ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရင် ဘာဖြစ်မလဲ

E-mail Print
အထိန်းသိမ်း ခံနေရသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါက နိုင်ငံရေး အခြေအနေသည် တစုံတရာ ပြောင်းလဲမှု ရှိနိုင်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမ၏ ပါတီကို ပြန်လည် စုစည်းရန် အတွက် မကြာမီ လွှတ်ပေးရန် အစီအစဉ် ရှိကြောင်း ဖိလစ်ပိုင် နိုင်ငံ မနီလာ လေဆိပ်၌် အေပီ သတင်းထောက်ကို စစ်အစိုးရ ကိုယ်စားလှယ်က ယမန်နေ့တွင် ပြောဆိုခဲ့သည်။

စင်ကာပူတွင် ကျင်းပမည့် အာဆီယံနှင့် အမေရိကန် ပြည်ထောင်စု ထိပ်သီးအစည်း အဝေးသို့ တက်ရောက်ရန် သွားစဉ် နိုင်ငံခြားရေး ၀န်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမင်းလွင်က ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ (NLD) ခေါင်းဆောင် တဦး ဖြစ်သူ ဦးဝင်းတင်က “အဲဒီ ပြောင်းလဲမှုဟာ ဘာပဲပြောပြော ယခုကဲ့သို့ တင်းမာဆန့်ကျင်မှု မျိုးထက် အကျေအလည် ဖြစ်ဖို့များတယ်၊ သို့သော် တခုရှိတာက စစ်အစိုးရ အပေါ် မူတည်လိမ့်မယ်၊ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ပေးလိုက်ပါက မြန်မာပြည်ရဲ့နိုင်ငံရေးဟာ ပုံစံတမျိုးမျိုးနဲ့ သာယာ ညှင်းပျောင်းတဲ့ဟာမျိုး ဖြစ်လိမ့်မယ်လို့ ယူဆတယ်” ဟု  ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါက နိုင်ငံရေးလှုပ်ရှားမှုများတွင် လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့် ပေးရန်လိုကြောင်း၊ ၎င်း၏ အတွေ့အကြုံအရ ခြွင်းချက်များ ကန့်သတ်ချက်များဖြင့် လွှတ်ပေးခြင်း မဟုတ် သော်လည်း  ထိန်းချုပ် စောင့်ကြည့်လျက်ရှိသဖြင့် အကန့်အသတ်များရှိပြီး ယခုအချိန်ထိ ထောင်ကျ နေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဧရာဝတီအင်တာနက် စာမျက်နှာ၏ ၂၀၁၀ ရွေးကောက်ပွဲနှင့် အနာဂတ်မြန်မာပြည် ကဏ္ဍတွင် ၀င်ရောက် ရေးသားနေသူ ကိုထက်အောင်က စစ်အစိုးရ၏ အဆိုပါ စကားနှင့် ပတ်သက်၍ သံသယ ရှိပြီး စစ်အစိုးရ အနေဖြင့် ဒေသတွင်း အစည်း အဝေးများ ကျင်းပချိန်တွင် ယခုကဲ့သို့ ဆွဲဆောင်မှုရှိသော မှတ်ချက်စကားများကို ပုံမှန် ပြောဆိုတတ်ကြောင်း ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်သာ လွှတ်ရင် NLD ပါတီကို ပြန်လည်ဦးဆောင်နိုင်မှာပါ၊ ပိတ်ဆို့ အရေးယူမှုများ ပြန်လည်ရုပ်သိမ်းရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက သံတမန်တွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်နိုင်မှာပါ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံ ဆွေးနွေးရေးကလည်း ဖြစ်လာဖို့ မျှော်လင့်ရပါတယ်”ဟု ၎င်းက ပြောသည်။

Burma under Military Rule နှင့် Living silence စာအုပ်များရေးသားခဲ့သူ Christina Finkက စစ်အစိုးရမှ ယခုကဲ့သို့ ပြောဆိုမှုနှင့် ပတ်သက်၍ သံသယရှိကြောင်း၊ စင်ကာပူတွင် ကျင်းပမည့် အမေရိကန် အာဆီယံ အစည်း အဝေးတွင် ဖိအားများ လျှော့ကျစေရန် ပြောဆိုခြင်း ဖြစ်ကြောင်းဆိုသည်။

NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက “ဒီစကားက အများကြားချင်နေတဲ့ စကားဖြစ်နေတယ်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် တော့ စည်းရုံးရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါမယ့်၊ နောက်ထပ် ဖြစ်ပေါ်လာမယ့် နိုင်ငံရေးတွေမှာ လည်း ထိထိရောက်ရောက် ပါဝင်နိုင်ပါမယ်၊ ဒေါ်အောင်ဆန်းစုကြည် အပြင်မှာရောက်ရှိနေစဉ် အခါမှာ ပါတီ စည်းရုံးရေးက ပိုပြီးတော့ အားကောင်းတယ်၊ ပြည်သူလူထုက အများကြီးစိတ်ဝင်စားမှုရှိတယ်၊ အဲဒီအခြေအနေတခုကတော့ပေါ်လာမှာပေါ့” ဟု ပြောသည်။

ဂျပန်နိုင်ငံ Temple တက္ကသိုလ်မှ မြန်မာ့ အရေး လေ့လာသူ Jeff Kingstonက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ရွေးကောက်ပွဲတွင် စစ်အစိုးရက မည်သို့ ပါဝင်ခွင့်ပေးမည်ဆိုသည့် အချက်က အရေးကြီးကြောင်း ဆိုသည်။

“တရားမျှတမှုမရှိဘဲ လုပ်ထားတဲ့ အတွက် နေအိမ်အကျယ်ချုပ်က အမြန်ဆုံး လွှတ်ပေးပြီး အမျိုးသား ရင်ကြားစေ့ရေး ဆောင်ရွက်ဖို့ ခွင့်ပေး လိုက်ရင်တော့ အကောင်းဆုံးပေါ့၊ ဒါပေမယ့် သူမပါတီရုံးတွေ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေမှာ ပါဝင်ခွင့်မပေးရင်တော့ တစုံတရာ ချီးမွမ်း ပြောဆိုနေလည်း အလကားပါ”ဟု Jeff Kingston ကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ပြည်ထောင်စု၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) နှင့် တွေ့ဆုံခွင့်ရသည့် အပေါ်ကျေနပ်မှုရှိပြီး တွေ့ဆုံခွင့်ရရှိရန် ဆောင်ရွက်ပေးသူများအားလုံးကို ကျေးဇူးတင်ကြောင်း ယမန်နေ့က ရှေ့နေဖြစ်သူများမှ တဆင့်ဆိုသည်။

 နိုဝင်ဘာ ၁၅ ရက် အာဆီယံထိပ်သီး အစည်းးအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အမေရိကန် သမ္မတ အိုဘားမားက သူ၏ဆန္ဒကို တင်ပြ တောင်းဆိုသွားရန်ရှိကြောင်း အမေရိကန် အဆင့်မြင့် အရာရှိတဦးက ပြောဆိုကြောင်း Straits Times သတင်းစာတွင်ရေးသားထားသည်။

ဇူလိုင်လက ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ညစာစားပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် ဟူသောအချက်မှာ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ပြောဆိုခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ၁၄ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရသည်။

မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင် တရားစွဲခဲ့သည်။

ယင်း အမှုတွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေရန် အမိန့် ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုစီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးသို့ တင်သွင်းခဲ့သော်လည်း ပယ်ချခြင်းခံခဲ့ရသည်။
Comments (8)Add Comment
0
2011
written by fun, November 12, 2009
general than shwe is going to free aung san suu kyi after election.
he doesn't care anyone about the detention of aung san suu kyi.
don't think about her freedom before the election.

internationall community will complain spdc.
but, spdc will remain in power forever.
of course, they have to share the power with some politicians after the election.
but, the military generals will be majority in the hluttaw (parliament).

let me use some words of general aung san.
japanese army around 1945 and spdc generals are the same. They will not use the oil.
0
...
written by Burmese, November 11, 2009
ကျက်သရေရှိတယ်ဗျာ၊ ကျက်သရေရှိတဲ့သူများ ဘယ်လောက်ပဲ အကျယ်ချုပ်ပဲကျကျ၊ ဘာမှ မလိမ်းမကျံပဲလည်း ကျက်သရေရှိတာပဲ။ ကျက်သရေယုတ်တဲ့ သူများကျတော့.... စာဖတ်သူများသိလောက်ပါပြီ ဘယ်သူတွေက ကျက်သရေယုတ်လည်းဆိုတာ။ တီဗွီမှာ မိတ်ကပ်အဖွေးသားကြီးနဲ့  တနင်္လာနံ နှစ်လုံးဆင့် ကြီးလေ။
0
NLD ဘက်မှ ပါးနပ်ဖို့လိုပြီ
written by မြန်မာပြည်သား , November 11, 2009
လွှတ်ပေးမယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် NLD ဘက်က ပါးနပ်ဖို့တော့လိုပါပြီ။ ပြည်သူက ကိုယ့်ဘက်မှာ ပါတယ်ဆိုတိုင်း ထင်ရာ ကြမ်းလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အတွေ့အကြုံရ ပြီးခဲ့တဲ့ 2003 မှာ ဒေါ်အောင်ဆန်းစုကြည်ကို တစ်ကြိမ် လွှတ်ပေးဖူးပါတယ်။ အဲဒီမှာ ဘာဖြစ်သွားလဲဆိုတော့ အားလုံးက သွေးကြွပြီး ဆိုင်ကယ်တွေ တစ်သီတစ်သန်းနဲ့ ၀ရုန်သုန်းကား ဖြစ်သွားတာကိုတွေ့ရပါတယ်။
နအဖ က အဲဒီ ၀ရုန်သုန်းကား ဖြစ်တဲ့အခြေအနေကို အခွင့်ကောင်းယူပြီး ဒီပဲယင်း အရေးခင်း ဖြစ်လာအောင် ဖန်တီးသွားတာပါ။

1. ဒါကြောင့် အခုတစ်ခါ တကယ်လွှတ်လာခဲ့ရင် သူတို့ ဘာကြောင့်လွှတ်ပေးတာလဲ။( သေချာတာကတော့ ရွေးကောက်ပွဲမှာ စည်းရုံးမဲဆွယ်နိုင်ပါစေဆိုတဲ့ စေတနာကြီးလွှတ်ပေးတာ မဟုတ်ပါဘူး)
2. သူ့တို့ဘက်မှာဘယ်လို ပရိရယ်တွေ သုံးလာနိုင်လဲ (ဥပမာ 2003 ကဆိုရင် ဒေါ်အာင်ဆန်းစုကြည် နယ်လှည့်စဉ်မှာ ရောက်ရှိမဲ့ မြို့တွေမှာ အချိန်ကိုက် ကြံ့ဖွံ့သင်တန်းတွေကို ဖွင့်ထားပြီး ပြသနာဖြစ်အောင် လုပ်တာမျိုး)
3. ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး ဆင်းတဲ့အခါမှာ သူ့လူက ကိုယ့်ဘက်သား အသွင်နဲ့ ပါလာမျိုးကို ဘယ်လိုကာကွယ်မလဲ (ဥပမာ စွမ်းအားရှင်ကောင်တွေက NLD ထောက်ခံသူ အယောင်ဆောင်ပြီး ရမ်းကားတာမျိုး)
ကျွန်တော် ထင်ပါတယ် ဂျိုလ်ကုတ်ကြီးကတော့ သူ့မှာ သေချာလောက်တဲ့ လှဲ့ကွက်မရှိပဲ မလုပ်ပါဘူး။ သူ့ဘက်က အလိမ် ဥာဏ်ဆင်နေချိန်မှာ ဒီဘက်က ဖြောင့်ဖြောင့် သွားနေသရွှေ့တော့ ခံနေရဦးမှာပါ။ အဲဒီတော့ ကျွန်တော့်တို့ ဘက်က ဘယ်လို ကလိမ်ဥာဏ်တွေ ပြန်ဆင်ကြမလဲ။ ဘယ်လို ပရိရာယ်တွေ သုံးမလဲ။



0
ကြိုတင်မြင်ကြည့်ခြ်း
written by sithusoe, November 10, 2009
ကျွန်တော် ကြိုတင်မြင်ကြည့်မိတယ် သိပ်မကြာခင်မှာ အန်တီစုနဲ့ ပြည်ပအတိုက်အခံတွေနဲ့ ကွဲကြတော့မယ်၊
အန်တီစုရဲ့ ပြောင်းလဲလိုက်တဲ့ နည်းပညာ အခင်းအကျင်းကို ပြည်ပရောက် အတိုက်အခံတွေက လက်ခံလို့မရဘူး
ဖြစ်နေတယ်၊ ကိုယ်အကျိုးစီးပွားကို ကာကွယ်နေရလို့ဘဲ၊
ဒါပေမဲ့ အန်တီစုက ပြည်သူတွေအတွက် အကောင်းဆုံး ဦးဆောင်မှု့ကို ပေးသွားမယ် ဒါပေမဲ့ ပြည်ပအတိုက်အခံတွေက
တော့ သူတို့အကျိုးမရှိရင် နိုး ကြအုန်းမှာပါဘဲ
0
ဒေါ် အောင်ဆန်းစုကြည်
written by စည်သူ, November 10, 2009
ဒေါ် အောင်ဆန်း စုကြည်ကိုသာ လွတ်ပေးလိုက်မယ်ဆိုရင် စစ်စိုးရ နဲ တိုက်ခံကြားမှာ နားလည်မူ တွေတော်တော် ရသွားမယ်လို ထင်တယ်။ ကျနော်က တော့ လွတ်မာ မဟုတ်ဘူး ဆိုတဲ့ မကောင်းတဲ့အမြင်က မကြည့်ဘူး လွတ်လာနိုင်တယ် ဆိုတဲ့ ပြူသဘော ဘက်ကပဲကြည့်တယ်။ ယုံလည်းယုံကြည် ခြင်နေတယ်။ အလိုတွေးလိုက်တော့ တဘက်သားကို နားလည်နိုင်လာသလိုပဲ။
0
ကျားကွက်
written by ရော်ဆမ်း, November 10, 2009
စစ်အစိုးရက ဒေါ်အောင်ဆန်းဆုကြည် တစ်ယောက် တည်းကို လွှတ်ပေးပြီး ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ပေးဖို့ တောင်းဆိုတဲ့ ဖိအား တွေကို ရှောင်ချင်တဲ့ သဘောများ ဖြစ်နေမလား။ ရွေးကောက်ပွဲ အတွက် အတိုက်အခံ တွေကို လှုပ်ရှားခွင့် ပေးပေမယ့် အခြေခံ ဥပဒေကို ပြန်မပြင် ပြန်ရင်လည်း နောင်အနာဂတ်မှာ လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီ စနစ် ပီပီ ပြင်ပြင် ထူထောင်ဖို့က အများကြီး ခက်ခဲ နိုင်ပါသေးတယ်။ ရာသက်ပန် စစ်ကျွန် ဘ၀ ကနေ ရုန်းထွက်နိုင်ဖို့က ဒီအခြေခံ ဥပဒေကို ရွေးကောက်ပွဲ မတိုင်ခင် ပြင်မှ ရမယ်လို့ ယူဆပါတယ်။ ဒေါ်အောင်ဆန်းဆုကြည် လွတ်လာပြီး နောက်ပိုင်းလည်း အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ဆက်ပြီး တောင်းဆို တိုက်ပွဲ ၀င်နေဖို့ လိုပါလိမ့်မယ်။
0
ကြိုဆိုရမယ့် အချက်ပေါ့ 
written by ဗိုက်ကလေးကြို, November 10, 2009
ဒေါ်အောင်းဆန်းစုကြည်ကို လွှတ်ရင်တော့  ကြိုဆိုရမှာပေါ့  ဘာအပြစ်မှ မရှိဘဲ မတရားခံနေရတာ ဒါပေမယ့်  လွှတ်ရင်လဲ ကန့် သတ် ချုပ်ချယ်မှူ တွေ မရှိစေချင်ဘူး
0
သတိထားမှ...တော်ကာကျမယ်
written by Ko J J, November 10, 2009
အဓမ္မဝါဒီ စစ်အစိုးရရဲ့ ပြောစကားတွေဟာ မုသာဝါဒတွေနဲ့ ဖုံးလွှမ်းနေတာကြောင့် ဘယ်လိုမှ ယုံကြည်စရာ မရှိပါ..
အပြောကတမျိုး လုပ်တော့တခြား ရာဇဝင်ကို လှန်ကြည့်ရင် တွေ့နိုင်ပါတယ် ... ကလိမ်ကကျစ် များတဲ့စစ်အစိုးရသာ
ဖြစ်ပါတယ်...

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်