အိန္ဒိယ၏ မြန်မာပြည်မူဝါဒ ပြောင်းရန် လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

E-mail Print

မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှု ရရေးအတွက် တရုတ်နိုင်ငံနှင့် လိုက်လံ ပြိုင်ဆိုင်ခြင်း မပြုဘဲ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပေါ်ပေါက်ရေးကို ရှေးရှု လုပ်ဆောင်ရန် လူ့အခွင့်အရေး အဖွဲ့ကြီးတ ခုက အိန္ဒိယအစိုးရကို  တိုက်တွန်းလိုက်သည်။

Human Rights Watch (HRW) ခေါ် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့ကြီးက ယမန်နေ့က ပြုလုပ်သော နယူးဒေလီမြို့ သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“မြန်မာအစိုးရအပေါ် လွှမ်းမိုးမှု အရှိဆုံး အိမ်နီးချင်းတိုင်းပြည်တခု အနေနဲ့ ထားရှိတဲ့ နိုင်ငံခြားရေး မူဝါဒဟာ တဖက်သတ် ကျလွန်းနေတယ်။ မြန်မာအပေါ် ထားတဲ့ နိုင်ငံခြားရေး မူဝါဒတွေကို မြန်မာ့အရေး အတွက် ပိုပြီး အကျိုးသက်ရောက်မှု ရှိအောင် ပြောင်းလဲစေလိုပါတယ်” ဟု HRW အဖွဲ့ကြီး၏ အာရှဒေသ ဒါရိုက်တာ မစ္စတာ ဘရက်အဒမ်က ပြောသည်။

အိန္ဒိယအစိုးရသည် ၁၉၈၈ လူထုလှုပ်ရှားမှုအပြီး တိမ်းရှောင်ခဲ့သော မြန်မာကျောင်းသားများကို လက်ခံ နေရာပေးခြင်း၊ မြန်မာ့ ဒီမိုကရေစီ အရေးကို ထောက်ခံအားပေးခြင်း တို့ကြောင့် နာမည်ကောင်း ထွက်ခဲ့သော်လည်း လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှ စတင်ကာ မြန်မာ့အရေးနှင့် ပတ်သက်ပြီး ရေငုံ နှုတ်ပိတ်နေခဲ့သည်ဟု မစ္စတာ ဘရက်အဒမ်က ထောက်ပြသည်။

အိန္ဒိယ နှင့် မြန်မာ နှစ်နိုင်ငံသည် ကုန်သွယ်မှုအတွက် သဘောတူ စာချုပ်များ ချုပ်ဆိုခြင်း၊ နယ်စပ် ကုန်သွယ်မှု အဆင်ပြေ ချောမွေ့ရေးအတွက် လမ်းများ ပြုပြင် ဖောက်လုပ်ရန် ညှိနှိုင်းခြင်း၊ နယ်စပ်ဒေသရှိ အိန္ဒိယခွဲထွက်ရေး သူပုန်များ အရေး ဖြေရှင်းရန် စစ်ရေးအရ ပူးပေါင်း ကိုင်တွယ်ခြင်း စသည်တို့ကို တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။

တရုတ်၏ သြဇာ မြန်မာပြည်အပေါ် လွှမ်းမိုးနေမှုကို ပြိုင်ဆိုင်ရန် အိန္ဒိယအစိုးရသည် မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းနှင့် စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ သို့သော်လည်း အကျိုးအမြတ်များကို ပြည်သူလူထုက ရရှိမည် မဟုတ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှ တိုင်းသူပြည်သားများ၏ အကျိုးကို ကြည့်သင့်ကြောင်း  မစ္စတာ ဘရက်အဒမ်က ဆိုသည်။

ကျင်းပရန် စီစဉ်နေသည့် ၂၀၁၀ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ စစ်အစိုးရအပေါ် နိုင်ငံတကာ၏ ဖိအားပေးမှုများ တိုးမြင့်လာနေချိန်တွင် အိန္ဒိယအစိုးရကလည်း မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုအတွက် တစုံတရာ ၀င်ရောက်ပြောဆိုသင့်သည်ဟု သူက သုံးသပ်သည်။

“လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို မပြောင်းလဲသရွေ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးသေးတာမျိုးတွေပေါ့။ အိန္ဒိယ အစိုးရကသာ မြန်မာအစိုးရအပေါ် ဖိအားတွေပေးမယ်၊ မူဝါဒတွေ ပြောင်းလဲမယ် ဆိုရင် မြန်မာ့အရေးအတွက် အများကြီး အကျိုးရှိမှာပဲ” ဟု သူက ပြောသည်။

၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ပြီး အာဏာကို ဆုပ်ကိုင်ထားခြင်း၊ ၂၀၀၇ စက်တင်ဘာတွင် သံဃာထုအပေါ် အကြမ်းဖက် နှိမ်နင်းခြင်း၊ ၂၀၀၈ အခြေခံဥပဒေကို အတင်းအကျပ် အတည်ပြု ပြဌာန်းခြင်း တို့အတွက်လည်း မြန်မာစစ်အစိုးရကို ရှုတ်ချလိုက်သည်။

HRW ကိုယ်စားလှယ်များသည် အိန္ဒိယအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြန်မာ့အရေး မူဝါဒများကို ပြောင်းလဲပေးရန် တိုက်တွန်း တောင်းဆိုသွားမည်ဟု ဆိုသည်။

ထိုသို့ အိန္ဒိယ အစိုးရနှင့် တွေ့ဆုံပါက မြန်မာ့အရေးအတွက် တိုးတက်မှု တစုံတရာ ရရှိလာမည်ဟု သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသော မြန်မာ့အရေး လှုပ်ရှားသူများက မျှော်လင့်ကြသည်။

“အိန္ဒိယ မူဝါဒ ချမှတ်သူတွေ အနေနဲ့ ပြောပါများ လို့ရှိရင် မြန်မာပြည်နဲ့ ပတ်သက်တဲ့ ပေါ်လစီကို ပြန်သုံးသပ်ကြပါလိမ့်မယ်” ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ သဘာပတိအဖွဲ့ဝင် မသင်းသင်းအောင်က ပြောသည်။

Comments (0)Add Comment

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်