ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်ရန် ခွင့်ပြုမိန့်ကျ

E-mail Print
ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ပြင်ဆင်ရန် ခွင့်ပြုမိန့်ကျပြီ ဖြစ်သဖြင့် ပြင်ဆင်ရေး အစီအစဉ်များကို လုပ်ဆောင်ရန် ညှိနှိုင်းကြောင်း ယနေ့ သွားရောက် တွေ့ဆုံသည့်  ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်း က ပြောသည်။

ယနေ့ နံနက် ၁၀နာရီမှ ၁၁နာရီ အထိ ၁ နာရီကျော် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်ဖို့ ခွင့်ပြုမိန့် ကျပြီလေ၊ အဲဒါနဲ့ ပြင်ဖို့ အစီအစဉ် လုပ်နိုင်ဖို့ သွားညှိတယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လုပ်ငန်းတွေကိုလည်း ညှိနှိုင်းတယ်” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောဆိုသည်။

စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည် အင်းစိန် ထောင်တွင်း၌ အမှု ရင်ဆိုင် နေရစဉ်ကပင် နေအိမ်ကို လုံခြုံရေးအတွက် ပြန်လည် ပြုပြင်ရန် ပြောဆိုသဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ခဲ့ကြောင်း၊ အပေါ်ထပ်တွင် ရှိသော ၀ရန်တာ နှစ်ခုကို အဓိက ထားပြီး ပြုပြင်မည် ဖြစ်ကြောင်း၊ အိမ်ပြင်ရန် အတွက် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြောင်း ကြားခဲ့ကြောင်း သိရသည်။

မေလအတွင်း ၎င်း၏ နေအိမ်သို့ အမေရိကန် တဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ရာ အာဏာပိုင်တို့က ဒေါ်အောင်ဆန်း စုကြည်အား နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင် တရားစွဲ ခံခဲ့ရသောကြောင့် နေအိမ် လုံခြုံရေးအတွက် ပြုပြင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် တနလာင်္နေ့က ဒေါ်အောင်ဆန်းစုကြည့်နှင့် ရှေ့နေ ၄ဦးတို့ တွေ့ဆုံရာ အမေရိကန်ပြည်ထောင်စု၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) နှင့် တွေ့ဆုံခွင့်ရသည့် အပေါ်ကျေနပ်မှုရှိပြီး တွေ့ဆုံခွင့်ရရှိရန် ဆောင်ရွက်ပေးသူများအားလုံးကို ကျေးဇူးတင်ကြောင်း ရှေ့နေဖြစ်သူများမှ တဆင့် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယင်းသို့ တွေ့ဆုံစဉ် ဦးဉာဏ်ဝင်းကို ဒေါ်အောင်ဆန်းစုကြည်က အထူး တာဝန်တခုပေးခဲ့ကြောင်း၊ ယင်းကိစ္စကို ဆောင်ရွက်နေဆဲဖြစ်သည့် အတွက် အသေးစိတ်ပြောကြားလိုခြင်းမရှိကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချ ပြီးနောက်ပိုင်း ရှေ့နေဖြစ်သူများနှင့် ၇ကြိမ်ထက်မနည်း တွေ့ဆုံခဲ့သည်။
Comments (2)Add Comment
0
...
written by အောင်မင်း, November 12, 2009
စည်ပင်ဆိုတဲ့ အဖွဲ့ကလည်း အိမ်ရှေ့မှာ သဲလေး တစ်စုလောက်တောင် တွေ့လို့ မရဘူး။ သဲ (နို့ဆီခွက်တစ်ခွက်)လောက် တွေ့တာနဲ့ သန့်ရှင်းရေး လုပ်ပေးမယ် မထင်နဲ့ ရပ်ရွာ စည်ပင်ရေးအတွက် ဆိုပြီး ပိုက်ဆံ လာတောင်းတာဗျား။
0
အိမ်ပြင်တာ နိုင်ငံရေးလား
written by ရော်ဆမ်း, November 11, 2009
ဒေါ်အောင်ဆန်းစုကြည်က သူ့ပိုက်ဆံနဲ့ သူ့အိမ်သူ ပြင်တာကိုများ ခွင့်ပြုချက်ကို ချက်ခြင်း မပေးနိုင်ဘူး ဆိုတော့ ဘယ်လို နားလည်ရမှန်းတောင် မသိတော့ပါလား တပ်ချုပ်ကြီးရယ်။ ခွင့်ပြုချက် မပေးချင်ရအောင် တပ်ချုပ်ကြီးက အိမ်ဆိုတဲ့ သဘော သဘာဝကို နားမလည်တာလား ဒါမှမဟုတ် ကိုယ်တိုင် အိမ်နဲ့ မနေပဲ တင်းကုပ်နဲ့ပဲ နေနေ လို့လား။ စဉ်းစားကြည့်တာပါ။ အိမ်ပြင်တာ နိုင်ငံရေးလားဗျာ။ ပြည်သူတွေရဲ့ ပိုက်ဆံတွေကို အကန့် အသတ် မရှိ သုံးပြီး ကြပ်ပြေးကိုဆောက်၊ ဂူတွေတူး၊ လက်နက်တွေ ၀ယ်တာကျတော့ ဘယ်သူ့ ခွင့်ပြုချက်မှ မလိုဘူးလား။

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Wednesday, 11 November 2009 13:13 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်