သီဟသူရ တင်အောင်မြင့်ဦး စစ်တပ်ရာထူးမှ တိတ်တဆိတ်နုတ်ထွက်

E-mail Print

စစ်အစိုးရအဖွဲ့၏ နံပါတ် ၄ ရာထူးအဆင့်ရှိသည့် အတွင်းရေးမှူး(၁) စစ်ထောက်ချုပ် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် လက်ရှိစစ်တပ်ရာထူးမှ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်သွားကြောင်း စစ်အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသည် စစ်တပ်ရာထူးမှ နုတ်ထွက်သော်လည်း အတွင်းရေးမှူး(၁) တာဝန်ကို ဆက်လက် ယူထားမည်ဖြစ်သည်ဟု ဆိုသည်။

၎င်းအနေဖြင့် လက်ရှိစစ်တပ်တာဝန်များနှင့် နိုင်ငံရေး လောကတွင် ပါဝင်ထမ်းဆောင်ရ မည့် တာဝန်များကို ကာလကြာ ရှည်စွာ လုပ်ဆောင်လိုခြင်းမရှိကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးက ပြောဆိုမှုများရှိခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ယခု ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး၏ သတင်းနှင့်ပတ်သက်ပြီး စစ်အစိုးရ၏ မီဒီယာများတွင် ဖော်ပြခြင်းကို မတွေ့ရှိရပေ။

ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသည် စစ်ထောက်ချုပ်၊ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံဖြိုးရေးကောင်စီတွင် အတွင်း ရေးမှူး(၁) တာဝန်များကိုယူထားပြီး ယခုအချိန်တွင် ၎င်း၏နေရာအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟုဆိုသော စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက တာဝန်ယူထားကြောင်း သိရသည်။

ထိုသို့ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး နုတ်ထွက်ရခြင်းအကြောင်းမှာ ၎င်း၏သားဖြစ်သူ နိုင်ငံခြားသို့ ဆန်တင်ပို့မှုလုပ်ငန်း လုပ်ကိုင်နေသည့် ဧရာဟင်္သာ ကုမ္ပဏီပိုင်ရှင် ဗိုလ်ကြီးဟောင်း နိုင်လင်းဦး (တေဇာစောဦး) နှင့်ပတ်သက်နိုင်သည်ဟု စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များက ထင်မြင်ယူဆနေကြသည်။

ပြီးခဲ့သည့်လကဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်ခေါ် ဖိုးလပြည့်က တေဇာစောဦးပိုင် နာမည်ကြီး ကဖေး ဆိုင်ဖြစ်သော “7 Lekker” ကဖေးဆိုင်အား ၀င်ရောက်ဖျက်ဆီးခဲ့သည်ဟုသတင်းများထွက်ပေါ်လာခဲ့ကြောင်း၊ ၎င်းဆိုင်မှာ တေဇာစောဦးပိုင်ဆိုင်သည့် ဆိုင်ဖြစ်ပြီး ၀န်ကြီးဦးစိုးသာ ၏သား အပါအ၀င် တခြားစီးပွားရေးလုပ်ငန်းရှင်တဦး လည်း အစုရှယ်ရာပါဝင်သည်ဟု သိရသည်။

၎င်းကဖေးဆိုင် ဖျက်ဆီးခံရမှုသည် ဆိုင်အနီးတွင်ရှိသည့် ပညာရေးဌာနပိုင် မြေနေရာအား ဗိုလ်ချုပ်မှူးကြီးမြေးက Night Club အဖြစ်ပြောင်းလဲဖွင့်လှစ်ရန် စီစဉ်ခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း လူအများကြားတွင် ပြောဆိုနေကြသည်။

ယင်းပြဿနာနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးအားခေါ်ယူပြီး မေးမြန်းခဲ့ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးက ၎င်း၏သား တေဇာစောဦးထံသို့ စစ်အရာရှိတဦးစေလွှတ်၍ ယခုဖွင့်လှစ်ထားသည့် ကဖေးဆိုင်သည် တရားဝင်ဖွင့်လှစ်ထားသည့်ဆိုင်မဟုတ်ဟု ၀န်ခံလက်မှတ်ထိုးခိုင်းကြောင်း၊တေဇာစောဦးက လက်မှတ် မထိုးနိုင်ဟုငြင်းဆန်ခဲ့ကြောင်းသိရသည်။

ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးသည် စစ်ဖက်ဆိုင်ရာသီဟသူရဘွဲ့ကို ၁၉၈၀ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီနှင့်တိုက်ခိုက်ခဲ့ သည့် တိုက်ပွဲများတွင်ရရှိခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် တရုတ်နယ်စပ်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရယူနိုင်ခဲ့သည်။

၎င်းသည်၁၉၉၀ ခုနှစ်တွင် တပ်ရင်းမှူးအဖြစ် စစ်ကိုင်းတိုင်းရှိ ခြေလျင်တပ်ရင်း ၁၁၁ တွင် တာဝန်ယူခဲ့ပြီး၊ ၁၉၉၂ မှ ၁၉၉၄ ခုနှစ် အထိ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်တွင် ဗျူဟာမှူးတာဝန်ယူခဲ့သည်။ ထို့နောက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကျောက်မဲမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်( စကခ-၁ )တွင် ဗိုလ်မှူးချုပ် ဖြစ်လာပြီး ၁၉၉၇ ခုနှစ်တွင် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်လာခဲ့သည်။ ထို့နောက် ၂၀၀၇ ခုနှစ်၌ နအဖ အဖွဲ့ တွင် အတွင်းရေးမှူး (၁) ဖြစ်လာသည်။ ၂၀၀၉ခုနှစ် မတ်လ မှစတင်ပြီး ဗိုလ်ချုပ်ကြီး ရာထူးကို လက်ခံရယူခဲ့သည်။

Comments (18)Add Comment
0
Mr
written by htin kyaw, November 19, 2009
Mighty is right for Dictator.They only have Animals Law.
0
မှန်ပါဘုရား
written by koko, November 16, 2009
မှန်ပါဘုရား.......သင့်မြတ်ကြောင်းပါ ဘုရား..........
မလုပ်တတ်ရ င်တော့။ ဒီလိုဘဲ.. ...ဖြစ်မှာပါ
0
He should not resign at all
written by Brian, November 16, 2009
Resigning from the army position is inappropriate act. If he is brave enough, he should organize army men and coup against SPDC and over throw the government. He will be recognized as a hero. Now he is still a slave of SPDC and his involvement is arm forces is gone. It is such an easy give up. Is it the Burmese revenge to an opressors? Citizen do not have position to coup against the SPDC. But he has the position. But if we burmese people have slave mentality, even if we have the biggest title in the world, we will always be slave forever. Lets look for the situation to take advantage for the freedom. What I understand is that, he himself does not have freedom loving will. That is why, he served in that organization.

Peace to all fellow brothers.............
0
ငကန်းသေ ငစွေပေါ်
written by cheetharnge, November 15, 2009
အော်စစ်အစိုးရတွေ ဝေစု မတည့်တော့ အချင်းချင်း ကိုက်ကြ နောက်တာ့လဲ အားနည်း သူကလဲ ရတပါဘဲ
ငကန်းသေ ငစွေပေါ် မဖြစ်ပါစေနဲ့ လို့တော့ ဆုတောင်းရမယ်
0
nothing
written by kaung myat, November 14, 2009
Dog eat dog business
0
အားလုံးက တပ်ချုပ်ကြီး သဘောပါ
written by Truth, November 14, 2009
ဗမာပြည်မှာ ကိုယ့်သဘောနဲ့ ကိုယ် နှုတ်ထွက်တာ မရှိပါဘူး။ ဒီဗိုလ်ချုပ်တွေ စကတည်းက ဖြောင့်မတ်တဲ့စိတ် ရှိမှတော့ တိုင်းပြည်ကြီး ဒီလောက် မစုတ်ပြတ်ပါဘူး။ အရာရာ အားလုံးက တပ်ချုပ်ကြီး သဘောပါ။ အဓိက ကတော့ “7 Lekker” ကဖေးဆိုင် က စ ညိတာပါ။ နအဖလောကမှာ မူမရှိပါ။ လူပေါ်ဘဲ မူတည် ဆုံးဖြတ်နေတာပါ။ လူပေါ်ဆိုတာ လူတော်တာ အရည်ချင်း ရှိတာပေါ် မဟုတ်ပါ။ တပ်ချုပ်ကြီး မိသားစု နဲ့ ဘယ်လောက် အဆင်ပြေလည်း မပြေလဲ ပေါ် မူတည်တာပါ။
0
Caues & Effect
written by Kane, November 14, 2009
Dictatorship itself is merely a matter of consequence.
0
law of nature
written by layman, November 14, 2009
Mr Than Shwe! Your day is coming soon. Be prepared. Please realize" No one live Forever".
0
အဝေ မတဲ့လို့လား၊ နာမည်ကောင်း ယူချင်လို့လား
written by Chotuu Mar, November 14, 2009
အဝေ မတဲ့လို့ နုတ်ထွက်တာလား၊ အစား များသွားတာ မိသွားလို့ နုတ်ထွက်တာလား။
မဟုတ်ရင်လည်း စားပိုး နင့်နေတာ ကြာပြီမို့ သေကာနီး နာမည်ကောင်း ယူချင်လို့လား။
ဘာကြောင့်လဲဆိုတာ ကာယကံရှင်တွေပဲ သိမှာပါ။ ဒါပေမယ့် ထွက်ခတ် ခတ်ပြီး တခုခုလေး မွှေထွက်ခဲ့ရင် အကောင်းသား။
စောင့်ကြည့် နေမယ်နော်၊ ဘဘ ဦးတင်ဦးတို့ ဦးကြည်မောင်၊ ဦးအောင်ရွှေတို့လို ပြည်သူဘက် ရဲရဲ ပါလာမလားလို့။smilies/shocked.gif
0
...
written by ခေါင်းကြီး, November 14, 2009
ဒါလည်း လည့်ကွက်ပါ... ပြီးရင် ဒီလူ့ကို ရွေးကောက်ပွဲမှာ ပြန် တွေ့ရမှာပါ
0
ပာားပာား
written by saw, November 13, 2009
သူတို့ က သူတို့ ပာာနဲ့ သူတို့  ရှုပ်နေတာဘဲ
စစ်အစိုးရကြောင့်ြ မန်မာပြည်ပာာ တဖြည်းဖြည်း လုံးပါးပါးနေတာ လူတိုင်း အသိပါ.
0
ပြသနာတော့ စလာပြီး ထင်တယ်
written by ဗိုက်ကလေး, November 13, 2009
သူတို့ အချင်းချင်း ၊ဝေစု မတည့် လို့ ဖြစ်မယ်
0
ကြားချင်တယ်ဗျို့
written by ရော်ဆမ်း, November 13, 2009
ကျေးဇူးပဲ ဧရာဝတီရေ... ဒီလို သတင်းလေးတွေ များများ ဖေါ်ပြပေးပါ။ စစ်အစိုးရ ထဲက အကွဲအပြဲ ဇာတ်လမ်းတွေ၊ ပါးရိုက်လို့ နားပြန်ကိုက် လိုက်တယ် ဆိုတဲ့ သတင်းတွေ၊ အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစားကြတဲ့ အကြောင်း တွေ၊ သူ့လူ ကိုယ့်ဖက်သား လုပ်တဲ့ အကြောင်းတွေ၊ ဇာတ်တူသား စားတဲ့ ကိစ္စတွေ၊ စသဖြင့် စုံစီနဖာ အတင်း အဖျင်း လေးတွေ ကိုလည်း ဖေါ်ပြပေးစေချင်ပါတယ်။ ဒီလို သတင်းတွေ ဖတ်ရရင် ဒေါ်အောင်ဆန်းဆုကြည် အကြောင်း ဖတ်ရသလိုပဲ စိတ်ထဲမှာ ကြည်နူးပြီး မြိန်ရည် ရှက်ရည် တယ်ရှိသကိုး။ မြန်မာနိုင်ငံသားတွေ အတွက် စိတ်ထွက်ပေါက် တစ်ခုပေါ့ဗျာ။
0
ပြောပြတပါ
written by hlamin, November 13, 2009
ကျွန်တော်တို့သိထား
0
သွားလေပြီ
written by Aung Aung, November 13, 2009
ဦးတင်အောင်မြင်ဦါ်ရဲ့ အဖေက ကျောက်မဲမှာ မြို့နယ် ပညာရေးမှူး လုပ်သွားတယ် ဒါပေမဲ့ ဦးတင်အောင်မြင်ဦး ဟာအဖေက ယဉ်ကျေးတဲ့ ဆရာ ဖြစ်ပေမဲ့သူက ရမ်းတယ် ရိုင်းတယ် တပ်ထဲမှာ သူ့အောက်က လူ ဆိုရင
်မအေနဲ့ ကိုင်ဆဲတယ် သူ ထွက်တော့လဲ ၀မ်းသာကြတာပေါ့ လူကြမ်း လူရိုင်း တယောက် လျှော့သွားတာပေါ့ လူညစ် လူယုတ်တွေမို့ ဘယ်သူ ထွက်ထွက် မထူးပါဘူး တလှည့်စီ တက်စားကြပေါ့ ငယ်ငယ်ထွက ရင်းနှီးသူတွေကတော့ ကိုလတ် လို့ ဦးတင်အောင်မြင်ဦး ကို ခေါ်ကြပါတယ်
0
Good News for Myanmar People and Bad News for spdc
written by Myanmar, November 13, 2009
That is great!!!!!!
In South East Asia, Myanmar army always proud of itself as the most united army in the region,
now it is the first crack in the united army after the removal of former spy chief Gen. Khin Nyunt,
may be this is the beginnig of the end for Dictator Than Shwe and the pave the way for Myanmar to achieve the Democracy which Burmese/ Myanmar people wanted since 1962.
In Indonesia becuase of the withdrawal of the support from the top army officers , late president suharto had step downed from the power throne which he sat for more than 3 decades.
good good good good

0
Good choice for him and his generation
written by pyi chit thar, November 13, 2009
All of generals should follow U Tin Aung Myint Oo.If keep delaying to resign from SPDC,all generals and their families will face in near future.Welcome U Tin Aung Myint Oo and all his families from real citizen world.Thanks for doing so too if u really did it.But i afraid next fewdays,he say i wouldn't resign from SPDC so how how how????????????
0
ကြိုဆိုတယ်
written by thakhinnyein, November 13, 2009
ဘာကြောင့်ပဲ ထွက်ထွက် ကျေနပ်တယ်ဗျာ။ ဒါပေမဲ့ ပြည်သူတွေ အတွက် အမြင်မှန် ရပြီး ထွက်ရင် ပိုကောင်းမယ်ထင်တယ်။ ပြီးတော့ တခြား ဗိုလ်ချုပ်တွေလည်း ပြည်သူတွေ အတွက် အနစ်နာခံပြီး ထွက်ကြရင် ဘယ်လောက် ကောင်းမလဲ။

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Saturday, 14 November 2009 14:51 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၇၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၀ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်