မြန်မာ အလုပ်သမားများအကြောင်း ရုပ်ရှင် ဘန်ကောက်တွင်ပြမည်

E-mail Print

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ၊ ဖြစ်ရပ်မှန်ကို ထင်ဟပ်မည့် “Colors of Our Hearts” အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို

၇ ကြိမ်မြောက် ကမ္ဘာ့ရုပ်ရှင် ပွဲတော်၌ ပြသမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့ရုပ်ရှင်ပွဲတော်ကို ယခုလ ၆ ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Saim Paragon ၌ ကျင်းပလျက်ရှိပြီး ၁၅ ရက်နေ့နောက်ဆုံးဟု သိရသည်။ အထက်ပါ ဇာတ်ကားကို ၁၄ ရက်နေ့တွင် ပြသမည် ဖြစ်ကြောင်းသိရသည်။

ဇာတ်လမ်းတွင် ပါဝင် သရုပ်ဆောင်သူများသည် သာမန် အလုပ်သမားများ ကိုယ်တိုင်ပင် ဖြစ်ပြီး ထိုင်း နိုင်ငံသားဒါရိုက်တာ Supamok Silarak က ရိုက်ကူးထားခြင်း ဖြစ်သည်။ အခန်းဆက် အပိုင်း ၄ ပိုင်း ပါဝင်ပြီး မွန်၊ ဗမာ၊ မြောက်ပိုင်း ထိုင်းနိုင်ငံသားတို့၏ ဘာသာစကားများဖြင့် ပြောဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။ အဓိက သရုပ်ဆောင် ၄ ဦး ပါဝင်ပြီး ထိုင်းဘာသာစကားဖြင့် စာတန်းထိုး ဖော်ပြမည် ဖြစ်သည်။

ယင်း ရုပ်ရှင် ဇာတ်ညွှန်းရေးသား၊ ထုတ်လုပ်သူ Th’blay paw က ရွှေ့ပြောင်းအလုပ်သမားတို့၏ ပြောပြချက် ကို အခြေခံရေးသား ရိုက်ကူးထားခြင်းဖြစ်ကြောင်း ပြောသည်။ အဆိုပါ ဇာတ်ကားကို ထိုင်းနိုင်ငံ အစိုးရနှင့် မသက်ဆိုင်သော အဖွဲ့တဖွဲ့ဖြစ်သည့် နယ်စည်းမခြား မိတ်ဆွေများအဖွဲ့က စီစဉ်ရိုက်ကူးခြင်းဖြစ်သည်။

Th’blay paw က “မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲကို ထိုင်း ပြည်သူ တွေ သိရှိ နားလည်ဖို့နဲ့ သူတို့တွေလည်း လူသားတွေပဲ ဖြစ်တယ်ဆိုတဲ့ အသိတရားရှိစေဖို့ ရည်ရွယ်ပါတယ်” ဟု ပြောသည်။

၎င်း အနေနှင့် မဟာချိုင်ဒေသသို့ သွားရောက်ခဲ့စဉ် ထိုင်းရဲက ဖမ်းဆီမည်ကို စိုးရိမ်ကာ ထွက်ပြေးနေသည့် တရားမဝင် မြန်မာလုပ်သားများကို တွေ့မြင်ခဲ့ပြီးနောက် လွန်စွာ စိတ်မကောင်း ဖြစ်ခဲ့ရပြီး ယခုကဲ့သို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ရိုက်ကူးရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း Th’blay paw က ဆက်ပြောသည်။

ဇာတ်လမ်းအရ ချင်းမိုင်မြို့တွင် လိင်ဖျော်ဖြေရေးအတွက် ရောင်းစားခံခဲ့ရသော “အခါ” တိုင်းရင်းသူတဦး၏ ဘဝ ဇာတ်ကြောင်း၊ တရားမဝင်မြန်မာအလုပ်သမားများကို စာသင်ကြားပို့ချနေသည့် ကျောင်းဆရာတဦး အကြောင်း၊ အဓမ္မ အလုပ်ခိုင်းစေခံခဲ့ရပြီး လုပ်အားခမရသည့် မဲဆောက်မြို့မှ ကရင် တိုင်းရင်းသူ တယောက် အကြောင်းနှင့် မြန်မာအလုပ်သမားများကို မဖမ်းရန်ထိုင်းဘုရင်ကို တွေ့ဆုံပြောပြချင်သော မွန် တိုင်းရင်းသား လူငယ် အကြောင်းရိုက်ကူးထားသည့် “Hongsa’s Schoolbag” ဇာတ်ကား ဖြစ်သည်။

၂၀၀၈ ခုနှစ်က “Hongsa’s Schoolbag” ဇာတ်ကားကို ပြသခဲ့ပြီးဖြစ်ရာ အကောင်းဆုံးဆု ရရှိခဲ့သည်။
အဆိုပါ ဇာတ်ကားကို ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာလုပ်သား အများစုနေထိုင်၊ အလုပ်လုပ်ကိုင်ကြသော ဘန်ကောက်မြို့ အနီး စမွတ်စခွန် မြို့နယ်ရှိ မဟာချိုင်ဒေသ၊ ချင်းမိုင်မြို့နှင့် မဲဆောက်မြို့တို့တွင်  ရိုက်ကူး ထားခြင်း ဖြစ်ကြောင်း သိရသည်။

မွန် သရုပ်ဆောင် တဦးဖြစ်သူ Saorochai က “လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး နဲ့ လူသားချင်း စာနာတဲ့ စိတ်ရှိအောင် အခုလိုဇာတ်ကားမျိုး ထုတ်ပေးတာ ကောင်းတယ်လို့ ကျနော်မြင်တယ်” ဟု ဧရာဝတီ သို့ပြောသည်။

ထိုင်းတနိုင်ငံလုံးတွင် မြန်မာပြည်သားရွှေ့ပြောင်း နေထိုင်သူ ၂ သန်းမှ ၄ သန်းအထိရှိကြောင်း အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ စာရင်းအရ သိရသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများသည် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ စားသောက်ဆိုင်များ၊ အရောင်းဆိုင်များ၊ အိမ်ဖော်အလုပ်အကိုင်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် လုပ်ကိုင်ကြသည်။

Comments (3)Add Comment
0
ရှက်တယ်
written by ၀င်းကိုကို, November 15, 2009
“Colors of Our Hearts” အမည်ရှိ ရုပ်ရှင် ဇာတ်ကားကို ကြည့်ပြီးပါပြီ
ဒီဇာတ်ကားဟာ မော်ကွန်း မတင်နိုင်ပေမဲ့ မှတ်တမ်း အဖြစ်နဲ့တော့ ရှိသွားပါပြီ
အခြေအနေမှန်ကို မသိတဲ့သူများ အဖို့တော့ မြန်မာ ဆိုတာ ကမ္ဘာမှာ နိုင်ငံတကာကို လှည့်ပြီး ကျွန်ခံနေတဲ့ လူမျိုးလားလို့
ထင်မှတ် သွားမှာတော့ အထူး စိုးရိမ်မိပါတယ်
0
ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်
written by nankhinlay, November 13, 2009
သိပ်ကောင်းတယ်.. ဒါမှ နအဖ လက်ထက်မှာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အရမ်း ကောင်းနေလို့ မြန်မာ နိုင်ငံသားတွေ သူများနိုင်ငံမှာ ကျွန် သွားလုပ်နေရတာကို ကမ္ဘာက သိသွားတာပေါ့........
0
မြန်မာနိုင်ငံသားအုပ်သမားရဲ့ခံစားခ်ျအပေါ်သိတတ်နားလည်ပေးနိုင်သူ
written by Chit Zaw Everest, November 12, 2009
ဒီဇာတ်ကားဖြစ်ေ မြာက်အောင်လုပ် တောင် ကျိုးပမ်း တဲ့ဒါရိုက်တာနှ င့်တစ်ခြားအဖွဲ့ ဝင်များအ ဖွဲ့အစ ည်းများ၊ဒီဇာတ်ကားထဲမှသရ ပ်ဆောင် ထားတဲ့ရုပ်ရှ င်ဇာတ်ေ ကာင်များ ကိုအထူးေ ကျးဇူးတ င်ပါသည်။smilies/grin.gif
မြန်မာအ လုပ်သမား အပေါ်နှိမ်ပြီးခေါင်း ပုံဖြတ်စား အမြတ်ထု တ်နေတဲ့ အလုပ်ရှင်ေ တွနှင့်လူလူချင်းဇာနာေ ထာက်ထား ခြင်းမရှိတဲ့တစ်ချို့ေ သာရဲတေ ၊ထိုင်းပြ ည်သူတွေထင်မှတ်နေကြ တဲ့မြန်မာအလုပ်သမားတွေချွေးသီးတ စ်ပေါက်ပေါက်နဲ့လဲပြီးရလာ တဲ့ငွေကြေးပိုက်ဆံေ တွမိမိနေတိုင်းပြည်နိင်ငံတွေပို့ပြီးထိုင်းစီးပွါးရေြး ကပ်တည်းရတဲ့ အမြင်မှား များကြည်လင် လာစေရန် အတွက် ဖြစ်ပါသည်။


Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Thursday, 12 November 2009 18:33 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်