မြန်မာ့ ရုပ်သေးပညာ ထိုင်းတွင် သင်ကြားပြသမည်

E-mail Print
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လာမည့် ဒီဇင်ဘာလ အတွင်း စတင်ကျင်းပမည့် ရုပ်သေးသင်တန်း တခု၌ မြန်မာနိုင်ငံမှ ထွေးဦးမြန်မာ အဖွဲ့က မြန်မာ့ရုပ်သေး ပညာများကို တက်ရောက် ပို့ချမည် ဖြစ်ကြောင်း သိရသည်။

Master Classes in Asian Puppetry အမည်ရှိ အဆိုပါ ရုပ်သေး သင်တန်းကို Ampty Space Chiang Mai ဟိုတယ်တွင် ဒီဇင်ဘာ ၂၆ ရက်မှ ဇန်န၀ါရီလ ၁၆ ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်သည်။

ဦးခင်မောင်ထွေး ဦးဆောင်သော ထွေးဦးမြန်မာအဖွဲ့တွင် စုစုပေါင်း ပညာရှင် ၇ ဦး ပါဝင်မည် ဖြစ်ပြီး နိုင်ငံတကာ ပြပွဲအနေဖြင့် စတုတ္ထ အကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

ယခု ကျင်းပမည့် ရုပ်သေးသင်တန်းတွင် မြန်မာနှင့် ထိုင်းတို့၏ ရုပ်သေးပညာများကို အဓိကထားဦးစားပေး တင်ဆက်သွားမည် ဖြစ်ကြောင်း ဦးခင်မောင်ထွေးက ပြောသည်။

“နိုင်ငံတကာက ကျောင်းသားကျောင်းသူတွေကို မြန်မာ့ရုပ်သေး သမိုင်းကြောင်းကအစ၊ ရုပ်သေး  ပြုလုပ်ပုံ၊ ဆေးခြယ်တာတွေ၊ အ၀တ်အစားဆင်တာတွေ နောက်ပြီး ကြိုးတပ်တာတွေ စသည်ဖြင့် အစအဆုံး လုပ်ပြရပါမယ်။ ပြီးတော့ ကြိုးဆွဲနည်းသင်ပေးရမယ်” ဟု သူက ဆိုသည်။

ထို့အပြင် သင်တန်းချိန်အတွင်း နိုင်ငံတကာက ကျောင်းသားများ၊ ထိုင်းကျောင်းသားများ အပါအ၀င် မြန်မာပညာရှင်များနှင့် ထိုင်းပညာရှင်များ စုပေါင်း၍ ခေတ်ပေါ် ပြဇာတ်တပုဒ် ဖျော်ဖြေ ကပြသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

သင်တန်းဆင်းပွဲ အဖြစ်လည်း ချင်းမိုင်တက္ကသိုလ်တွင် စုပေါင်း ဖျော်ဖြေပွဲ တပွဲ ကျင်းပမည်ဖြစ်ကြောင်း ဦးခင်မောင်ထွေးက ဆိုသည်။

ထွေးဦးမြန်မာ အဖွဲ့သည် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် တလကြာ ကျင်းပခဲ့သည့် Dubai Summer Surprises 2008 တွင် တကြိမ်၊ ဆွီဒင်နိုင်ငံတွင် ကျင်းပသည့် International Puppet တွင်တကြိမ်နှင့် တတိယမြောက် အကြိမ်ကို ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသည့် Lakhaon International theatre festival တို့တွင် မြန်မာ့ရုပ်သေးပွဲကို တက်ရောက် ပြသခဲ့သည်။

လာမည့် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလတွင်လည်း ပဉ္စမ အကြိမ်မြောက် အဖြစ် ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့သို့ သွားရောက် ပြသမည် ဖြစ်ကြောင်းလည်း သိရသည်။

“အခုလို မြန်မာ့ရုပ်သေးပညာကို နိုင်ငံတကာ ကျောင်းသားတွေကို တင်ပြခွင့် ရတဲ့အတွက် အထူး ၀မ်းသာပါတယ်” ဟု ဦးခင်မောင်ထွေးက ဧရာဝတီကို ပြောသည်။

ရုပ်သေးသဘင်မှာ ရှေးအခါက သီဆိုခြင်း၊ ကခုန်ခြင်းတို့ကို လူကိုယ်တိုင်ပြုလုပ်ရန် ရှက်ရွံ့ဝန်လေး ရုံသာမက ကြည့်ရှုရန်ကိုပင် ရှက်ကြောက်ကြသခြင့် မြ၀တီမင်းကြီး ဦးစက သဘင်သည်တို့အစား အရုပ်များဖြင့် အစားထိုး ဖျော်ဖြေတင်ဆက်ရန် ကြိုးပမ်းခဲ့ရာမှ မြန်မာ့ရုပ်သေး ပေါ်ထွန်းလာခြင်းဖြစ်ပြီး ရုပ်သေးသဘင်ကို စင်မြင့်ဖြင့် ကပြရသဖြင့် အမြင့်သဘင်ဟု ခေါ်ဆိုကြောင်းလည်း အဆိုရှိခဲ့သည်။
Comments (1)Add Comment
0
ကျွန်တော်တို့ သွားလို့ ရသလား !
written by Min Htet Khaing, November 13, 2009
ဒီဇင်ဘာလ အတွင်း ချင်းမိုင်မှာ ကျင်းပမယ့် ရုပ်သေး သင်တန်းကို မည်သူမဆိုတက်ရောက်ခွင့် ရှိသလား .. သင်တန်းကြေး အနေနဲ့ကော ဘယ်လောက် သတ်မှတ်ထားသလဲ အသေးစိတ် သိတဲ့အခါ သတင်း ထပ်တင်ပေးစေချင်ပါတယ် ခင်ဗျ .. ။

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Tuesday, 10 November 2009 18:15 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၇၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၀ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်