စစ်အစိုးရ၏ပြစ်မှုများ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု ခုံရုံးတွင်ဆွေးနွေး

E-mail Print
နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ပြုလုပ်နေသည့် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး (ICC) ညီလာခံတွင် ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အဖွဲ့ (BLC) တက်ရောက်၍ မြန်မာစစ်အစိုးရ၏ စစ်ရာဇ၀တ်မှုများ နှင့် လူ့အခွင့်အရေးချိုးဖောက် မှုများကို ဆွေးနွေးနေကြောင်း သိရသည်။

အဆိုပါညီလာခံ၌ အာရှတိုက်အတွင်းရှိ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား နှင့် မြန်မာနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် လူအခွင့်အရေး ချိုးဖောက်မှုများကို လာမည့် ၂၅ရက်နေ့တွင် အသေးစိတ်ဆွေးနွေးလိမ့်မည်ဟု ICC ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြ ထားသည်။

“မြန်မာစစ်အစိုးရရဲ့လူအခွင့်အရေးချိုးဖောက်မှု၊ ရာဇ၀တ်မှုတွေကို နိုင်ငံတကာက သိရှိနိုင်ဖို့အတွက် ဒီအစည်းအဝေးမှာ ICC နဲ့ပိုမို ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ကွန်ယက်တခုကို တည်ထောင်ဖို့ရည်ရွယ်တယ်၊ ဒါမှလည်း ဒေသတွင်းနိုင်ငံများနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မယ်”ဟု BLC အဖွဲ့၏ ဥက္ကဋ္ဌ ဦးသိန်းဦးက ဧရာဝတီသို့ပြောသည်။

ထိုအစည်းအဝေးသို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီအား ပထမဆုံး အကြိမ် ဖိတ်ကြားခြင်းဖြစ်ပြီး အဖွဲ့အတွင်းရေးမှူး ဦးအောင်ထူးတက်ရောက်နေကြောင်းသိရသည်။ ယင်း BLC အဖွဲ့ကို ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေတွင် ၁၉၉၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံးအဖွဲ့( ICC ) သည်အစိုးရမဟုတ်သည့် အကူအညီပေးရေး အဖွဲ့အစည်းပေါင်း ၂၅၀၀နှင့် ဆက် သွယ်ဆောင်ရွက်လျှက်ရှိသည်။

မြန်မာစစ်အစိုးရအနေဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး၏ သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အတွက် ယခုအစည်းအဝေးကို မြန်မာကိုယ်စားလှယ် တက်ရောက်ခြင်းမရှိပေ။ သို့သော် ယခုနှစ်တွင် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ပါ လေ့လာသူအဖြစ်တက်ရောက်နေကြောင်းသိရသည်။

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည်လည်း အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး သဘောတူညီချက်ကို လက်မှတ်ရေး ထိုးထားခြင်းမရှိဟုသိရသည်။

ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးရေးဌာန(မြန်မာနိုင်ငံ) (HREIB) အဖွဲ့၏ဒါရိုက်တာ ဦးအောင်မျိုးမင်းက“မြန်မာစစ် အစိုးရကိုခုံရုံးတင်ဖို့က သူတို့ကလက်မှတ်ထိုးမထားတော့မလွယ်ဘူး၊ ဒါပေမယ့် အခုကလေးစစ်သားကိစ္စတို့၊ နယ်စပ်ဒေသတွေမှာ အမျိုးသမီးတွေကို အတင်းအဓမ္မပြုကျင့်မှုတွေကို လုံခြုံရေးကောင်စီကို တင်နိုင်ရင်တော့ ရတယ်”ဟုပြောသည်။

ယခုအစည်းအဝေးကို ICC အဖွဲ့ကြီး၏ အဖွဲ့ခွဲ တခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့( CICC ) က ကြီးမှုးကျင်းပခြင်းဖြစ်သည်။

စစ်အစိုးရသည် BLC အဖွဲ့ကို ပြီးခဲ့သည့် ဧပြီလက အမိန့်ကြေညာစာအမှတ် ၁/၂၀၀၉ ထုတ်ပြန်ကာ တရားမ၀င်အဖွဲ့အစည်း အဖြစ် ကြေညာခဲ့သည်။ ထို့အပြင်စစ်အစိုးရပိုင် သတင်းစာများမှနေပြီး တိုင်းပြည်ကို အသရေဖျက်နေသူများ၊ တိုင်းပြည်၏ရန်သူ များဟု တိုက်ခိုက်ရေးသားခဲ့သည်၊ ICC အဖွဲ့ကြီးနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့ဝင်များကိုလည်း မြန်မာနိုင်ငံ၏ ဥပဒေကို ချိုးဖောက်နေသူများဟု စွပ်စွဲရေးသားခဲ့သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံးအဖွဲ့ ( ICC ) ကို ၂၀၀၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ စစ်ရာဇ၀တ်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ပွဲအတွင်း အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှု နှင့် အဓမ္မကလေး စစ်သားစုဆောင်းမှု၊ အသုံးပြုမှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ တရားစွဲဆိုပိုင်ခွင့်ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဆူဒန်နိုင်ငံ ဒါဖာဒေသတွင် ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများနှင့် ပတ်သက်၍ ဆူဒန်သမ္မတ အိုမာ အယ် ဘာရှားအား တရားစွဲဆိုနိုင်ခဲ့သည်။
Comments (3)Add Comment
0
ဟုတ်ပါ့မလား
written byိဒေးဗစ်ကုလား, January 19, 2010
ဒါပေမယ့်ဗျာ ဆူဒန် သမ္မတကို တရား စွဲတယ်တာ ပြောတယ် ဟိုက အဖမ်းမခံဘူး မဟုတ်လားဗျ...ဒီတော့ ဘာ သက်ရောက်မှု အကျိုးရှိလို့လဲ...
0
လာတော့မယ်နော်၊ 'တဝဂူ'
written by Chotuu Mar, November 25, 2009
လာတော့မယ်နော်၊ သူတို့အလှည့်၊ ပြောထားလိုက်ပါရဲ့။
လိုဏ်ခေါင်းထဲ ဝင်ပုန်းနေလည်း ဘယ်လောက်ကြာကြာနေနိုင်မှာလဲ။
တော်တော်ကြာ 'တဝဂူ' လို အပြင်ကပိတ်ပစ်လိုက်တာ ခံနေရမယ်နော်။
စိုးရိမ်လို့တော့မဟုတ်ပါဘူး၊ ဦးနှောက် မရှိသူတွေ မသိသေးဘူးသေချာလို့ သတိပေးတာ။
ဒါပေမယ့် ပြောယင်းနဲ့ ဒီအကြံ သဘောကျလာပြီ။
ပုန်းကြ ပုန်းကြ။ တဆွေလုံး တမျိုးလုံး ခမည်းခမက်တွေပါ အားလုံး ခေါ်သွားကြ။ တခါတည်း တနေရာတည်း ကိစ္စပြတ်အောင်။ တပြည်လုံးထောင်တွေက သူတို့ နောက်လိုက် အောက်ဆွဲတွေနဲ့ ကြံ့ဖံွံ့ တွေ၊ စွမိးအားရှင်တွေ ထဲ့လို့တောင် ဆန့်မှာ မဟုတ်ဘူး။smilies/grin.gifsmilies/grin.gifsmilies/grin.gif
0
ကြာကြာ အချိန်မဆွဲကြ ပါနဲ့တော့
written by thakhinnyein, November 24, 2009
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ခုံရုံးအဖွဲ့ရေ လုပ်ပေးနိုင်မယ် လုပ်နိုင်တယ် ဆိုရင်လည်း မြန်မြန်သာ အကောင်အထည်ဖေါ်ကြ ပါတော့ဗျာ။ စစ်အစိုးရကို မဖြုတ်ချနိုင်သေးသရွေ့ ကတော့မြန်မာပြည်သူ ပြည်သားတွေ ဘယ်လိုမှ စိတ်ချမ်းသာကြမှာ မဟုတ်လို့ပါဗျာ။ ပြည်သူတွေကလည်း လက်နက်နဲ့ အဖိအနှိပ်ခံထားရတော့ ဘယ်လိုမှ မတတ်နိုင် ဖြစ်နေရပါတယ်။ အဲဒီလိုလုပ်နိုင်မယ့် အဖွဲ့အစည်းတွေကိုပဲ မြန်မာပြည်သူ ပြည်သားတွေက မျှော်လင့်ချက်လေးတွေ ထားနေကြရတာပါ။ မြန်မာပြည်သူ ပြည်သားများ အားလုံးကိုယ်စား ကျွန်တော်မှ ကြာကြာအချိန်မဆွဲ ကြပါနဲ့တော့လို့ အနူးအညွှတ် မေတ္တာရပ်ခံ အပ်ပါတယ်ခင်ဗျာ။

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်