၂၀၁၀ ရွေးကောက်ပွဲကာလ INGO လုပ်ငန်းများ ခေတ္တရပ်ဆိုင်းဖွယ်ရှိ

E-mail Print
ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသော အစိုးရမဟုတ်သည့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ INGO အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမည့် ကာလတွင် မြန်မာနိုင်ငံတွင်း  ၎င်းတို့၏ လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းရဖွယ်ရှိကြောင်း INGOအသိုင်းအ၀န်းက ဆိုသည်။

အစိုးရက တစုံတရာ တရားဝင် အတည်ပြု ထုတ်ဖော် ကြေညာခြင်း မရှိသေးသော်လည်း ယခုအခါ အဆိုပါသတင်းသည် INGOများအတွင်း ပျံနှံလျက်ရှိကြောင်း သိရသည်။

INGOတာဝန်ရှိသူများကလည်း ပြင်ဆင်စရာများကို ဆောင်ရွက်ရန် ရှေ့နေဖြစ်သူများနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ရွေးကောက်ပွဲ လုပ်ခါနီးတော့ သူတို့ INGO တွေက အကုန် ကိုယ့်တိုင်းပြည်ကို ပြန်ရမယ့် သဘော ဖြစ်တယ်လို့ ဆိုတယ်ဗျ၊ တိတိကျကျကြီးတော့လည်း မထွက်သေးဘူး၊ သူတို့ကတော့ သတင်းကြားပြီးနေပြီ၊ ဒီမှာ INGO လုပ်ငန်းတွေက ရွေးကောက်ပွဲပြီးမှပဲ  ပြန်လာရင် လာရမယ်ထင်တယ်၊ ဒါကတော့ မပြောတတ်ဘူး”ဟု ရှေ့နေ ဦးကြည်ဝင်းက ဆိုသည်။

စစ်အစိုးရ အနေဖြင့် မြန်မာပြည်အတွင်းရှိ INGOများကို ခေတ်သစ် နယ်ချဲ့ဝါဒ၏ အသုံးချစရာ လက်နက် တခု အဖြစ်သတ်မှတ်ထားပြီး INGOများအား နိုင်ငံရေးကင်းရှင်းရန်၊ ဘာသာရေးလှုပ်ရှားမှုများနှင့် ပတ်သက်ဆက်နွယ်ခြင်း မရှိရန်၊ ကိုယ်ကျိုး စီးပွားရှာဖွေချင်းမပြုရန်၊ အစိုးရနှင့် ပတ်သက်ခြင်းမရှိသော အဖွဲအစည်းဖြစ်ရန် အတွက်သတိပေးထားသည်။

၂၀၀၈ မေလ အစောပိုင်းကလည်း မြန်မာပြည်အတွင်းရှိ INGO လုပ်ငန်းများနှင့် ပတ်သက်၍ ယခင်က သတ်မှတ် ပေးထားသော အချိန်ကာလကို လျှော့ချမှုများ ပြုလုပ်ခဲ့သည်။

INGOအဖွဲ့တဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းတဦးက“ကျနော်တို့ အစိုးရ တာဝန်ရှိသူတွေဆီကနေ ဒီကိစ္စကို ကြားထားပါတယ်၊ ရွေးကောက်ပွဲကာလအတွင်းမှာ INGOတွေက သူတို့လုပ်ငန်းတွေကို ခဏနားထားရမယ်၊ ကာကွယ်ရေးဝန်ကြီး ဌာန အပါအ၀င် တခြားဌာန တခုကမှ ဒီအကြောင်းကို စာမထုတ်သေးဘူး” ဟု ဆိုသည်။

၂၀၀၈ ခုနှစ်၊မေလတွင် တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း တသိန်းလေးသောင်းနီးပါး အသက်ဆုံးရှုံးခဲ့ရသော်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ဆန္ဒခံယူပွဲ ကျင်းပနေစဉ် အချိန်တွင် စစ်အစိုးရသည် ပြည်ပမှပေးသော အကူအညီများကို လက်ခံ ရယူရန် ရပ်ဆိုင်းထားခဲ့သည်။

နာဂစ်မုန်တိုင်း ဒဏ်သင့် ဒုက္ခသည်များအနေဖြင့်လည်း ပြည်ပ အကူအညီပေးရေး အဖွဲ့များ  ပြန်လည် ထွက်ခွာသွားပါက စားဝတ်နေရေးအတွက် စိုးရိမ်နေသကဲ့သို့ ၊ အစိုးရကလည်း အကူအညီပေးရေးအဖွဲ့များ ထွက်ခွာသွားလျှင် ၄င်းတို့နှင့်အတူ မုန်တိုင်းသင့်ဒေသမှ သတင်းများ ပါသွားမည်ကို စိုးရိမ်နေသည်ဟု သိရသည်။

မေလ အတွင်းကလည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ရုံးတင် တရားစွဲဆို ခြင်းကြောင့် ပြည်ပအကူအညီပေးရေး အဖွဲ့ ၂၀၀ ခန့်သည် ပြည်ဝင်ခွင့်ဗီဇာ အခက်အခဲကြောင့် ကြန့်ကြာခဲ့ဖူးသည်။
Comments (0)Add Comment

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Wednesday, 25 November 2009 17:38 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်