ဗိုလ်ချုပ်မှူးကြီးမြေး ကားအလှဆင်တာ ဝါသနာပါသလား

E-mail Print
ပြိုင်ကားပုံစံ အလှဆင်ထားသော ကားများပေါ်၌ မလုံ့တလုံ အ၀တ်အစားများ ၀တ်ဆင်ထားသည့် မြန်မာ မိန်းကလေးများက နိုင်ငံတကာမှ ကားပြပွဲများနည်းတူ အလှပြခဲ့သည့် ပြိုင်ကား အလှဆင်ပွဲတွင် ကားအလှဆင် ၀ါသနာပါသူတဦးအဖြစ် သတ်မှတ်ခြင်းခံရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး ဖြစ်သူ နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

“ဖိုးလပြည့်က ကားအလှဆင်တာ စိတ်ဝင်စားတယ်၊ ဒါကြောင့်လည်း ဒီပွဲကိုလာတာ” ဟု အဆိုပါပွဲအား သွားရောက် လေ့လာသူ တဦးကဆိုသည်။

အဆိုပါ ကားပြပွဲ မကျင်းပမီရက်အနည်းငယ်က နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်သည် အောက်တိုဘာ ၂၇ ရက်နေ့ နံနက်တွင် ရန်ကုန်လေဆိပ်အနီးရှိ ရမဒါ ဟိုတယ်အနီး ဓားထိုးခံရပြီး တပ်မတော် စစ်ဆေးရုံအမှတ် (၂) တွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း၊ နေပြည်တော်တွင် သေနတ် ဖြင့်လုပ်ကြံခံရကြောင်း စသဖြင့် ကောလာဟလ သတင်းများ အင်တာနက် စာမျက်နှာများပေါ်တွင် ထွက်ပေါ်ခဲ့သည်။

သို့သော် အောက်တိုဘာ ၃၁ ရက်နေ့တွင် ရန်ကုန်၊ အင်းလျားလိတ်ဟိုတယ် ကားပါကင်၌ ကျင်းပခဲ့သည့် ပြိုင်ကား အလှပြပွဲသို့ ၎င်းကိုယ်တိုင် တက်ရောက်ခဲ့သဖြင့် အဆိုပါကောလာဟလများကို ငြိမ်သက်သွားစေတော့သည်။

နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်မှာ ဖော်ပြပါ သတင်းများသာမက ယခုနှစ်အတွင်းတွင် နာမည်ကြီး မော်ဒယ် ၀တ်မှုန်ရွှေရည်၏ မွေးနေ့ပွဲ၌ စိန်လက်စွပ်နှင့်ကားတစင်း မွေးနေ့လက်ဆောင်အဖြစ်ပေးသည်ဟူသော သတင်းဖြင့် ရေပန်းစားခဲ့သူဖြစ်သည်။

နေရွှေသွေးအောင် သွားရောက် အားပေးခဲ့သည့် ပြိုင်ကားပြပွဲကို Nivea အလှကုန်မှ အဓိက ပံ့ပိုးပေးထားခြင်းဖြစ်ပြီး Nivea အလှကုန် ကုမ္ပဏီမှ အရောင်းမြှင့်တင်ရေး အလှမယ်များနှင့် မော်ဒယ်များက အလှပြခဲ့ခြင်းဖြစ်သည်။

အဆိုပါပြပွဲကို First Ever Sportcompact Automotive Event ဟူ၍ အမည်ပေးထားပြီး မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပသည့် ကားအလှဆင်ပြပွဲလည်းဖြစ်ကာ ကား ၂၃ စီး ပါဝင်ပြသခဲ့သည်။

၎င်းပွဲတွင်ပြသထားသည့်ကားများမှာ နိုင်ငံခြားမှ တိုက်ရိုက်တင်သွင်းသည့် ကားများမဟုတ်ဘဲ မြန်မာနိုင်ငံတွင် ရှိပြီးသားဖြစ်သည့် MR 2၊ Supra၊ Sky line၊ RX 2၊ Mark 2 စသည့် ကားအမျိုးအစားများကို ပြန်လည်အလှဆင် ပြသကြခြင်းဖြစ်သည်။

“တချို့ဆိုရင် ကားအတွင်းပိုင်းတွေ၊ ခုံတွေ ပြင်ထားတာရှိတယ်။ တချို့ကားတွေကျတော့ အပြင်ပိုင်းကို ပြိုင်ကား ပုံစံ လုပ်ထားတယ်။ ပုံမှန်မဟုတ်ဘဲ ထူးထူးခြားခြား ဆင်ထားတဲ့ကားတွေ ပြတာပါ” ဟုအဆိုပါ ပွဲအား စီစဉ်သူတဦး က ဆို သည်။

ယင်းပွဲအား ကိုယ်တိုင် ကားများကို ပါဝင် ပြသထားသူ ကားဝါသနာရှင် ကိုမျိုးအောင်ခိုင်ဆိုသူက အဓိက ဦးဆောင်၍ စီစဉ်ခြင်းဖြစ်ပြီး စစ်အစိုးရ အသိုင်းအဝန်းနှင့် ပတ်သက်ရာ ပတ်သက်ကြောင်းများ၊ ကားဝါသနာရှင်များ လာရောက်လေ့လာ ကြည့်ရှုကြသည်။

မြန်မာနိုင်ငံတွင် အာဏာရှိသော အသိုင်းအ၀န်းမှ သားသမီးများနှင့် ငွေကြေးတတ်နိုင်သော အသိုင်းအ၀န်းမှ သားသမီးအများစုမှာ ကားအကောင်းစားများကို စိတ်ဝင်တစားဖြင့် အပြိုင်အဆိုင်စီးကြသော အလေ့အထရှိသည်။

လွန်ခဲ့သည့် ၂ နှစ် ဝန်းကျင်ခန့်က စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၏ သားများသည် စင်ကာပူနိုင်ငံသို့သွားရောက်ကာ ကားအကောင်းစားများ ထည်လဲစီး၍ စင်ကာပူနိုင်ငံရှိလမ်းများပေါ်တွင် ပျော်မြူးသောင်းကျန်းခဲ့သည့် ဓာတ်ပုံများ အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့ဖူးသည်။

ဦးတေဇ၏ သားများမှာ ကားများကို စိတ်ဝင်စားလေ့ရှိသော်လည်း ယခု ပြုလုပ်ခဲ့သည့် ကားပြပွဲသို့ တက်ရောက် ခြင်းမရှိခဲ့ပေ။
Comments (14)Add Comment
0
i wish!!!!
written by burma88, February 23, 2010
ကောလာဟလ သတင်းများ အမှန် ဖြစ်ပါစေ
0
လုပ်ကြပါဦး
written by ko k, November 12, 2009
ဆိုကရေးတီးဆယ်ပွဲက ဒီတစ်ပွဲနဲ့ပဲအလဲထိုးခံလိုက်ရပြီ smilies/cry.gif
0
...
written by bigcat, November 12, 2009
Shame on those who has narrow minded on the fashion of model girls. With their attitudes I am worried about the future of open society in Burma.
0
dear pretty models
written by sabai, November 11, 2009
need more training
to be a professional
smilies/grin.gif
0
stupid nay shwe thway aung
written by kawaichan, November 11, 2009
He and his relatives, friends are wasting the country's resources and money.
0
ကော့နေတာပဲ
written by ဒုတ်ကြီး, November 11, 2009
ကားစီးရမလား လူစီးရမလားဟင်..... ကော့နေတာပဲ ကား.. ကား
0
he is a little thief!
written by koko, November 11, 2009
အဲကောင်ကို ကားဝေါ့ရှော့ပ်ပို့လိုက်။ ကောင်းကောင်းခိုင်း။
0
...
written by Burmese, November 11, 2009
ဗမာနိုင်ငံမှာ ကောင်းသော တိုးတက်ခြင်းကတော့ ရှာလို့ တောင်မတွေ့ ဘူး၊ မကောင်းတဲ့ဘက် မဟုတ်တဲ့ဘက်မှာတော့ အတုခိုး တိုးတက်တာ မြန်ကြလိုက်တာ။ ခောတ်ကိုကလည်း သူခိုး၊ဂျပိုး၊လူသတ်ကောင် အုပ်ချုပ်တဲ့ခေတ်ပေကိုး။
0
မဟဝှါကို ပြောလိုက်ကြပါဦး။
written by Chotuu Mar, November 11, 2009
တချိန်လုံး သူ့ဗိုက်ကို မပေါ် ပေါ်အောင် အလုံးလိုက် အတစ်လိုက် ပြ ပြနေတဲ့ မဟဝှါကို ပြောလိုက်ကြပါဦး။
တခြား မော်ဒယ်မလေးတွေ ဗိုက်မဖေါ်ပဲနဲ့ လှနေပါတယ်လို့။
ပြီးတော့ ရင်းနှီးသူများ တိုးတိုးတိတ်တိတ် သတိပေးလိုက်ပါ။ အမေရိကန်မလေးတွေ၊ တခြားနိုင်ငံခြားသူတွေ ဗိုက်ဖေါ်တာ သူတို့ဗိုက်ကလေးတွေက ပြားပြား ရှပ်ရှပ်လှလှပပလေးတွေ မို့ပါ။
မဟဝှါ ဗိုက်က ပူပူလုံးလုံးလေး ဖြစ်နေတယ်။ မဖေါ်ခင် ကိုယ့်ဖါသာ မှန်မှကြည့်ခဲ့ရဲ့လား။
မဟုတ်ရင်လည်း အိမ်ကမှန် မကောင်းဘူးထင်တယ်။ ဗိုက် မဖေါ်ရင် သူ့မျက်နှာလှတာ ပိုပေါ်လွင်မှာပါ။

0
I hate him!
written by skmt91, November 11, 2009
I hate him to death. Can somebody please stab him in the back till he's dead? I hope he and his stupid grandfather die and rot in hell!
0
...
written by eaktun, November 10, 2009
ဒီပုံတွေထဲက မော်ဒန်တွေ တော်တော်ခတ်မီတယ်လို.ဘဲ ပြော၇မလား-မှတ်ချက်မပေးတော.ပါဘူး-
0
အော် တကယ်သာဖြစ်လိုက်ပါော့ 
written by ?????????????, November 10, 2009
အော် ဒါးထိုးခံရတယ် သေနတ် နဲ့ လုပ်ကြံခံထိတယ် နဲ့ တကယ်လဲမဟုတ်ဘူး တကယ်သာဖြစ်လိုက်ပါတော့ ။ ဒီမိသားစု တွေမြန်မာပြည်မှာ ရှိတာ ဆန်ကုန်မြေလေးတယ် ဘာမှ နိုင်ငံအတွက် ကောင်းကျိုးပေးတာမရှိဘူး မြန်မြန်သာ မာလကီးယားကြ ငရဲပြည်မှာ ငရဲမင်းက စောင့် နေတယ် ဒီမိသားစု ကို နှိပ်ကွတ်ဖို့ .... ဟဟ ဘယ်လို ငရဲမင်းက နှိပ်ကွတ်မလဲ ဆိုတာ မြင်ခြင်လိုက်တာ....
0
ကား ---- ရောင်းသည်
written by marana, November 10, 2009
ကားလည်းေ၇ာင်းတယ်။ -ကား- လည်း ရောင်းတယ်။ လာဝယ်ကြ။
0
How pitiful
written by Danu Maung, November 10, 2009
I am very sorry to see these sons and daughters of Generals and their croneys ogling at second hand cars re-decorated as top model sports machines. The country is so poor and left behind that ordinary people, even if they can afford to buy a car, have to contend with old run down bangers ready to fall apart. It is the same Generals and ministers who prevent imports of cheap, affordable, economical and safe cars from abroad for the sake of people. They took a huge commission (i.e. rampant corruption ) from a few importers like Tay Za and who sell at huge profit margins. Even people in India are able to afford small, modern up-to-date reliable automobiles at cheap credits. Welcome to the future of modern military-democratic, autocratic, Constitutional state of Burma where only the richest and the poorest will exist. All the middle classes have left or will leave the country soon!

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Tuesday, 10 November 2009 19:18 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်