ရဲရွာ ရေအားလျှပ်စစ် လည်ပတ်တော့မည် ဖြစ်ကြောင်း ဒေသခံများကို အသိပေး

E-mail Print
မန္တလေးတိုင်း ကျောက်ဆည်မြို့ရှိ ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကို လာမည့် ဒီဇင်ဘာ လဆန်းပိုင်တွင် စတင် လည်ပတ်မည် ဖြစ်ကြောင်း ၎င်း မြစ်ကမ်းနားတွင် နေထိုင်သော ဒေသခံများကို အသိပေးထား ကြောင်း သိရသည်။

ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရန်အတွက် ယခုအခါ ဒုဌ၀တီမြစ်ကို ပိတ်၍ ရေလှောင်ထားပြီး မြစ်ရိုး တလျှောက် နေထိုင်သည့် ဒေသခံများကို ရွှေကျင်၊ သဲသည်၊ ကျောက်ခဲကောက်ခြင်းများ မလုပ်ကြရန်  အသိပေးထားသည်ဟု  မြန်မာ့ လျှပ်စစ် ဓာတ်အားပေးလုပ်ငန်း (တိုင်းရုံး) မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“ရေကို ထိန်းနိုင်တယ် မထိန်းနိုင်ဘူးဆိုတာ မသိတဲ့အခါကျတော့၊ မတော်တဆ တခုခုများဖြစ်ရင်၊ ရေဆင်းလာရင် အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားမှာစိုးလို့ အသိပေးရခြင်းဖြစ်သည်” ဟု ၎င်းက ပြောသည်။

လှောင်ထားသည့် ရေနည်းသွားသည့်အချိန်တွင် ဒေသခံများက ငါးဖမ်းခြင်း၊ ရွှေကျင်ရန် ကျောက်ခဲကောက်ခြင်း သဲကျုံးခြင်း များ ပြုလုပ်လေ့ရှိသောကြောင့် ထိုသို့ မလုပ်ကြရန် ရက်ပေါင်း ၂၀ ခန့် ကြိုတင် အသိပေးထားသည်ဟု သိရသည်။

ဒုဌတီမြစ်နှင့် ဧရာဝတီမြစ် ၂ ခုပေါင်းဆုံသည့် နေရာမှ ရဲရွာစီမံကိန်းအထိ ကျေးရွာပေါင်း ၅၀ ခန့်ရှိပြီး ၎င်း မြစ်အနီး အနားတလျှောက်တွင် ကျေးရွာ ၂၀ ကျော်ရှိသည်။ 

ရေအားလျှပ်စစ် စီမံကိန်းအတွက် စက် ၄ လုံးရှိသည့်အနက် တလုံးကို စတင် လည်ပတ်သွားမည်ဟု မန္တလေးမြို့ရှိ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းမှ တာဝန်ရှိသူက ဆိုသည်။

စက်တစ်လုံးလျှင် စက်တပ်ဆင်အား ၁၉၇ ဒသမ ၅ မဂ္ဂါဝပ်ရှိပြီး စက် ၄ လုံးအတွက် စုစုပေါင်း ၇၉၀ မီဂ္ဂါဝပ်ရှိမည် ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသည် မြန်မာနိုင်ငံ၌ လက်ရှိတည်ဆောက်ပြီးစီးသွားသော ရေအားလျှပ်စစ် စီမံကိန်းများအနက် အကြီးဆုံးဖြစ်သည်ဟု သိရသည်။

ယင်း စီမံကိန်းအရ လည်ပတ်မည့် စက်တလုံးမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို မဟာလျှပ်စစ် ဓာတ်အားလိုင်းများမှ တဆင့် တနိုင်ငံလုံးသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။  

ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းအတွက် မြစ်ငယ် မြစ်ပေါ်တွင် ရေလှောင်တမံများ တည်ဆောက်၍ လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ရန်အတွက် ၁၉၂၀ ပြည့်နှစ်တွင် ဗြိတိန် ကုမ္ပဏီတစ်ခုက စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ၁၉၅၄ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်း ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း စတင်နိုင်ရေး အကြိုလေ့လာစူးစမ်းမှုများကို ဗြိတိန်၊ ဂျပန်နှင့် ဗီယက်နမ် ကုမ္ပဏီများက အသေးစိတ် စူးစမ်းလေ့လာမှုများ ဆောင်ရွက်ခဲ့ကြသည်။

ရေအားလျှပ်စစ်စီမံကိန်း စတင်နိုင်ရေးအတွက် လွန်ခဲ့သော ၉ နှစ်ခန့်တွင် ဂျပန်နိုင်ငံ Nippon Koei ကုမ္ပဏီက ဒီဇိုင်း ရေးဆွဲခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အသေးစိတ် ဒီဇိုင်းထုတ်လုပ်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ဆွစ်ဇာလန်နိုင်ငံ Colenco Power Engineering ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
Comments (3)Add Comment
0
...
written by 1,91,9, November 24, 2009
smilies/grin.gif "သာ" တခါတော့ "ဓု"ထားပါ ဦးမည် -- သာဓု ၃ကြိမ် အပြည့် လည်း ခေါ်ချင် လှပါပြီ
0
သြော်မီးရတော့မယ်ပေ့ 
written by thakhinnyein, November 24, 2009
လျှပ်စစ် စီမံကိန်းကြီး တစ်ခုကတော့ ပြီးသွားပြီ လင်းစေချင်တာ ကတော့ တစ်နိုင်ငံလုံးပါ ဒါပေမယ့် ကိုယ်ကလည်း ဘာအကောင်မှ မဟုတ်တော့ ခက်သားလား ကျွန်တော်ကတော့ သိပ်မထင် မြန်မာပြည်တွင်း မီးရဖို့ဆိုတာ ဟုတ်တယ်လေ
မြန်မာပြည်က ထွက်တဲ့ gas နဲ့အခြားလျှပ်စစ် ဓါတ်အားတွေကို တခြားနိုင်ငံတွေကိုသာ မရောင်းပစ်ရင် မြန်မာပြည် မြို့ပေါ်တင်မကဘူး တောအထိတောင် လင်းနိုင်မယ် ထင်ပါတယ် ဒါပေမဲ့
သူတို့ကပြည်ပကိုပဲ ရောင်းစားနေချင်ကြတာ အခုလည်း ဘယ်နိုင်ငံ ရောင်းဖို့ စီမံကိန်းချပြီးပြီလည်း မသိဘူး ပြည်တွင်းမှာ မီးရမယ် ဆိုရင်တော့ ကောင်းတာပေါ့ မျက်လုံးစုံမှိတ်ပြီး ဆုတောင်းရုံမှ လွဲလို့အခြားမရှိပါပြီ
0
...
written by eaktun, November 23, 2009
မြန်မာပြည်သူတွေ အမှန်တကယ် လျှပ်စစ်မီးကို၇တော. မယ်လား-အထူးသဖြင်. ၇န်ကုန်နှင်. မန္တလေးပြည်သူတွေ မီးကိုပိုပြီးတော. ၇စေချင်ပါတယ်-

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Tuesday, 24 November 2009 11:22 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၇၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၀ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်