ကမ္မ၀ါစာ ကိုင်ဆောင်မှုနှင့် နော်အုန်းလှအဖွဲ့ကို တရားစွဲ

E-mail Print
စစ်အစိုးရက ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အင်္ဂါနေ့တိုင်း ၀တ်ပြုဆုတောင်းသည့် ဒေါ်နော်အုန်းလှ နှင့် အမျိုးသမီး ၃ ဦးကို ကမ္မ၀ါစာ လက်ဝယ်တွေ့ရှိမှုဖြင့် တနင်္လာနေ့တွင် အာဏာပိုင် များက အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ တရားစွဲဆိုလိုက်ကြောင်း သိရသည်။  

အဆိုပါ ဒေါ်နော်အုန်းလှတို့ ၄ ဦးကို ရဲ အထူးသတင်းတပ်ဖွဲ့က ကမ္မ၀ါစာ လက်ဝယ်တွေ့ရှိသည့်အတွက် နိုင်ငံတော်အား တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် ပုဒ်မ ၅၀၅(ခ)ဖြင့် တရားရုံးကို ဦးတိုက်လျှောက် ထား၍ တရားစွဲဆိုခြင်းဖြစ်သည်ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

“အက်စ်ဘီက၊ သူတို့ကိုဖမ်းတုန်းက ကမ္မ၀ါစာ စာရွက်အပိုင်းလေး တွေ့တယ်၊ နော်အုန်းလှ တယောက် တည်းမှာတွေ့တာ၊ ကျန်တဲ့ သူတွေမှာ လုံးဝ မတွေ့ဘူး၊ အဲဒါ ကျန်တဲ့ ၃ ယောက်ပါ အားလုံး ဖမ်းသွား တယ်၊ အခုကျမှ ဦးတိုက်လျှောက်ပြီး တရားစွဲတာ၊ တရားရုံးက တရားသူကြီး ဦးအောင်သိန်းထိုင်တဲ့ အရှေ့ ပိုင်းခရိုင်ရုံး”ဟု ၎င်းက ပြောပြသည်။

ယခု တရားစွဲဆိုခံရသည့် ဒေါ်နော်အုန်းလှနှင့် မစန်းစန်းမြင့်၊ မချိုချိုနှင့် မချိုဝေလွင်တို့ ၄ ဦးသည် ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့က တောင်ဒဂုန်မြို့နယ်ရှိ ဘုန်းကြီးကျောင်းတကျောင်းတွင် ဆွမ်းကပ်ပြီးပြန်လာရာ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီး၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်က ဒေါ်နော်အုန်းလှတို့ကို ဖမ်းဆီး ခြင်းနှင့် ပတ်သက်ပြီး အာဏာပိုင်တို့က တစုံတရာ ထုတ်ဖော် ပြောဆိုခြင်းမရှိခဲ့ပေ။  

ဒေါ်နော်အုန်းလှသည် တက်ကြွသည့် နိုင်ငံရေးသမားတဦး ဖြစ်ပြီး မကြာခဏ ထိန်းသိမ်းခံရသူတဦး ဖြစ် သည်။

ဒေါ်နော်အုန်းလှတို့၏ အမှုလိုက်ရှေ့နေ ဦးကျော်ဟိုးက ဆက်လက်ပြီး“ကျနော်တို့ သဘောပေါက်တာက ဒီ ကမ္မ၀ါစာ ဆိုတာက ဘုရားတရားစာပဲ၊ ဒါလေးကိုင်ဆောင်ထားရုံနဲ့ ဒီလိုဖမ်းစရာ အကြောင်းတော့မရှိဘူး”ဟု ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင်များဖြစ်သော ဒေါ်နော်အုန်းလှတို့ ၄ ဦးသည် ယခုစွဲဆိုထား သော ပုဒ်မ ၅၀၅(ခ)အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ်အထိ ကျခံရနိုင်သည်ဟုလည်း ဆိုသည်။

ရန်ကုန်မြို့ရှိ ဓမ္မာစရိယ စာချ သံဃာတော်တပါးကလည်း ယခုကဲ့သို့ ကမ္မ၀ါစာ လက်ဝယ်တွေ့ရှိရုံဖြင့် ဖမ်းဆီးအရေးအယူခြင်းသည် ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း ပြောဆိုသည်။

“ဒီလိုကြားရတာ ဦပဉ္ဇင်းတို့ စိတ်မကောင်းဘူး၊ ကမ္မ၀ါစာ ကိုင်ရုံနဲ့ ဖမ်းတယ်ဆိုတာကတော့ ဘာသာရေး ရှုထောင့်က ကြည့်ရင် တကယ့်ကို အစွန်းရောက်သွားပြီ၊ ဘာသာရေး လွတ်လပ်ခွင့်မရှိတာဘဲ၊ ဘာသာရေး လွတ်လပ်ခွင့်အချိုးဖောက်ခံရတာ၊ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ဘုရားပုံတို့၊ ဘုရားစာတို့၊ ဂါထာတို့ ဆောင် တတ်ကြပါတယ်၊ အခုဟာက မလိုလားလို့ တမင်လုပ်တဲ့ သဘောပဲ၊ ဒီလို လုပ်တာ အစိုးရအနေနဲ့လည်း ကမ္ဘာ့အလယ်မှာ သိက္ခာကျပါတယ်”ဟု အထက်ပါ သံဃာတော်က ဆိုသည်။

လက်ရှိအခြေအနေအရ ဒေါ်နော်အုန်းလှတို့ ၄ ဦးစလုံးကို အာဏာပိုင်များက အင်းစိန်ထောင်တွင် ဆက် လက် ထားရှိပြီး လာမည့် တနင်္လာနေ့သို့ ရုံးချိန်း ပြန်ချိန်းထားကြောင်း သိရသည်။
ထိုင်း နိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စစ်အစိုးရ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၆၈ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။
Comments (11)Add Comment
0
...
written by yetwayni, November 12, 2009
နောင်ဆိုရင် အမြင် မကြည်တဲ့ သူကို နိုင်ငံတော် လေရှူမှုနဲ့ ဖမ်းဆီးတာများ လုပ်ကြ ဦးမလား မသိပါဘူးဗျာ။ တကယ့် မင်းမဲ့စရိုက် တိုင်းပြည် ဖြစ်နေပါပြီ။
0
ဘုရားကိုတောင်တရားစဲနိုင်တယ်..
written by than, November 12, 2009
ဘုရားစာက တော်တော်စွမ်းတာဘဲနော်... နိုင်ငံတော်တည်ငြိမ်းအေးချမ်းကို တောင် ထိခိုက်နိုင်တယ်နော်.. ဘုရားကိုတောင်အသက်ရှိရင် တရားစွဲနိုင်တယ်.. ဘာမှတ်လဲ..
0
ပျက်လုံးကောင်းတစ်ခ ဘဲ
written by sithusoe, November 11, 2009
ကမ္ဘာတည်သရွေ့ မရိုးနိုင်တဲ့ ပျက်လုံးကောင်းတစ်ခုကို ရရှိသွားတာပါဘဲ၊ ဗုဒ္ဓဘာသာတိုင်းပြည်မှာ
ကမ္မာဝါတွေ့လို့ အရေးယူရတယ်တဲ့လားကွယ်၊ တခြားနည်းလမ်းများကို အသုံးချသင့်ပါသည်၊ တရားရေး အကြံပေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ တစ်ခုလုံးရဲ့ သိက္ခာပါ သေခြာစဉ်စားပြီး ပြင်ဆင်သင့်က ပြင်ကြပါခင်ဗျာ၊
အဲ့ဒီလိုမဟုတ်ရင်လည်း တရားဝင်သတင်း ထုတ်ပေးကြပါ၊ အခုလိုတော့ အရမ်းရုပ်ဆိုးလွန်းလို့ပါနော်။
0
ှုဗိုလ်ချုပ်ကြီးသန် ရွှေနှင့် စစ်ဗိုလ်ချုပ်များ ငရဲမကျနိုင်ပါ
written by yarzar, November 11, 2009
ကြားရတဲ့သတင်းက အံဖွယ်ဘနန်း၊ ရင်သပ်ရှုမော ပါတကား၊ သြော် သူတို့တော့ ငရဲကြီးတော့မယ်လို့လဲ ပြောမရပြန်ဘူး။ သန်းရွှေကြီးနဲ့ သူ့တပည့်သားမြေးတွေ သေရင် ငရဲပြည်က ငရဲမင်းကလည်း လက်ခံမှာ မဟုတ်ဘူး။ ငရဲပြည်မှာ အာဏာဆက်သိမ်းမှာကြောက်လို့။ တစ်ခါသိမ်းလိုက်ရင်လည်း အကြာကြီးကိုး။ ငရဲမင်းလည်း ကြောက်ရှာမှာပေါ့။ တော်ကြာ ငရဲပြည်မှာအာဏာသိမ်းပြီး ကြံဖွတ်တို့ စွမ်းအားရှင်တို့ဖွဲ့လိုက်ရင် ..... ဘုရား ဘုရား
0
kammawasar
written by george, November 11, 2009
well, do not understand, she was arrested because of carrying myanmar and budhist religious paper. Mean Myanmar gnainan myanma pyi is out of budhism.
0
ကမ္မ၀ါစာ ကို မကောင်းဆိုးဝါးကောင တွေက ကြောက်တယ်
written by knm, November 11, 2009
ကမ္မ၀ါစာ ကို မကောင်းဆိုးဝါးကောင်တွေက ကြောက်တယ် အရေးယူတယ်ဆိုတာ လူ့ဘီးလူးတွေ နာနာဘာဝတွေ ဖြစ်လိုနေမှာပါ။
0
ကမ္မ၀ါစာ ကိုင်ဆောင်မှုနှင့် နော်အုန်းလှအဖွဲ့ကိ တရားစွဲ
written by eaktun, November 11, 2009
သြော်ဗုဒ္စ---- သြော်သန်းေ၇ွှ-- သြော်နအဖ---ေ၇ှ. ဆက်မြန်မာပြည်ဘာသာေ၇း ၇င်လေးစ၇ာ
0
မသေခင် မကောင်းဆိုးဝါးဘဝ ရောက်နေကြတဲ့ သူတွေပါလား
written byီဒီမွန်း, November 11, 2009
ဗုဒ္ဓဘာသာဝင်အများစုဟာ ဘုရား၊တရား၊သံဃာဆိုတဲ့ ရတနာသုံးပါးသည် ကိုးကွယ်ဆည်းကပ်ရာလည်းဖြစ်၊ အန္တရာယ်ကင်း၊ဘေးရှင်းသည်လို့ ယုံကြည်ထားသည်လည်း ဖြစ်နေတဲ့အရာကို ရတနာသုံးပါး အသံကြား၊ ကမ္မဝါစာအသံကြားရုံနဲ့ ကြောက်နေပုံထောက်တော့ မသေခင်မကောင်းဆိုးဝါးဘဝ ရောက်နေကြတယ်။ ဘီလူးသရဲဖြစ်နေကြတယ်ဆိုတာ သေရှာနေပြီလေ။ ဒီထက်မကဆိုးဝါးတာက တိုးတက်တဲ့ဒီနေ့လိုခေတ်ကြီးမှာ ဘာမထီလုပ်နေတာကတော့ တော်တော်ကို အော့နှလုံးနာစရာ ကောင်းလှတယ်။ အေးလေ........ ဘုရားဟောရှိသားပဲ။ သတ္တဝါတစ်ဦးဟာ ပျက်စီးချိန် တန်ပြီဆိုရင် အမှားကိုအမှန်လို့ထင်၊ ငရဲမီးကို ရွှေပန်းထင်လာတတ်တယ်လို့လေ။ အခုလည်း အဲလိုမျိုး အစိုးရပ်တစ်ရပ်နဲ့ မထိုက်တန်တဲ့လုပ်ရပ်မျိုးတွေ များများလုပ်လာလေ။ အဲဒီအစိုးရဟာ ပျက်သုဉ်းချိန်ပိုပိုနီးလာလေဘဲ ဆိုတာ သိထားကြလေ။
0
ထောင် အကြီးစား ကြီးလိုပါလား ဗမာပြည်ရေ
written by ခံစားဘူးသူ, November 11, 2009
အင်း... အရင်ကတော့ အင်းစိန်ထောင်မှာ အာဏါပိုင်က မလိုလို့ ဆရာတော်တွေဆွမ်းကပ်ရင် ဘုရားကို ခွင့်ပြုချက်မရတဲ့ အချိန်မှာရှိခိုးရင် ရိုတ်နှက်ပြီးတိုက်ပိတ်တယ်
အခုတော့ အပြင်မှာပါ ဖြစ်လာပြီဆိုတော့ ဗမာပြည်ကြီးက ထောင်အကြီးစားဖြစ်ကြောင်း သက်သေပြနေတာဘဲလေ ...
0
အာဏာ ပါးကွက် သားများ
written by Ko Ko, November 11, 2009
ဘုရား တရား သိတဲ့ အကောင်တွေမှ မဟုတ်ကြတာ။ ဓမ္မနဲ့ အဓမ္မဆိုတော့ သူတို့ ဘက်က “အ”တစ်လုံး ပိုသာနေ တာကိုး။ အနိုင်ယူ ချင်တိုင်း ယူနေမှာပဲ။ အမှားကို အမှန် လုပ်လိုလုပ်၊ အမှန်ကို အမှား လုပ်လိုလုပ်နဲ့ ချိုးကပ်ဦးမယ် ပြောလဲ နာမယ့် အကောင်တွေ မဟုတ်လောက်ပါဘူး။

တစ်ဖက်က ကမ္မ၀ါစာ လက်ဝယ် ကိုင်ဆောင် ထားရှိမှု၊ နောက် တစ်ဖက်က အာဏာ လက်ဝယ် ထားရှိမှုဆိုတော့ စဉ်းစား ကြည့်ကြလေ။ လက်မရွံ အာဏာ ပါးကွက် သားများ ကတော့ အခွင့်ရတိုင်း လုပ်နေမှာပဲ။
0
အင်မတန်ကောင်းတဲ့ ပျက်လုံးပဲ
written by ချယ်ရီသား, November 11, 2009
ကမ္မ၀ါစာ လက်ဝယ် တွေ့ရှိမှုနဲ့ နိုင်ငံတော်တည်ငြိမ်းအေးချမ်းကို နှောက်ယှက်ဖျက်ဆီးလိုမှုနဲ့ တရားစွဲတယ်တဲ့ဗျ.... အကြောင်းပြချက်ကတော့ အတော်ကောင်းတဲ့ ပျက်လုံး တခုလိုပါပဲ..
နောက် လမ်းလျှောက်လို့ ခလုတ်တိုက်မိပြီး ဘုရားရေလို့ သွားမယောင်မိဖို့ သတိထားရတော့မယ်နဲ့ တူတယ်။ တော်ကြာ ဘုရားတလို့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို နှောက်ယှက်ဖျက်ဆီးလိုမှုနဲ့ တရားစွဲခံနေရအုံးမယ်....

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်