ထိုင်းဝန်ကြီးချုပ်ဟောင်း စမတ်ခ် ကွယ်လွန်

E-mail Print
ထိုင်းဝန်ကြီးချုပ်ဟောင်း စမတ်ခ် ဆွန်ထော်ရဝဲ့သည် ဘန်ကောက်ရှိ Bumrungrad နိုင်ငံတကာ ဆေးရုံတွင် အသည်း ကင်ဆာရောဂါဖြင့် ယမန်နေ့က ကွယ်လွန်သွားကြောင်း သိရသည်။


အသက် ၇၄နှစ်အရွယ်ရှိ ထိုင်းနိုင်ငံ၏ ၂၅ ဦးမြောက် ၀န်ကြီးချုပ် တဦးဖြစ်သော မစ္စတာ စမတ်ခ်သည် ၂၀၀၈ အောက်တိုဘာလက အသည်းကင်ဆာရောဂါ ခံစားနေရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး ယင်းဆေးရုံတွင်ပင်  လေဆာဖြင့် ခွဲစိတ် ကုသမှု ခံယူခဲ့သည်။ ထို့အပြင် ယင်း ၂၀၀၈ ခုနှစ် အတွင်း အမေရိကန်ပြည်ထောင်စုသို့ သွားရောက် ကုသမှု ခံယူခဲ့သေးသည်။

၁၉၆၈ ခုနှစ်တွင် ဒီမိုကရက်တစ်ပါတီတွင် ၀င်ရောက်၍  နိုင်ငံရေးလောကသို့ စတင် ၀င်ရောက်ခဲ့ပြီး  ပြည်သူ့စွမ်းအား (ပီပီပီ) ပါတီ၏ ခေါင်းဆောင် တဦး အဖြစ် ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၉ရက်နေ့တွင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ထောက်ခံမှုကြောင့် ၀န်ကြီးချုပ် ဖြစ်လာခဲ့သူဖြစ်ပြီး ၎င်းတို့ ၂ ဦးလက်ထက်တွင် မြန်မာစစ်ခေါင်းဆောင်များနှင့် ပြေပြစ်သော ဆက်ဆံရေးရှိကြောင်း သုံးသပ်သူများက ဆိုသည်။

မြန်မာနှင့်ထိုင်း၂ နိုင်ငံအကြား သံတမန်အဆက်အသွယ် ပြုလုပ်ခဲ့သည့် နှစ် (၆၀) ပြည့် အထိမ်းအမှတ် အဖြစ် ၂၀၀၈ ခုနှစ် မတ်လက ၎င်းသည် မြန်မာပြည်သို့ သွားရောက်ခဲ့သည်။

ယင်းခရီးစဉ် အပြီး မြန်မာ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဘာသာရေးကိုင်းရှိုင်းသူ တဦးဖြစ်သည် ဟူသော ပြောဆိုမှုများကြောင့် ထိုင်းနိုင်ငံ၏ ဒီမိုကရေစီ အလေးထားသူများအပါအ၀င် မြန်မာအတိုက် အခံများက ဝေဖန်ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့သေးသည်။

ထို့အပြင် ၂၀၀၈ ခုနှစ် သြဂုတ်လကုန်ပိုင်း ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရဘဲ မြန်မာ နိုင်ငံမှ ပြန်လည်ထွက်ခွာလာသည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂန်ဘာရီနှင့် တွေ့ဆုံစဉ် မြန်မာ့ဒီမိုကရေစီရေးအတွက် မြန်မာ စစ်အစိုးရနှင့် တွေ့ဆုံညှိနှိုင်းရာတွင် ဒေါ်အောင်ဆန်းစုကြည် မပါရှိပါက ပိုမိုအလုပ်ဖြစ်နိုင်ကြောင်း၊ အနောက်နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး အရ အသုံးချခံ ကိရိယာတခုကဲ့သို့ ပြုလုပ်နေကြောင်း မစ္စတာ စမတ်ခ်က ပြောဆိုခဲ့သေးသည်။

ဝန်ကြီးချုပ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့ အပြီး ၈လအကြာ မစ္စတာ စမတ်ခ်အား ထိုင်းပုဂ္ဂလိက ရုပ်မြင်သံကြား ဌာန ၂ ခု တွင် အခကြေးငွေယူ၍ အချက်အပြုတ် အစီအစဉ် တင်ဆက်သောကြောင့် ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ ဆိုင်ရာ အခြေခံဥပဒေဆိုင်ရာ တရားရုံး က အခြေခံဥပဒေချိုးဖောက်မှုဖြင့် ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ၀န်ကြီးချုပ်တာဝန်မှ ရပ်ဆိုင်းသည့် စီရင်ချက် ချမှတ်ခဲ့သည်။

ထိုင်းနိုင်ငံ၏ အခြေခံဥပဒေ၌ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ သည် နိုင်ငံတာဝန် ထမ်းဆောင်နေချိန်အတွင်း ပုဂ္ဂလိက လုပ်ငန်းများတွင် လုပ်ကိုင်ခြင်း မပြုရန် တားမြစ်ထားကြောင်း သိရသည်။

မစ္စတာ စမတ်သည် ၁၉၃၅ ခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံ ဘန်ကောက်တွင် မွေးဖွားခဲ့သော တရုတ်နွယ်ဖွား တဦးဖြစ်သည်။
Comments (5)Add Comment
0
It reminds me of somethings
written by Nay Thit, November 25, 2009
This news remind me of one of the poem i have ever learnt
"For men may come and men may go, but I go on forever". i hope you guys will get it what it means.

All the best
0
very happy news
written by Ba Zaw, November 25, 2009
Too late to go to hell coz devil king's calling letter had already come for lone time since he step down from power.
0
မကြာမှီ လာခေါ်သွားပါ
written by sai aung, November 24, 2009
လူမိုက်တို့ရဲ့ သွားရာလမ်း တစ်လမ်းထဲရှိတာပဲ ဘာသာတရား ကိုင်းရှိုင်းတဲ့ ဗူးကြီးသန်းရွေ တို့ကိုလည်း မကြာမှီ လာခေါ်သွားပါ ( မကြာမှီ ဆိုတာ ဒီနှစ် မကုန်ခင် ပြောတာ )
0
....
written by Burmese, November 24, 2009
မင်္ဂလာသတင်းပါပဲ။ ဒီအချိန်လောက်ဆို ငရဲပြည်မှာ စိုးဝင်းနဲ့ တွေ့ နေလောက်ပြီပေါ့။
0
the most wanted news
written by tuntauk, November 24, 2009
hi Mr good for nothing late prime minister"U r gone now and the head guard of hell is ready to punish U as u made a verbal assault to our gracious pro democracy leader DASSK.
As a buddhist, i used to share my merit with other people but not with u.so sorry for that.
" good bye" good for nothing prime minister

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်