ယနေ့ခေတ် မြန်မာ အမျိုးသမီးများ အိမ်ထောင်ပြုသူ နည်းပါးလာ

E-mail Print
ယနေ့ခေတ် မြန်မာ အမျိုးသမီးများ အနေဖြင့် အိမ်ထောင်ရေး ဟူသည့် လူမှုရေး နယ်ပယ်ထဲသို့ ၀င်ရောက်လာမှု အားနည်း လာကြောင်း တွေ့ရသည်။

“ကျမတို့ အဘိုး အဘွားတွေ ခေတ်ကလို အသက် ၂၀ ကျော်တာနဲ့ အိမ်ထောင်ပြုရမယ်ဆိုတဲ့ အတွေးအခေါ်မျိုးတွေ မရှိတော့ပါဘူး” ဟု ၁၉၉၇ ခုနှစ်ဝန်းကျင်ခန့်က စတင်၍ Talents & Model Agency ကိုထူထောင်ခဲ့သူ ဒေါ်တင်မိုးလွင်က ဧရာဝတီကိုပြောသည်။   

အိမ်ထောင်ရေးဆိုသည်မှာ အရေးပါသော်လည်း မည်သည့်အရွယ်တွင် အိမ်ထောင်ပြုရမည် ဟူသည့် သတ်မှတ်ချက် အတွေးများ မရှိကြတော့ဘဲ ခေတ်အမြင် ပြောင်းလဲလာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၁ ရာစု မြန်မာအမျိုးသမီးများ၏ ခေတ်အမြင်နှင့် အတွေးအခေါ် ပြောင်းလဲလာမှုကြောင့်သော်လည်းကောင်း၊ ကိုယ်ပိုင် စွမ်းဆောင်ရည်၊ ရည်မှန်းချက်တို့ မြင့်မားလာခြင်း တို့ကြောင့်သော်လည်းကောင်း ဖြစ်နိုင်ကြောင်း သူကဆက်ပြောသည်။

ဒေါ်တင်မိုးလွင်သည် မြန်မာနိုင်ငံတွင် မော်ဒယ်လ် လောကကို စတင်လမ်းခင်းပေးခဲ့သူ တဦးဖြစ်ပြီး မြန်မာ အမျိုးသမီးများ လူမှု ဘ၀နယ်ပယ်တွင် မည့်သို့ ဖြတ်သန်းပြောဆို နေထိုင်ရမည်ဆိုသည်ကအစ လေ့ကျင့် သင်ကြားပေးနေသူ ဖြစ်သည်။

အိမ်ထောင်ရေးကို စိတ်မ၀င်စားဘဲ ရပ်တည်ရာ လမ်းကြောင်းအတိုင်း လျှောက်လှမ်းကာ လက်ရှိ အနုပညာလောက၊ စာပေလောက၊ စီးပွားရေးလောက စသည့် လူမှုဘ၀နယ်ပယ်အသီးသီးတွင် အောင်မြင်နေသော မြန်မာအမျိုးသမီး များကိုလည်း မြင်တွေ့နေရသည်။

အနုပညာလောကတွင် သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ တေးသံရှင် ကော်နီ၊ သရုပ်ဆောင်အဆိုတော် တင့်တင့်ထွန်း စသည်ဖြင့် အသီးသီးရှိကြပြီး စာပေလောကတွင်လည်း စာရေးဆရာမ မသီတာ (စမ်းချောင်း)၊ ဂျူး စသည်ဖြင့်အောင် မြင်နေသည့် အိမ်ထောင်သည် မဟုတ်သူ အမျိုးသမီးများ ရှိနေသည်။

ယင်းကဲ့သို့ အိမ်ထောင်မပြုဘဲ အောင်မြင်နေကြသူအများအပြားရှိသကဲ့သို့ အိမ်ထောင်ပြုပြီး ကိုယ်ပိုင်မိသားစု ဘ၀ ဖြင့်အောင်မြင်သူများလည်း အများအပြားရှိသည်ဟု စာရေးဆရာမ မေငြိမ်းကဆိုသည်။

အမျိုးသမီးတဦး၏ အောင်မြင်ခြင်း မအောင်မြင်ခြင်း၊ ထက်မြက်ခြင်း မထက်မြက်ခြင်းမှာ အိမ်ထောင် ပြုခြင်း၊ မပြုခြင်းနှင့် မသက်ဆိုင်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ ဒေါ်တင်မိုးလွင်ကလည်း “မိသားစု ကြီးသည်၊ ငယ်သည်ဆိုပြီးမရှိပါဘူး။အိမ်ထောင်ရှိတဲ့ အမျိုးသမီးကလည်း သူ့ရဲ့ မိသားစုက တွန်းအားတခုလိုဖြစ်နေသလို အိမ်ထောင်မရှိတဲ့ Single ကလည်း သူ့နောက်မှာ မိသားစုဆိုတာ ရှိတာပဲလေ။ အိမ်ထောင်မရှိလို့ အောင်မြင်တယ်လို့ မဟုတ်ပါဘူး” ဟုဆိုသည်။

အိမ်ထောင်မပြုဘဲ နှစ်ပေါင်း ၃၀ ကျော်နီးပါးခန့် လက်နက်ကိုင် တော်လှန်ရေးလုပ်ကိုင်လာသူ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်ကလည်း နေရာအမျိုးမျိုး ရှုထောင့်အမျိုးမျိုးတွင် မည်သည့် အလုပ်ကိုမဆို အားစိုက် လုပ်ဆောင်လာကြသူ မြန်မာအမျိုးသမီး အများစုမှာ အိမ်ထောင်ပြုခြင်း နည်းပါးလာသည်ဟု ဆိုသည်။

“ဘယ်နေရာမှာမဆို အလုပ်ကို အားစိုက်လုပ်လာကြတဲ့ အမျိုးသမီး အများစုဟာ အချိန်တွေကို သူတို့ရဲ့ စွမ်းဆောင် ရည်တွေအတွက်သာ ပေးချင်ကြတော့ အိမ်ထောင်ရေးဆိုတာကို မစဉ်းစားဖြစ်ကြတော့တာပါ” ဟု အသက် ၅၃ နှစ် အရွယ်ရှိပြီဖြစ်သော နော်စီဖိုးရာစိန်ကဆိုသည်။   

အိမ်ထောင်မရှိခြင်းကြောင့် နောက်ပြန်ငဲ့စရာမရှိသည့်အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းရပ်ကို ပိုမို စူးစိုက် လုပ် ဆောင်လာနိုင်ကြောင်းလည်း ၎င်းကပြောသည်။

ယခုအခါတွင် ခေတ်အခြေအနေ ပြောင်းလဲမှုကြောင့်သော်လည်းကောင်း၊ မီဒီယာများတွင် ဖော်ပြလာသည့် အမြင်နှင့် အတွေးအခေါ် လွှမ်းမိုးမှု အားကောင်းလာခြင်းတို့ကြောင့် လည်းကောင်း လူ့အဖွဲ့အစည်းတွင် တရားဝင်လက်ထပ် ထိမ်းမြားခြင်း နည်းပါးလာကာ အမျိုးသားနှင့် အမျိုးသမီးများမှာ အတူနေ ချစ်သူများအဖြစ် နေထိုင်မှု များပြား လာကြောင်းသိရသည်။

“ဒီလို အတွေးအခေါ်တွေကို ခေတ်လွန်တယ်လို့ မတွေးတော့ဘဲ ဒါလည်းဟုတ်တာပဲ၊ လက်ခံလို့ရနိုင်တာပဲဆိုပြီး လက်တွေ့ ကျကျ လုပ်ချင်လာကြတာပါ။ ခေတ်ရဲ့ပြောင်းလဲတိုးတက်မှုမှာ အားသာချက်ရှိသလို အားနည်းချက် တွေလည်း ရှိမှာပါပဲ။ တဦးချင်းစီရဲ့ အတွေးအခေါ်ပေါ်မှာပဲ မူတည်ပါတယ်” ဟု ဒေါ်တင်မိုးလွင်က ဆိုသည်။

အဆိုပါ နေထိုင်မှုတွင် မိမိတို့၏ ကာမစိတ် ဆန္ဒကြောင့် ကျူးကျုးလွန်လွန်နေကြသူနှင့် တရားဝင်လက်ထပ် ထိမ်းမြား ခြင်းမပြုဘဲ အတူတကွ ပေါင်သင်းနေထိုင်ခြင်းမှာ မတူညီကြောင်း စာရေးဆရာမ မေငြိမ်းက ပြောသည်။

“လက်ထပ်ခြင်း မထပ်ခြင်းဆိုတာက တယောက်ကိုတယောက် ပိုင်ဆိုင်မှုနဲ့ဖြစ်ဖြစ်ပေါ့ တရားဝင် ဥပဒေတခုနဲ့ ချည်နှောင်ခြင်းဖြစ်တယ်။ Living Together ဆိုတာကတော့ ဘ၀တလျှောက်လုံးအတူတူ လက်တွဲသွားကြမယ့် ဘ၀ အ ဖော်လို့ပဲ ယူဆပါတယ်” ဟု စာရေးဆရာမ မေငြိမ်းက ၎င်း၏အမြင်ကို ဆက်ပြောသည်။

ခေတ်ရေစီးကြောင်း ပြောင်းလဲမှုနှင့် ခေတ်လိုအပ်ချက်ကြောင့် ယခင်က မြန်မာ အမျိုးသမီးများမှာ ရွေးချယ်မည့် အိမ်ထောင်ဖက်ကို စံနှုန်းအနေဖြင့် သတ်မှတ်ခဲ့ခြင်းမျိုးမရှိဘဲ အချစ်တခု တည်းဖြင့်သာ ရွေးချယ်ခဲ့ကြသော်လည်း ယနေ့ခေတ် အမျိုးသမီးများမှာမူ မိမိရွေးချယ်မည့် အိမ်ထောင်ဖက်ကို စံနှုန်းထားရွေးချယ်တတ် လာကြကြောင်း သိရသည်။

ယင်းကဲ့သို့ သတ်မှတ်လာကြသည်မှာလည်း ခေတ်ကာလ၏ တိုးတက်ပြောင်းလဲမှုတွင် လိုအပ်ချက် များပြား လာသောကြောင့် ဖြစ်သည်ဟု  စာရေးဆရာမ မေငြိမ်းကပြောသည်။

“အိမ်ထောင်ဦးစီးတယောက် အလုပ်လုပ်ရင် တမိသားစုလုံးကျွေးထားနိုင်တဲ့ ခေတ်မျိုးမှာ ငွေကြေး အခက်အခဲ ဆိုတာမရှိတဲ့အတွက် မေတ္တာတရားသာ အဓိကကျတဲ့ အရာတခုအနေနဲ့ သတ်မှတ်ခဲ့ကြတယ်” ဟု ၎င်းက ဆိုသည်။

အမျိုးသမီးများအနေဖြင့် အိမ်ထောင်မှုဘ၀ထဲသို့ ရောက်ပြီဆိုသည်နှင့် အမျိုးသားများထက် တာဝန်ပိုမို များပြား လာရကြောင်းလည်း သူကဆက်ပြောသည်။

မြန်မာအမျိုးသမီးများအနေဖြင့်လည်း အိမ်ထောင်ပြုခြင်းမပြုခြင်းထက် ပင်ကိုယ်ဗီဇ၊ မိမိတန်ဖိုးနှင့် သိက္ခာကို စဉ်စားချင့်ချိန်နိုင်သော၊ မိမိအရည်အသွေးကို ကိုယ်တိုင်သွေးနိုင်သော အမျိုးသမီးများဖြစ်ရန် လိုအပ်သည်ဟု သူက ဆိုသည်။

န်ာစီဖိုးရာစိန်ကလည်း အမျိုးသမီးများအနေဖြင့် အိမ်ထောင်ရေးဆိုသည့် အချက်တခုတည်းကိုသာ စဉ်းစား မနေသင့်ဘဲ တိုင်းပြည်နှင့်လူမျိုးအတွက် နယ်ပယ်အသီးသီးမှ လှုပ်ရှားသင့်ကြောင်း၊ သို့မှသာ အမျိုးသမီးများအနေဖြင့် ခေါင်းဆောင်နေရာ၊ စဉ်းစားဆုံးဖြတ်ပေးနိုင်မည့်နေရာတို့တွင် ပါဝင်လာနိုင်မည်ဖြစ်ကြောင်း သုံးသပ်သည်။

“ငါက မိန်းမပဲလေ ဆိုပြီး နောက်ဆုတ် မနေသင့်ပါဘူး” ဟု ၎င်းကဆိုသည်။
Comments (13)Add Comment
0
marriage is a interest !!!
written by realistic , November 27, 2009
Toady moderniztion gae , without money and job can not build a family !! This is because of Global Economic situation in this world ,e.g incient myanamar family members can live without doing job only depend on family head called father but nowadays all family members must do the job harmonically otherwise we can not survive .So, that's why most of burmese people are facing with economy down trun ,so they can not build a own family but some are still in living together stages as like in West countries.But we cant blame to them because of down trun ,should be careful for our civilization and our community totally the same as west cultures.Government should make a plan for young couples to build family ,e.g to make oppounities for jobs to all young men and women .To consider business development for all nationalities.
0
Burmese women
written by win zaw, November 27, 2009
buddhist said nothing about marrage.These r social affair.All he said was to escape from human life.All human r born for problem and trouble.Thats what he said.
0
...
written by Khu Myo Min Latt, November 27, 2009
မြန်မာပြည်မှာကတော့ အိမ်ထောင်ရေး ဖွဲ့စည်းမှုကိုက အိမ်ထောင်ဦးစီးက ကြိုးကိုင်တဲ့ အယူအဆက အများပါတယ်။ အလုပ်နဲ့ ပညာရေး အခွင့်အလမ်းကိုက နည်းတော့ မတွေးရဲစရာပါ။ တတ်နိုင်သူတွေကတော့ ကိုယ်ရည်မှန်းချ က်လေးတွေ ကိုယ်စီပေါ့ဗျာ။ အိမ်ထောင်မပြုခြင်း အနောက်တိုင်း လူမှုအိမ်ထောင်ရေး စနစ် ကိုရော မြန်မာအသိုင်းဝိုင်းက လက်ခံနိုင်ပါသလား။ မဖြစ်နိုင်တဲ့ စနစ်ပါ။ မြန်မာပြည်မှာ အမျိုးသမီး တစ်ယောက် ကိုယ်ဝန်ရှိပြီး၊ လက်မထပ်ရင်ြ ဖစ်ပါစေ၊ လင်ယောင်္ကျာ မရှိဘဲ အမည်မဖေါ် မွေးသည်ဖြစ်ပါစေ။ ဒီအမျိုးသမီးတစ်ယောက် ကို အားလုံးသော ပတ်ဝန်းကျင်က ၀ိုင်းပြောတာနှင့်တင် မလွယ်လှပါဘူး။
0
...
written by အမည်မဖော်ပြလိုသူ-, November 26, 2009
အိမ်ထောင်တော့ ပြုသင့်ပါတယ်လို့  အကြံပြုလိုပါတယ်။ သားသမီး ယူဒါကျတော့ ကန့်သတ်ကို ကန့်သတ်ရမှာပါ။ အဆင်ပြေရင် ပြေသလိုပေါ့။ မဖြစ်နိုင်တဲ့ အခြေအနေမှာ အတင်း လုပ်ပါလို့ မပြောလိုပါဘူး။ အမျိုးသမီး အမျိုးသား အိမ်ထောင် မပြုတိုင်း ခွဲခြား ဆက်ဆံခြင်း မထားသင့်ပါဘူး။ တစ်ဘက်နဲ့ တစ်ဘက် လေးလေး စားစား ဆက်ဆံသင့်ပါတယ်။
0
ဖါးတုလို့  ခရုမခုန်သင့်ပါ ...
written by Ever Green, November 26, 2009
အရှေ့ နဲ့  အနောက်တော့ ယဉ်ကျေးမှု ကွာခြားတာတွေ ရှိပါတယ်။
အနောက်က လူတွေနေသလို အရှေကလူတွေလည်း Living Together နေကြမယ်ဆိုရင်တော့ မကောင်းပါဘူး။
အဲဒါကို ခေတ်မီတယ်လို့  ယူဆရင်တော့ မှားမှာဘဲ။ မေတ္တာတရားကို အရင်းခံတဲ့ အိမ်ထောင်ရေးက အကောင်းဆုံးပါ။
မြန်မာပြည်က အမျိုးသမီးတွေ အိမ်ထောင်မပြုကြတဲ့ အချက်မှာ နိုင်ငံ မဖွံ့ ဖြိုး မတိုးတက်တာကြောင့်လဲ့ ပါတယ်။
စီးပွားရေးကြောင့်ပါ။ အများအားဖြင့် ပညာတတ်သွားတဲ့ အမျိုးသမီးတွေတော့ အိမ်ထောင်ပြုေ နာက်ကျတာ အမှန်ပါ။
အိမ်ထောင်ပြုတာက မပြုဘဲနေတာထက် ကောင်းပါတယ်။
တုတော့ မတုကြပါနဲ့ လို့  ပြောချင်ပါတယ်။ စေတနာ အရင်းခံနဲ့ ပါ။
စကားတခွန်းပါ “ဖါးတုလို့  ခရုခုန် အိုင်ပျက်ရုံသာ ရှိတော့မှာပါ”
မြန်မာ့ယဉ်ကျေးမှုအရ Living together နေမယ့် အမျိုးသမီးကို မပြောပါနဲ့  ရည်းစားများတဲ့  မိန်းမတွေကိုတောင်
တန်ဖိုး မထားကြတော့ပါဘူး။ မြန်မာ အမျိုးသမီးများ အောင်မြင်ကြပါစေ။
0
A bit early to say the Burmese women are becoming more independent.
written by Wine, November 26, 2009
I believe the point in Dr Maung Maung Nyo's comment is the real Burmese culture recognized by the law. Living together in public awareness simply means marriage in Burmese Buddhist law. And we must also note that a man can have multiple wives under that law while a woman can only have one husband. Whether you like it or not, ceremonial and court marriage are not mandatory.

I think the idea of marriage in Burmese community is widely misunderstood or the law may need some amendments to suite the current trend. But we should not forget that the idea of family is still very important in whichever culture.

And we can see that the trend is moving indeed. But it is a bit early or too few facts to say that Burmese women are becoming more independent.
0
Are we missing the value of culture and respect?
written by Zayyar Lwin, November 26, 2009
After reading this article, I feel both side of the gender. The most important thing in relationship is respect each other and protect the culture of our origin as well, this is my porsonal believe.
I live in Western country, not all of us believe in marriage or defacto relationship. It is up to individual person. But, if we value and maintain the culture of our race, that will be nice.
0
Need to compare and read out....
written by AKMIN, November 26, 2009
0
I think they forgot buddhist culture
written by myochit, November 26, 2009
Please read out myanmar culture at http://www.myanmars.net/myanma...al_Wedding smilies/shocked.gif
0
ကြားမိသမျှ
written by ရော်ဆမ်း, November 25, 2009
ကျွန်တော်နဲ့ အနောက် နိုင်ငံသား အမျိုးသား တစ်ယောက်နဲ့ အိမ်ထောင်ရေး အကြောင်း စကား လက်ဆုံကျတဲ့ အကြောင်းလေးပါ။ ဒီဆောင်းပါးနဲ့ ဆက်စပ်မယ် ထင်လို့ ဝေမျှတာပါ။ အနောက် နိုင်ငံမှာ အမျိုးသမီး တွေဟာ ကိုယ်ပိုင် ရည်မှန်းချက်တွေ မြင့်လာတာနဲ့အမျှ အိမ်ထောင်ပြုဖို့ ၀န်လေး လာကြပါတယ်။ ဥပမာ ပါရဂူဘွဲ့ယူပြီး သုတေသန လုပ်ချင်လို့၊ ၀ါသနာပါရာ လိုက်စားဖို့ အချိန် ဖဲ့မပေးနိုင်လို့ အိမ်ထောင် မပြုကြတာပါတဲ့။ ဒါပေမယ့် သူတို့လည်း အသွေး အသားနဲ့ ဆိုတော့ ရည်းစားတော့ ထားတယ်၊ အတူ အိပ်တယ်။ သဘောက အိမ်ထောင် တာဝန်ကို မယူချင် ပေမယ့် လူသား တစ်ယောက်မှာ ရှိတဲ့ သာယာမှု ကိုတော့ ယူတယ် ဆိုတဲ့ သဘောပါ။ လက်ထပ် လိုက်ရင် ယောင်္ကျား တစ်ယောက်ရဲ့ ကောင်းတဲ့ အချက်ရော မကောင်းတဲ့ အချက် တွေကိုပါ လက်ခံ ရပါတယ်။ အနောက် နိုင်ငံက အမျိုးသမီးတွေ ကတော့ ယောင်္ကျား တစ်ယောက်ရဲ့ ကောင်းတဲ့ အချက်ကိုပဲ လိုချင်တဲ့ အတွက် လက်မထပ်ပဲ အတူနေကြတာပါတဲ့။ သဘောထား မတိုက်ဆိုင်ရင် လွယ်လွယ် လမ်းခွဲလို့ ရအောင်ဆိုတဲ့ သဘောပါ။

နောက်တစ်ချက်က သူတို့ နိုင်ငံက အမျိုးသမီး တွေဟာ ယောင်္ကျား တစ်ယောက်ကို အားကိုးဖို့ လက်ထပ်တာ မရှိသလောက် ဖြစ်သွားပါပြီတဲ့။ တန်းတူ ၀င်ငွေရှာနိုင်တယ်လို့ ဆိုလိုချင်တာပါ။ တဖက်ကလည်း ကိုယ့်ဝမ်းနဲ့ ကိုယ် လွယ်ပြီး မွေးရတဲ့ ကလေးကို လိုချင်ပါသေးတယ်။ ဒီတော့ ယောင်္ကျား တစ်ယောက်နဲ့ လက်ထပ်တယ်၊ ဒါမှမဟုတ် လက်မထပ်ပဲလည်း ကလေး ယူလိုက်တယ်။ ပြီးရင် ကွာရှင်းကြတယ်။ အဖေ နာမည်ကိုလည်း မကွယ် မ၀ှက်ပဲ ဖေါ်ပါတယ်။ မဒေါနားတို့၊ ဘရစ်တနီ စပီးယားစ်တို့ကို ဥပမာ ပြပါတယ်။ (မြန်မာပြည်မှာလည်း အဲလို ပုံစံနဲ့ ကလေး ယူလို့ရရင် ကောင်းမယ်လို့ ကိုယ်ပိုင် လုပ်ငန်းရှင် အမျိုးသမီး တစ်ယောက် ပြောတာကို ကြားဖူးပါတယ်။)

အနောက် နိုင်ငံသူနဲ့ လက်ထပ်ထားတဲ့ သူငယ်ချင်း တစ်ယောက် အိမ်ကို ခဏ သွားလည်တော့ သူက အိမ်ထောင် ဦးစီး မဟုတ်ပါဘူးတဲ့။ နှစ်ယောက်စလုံး အလုပ်လုပ်တယ်၊ အိမ်မှု ကိစ္စတွေကို နှစ်ယောက် စလုံးက ခွဲလုပ်ရတာပါပဲတဲ့။ အနောက် နိုင်ငံ ရောက်နေတဲ့ နောက်သူငယ်ချင်း တစ်ယောက်ကတော့ အိမ်ထောင်ရှင်မပဲ လိုချင်တဲ့ အတွက် မြန်မာပြည် ပြန်ပြီး မိန်းမ ပြန်ယူမယ်လို့ ပြောပါတယ်။ ဒီနေရာမှာတော့ မြန်မာ နိုင်ငံက ယောင်္ကျားတွေ အရမ်း ကံကောင်းကြတယ်လို့ ထင်ပါတယ်။ တပ်ချုပ်ကြီးက လွဲရင်ပေါ့။
ဆုံးဖြတ်ချက် မှန်နိုင်ပါ့မလား, Low-rated comment [Show]
0
အကြောင်းတခုဖြစ်နိုတာကလဲ
written by Truth, November 25, 2009
အကြောင်းတွေကတော့ အမျိုးမျိုးရှိမှာပါ။ ဖြစ်နိုင်စရာ အကြောင်းတခုကလဲ အမျိုးသားတွေက ပြည်တွင်းမှာ ဂန်းဆာမိပြီး သေကုန်ကျ၊ ပေါ်တာဆွဲခံရ၊ တပ်ထဲဆွဲခံရ၊ ပြည်ပပြေးရှောင်ရ၊ စားဝတ်နေရေးအတွက် တိုင်းတပါးထွက်ရှာရ တွေနဲ့ အရေတွက်တွေနဲသွားပြီး အချိုးအစား မမျှကြတော့ တာတွေလဲ အကြောင်းကြောင်းတွေထဲ က တကြောင်းဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
0
Burmese Women Marrying Less and Less!
written by Dr Maung Maung Nyo, November 25, 2009
Burmese women are becoming marrying less due to economic factors as it's difficult to raise a family. In Burmese Buddhist Law living together without marriage is impossible as the law states that if a couple are recognized as husband and wife by the neighbors or community it's regarded as legally married. It's different from Christian and Western countries countries where only church marriage or court marriage is legal.

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၇၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၀ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်