ခရီးသည်တင် သင်္ဘော ပစ်ခတ်ခံရ၊ ၃ ဦး သေဆုံး

E-mail Print
ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ရွှေဂွန်းကျေးရွာသို့ ပြေးဆွဲနေသည့် ခရီးသည်တင် သင်္ဘောတစင်းကို ကရင် အမျိုးသား အစည်းအရုံး(KNU)က ပစ်ခတ်မှုကြောင့် လူ ၃ ဦးသေဆုံးခဲ့သည် ဟု ယနေ့ထုတ် စစ်အစိုးရ မြန်မာ့အ လင်း သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ သင်္ဘောသည် ယမန်နေ့နံနက်ပိုင်းက ရွှေဂွန်းကျေးရွာမှ ဘားအံမြို့သို့ စတင်ထွက်ခွာလာရာ တကောင် ဘိုး ရွာ အနီး၌ သင်္ဘောပေါ်တွင် ပါလာသည့် စစ်အစိုးရ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် KNU တပ်ဖွဲ့ဝင်များကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပြီး ယင်းခရီးသည် ၃ ဦး သေဆုံးခဲ့ရ ခြင်းဖြစ်သည်။

မြန်မာ့အလင်း သတင်းစာ၌ ရွှေဂွန်း ရွာမှ စတင်ထွက်ခွာလာသော ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ စောဥမ္မာ ခရီးသည်တင်သင်္ဘောသည် တကောင်ဘိုး ရွာမှ ဆက်လက်ထွက်ခွာလာစဉ် KNU အကြမ်းဖက်သောင်းကျန်းသူ ၂၀ ခန့်က ကမ်းစပ်မှ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် သင်္ဘောပေါ်မှ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ရေးသားထားသည်။

ပစ်ခတ်မှုကြောင့် လူ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိသွားဟု ဆိုသည်။ ၎င်း ဒဏ်ရာရရှိသူများကို ဘားအံ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

KNU ဒုတိယ ဥက္ကဌ ဒေးဗစ် သာကပေါကမူ ယင်း သင်္ဘောအား ပစ်ခတ်မှု နှင့် ပတ်သက်ပြီး မည်သူ ပစ်သည်ကို  မသိရသေးကြောင်း ဧရာဝတီသို့ ပြောသည်။

“အဲဒါ KNU လက်ချက် ဟုတ်မဟုတ် မသေချာဘူး၊ အဲဒီလိုင်းကတော့ နအဖက ဘားအံဘက်ကို ထိုးစစ်ဆင်မယ် ဆိုတဲ့အခါကျတော့ အဲဒီလိုင်းမှာ ရှုပ်ရှုပ်ထွေးထွေးလေးတွေရှိတယ်”ဟု ၎င်းက ဆိုသည်။

အခင်းဖြစ်ပွားရာ လမ်းကြောင်း တလျှောက်တွင် KNU ပြောက်ကျားတပ်ဖွဲ့ဝင်များ လှုပ်ရှားနေသကဲ့သို့ နအဖ နှင့် ပူးပေါင်း၍ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့(DKBA) တို့ကလည်း လှုပ်ရှားနေကြောင်း သိရ သည်။

နအဖ စစ်အစိုးရသည် မြန်မာပြည်အတွင်း၌ ဗုံးပေါက်ကွဲမှု နှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် အခါတိုင်း နယ်စပ် အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲလေ့ရှိသကဲ့သို့ ယင်းအဖွဲ့အစည်းများ ကလည်း ငြင်းဆိုလေ့ရှိကြသည်။
Comments (7)Add Comment
0
...
written by ဇွဲကပင်သား, November 29, 2009
ဘယ်သူပဲ လုပ်လုပ် အပြစ်မဲ့တဲ့ ပြည်သူတွေကို သေကျေ ပျက်စီးစေတဲ့ အတွက် မလုပ်သင့်တာတော့ အသေအချာပဲ။ ကျနော့်ဇာတိမြေ ဖြစ်တဲ့အတွက် ဒီလိုမျိုး ဖြစ်ရပ်တွေကို ငယ်စဉ်ကတည်းက နားနဲ့ မဆန့် အောင်ကြားခဲ့ရသလို၊ သေဆုံးတဲ့အထဲမှာ ပါသွားတဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေလည်း အများကြီးပါပဲ။ ရန်သူကို တိုက်ချင်ရင် (ဘယ်ဘက်ကပဲဖြစ်ဖြစ်) ဒီထက်ကောင်းပြီး ဂုဏ်ရှိတဲ့ နည်းဗျူဟာတွေကို သုံးပြီး တိုက်ကြပါလို့ ပဲ ပြောချင်ပါတယ်။
0
တခုခုဖြစ်ရင် KNU ဘဲလုပ်နေကြ
written by မောင်ပျင်း , November 12, 2009
KNU လို့စွတ်စွဲရအောင် ဘာသက်သေ အထောက်အထား ရှိလို့လဲ။ နအဖ က ပြသနာတစ်ခု တက်တိုင်း လက်နက်ကိုင်တွေ ကို စွတ်စွဲနေတာ ရိုးနေပြီ
0
စွပ်စွဲခံရသူ
written by မြန်မာပြည်သူ, November 12, 2009
အမှု့မှန် မဖေါ်ထုတ်နိုင်တိုင်း အလျှင်စလို စွပ်စွဲခံရသူမှာ KNU သာဖြစ်ပါသည်။ တစ်ကယ်တော့ ဘယ်သူတွေ လူသတ်တယ် ဘယ်သူတွေ ကိုယ်ကိုးကွယ်တဲ့ ဘုန်းကြီးတွေကို သတ် တယ် ဆိုတာ မြန်မာပြည် တွင်း သာမက ပြည်ပကတောင် အော် ယူရတဲ့အဖြစ်ပါ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလှပါတယ်။
0
who is the killer?
written by fun, November 12, 2009
we don't know who is the killer.
it can be accident.
the killer is dkba soldiers. who knows?
yes, the killer is KNU. who knows?
SPDC is also notorious. spdc guys can be the killers.

june's comment is not appropriate.
who is june?
spdc diplomat?
they are buys with keeping an eye on the media.
they are happy to give comment without giving their real name.
what a shame!
0
true and honest
written by Aung Aung, November 11, 2009
The "regime" is clever and have many strategies and watching the media to contron in Burma. It is really dangerous for the midia group. All "true and honest" media group in myanmar should look after themself to avoid the military role play as well.
0
ရှုးနေလား
written by soilder, November 11, 2009
ဒီလိုဖြစ်တာတောင် ကရင်သူပုန်မဟုတ်ဘူးလို့ ရေးချင်သေးတယ်။
0
စွပ်စွဲလေ့ရှိ
written by june, November 11, 2009
KNU တွေ အစ ကတည်းက လူသတ် ဓမြ တိုက်တဲ့ အလုပ်တွေ ဘဲ လုပ် တယ် KNU ဒုတိယ ဥက္ကဌ ဒေးဗစ် သာကပေါကမူ က ၀န်မခံ ချင် သေးဘူး .....

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၁၊ ၂၀၁၀
၁ ဒေါ်လာ = ၉၈၀ ကျပ်
၁ ဘတ် = ၂၉.၈၀ ကျပ်