မိုး/ဇလ ဌာနသည် စစ်အစိုးရပိုင် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားလိုင်းများသို့ မိုးလေ၀သ သတင်းနှင့် ခန့်မှန်းချက်များ အခမဲ့ ဆက်လက်ပေးပို့နေသော်လည်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိအဖွဲ့အစည်းများအနေနှင့် ရာသီဥတု ဆိုင်ရာ အချက်အလက်များ သိရှိလိုပါက အဆိုပါဌာနမှ အခကြေးငွေပေး ၀ယ်ယူရမည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် မိုး/ဇလ ဌာန အရာရှိတဦးက ပြောကြားသည်။
မိုး/ဇလ ဌာနကို ၀င်ငွေရှာရန်အတွက် ၀န်ကြီးရုံး၏ ညွှန်ကြားချက်အရ ပို့ဆောင်ရေး ၀န်ကြီး ဗိုလ်ချုပ်သိန်းဆွေကိုယ်တိုင် ပြောဆိုခိုင်းစေခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဌာနသည် မိုးလေ၀ သသတင်းကိုသာ ဦးစားပေးထုတ်ပြန်သော ဌာနဖြစ်သည့်အတွက် ၀င်ငွေရှာနိုင်သော အခွင့်အလမ်း မရှိသောကြောင့် မိုးလေ၀သ ဆိုင်ရာ အသေးစိတ် သတင်းအချက်အလက်များကို အခကြေးငွေ ယူ၍ ရောင်းချရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
“တီဗီနဲ့ သတင်းစာမှာ နေ့စဉ်ပါတဲ့ မိုးလေ၀သ သတင်းနဲ့ ခန့်မှန်းချက်ထက်ပိုပြီး သိချင်တဲ့ ရာသီဥတုသတင်း အသေးစိတ် အချက်အလက်တွေကို အရင်ကလို အလကားမပေးတော့ဘူး။ ဌာနမှာ လာဝယ်ရမှာပါ” ဟု နေပြည်တော် မိုး/ဇလ လက်ထောက်ညွှန်ကြားရေးမှူး တဦးက ဆိုသည်။
ရာသီဥတုဆိုင်ရာ မိုးလေ၀သသတင်း အသေးစိတ်အချက်အလက်များကို ၀ယ်ယူရာတွင် ဈေးနှုန်း သတ်မှတ်ထားခြင်းမရှိဘဲ မိမိသိရှိလိုသော သတင်းအပေါ်မူတည်ပြီး ကုန်ကျစရိတ် အနည်းအများ ကျသင့်မည်ဟုလည်း သိရသည်။
“အခုနောက်ပိုင်း ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုပြီး ပြောကြဆိုကြတယ်။ ကျနော်တို့ဌာနကိုလည်း အဲဒါနဲ့ ပတ်သက်ပြီး မေးကြ၊ မြန်းကြတယ်။ ဒါကြောင့် ဌာနက ရာသီဥတုဆိုင်ရာ သတင်း အသေးစိတ်အချက်အလက်တွေပါတဲ့ ကွန်ပျူတာ CD နဲ့ ရောင်းပေးဖို့ရှိတယ်” ဟု အဆိုပါ လက်ထောက် ညွှန်ကြားရေးမှူးက ရှင်းပြသည်။
ကမ္ဘာ့နိုင်ငံများတွင် မိုးလေ၀သနှင့် ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကို အခမဲ့ဖြန့်ချိပြီး အင်တာနက်ပေါ်တွင် အလကားရရှိနိုင်ချိန်၌ စစ်အစိုးရ၏ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အခကြေးငွေယူ၍ ရောင်းချသည်မှာ ရှက်ဖွယ်ကောင်းသော လုပ်ရပ်ဖြစ်သည်ဟု ပြည်တွင်း သတင်းစာဆရာကြီးတဦးက သုံးသပ်သည်။
“ရာသီဥတု သတင်းဆိုတာက နိုင်ငံတနိုင်ငံအတွက်တင်မကဘူး၊ တကမ္ဘာလုံးအတွက်လည်း အရေးကြီးပါတယ်။ လူသားတွေရဲ့ စားဝတ်နေရေး၊ သေရေး ရှင်ရေးတွေက မိုးလေ၀သသတင်းတွေပေါ်မှာ မူတည်ပါတယ်။ နိုင်ငံတကာမှာ မိုးလေ၀သသတင်းတွေ အလကားရနေတာကို မြန်မာနိုင်ငံမှာ ပိုက်ဆံပေးဝယ်ရမယ်ဆိုတော့ လူရယ်စရာကြီးပဲ” ဟု
ထိုသတင်းစာဆရာကြီးက ဆိုသည်။
မိုး/ဇလ ညွှန်ကြားမှုဦးစီးဌာနတွင် မိုးလေ၀သအခြေအနေများ စမ်းသပ်တိုင်းတာနိုင်သည့် ခေတ်မီ စက်ပစ္စည်းများ တပ်ဆင်ပေးရန် တင်ပြခဲ့သော်လည်း အာဏာပိုင်များက တပ်ဆင်ပေးခြင်းမရှိကြောင်း၊ ထိုဌာန၏ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးထွန်းလွင်ကို တာဝန်မှ အနားပေးခဲ့ခြင်းသည် ဌာနတွင် ခေတ်မီစက်ပစ္စည်းများ တပ်ဆင်ရန် တင်ပြသည့်ကိစ္စ၊
မိုးလေ၀သ သတင်းများကို အခကြေးငွေယူ ထုတ်ပြန်ရန် ငြင်းဆိုသည့် ကိစ္စများနှင့် ဆက်စပ်နေကြောင်းလည်း ကြားသိရသည်။
၂၀၀၈ခုနှစ် မေလက နာဂစ်ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံသို့ ၀င်ရောက် တိုက်ခတ်စဉ် မြန်မာနိုင်ငံ မိုး/ဇလ ဌာနသည် မုန်တိုင်းသတင်းကို အချိန်မီ ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိသည့်အတွက် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွင် လူပေါင်း ၁ သိန်း ၄ သောင်းနီးပါး သေကြေပျောက်ဆုံးခဲ့ရပြီး လူသန်းပေါင်းများစွာ အိုးအိမ်နှင့် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရသည်။
အငြိမ်းစားပေးခြင်းခံရသည့် ဦးထွန်းလွင်နေရာတွင် ဒေါက်တာသိန်းထွန်းက ညွှန်ကြားရေးမှူးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေပြီး မိုးလေ၀သ သတင်းများ ရောင်းချခြင်း လုပ်ငန်းကို အသေးစိတ် ကိုင်တွယ်နေရသည်ဟု
သတင်းရရှိသည်။
Set as favorite
Bookmark
Email this
Hits: 3827
written by Burmese, November 27, 2009
မဆိုစလောက် နှုန်းထားဆိုတာ ဘယ်လောက်လို့ ပြောတာလဲ။ ငွေကျပ် ၁၀၀ လား၊ ဒါဆိုဘယ်လောက်လဲ..။ ထောင်ကျော်ပြီဆို မဆိုစလောက် မဟုတ်တော့ဘူး။ နောက်ပြီး ဒီလို သတင်းတွေကို ရောင်းတယ်ဆိုတာလဲ ဟုတ်ကို မဟုတ်တာ။ တကမ္ဘာလုံး အလကားရနေတဲ့ သတင်းတွေ။ မိုးလေ၀သ သတင်း အချက်အလက်ဆို ဘယ်နနှစ်လိုချင်လည်း အလကားရတယ်။
written by win aung, November 26, 2009
မိုးလေ၀သ သတင်းတွေကို ရောင်းနေတာမဟုတ်ပါ။
ကုန်မွဏီတွေ။ စာတမ်းတင်တဲ့ကျောင်းသားတွေ လိုချင်တဲ့နှစ်နဲ့ ချီသော မိုးလေ၀သ အချက်အလက်တွေကိုသာ
မဆိုစလောက်သော နှုန်းထားနှင့် ၀ယ်ယူခွင့်ပြုခြင်းဖြစ်ပါတယ်။
မိုးလေ၀သဌာနက တာဝန်ရှိသူကိုယ်တိုင် ပြောပြခြင်းပါ။
အယ်ဒီတာမင်းများ စိစစ်ပြီးမှ ဖော်ပြသင့်ပါတယ်။
ကုန်မွဏီတွေ။ စာတမ်းတင်တဲ့ကျောင်းသားတွေ လိုချင်တဲ့နှစ်နဲ့ ချီသော မိုးလေ၀သ အချက်အလက်တွေကိုသာ
မဆိုစလောက်သော နှုန်းထားနှင့် ၀ယ်ယူခွင့်ပြုခြင်းဖြစ်ပါတယ်။
မိုးလေ၀သဌာနက တာဝန်ရှိသူကိုယ်တိုင် ပြောပြခြင်းပါ။
အယ်ဒီတာမင်းများ စိစစ်ပြီးမှ ဖော်ပြသင့်ပါတယ်။
written by CTM, November 26, 2009
အမယ်မင်း.. ရေမရှိတဲ့ ချောင်း၊ နှာခေါင်းဖေါ်လို့သာ သေလိုက်ချင်ပါရဲ့။
လူကြားလို့မှ မတော် အရပ်ကတို့ရေ။
ဦးနှောက်ရှိလို့ အလုပ်ထွက်သွားတဲ့ ညွှန်ချုပ်ဟောင်း ဦးထွန်းလွင်ကို လေးစားပါတယ်။
နောက်တက်တဲ့ ညွှန်ချုပ် ဒေါက်တာသိန်းထွန်းဆိုတာ ဘာဒေါက်တာလဲ မေးပါရစေ။ လေဦးနှောက်နဲ့ ဒေါက်တာဘွဲ့ ရခဲ့တာလား၊ ပုဇွန်ဦးနှောက်နဲ့ လား။ ဟီဟီဟား.. ..

လူကြားလို့မှ မတော် အရပ်ကတို့ရေ။
ဦးနှောက်ရှိလို့ အလုပ်ထွက်သွားတဲ့ ညွှန်ချုပ်ဟောင်း ဦးထွန်းလွင်ကို လေးစားပါတယ်။
နောက်တက်တဲ့ ညွှန်ချုပ် ဒေါက်တာသိန်းထွန်းဆိုတာ ဘာဒေါက်တာလဲ မေးပါရစေ။ လေဦးနှောက်နဲ့ ဒေါက်တာဘွဲ့ ရခဲ့တာလား၊ ပုဇွန်ဦးနှောက်နဲ့ လား။ ဟီဟီဟား.. ..


written by Aung Hein, November 25, 2009
ရှက် လိုက်တာနော်။
ကမ္ဘာ သာ မြန် မြန် ပျက်လိုက် ပါတော.။
ကမ္ဘာ သာ မြန် မြန် ပျက်လိုက် ပါတော.။
written by Ko MHT, November 25, 2009
ပြောစရာစကားလုံးကုန်တောင် တော်တော်လုပ်တတ်တဲ့ နအဖပဲဗျာ။ ဘာပြောရမှန်းတောင် မသိတော့ဘူး။ စဉ်းစားလို့ မရဘူး။ သူတို့မို့ ကြံကြံဖန်ဖန် စဉ်းစားပြီး လုပ်တတ်တယ်။ ဒီအကြံမျိုး ဘယ်ကမ္ဘာ့နိုင်ငံခေါင်းဆောင်မျိုးမှာမှ ပေါ်ဖူးမယ် မထင်ဘူး။ ထလုပ်ဖို့ နေနေသာသာ။ ဒီဦးဏှောက်မျိုးတွေနဲ့သာဆို မြန်မာပြည်တော့ ရှေ့ဆက် တော်တော် ကောင်းစားနေဦးမည့် သဘောပဲဗျို့။ “မိုးလေ၀ါသ သတင်းကို ငွေပေး ၀ယ်ရမယ်” တဲ့ဗျာ။ လုပ်တော်မူကြပါဦး ကယ်တင်ရှင်တို့ရေ့-----။
written by kyaw, November 25, 2009
အော် ..မိုးလေ၀သ သတင်းဆိုတာ ...အင်တာနက်မှာ အတိအကျရနိုင်ပါတယ် ဗျာ ... သူများနိုင်ငံတွေမှာ သတင်း မှာ မိုးလေ၀သ သတင်းကို ၁၀မိနစ်တစ်ခါလောက် အမြင်ကတ်အောင် တင်ပြနေချိန် မှာ ..မြန်မာပြည်မှာတော့ သူတို့ စားရ၀မခန်း အစည်းအဝေးလုပ် ဟိုသွားဒီသွား တောင်စဉ်ရေမရ အရေးမပါတဲ့ သတင်းတွေ ကို လွင့်ပီးမှမိုးလေ၀သ သတင်းဆိုတာ တစ်ရက်မှာ နှစ်ကြိမ်လောက်သာလွင့်ပေးနိုင်တဲ့ ခေတ်မီကိရိယာတွေမရှိတဲ့ နိုင်ငံမှာ မိုးလေ၀သ သတင်းကို များရောင်းစားရတယ်လို့ ... အရှက်ကလေးဘာလေးလဲ ရှိကြပါအုံးဗျာ ...
written by eaktun, November 24, 2009
ွှအဲဒီလို မိုးလေ၀သ သတင်း အချက်အလက်တွေကို ငွေကြေး ပိုက်ဆံပေးပြီးတော. ၀ယ်မယ်. စီးပွားေ၇း လုပ်ငန်း၇ှင်ကတော.(အာမခံ)လုပ်ငန်းလုပ်တဲ. လူတွေဘဲနေမှာပါ-
written by Ko J J, November 24, 2009
တကယ့်လူတွေပါဘဲ ..ဘယ်လို အရည်အချင်း ရှိလို့တာဝန်တွေ ရာထူးတွေ ယူထားကြသလဲ မသိပါဘူး.. .လုပ်လိုက်
ရင် တလွဲတွေကြီးပါဘဲ. ..ဦးနှောက်မှ ကောင်းကြရဲ့လား မသိပါဘူး... တော်တော်ရှော်တဲ့ ဗိုလ်တွေပါဘဲ...
ရင် တလွဲတွေကြီးပါဘဲ. ..ဦးနှောက်မှ ကောင်းကြရဲ့လား မသိပါဘူး... တော်တော်ရှော်တဲ့ ဗိုလ်တွေပါဘဲ...
written by mgthant, November 24, 2009
ဒုက္ခ ပါဘဲဗျာ လို. ညီး တွားရေရွတ် ပီး ရီချင်နေတာမှအပ ဒုက္ခပါဘဲဗျာ လို.။
မြနန်းနွယ်သတင်း က ပြည်တွင်းမှာဘဲ ဖတ်ဖတ်မော ရီ ရတာ။ ခု ဟာက ဒုက္ခပါဘဲဗျာ။
ခေတ်မှီ ဖွံဖြိုးတိုးတက်သော နိုင်ငံသစ်ကြီး ဂလိုတွေနဲ. တည်ဆောက်နေကြပေသကိုး။
မြနန်းနွယ်သတင်း က ပြည်တွင်းမှာဘဲ ဖတ်ဖတ်မော ရီ ရတာ။ ခု ဟာက ဒုက္ခပါဘဲဗျာ။
ခေတ်မှီ ဖွံဖြိုးတိုးတက်သော နိုင်ငံသစ်ကြီး ဂလိုတွေနဲ. တည်ဆောက်နေကြပေသကိုး။
written by a_bamar, November 24, 2009
ဒို့ဗမာပြည်ကတော့ လုပ်လိုက်မှဖြင့် ဇောက်ထိုးချည်းပါဘဲလား။ ဘာပြောရ မှန်းတောင် မသိတော့ပါဘူး။ တိုင်းပြည်တစ်ခု မှာ ပိုက်ဆံရှာရမယ့် အဖွဲ့အစည်းတွေနဲ့ ပိုက်ဆံကို ထောက်ပံ့ပေးပြီး ပြည်သူကို ကာကွယ် စောင့်ရှောက်ဖို့ service ၀န်ဆောင်မှုပေးရမယ့် အဖွဲ့အစည်းအမျိုးအစား ကိုတောင် ခွဲခြားမသိဘဲ တိုင်းပြည် အုပ်ချုပ်နေကြတာ ရှက်တတ်ရင် (စာဖတ်သူတို့ဘဲ စာကြောင်းကို ဆက်လိုက်ပါတော့ စကားလုံးမရှိတော့လို့ပါ . . .)



written by thakhinnyein, November 24, 2009
အင်း ပြောရမှာလဲ မကောင်းပြန်ဘူး။ နအဖတို့ကတော့ လုပ်ချလိုက်ပြန်ပြီလို့ပဲ ပြောရတော့မှာပေါ့။ ကိုယ့်ကြည့်တော့လည်း ဘာခေတ်မှီ စက်ကိရိယာမှ မရှိပဲ မိုးလေဝသသတင်းကို ရောင်းဦးမယ်ဆိုပဲ။ မိုးလေဝသကလည်း တော်တော်မှန်တယ် ဆိုတော့။ တစ်ခြားနေရာတော့ မသိဘူး ကျွန်တော်တို့ နေရာကို မိုးလေဝသက ခန့်မှန်းချက်ပေးတာတော့ မှတ်မိသလောက်ဆို မနက်ဖြန်မိုးရွာမယ်ဆို သေချာပါပြီ နောက်နေ့ အဝတ်တွေ စပါးတွေ ထုတ်လှမ်းကြပါ သေချာပေါက် နေပူပါတယ်။ မနက်ဖြန် နေပူမယ်ဆိုရင်တော့ ယောင်လို့တောင် အိမ်အပြင်မထွက်ကြပါနဲ့ မနက်မိုးမလင်းခင် ကတည်းက မိုးရွာနေ ပါလိမ့်မယ်ဗျာ။ နာဂစ်တုန်းကလည်း သတင်းက အရမ်းတိကျ မှန်ကန်တယ်လေ ဟူး တော်ပါပြီ မပြောတော့ပါဘူး သြော်ဒါနဲ့ နအဖလုပ်လို့ ပြည်သူပြည်သားတွေလည်း ပရုတ်လုံးဖြစ်နေပါပြီလို့ ကြာတော့ ပါးပါးသွားပြီး ဘာမှမရှိတော့ဘူးလေ ဟိုနေရာကပါး ဒီနေရာကပါးနဲ့ ဟူး ရင်မောတယ် တော်ပါပြီ တကယ်တော်ပါပြီ
Write comment















