိပြီး ယခု ၂၀၀၉ ခုနှစ်တွင် အကျဉ်းသား ၁၀၀၀ လျှင် သေဆုံးသူ ၃ ဦးအထိ ကျဆင်းခဲ့ကြောင်း သိရှိရသည်။
Comments (5)Add Comment
0
ထောင်ဆရာဝန်
written by Aung Aung, January 03, 2010
ထောင် ဆရာဝန်ပဲ မဲပြီးတော့ ပြောမေ နကြနဲ့အုံး ဆရာဝန် ရှိပြီး ဆေးမရှိရင် ဘာလုပ်မလဲ ထောင်အတွက် ခွဲတန်းရတဲ့ဆေးတွေ မှောင်ခိုေ၇ာင်းပြီး ဆေးမရှိတော့ အကျဉ်းသားတွေက ၀ယ်ပေးရတယိုမ၀ယ်နိုင်သူတွေ သေပေါ့
0
Doctors in Burma
written by Ko ko, January 02, 2010
Even they are qualify they are useless for patients.
0
...
written by Kris, December 30, 2009
Peter chan, i think you should not stereotype and say " Only few doctors in Myanmar are qualified". Because What you found out between Nov 12 to Dec 14 may not reflect accurately what is happening right now in Myanmar. I agree that some doctors in Myanmar are not qualified but there are still a lot more qualify doctors.But yea, i think our government is doing very badly for our country.
0
To Peter Chen
written by Wunna Htun, December 30, 2009
What did you mean that "Burmese government tried to do the best as they can", and "I saw many progress in Burma better than 2003"? Can you see all the things within 32 days? So strange Man!

Don't say that there are very few qualified doctors in Burma. I want to ask you one question that "Don't have any misdiagnosis in other countries?" Don't look down on Burmese ppl talent and I Q.

Don't say all the Burmese ppl are the same.
0
Doctors in Burma
written by peter chen, December 30, 2009
There are very few qualified doctors in burma. There are many misdiagnosis and treatments by doctors in myanmar.
So, it is not a strange thing that there are one doctor for 7000 prisoners. Most of the doctors in burma are money doctor. They check one patient in three minutes. They tried to get more patients more money.
One of the surgeons from burma made a major mistake and that child died and that doctor was suspened. Burmese governement tried to do the best as they can. But from the bottom line people tried to cover the true stroy. I visited Burma from Novemeber 12 to December 14 and I saw many progress in Burma better than 2003.

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၇၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၀ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်