အဆိုပါ ARN က ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် International Center - IC ခန်းမ၌ ယနေ့ ကုလားတန် မြစ် ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတရပ်ပြုလုပ်ပြီး ထုတ်ဖော် ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လူ့ အခွင့်အရေး ချိုးဖောက်မှု၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများကို အဓိကထားပြီး အစီရင်ခံစာ ထုတ်ပြန်ထားခြင်းဖြစ်သည်ဟု ARN မှ ဒါရိုက်တာ အောင်မန်းဦးက ဧရာဝတီသို့ပြောသည်။
စီမံကိန်းထဲတွင် စစ်တွေမြို့ရှိ ဆိပ်ကမ်းကို တိုးချဲ့တည်ဆောက်ရန်၊ မြစ်ထဲတွင် သဲသောင်များကို တူးဖော်ရန် နှင့် ချင်းပြည်နယ်ရှိ ကလက်ဝမြို့မှ အိန္ဒိယနယ်စပ်အထိ လမ်းဖောက်လုပ်မှုများကို လာမည့် ဒီဇင်ဘာလတွင် စတင် မည်ဟု ၎င်းက ဆိုသည်။
စီမံကိန်းအတွက် ကုန်ကျသည့် ငွေကြေးများကို (The India Ministry of External Affairs ) အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးဌာနက ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဆောက်လုပ်မည့် ကုမ္ပဏီ ၅ ခုကိုလည်း လာမည့်လအတွင်း အဆုံးအဖြတ်ပေးမည်ဟု သိရသည်။
မြန်မာ အစိုးရအာဏာပိုင်များက လမ်းဖောက်လုပ်မှုကို တာဝန်ယူ၍ ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။
“ဒီစီမံကိန်းက နယ်စပ်ကုန်သွယ်ရေးအတွက် အထောက်အကူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် အင်မတန် အရေးပါတဲ့ စီမံကိန်း ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့မှ ထင်ရှားသည့် စီးပွားရေး ပညာရှင်တဦးဖြစ်သူ ခင်မောင်ညို (ဘောဂဗေဒ)က ဧရာဝတီကို ပြောသည်။
ထို စီမံကိန်း ပြီးစီးပါက အိန္ဒိယသို့ ပို့ကုန်များစွာ တင်ပို့နိုင်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ARN မှ အောင်မန်းဦးကမူ ယင်း ကုလားတန်မြစ် ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသဖွံ့ဖြိုးမှုများ တိုးတက် လာသကဲ့သို့ ဒေသခံ ပြည်သူများ အနေနှင့် ဆိုးကျိုးများလည်း ရလာနိုင်သည်ဟု ထောက်ပြသည်။
“ဒေသခံပြည်သူလူထုအတွက်လည်း မျက်စိပွင့်နားပွင့်လာမယ် နိုင်ငံတကာနဲ့ ချီပြီးတော့ အင်တာနက် အီးမေးလ် တစုံတရာ ဖွံ့ဖြိုးလာနိုင်တယ်လို့ပြောလို့ရတယ်၊ ဒါပေမယ့်လည်း ဆိုးကျိုးတွေလည်း ပိုများနိုင်တယ်၊ ဘာကြောင့် ပြောရသလဲဆိုတော့ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ ရေကာတာ တည်ဆောက်ရေးနဲ့ သဘာဝဓာတ် ငွေ့ က ရလာတဲ့ အကျိုးအမြတ်တွေကို သူတို့ပဲ ယူရတယ်၊ အဲဒါကြောင့် ဒီစီမံကိန်းဟာ ကောင်းကျိုးလည်း ရှိသလို ဆိုးကျိုးတွေလည်း ရှိတယ်”ဟု ၎င်းက ဆိုသည်။
written by luminnkyaw, November 12, 2009
အိုဇုန်းလွှာ ကြီးကို ဖျက်ဆီးတာ ဖွင့်ဖြိုးပြီးနိုင်ငံတွေပါ
အခု ကျုပ်တို့ လို နိုင်ငံငယ် လေးတွေ အလှည့် မှ
သဘာဝ ပတ်ဝန်း ကျင် မနေပါနဲ့
အခုလို စီမံ ကိန်းမျိုး က ဟိုအစော ကြီးကတည်း က စသင့်တာ
မြန်မာနိုင်ငံ ရဲ့ အနေအထားက အခုလို လမ်းဖြတ်ခွင့် ပေး
လမ်းဖြတ်ခ တောင်းပြီး စီးပွားရှာ လို့ ရတဲ့ အနေအထားပါ
နောက် ဒါ မျိုး အများကြီး လမ်းပွင့် နိုင်ပါစေ

written by ဒေသခံကိုယ်တော်, November 11, 2009
ဧရာဝတီ အမှန်တရားတွေကိုကျတော ထိန်ချန်ထားတယ် တင်မပေးဘူး ၊ ဒါလား ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတယ် နအဖမှာသာ တာဝန်ရှိတာမဟုတ်ဘူး ဒီမိုကရေစီလို့ အော်နေကြတဲ့ သူတွေမှာလည်း အမျိုးဘာသာ သာနာအတွက် တာဝန်ရှိတယ် ။
written by Myo, November 10, 2009
အော်ပုံအော်နည်း
မြစ်ဆုံ ရေကာတာဥပမာ။
ကချင်ပြည်နယ် မြစ်ဆုံမှာ ရေကာတာ ဆောက်မည် ။ ဆောက်မှာပေါ့ ။
ရေအား လျှပ်စစ်ထုတ်မည်။ ထုတ်မှာပေါ့ ။ သဘာ၀၀န်းကျင်းပျက်သည် ။ပျက်မှာပေါ့ ။
လူသားတွေ တိုးတက်ဖို့ သဘာ၀၀န်းကျင်ကို အနည်းနဲ့အများ ဖျက်လို ဖျက်ဆီးလုပ်ပြီးမှ
ရခဲ့တာချည်းဖြစ်သည် ။
သဘာ၀၀န်းကျင်းသမားတွေနဲ့ အတိုးတက်ဆုံးဆိုသည့် နိုင်ငံတွေကို
တစ်လက်စ တည်း ပြောလိုက်ပါဦးမည် ။ တိုးတက်ပြီး နိုင်ငံတွေ ဖျက်ခဲ့တဲ့ သဘာ၀၀န်းကျင်က
ကျုပ်တို့လို ဖွံ့ဖြိုးဖို့တာစူနေတဲ့ နိုင်ငံတွေက ဖျက်ဆီးတာ ထက်ပိုများသည်ကို ၀န်ခံဖို့လိုသည်။
သဘာဝန်းကျင်ထိခိုက်တော့ ရာသီဥတု ဖောက်ပြန်လာလျှင် ကျုပ်တို့လို နိုင်ငံတွေ ပိုမိုခံစား
ရသည် ။ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေက အဲဒီအတွက် ပိုမိုစိုက်ထုတ်ကျခံကာ ကူညီကြဖို့လိုသည် ။
ကျုပ်တို့လို နိုင်ငံငယ်တွေ ဖွံ့ဖြိုးဖို့ လိုအပ်ချက်တွေအတွက် သဘာ၀၀န်းကျင်အထိ
ခိုက်မှုအနည်းဆုံးနည်းတွေနဲ့ လုပ်နိုင်ကိုင်နိုင်ကြဖို့ နည်းပညာ အတတ်ပညာကအစ
စက်ကရိယာတွေပါ ကူညီထောက်ပံ့ကြဖို့ကို တိုက်တွန်းပါသည် ။
ပညာနည်းလေ ပိုဖျက်ဆီးရလေဖြစ်သည် ။ ရေမလွတ်တဲ့ လူတွေ ပြောင်းရွှေ့ရသည် ။
ပြောင်းရမှာပေါ့ ။ ဒုက္ခရောက်သည် ။
အဲဒါတော့ ဟုတ်သွားပြီ ။
သို့သော် မြစ်စုံရေကာတာကို ကန့်ကွက်တာမှားသည် ။
ကန့်ကွက်တဲ့လှုပ်ရှားမှု မှားသည် ။
အမှန်က
ပြောင်းရရွှေ့ရတဲ့ မိသားစုတွေမနစ်နာအောင် ဘယ်လိုလုပ်ပေးမလဲ ၀ိုင်းဝန်းစဉ်းစား
ပေးဖို့လိုသည် ။
မတရားတာနဲ့ တရားတာက ကွဲကွဲပြားပြားရှိလှသည် ။
မြစ်ဆုံရေကာတာကြီး ပြီးသွားလျှင်နိုင်ငံနဲ့ အ၀ှမ်း အကျိုးဖြစ်မည် သို့သော် တစ်နိုင်ငံလုံးအကျိုးအတွက်
ဒေသခံတွေ ဒုက္ခရောက်ရတာတော့ ကုစားရမည် ။ နေရာတွေ စနစ်တကျ ပြောင်းရွှေ့ပေးဖို့လိုသည်။
မူရင်းအလုပ်အကိုင်တွေအတွက် အစားထိုး လုပ်ငန်းတွေ စီစဉ်ပေးဖို့လိုသည် ။
မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၅၀ ဘဲထား ။ မိသားတစ်စု (၅) ယောက်နှုန်း
အိမ်ထောင်စု ၁၀ သန်း ဖြစ် သည် ။
တစ်အိမ်ထောင် ငွေ တစ်ရာ ကျပ်နှုန်း ၀ိုင်းဝန်းထောက်ပံ့လျှင် သန်းတစ်ထောင် ရပြီ။
မလောက်ဘူးလား ။ နှစ်ရာနှုန်း သန်း နှစ်ထောင် ရပြီ ။
ကောင်းကောင်း ထောက်ပံ့ ဖို့ သင့်သည် ။ ဒါကသာ မြစ်ဆုံ ရပ်ဝန်းက ဒေသခံတွေကို ကူနိုင်မည် ။
ကျွန်တော် စတင်အဆိုပြုသည် မြစ်ဆုံရပ်ဝန်းက အပြောင်းအရွှေ့ ဒုက္ခသည်
တွေအတွက် ကျွန်တော် စ၍ ထည့်ဝင်မည် ။ အားလုံးစတင်ထည့်ဝင်ကြဖို့ ကျွန်တော်
နှိုးဆော်သည် ။ အစိုးရကိုလည်း အဲသလို ဖြေရှင်းဖို့ အကြံပေးသည် ။ ဒါမျိုးကို အမှန်တကယ်
အသံထွက်ကြလျှင် အဖြေနှင့် နီးစပ်သည် ။
ကျွန်တော်စတင်ထည့်ဝင်မည် ကိုင်းပြော ဘသူ့ကို ပေးရမလဲ ။
နို့မဟုတ်လျှင်
အော်သူကအော်မည် ။
ကန့်ကွက်သူက ကန့်ကွက်မည် ။
ဆောက်သူကဆောက်မည် ။
ပြောင်းသူကပြောင်းမည် ။
ဒုက္ခရောက်သူက ဖုန်းမောင်တို့ မိသားစုတွေသာ ဖြစ်နေပေလိမ့်မည် ။
Copied form www.naymyowai.co.cc

Write comment

**********။ ယနေ့ခေတ်ပြိုင်တွင် တံမြစ်စည်းဟု အမည်တွင်လာသော လုံးတံ ဆိုတာ
ရှေ့ဘဝေသဏီ မြတ်စွာဘုရားမတိုင်မှီ ရသေ့ ခေတ် မြေကြီးပေါ်တွင် သဘာဝအတိုင်း တောတောင်
ဂန္တာရ တွေဟုမည်တွင်စေသော သဘောတရားတွေကို သမုဒ္ဓရာ ဆိုတာ ကမ်းခြေတော့နှင့်ထိစပ်မှ
ချောင်းမြစ်ဆိုတာ ဂန္တရမှစီးဆင်း သဘောသဘာဝတဲ့ လူဆိုတာဘယ်ကစီးဆင်းလည်း ။
အသိတရားဆိုတာ တန်ဘိုးရှိတယ် ထားပါတော့
မနေ့ကနေ မနက်ဖန်ရောက်ဖို့ ဘယ်သူတွေက မှာကြားခဲ့ကြတာလည်း ။
တခါတရံဆိုတာ စာဆိုတွင်ရှိပေမယ့် ကြုံခဲပါတယ် ။