ဒေါ်အောင်ဆန်းစုကြည်၏ အရေးကြီးသည့် ကြေညာချက် NLD ထုတ်ပြန်မည်

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် (CEC) များကို မြန်မာ နိုင်ငံအတွက် အကျိုးကျေးဇူးရှိမည့် အပြုသဘော ဆောင်သော ဆောင်ရွက်ချက် တခုကို ဆွေးနွေးရန် ဒေါ်အောင်ဆန်း စုကြည်က တင်ပြလိုက်ကြောင်း သိရသည်။

ယင်း CECများနှင့် ဆွေးနွေးရန် ဆောင်ရွက်ချက်ကို ယနေ့ နံနက် ၁၀နာရီက သွားရောက်တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်တခုရှိတယ်၊ အဲဒီဆောင်ရွက်ချက်ကို CECကို တင်ပြ ထားတယ်၊ CECက တနင်္လာနေ့မှာ ဆွေးနွေးမှာပါ၊ သဘောတူရင် အဲဒီထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၇ ရက်နေ့မှာ သတင်း ထုတ်ပြန်မှာပါ၊ အခုတင်ပြထားတဲ့ဟာ မြန်မာနိုင်ငံ အတွက် အကျိုးကျေးဇူးရှိပြီးတော့ အပြုသဘော ဆောင်တဲ့ အတွက် ဒါဟာ အရေးကြီးတယ်လို့ ဆိုရင်မှန်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ယနေ့ နေ့လယ် ၁၂း၃၀ နာရီတွင် ရန်ကုန် ရွှေဂုံတိုင်ရှိ NLDရုံးချုပ်၌ ၈၉ ကြိမ်မြောက် အမျိုးသားနေ့ အခမ်း အနားကို ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသူ အားလုံး အထူးသဖြင့် နိုင်ငံရေး တာဝန်များကို ထမ်းဆောင် နေသည့်ကြားမှ တက်ရောက်လာသည့် ပြည်နယ်နှင့် တိုင်းအသီးသီးမှ အဖွဲ့ဝင်များကို ကျေးဇူးတင်သည်ဟု   ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာပါးလိုက်ကြောင်း ပြန်ကြားရေး အဖွဲဝင် ဦးအုန်းကြိုင်က ဆိုသည်။

“အဲဒါပြီးတော့ အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲလုပ်ပါတယ်၊ ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်)နဲ့ မကြာသေးမီက ထောင်ကလွတ်လာတဲ့ ကဗျာဆရာ စာရေး ဆရာ မုံရွာ အောင်ရှင်တို့က ဟောပြောပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

ယင်းအခမ်းအနားသို့ NLD အဖွဲ့မှ နာမကျန်းသည့် ခေါင်းဆောင် တချို့မှလွဲ၍ ပြည်နယ်၊ တိုင်း၊ မြိုနယ် အသီးသီးမှ NLD ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော်ပါတီ အဖွဲ့ဝင်များ၊ ၀ါရင့် နိုင်ငံရေးသမားများ အဖွဲ့မှ ခေါင်းဆောင်များ စုစုပေါင်း ၁၀၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အမျိုးသားနေ့အထိမ်းအမှတ်NLDက ထုတ်ပြန်သည့်ကြေညာချက်အမှတ်၂၈/၂၀၀၉တွင် ဒေါ်အောင်ဆန်းစုကြည်၊  ဦးတင်ဦး၊ တိုင်းရင်းသားခေါင်းဆောင်များ အပါအ၀င် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ် ပေးရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီကို တောင်းဆိုလိုက်သည်။

ထို့အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ တရားဝင်ရပ်တည်ထားသည့် NLD၏ အဆင့်ဆင့် သော ရုံးများကို ဥပဒေနှင့် ညီညွှတ်ခြင်းမရှိဘဲ ခေတ္တဆို၍ ယနေ့ထိ ကာလကြာရှည်စွာ ပိတ်ထားခြင်းမှ အမြန်ဆုံး ပြန်လည်ဖွင့်ပေးရန်၊ လွတ်လပ်စွာ စည်းရုံးခွင့်ပေးရန် ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ အပါအ၀င် ဖျက်သိမ်းခံ ထားရသည့် ပါတီများကို မှတ်ပုံတင်ခွင့်ပေး၍ လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးရန်လည်း   တောင်းဆိုထားသည်။
Comments (5)Add Comment
0
NLD means ....Non Leader for Democracy?
written by firewood, November 13, 2009
NlD က လည်း အန်တီစု မလုပ်နိုင်တည်းက ဘာမှ ဖြစ်မလာတော့တာ..ကိုယ်တိုင်ကလည်း ဘာမှ မလုပ်နိုင်တော့တဲ့ CEC တွေ က လူငယ်တွေ လုပ်တော့လည်း ကန့်လန့် ကန့်လန့် လုပ်နေကြတော့ ခုဆို နွားကွဲ လို့ ကျားဆွဲ တာ မဟုတ်တော့ဘူး..ကျားကွဲ လို့ ခွေးဆွဲ တာ ခံနေရပြီ၊ စစ်အစိုးရ ကတော့ သူ လျှောက်မယ့် လမ်းကို သူရအောင် လျှောက် နေခဲ့တာ ခုဆို... ကမ္ဘာကျော် လေလုံးထွား အမေရိကားလည်း ခြေကား လက်ကားလေးနဲ့ စစ်အစိုးရရဲ့  လမ်းထဲ ကို လျှောက်ရရပါပြီ၊ ဘာမှ မထူးေ တာ့တဲ့ အခြေအ နေမှာတော့ NLD လည်း လိုက်ရတော့မှာပါပဲ၊၊ အန်တီစု တစ်ယောက်တ ည်းလည်း ဘယ်လောက် လုပ်နိုင်အုံးမှာလဲ.... .ခုဆို တိုင်းပြည်မှာလည်း ရှိသမျှ သယံဇာတ ဆိုလို့ "တီကောင်" တူးပြီး ရောင်းဖို့တောင် တူးဖော်စရာ နေရာ မရှိတော့ပါဘူး၊၊
နောက်ဆုံးတော့ြ ပည်သူတွေ ငတ်.. .တိုင်းပြည်ပျက် ...ဒါနောက်ဆုံး ရလဒ် ဖြစ်ရတော့မှာမို့ နိုင်ငံရေး လုပ်စားသူတွေ နဲ့ နိုင်ငံရေး လူတ်ရှားသူတွေ ညီညွတ်ဖို့ အချိန်တန်ပါပြီ..
0
အဲဒီထုတ်ပြန်ချက်ကိ နိုဝင်ဘာ ၁၇ ရက်နေ့မှာ သတင်း ထုတ်ပြန်မှာပါ၊
written by Shwe Pyi Thar , November 12, 2009
We are excited...hoping to have productive results for the country.....
0
..ဒီလိုဗျ ဦးဂျီးကျော်...
written by Burmese, November 12, 2009
အမှန်အတိုင်းပြောမယ်နော်၊ NLD မှာ အန်တီစုမရှိရင် အရုပ်ကြိုးပြတ်ပဲမှတ်တယ်၊ ဟုတ်လား။ ဒါဟာ အန်တီစုကိုလေးစားတာလဲ ပါမယ်။ ဒါမှမဟုတ် အန်တီစုကပဲဦးဆောင်လာတော့ နောက်ကလူတွေ အန်တီစုမရှိရင် ဝေလေလေ ဖြစ်နေတာလဲပါမယ်၊ စစ်အစိုးရက မဟားတရား ဖိနှိပ်နေတာလဲပါမယ်။ အဲဒီလို ထင်ရတာပဲ။
0
NLD ဘာလဲ ဘယ်လဲ ..?
written by Oo Gyi Kyaw, November 12, 2009
NLD တစ်ခုခု လုပ်ဖို့ တော့အချိန်တန်နေပါပြီ၊ အနှစ် ၂၀ ကျော်အတွင်း အာဏာရူးတွေရဲ့ သေနတ် ပြောင်းဝရှေ့ မှာ မကြောက်မရွံ့ မားမားရပ် ရင်းနိုင်ငံအကျိုး ဆောင် ရွက်နေတာတွေကိုချီးကျုး ဂုဏ်ပြုလျှက်ပါ။ နအဖ ရဲ့ စစ်အာဏာ ကို အသက်သွင်း မဲ့ ရွေး ကောက်ပွဲ ကလဲ ရက်အတိအကျမသိပေမဲ့ မဝေးသော အချိန် မှာ ရောက် လာပါတော့ မယ်၊

ဒီလို မဝေးတော့ တဲ့ အချိန်မှာ ကိုအိုဘားမား ဦးဆောင်တဲ့ အမေရိကန်အစိုးရ ရဲ့ Talking တွေထဲ မြောနေလို့ မရ တော့ပါ။ အမေရိကန် ကတော့ ကျားဖမ်းမယ် ဆင်ဖမ်းမယ်နဲ့ နောက်ဆုံး တော့ ကြွက်စုတ်တောင် ဖမ်းနိုင်မယ် မထင်ပါ။ လောလော လတ်လတ် Singapore မှာ ကျင်းပနေတဲ့ အေးပက် (APEC) အစည်းအဝေးမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ပြောသွား တဲ့ စကားကို နားထောင် ကြည့်ပါ.. သူက.

“မြန်မာနိုင်ငံတွင်း နိုင်ငံရေး အခြေအနေ၊ ရွေးကောက်ပွဲ လွတ်လပ် တရားမျှတပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ကို အမေရိကန် ပြည်ထောင်စုက တိုက်တွန်းနေပေမဲ့လည်း ဒီကိစ္စက မြန်မာပြည် အတွင်းကသာ ဖြေရှင်း ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တယ်။” တဲ့..။ ကဲ... နောက်ဆုံးတော့ နအဖ ရဲ့ပထွေး ကိုတရုတ် နဲ့ အပေါင်းအပါ တို့ ရဲ့လေသံလိုက်သွား ပါရော လား။ မြန်မာပြည် အရေးဟာ ပြည်တွင်းရေးပါ လို့ ဒဲ့ ဒိုး ပြော လိုက် ပါတော့။ အဲဒီ စကား ကို အခြေခံ ပြီး NLD က ဦးခင်မောင်ဆွေ ပြောသွား တဲ့စကားကို လဲ ဖတ်ကြည့် ပါအုံး..

“ အမေရိကန် အစိုးရ အနေနဲ့ ဒီမှာလာပြီးတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်အောင်သာလျှင် သူတို့က အားပေးထောက်ခံတာ ဖြစ်ပြီး အဲဒီလို ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်လာမယ်ဆိုရင် နိုင်ငံတွင်းမှာရှိတဲ့ ဒီမိုကရေစီ အင်အားစုတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်နိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်မှုတွေကို ကိုယ့်ဘာသာ ဆွေးနွေးပြီးတော့ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအ၀င် အားလုံးသော နိုင်ငံရေး ပြဿနာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြဖို့ ဖြစ်တယ်ဆိုတဲ့ သဘောထား ရှိတယ်ဆိုတာ ကျနော်တို့ သိရပါတယ်” တဲ့...

ကဲ.....သိတယ် ဆိုင်ရင်လဲ အချိန် မနှောင်သေးပါဘူး NLD...

0
မှန်ကန်သောဆုံဖြတ်ခ က်များ ချနိုင်တော့မယ်
written by sithusoe, November 11, 2009
နှစ်ပေါင်း(၂၀) အတွေ့အကြုံများကို ပေါင်းစပ်ပြီး မှန်ကန်တိကျသော လမ်းစဉ် ဆုံးဖြတ်ချက်များ အန်တီစုချနိုင်တော့မယ်၊
ရဲရဲသာ ဆုံဖြတ်ချက်ချလုပ်ပါအန်တီစု ကျွန်တော်တိုအမြဲဝိုင်းရံလျှက်ပါ၊
လူထုခေါင်းဆောင်ပီပီ ပြင်ပြင်လုပ်လိုက်ပါ အန်တီ၊လမ်းစဉ် မှန်ဖို့အတွက် ခေါင်းဆောင်မှန်ဖို့အတွက် ဘယ်သူမျက်နှာမှ
ထောက်စရာ မလိုပါဘူး ၊ဒီမိုကရေစီ လိုချင်သူနဲ့ ဒီမိုကရေစီရမှာ ကြောက်သူတွေကို သဲသဲကွဲကွဲတွေ့ရတော့မှာပါ၊

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Thursday, 12 November 2009 00:32 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၇၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၀ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်