“စိုက်ပျိုးရေး နိုင်ငံသည် ဖွံဖြိုးဆဲနိုင်ငံ အဆင့်ထိသာ ဖြစ်နိုင်၊် အမှန်တကယ် ဖွံ့ဖြိုးသော နိုင်ငံဖြစ်လိုလျှင် စက်မှုနိုင်ငံ ဖြစ်အောင်ထူထောင်ရမည်”ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဧရာဝတီတိုင်း နာဂစ်ဒေသ ခရီးစဉ်တွင် ပြောကြောင်း ယင်းသတင်း တွင် ရေးသားထားသည်။
နာဂစ် ဆိုင်ကလုန်း တိုက်ခတ်ခဲ့ပြီးနောက်ပိုင်း ဧရာဝတီတိုင်းသို့ သွားရောက်သည့် ယခုခရီးစဉ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဒုတိယ အကြိမ်မြောက် ခရီးစဉ် ဖြစ်သည်။
လူဘောင်သစ် ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်က “တကယ်တမ်း စက်မှုဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကို သွားမယ် ဆိုရင်တော့ အဝေးကြီး လိုသေးတယ်လို့ ထင်တယ်၊ ကျနော်တို့မှာ အကန့်အသတ် အများကြီးရှိနေတယ်၊ တိုင်းပြည်ရဲ့ နိုင်ငံရေး ပြဿနာနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ မပြေလည်ဘူး၊ ဒီလို အခြေအနေအောက်မှာ တဘက်ကလည်း စိုက်ပျိုးရေးလုပ်ငန်း တခုလုံးကို နအဖနဲ့ လက်ဝေခံတွေက ထိန်းချုပ်ဖို့ ကြိုးစားနေတယ်၊ တကယ့် လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးကို လည်း သွားနိုင်ဖို့မရှိဘူး” ဟုပြောသည်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစွာ နိုင်ငံရေး ပြဿနာများ ပြေလည်ရန် လိုအပ်ကြောင်း၊ မြန်မာပြည် သည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့် အတွက် စီးပွားရေး တခါးဖွင့်ပါက စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေး တံခါးဖွင့်ရန်လိုအပ်ကြောင်း၊ တိုင်းပြည် အတွင်းရှိ နိုင်ငံရေးပြဿနာနှင့် စီးပွားရေး အကန့်အသတ် များကို ဖြေရှင်းပြီးသော်လည်း စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးကို သွားရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် လူငယ်တဦးက“ဖွံ့ဖြိုးတယ်ဆိုတာ စကားလုံးအနေနဲ့ သုံးလို့မရဘူး၊ စကားလုံး ကတော့ သူတို့ သုံးနေမှာပဲ၊ သူတို့ စကားလုံးတွေကို လိုက်ခံစားလို့မရဘူး၊ ကျနော်တို့ ပကတိဖြစ်ရပ်နဲ့ ဖြစ်စေ ချင်တဲ့အရာကို ပြည်သူလူထုက ဘယ်လောက်ထိ အကောင်ထည်ဖော်နိုင်လဲ၊ လူသားအရင်း အမြစ်တွေကို ဘယ်လောက်ထိ ထုတ်သုံးနိုင်လဲ ဆိုတာပေါ်မှာ မှုတည်တာပဲဗျ၊ အပ်ချလောင်း ဖြစ်စေဆိုတာကတော့ ဘယ်လိုမှ ဖြစ်မှာ မဟုတ်ဘူးလေ” ဟု ပြောသည်။
စက်မှုနိုင်ငံဖြစ်ရန်အတွက် နည်းပညာကို ဖိတ်ခေါ်ရန် လိုအပ်ပြီး မူဝါဒပြောင်းရန်လိုသည်ဟု စီးပွားရေးလုပ်ငန်းရှင် တဦး ကဆိုသည်။
“စီးပွားရေး ပြောရင်နိုင်ငံရေး ပါမယ်ဆို့တော့ ပြောရဆိုရ အရမ်းခက်တယ်၊ လူလဲကောင်းရမယ် မူပြောင်းဖို့လဲလို ပါတယ်” ဟု ကားထုတ်လုပ်သည့် စီးပွားရေး လုပ်ငန်းရှင်က ပြောသည်။
Set as favorite
Bookmark
Email this
Hits: 9972
written by Billy Mackenzie, November 10, 2009
၂၀၀၃-ခုနစ်က ..အထက်မြန်မာပြည် ခရီးစဉ်မှာ ..... မော်တော်ကားကို .. ပေပါသံပြား ဟောင်းတွေနဲ့  .. ထုထုတ်လုပ်တဲ့ .. စက်မှုဇုံ့တွေမှာ .... ချုပ်မှုးကြိး ... ပြောသွားတာက ..... ( ကြိုးစားကြတဲ့ ....ဖို့ ဒ် ( FORD ) ကားလုပ်ငန်းလဲ ... ဒီလိုဘဲ ... တူနဲ့ ထုပြိး ဖို့ ဒ်ကားကို စတင်ခဲ့တာ ဆိုဘဲ..)
တကယ် အဖြစ်မှန်က ...... ဗုဒ္ဒဘာသာ အမည်ခံ ..... ဧရာမ သူခိုးဂိုဏ်းကြိး ဖြစ်တဲ့ .. DKBA အဖွဲ့ က ... ထိုင်းနဲ့ မလေးရှားက .. အခိုးခံလိုက်ရတဲ့ ခိုးကားတွေကို နယ်စပ်ကနေ .. ခိုးသွင်း .. သန်းရွှေ လူတွေက .. လိုင်စဉ်ဝင်အောင် ( ခိုးလုပ် ) လုပ်ပေးပြိး ... သူခိုး ပစ္စည်းတွေမို့  .. ဗုဒ္ဒဘာသ .. ခံယူထားသူ .. ငါးပါးသီလ .. ထိန်းသူတွေ စက်မှုဇုံ ထုတ်ကားတွေ မ၀ယ်မိကြဘို့ နဲ့ .. အရောင်း အ၀ယ် မလုပ်မိကြဘို့ လဲ ဆော်သြ ကြပါအုံး..။
DKBA အဖွဲ့ ကိုလဲ ..... ဒီလိုသူခိုး အလုပ်ကို ဆက်လုပ် နေမယ်ဆိုရင် .... ဗုဒ္ဒဘာသာ ... နံမည်ကို ဖျက်နေတာမို့ .... နံမည် ပြောင်းအောင် တောင်းဆို ပေးကြပါအုံး..။
သူခိုးချုပ် မှုးကြိးသန်းရွှေ ....... နာဂစ် ဖြစ်ပြိးစက ပြောတာက .... ဖါးစားပါတဲ့ ... ဖါးရင်စားလို့ ရတယ်တဲ့ ....

written by ဦးပေါ်ဦး, November 10, 2009
အို .. ရေမြေ့ရှင် ကြက်ဆူပင် မင်းတရားကြီး ဘုရား... အရှင်မင်းကြီးရဲ့ ဘုန်းတန်ခိုး တော်ကြောင့် တိုင်းပြည် နိုင်ငံတွင်း မှီတင်းနေထိုင် ကြကုန်သော အတတ်ပညာသည် လက်ခစား အပေါင်းတို့မှာ တရုပ်၊ ကုလား စသော တိုင်းပြည်များသို့ သားတကွဲ၊ မယားတကွဲဖြင့် သွားရောက် လုပ်ကိုင် ရှာဖွေစားသောက် နေရပါသဖြင့် အရှင်မင်းကြီး အကြံအစည် အောင်မြင်မည့်အရေး တွေးလို့ပင် မရပါတကား။ ထို့ပြင်တဝ မိုးလွန်မှ ထွန်ချ ဆိုသလို အလာကောင်းပါ သော်လည်း အခါတော် တဆိတ် နှောင်းခဲ့ လေသဖြင့် မည်သို့ပင် အကြံကောင်း သော်လည်း နာမည်ကောင်းကိုဖြင့် ဒီတသက် ဘယ်လိုမှ မရနိုင်တော့ပါ ဘုရား။ အရှင့်သားတော် မြေးမြစ်တော်များ ဘိလပ်မှ ပြန်ရောက်လျင်ဖြင့် တမျိုးတမည် ကြံစည်ကြပါမည့် အကြောင်း ထပ်လောင်း သံတော်ဦး တင်လိုက်ပါရစေ ဘုရား။ ။
written by ကျော်နိုင်, November 10, 2009
တိုင်းပြည်နဲ့ လူမျိုးအပေါ် နှိတ်စက် တဲ့ နေရာမယ် သေနပ်မိုး ဒါးမိုး အုပ်ချုပ် အတင်း အနိုင်ကျင့် ဘိုကျ တဲ့ နေရာမယ် အောက်တန်းကျ ကောက်ကျစ် ယုတ်မာတဲ့ နေရာမှာတော့ နံပတ် (၁) ပါ။
နာဂစ် ဒုက္ခသယ်တွေ ကို သွားပြီး အခြေအမြစ် မရှိတဲ့ လက်တွေ့ဘ၀တွေနဲ့ မကိုက်ညီတဲ့ စကားတွေ သွားပြောတာ ကိုယ်ဘယ်လောက် ဥာဏ်နဲ သလဲဆိုတာ သိသာတယ်။
တိုင်းပြည် သံယံဇာတ အကုန် လက်ညိုးထိုးရောင်းစား နေပြီး တိုင်းပြည်မှာ မီး မှန်မှန် လာအောင်တောင် မစီစဉ်နိုင်ပဲနဲ့ ဒီလို ပေါက်တတ်ကရ တွေ ကို စိတ်ကူးရသလို ရူးကြောင်ကြောင်နဲ့ ပြောနေတာ လူရီ စရာပါ။
နွားကိုသုံးပြီး မီးလာအောင် လုပ်နိုင်ပြီ ဆိုတဲ့ သတင်းထက် ဆိုးပါတယ်။

written by gozilla, November 10, 2009
ရည်ရွယ်ချက်က ကောင်းပါတယ် မကောင်းတာက လူဖြစ်နေတယ်
written by Myanmar Pyi Thar, November 10, 2009
We can judge the people by his speech.
Looks like our Dictator doesn't fit to be Leader.
So embaressing
Looks like our Dictator doesn't fit to be Leader.
So embaressing
written by ဝင်းမောင်, November 10, 2009
ဖွံ့ဖြိုးတိုးတက်ခြင်တယ် ဆိုရင် စက်မှုနိုင်ငံထူထောင်ရမယ် တဲ့။
အသက် ရ၀ ကျော်မှဘဲသိရသလား ဗိုလ်ချုပ်ကြီး။
သူများတွေ စက်မှု ထူထောင် လာတာ ဗိုလ်ချုပ်ကြီး မွေးစကတည်းကပါ။ အံ့သြပါရဲ့။
အသိခေါင်ရင်လည်း တိုင်းပြည်မှာ သိတဲ့ တတ်တဲ့လူတွေ တပုံတပင် ရှိတယ်။ နိုင်ငံကို သူတို့ကို ပေး အုပ်ချုပ်လိုက်ပေါ့။

written by Nyo M.N, November 09, 2009
တစ်ခါတုန်းကလည်း ပြောခဲ့ဘူး ပါတယ်..
ဘာတဲ့..
မြန်မာ အားကစား ကမ္ဘာကို လွှမ်းရမည်ဆိုလား.. ဘာဆိုလား..
အဲဒါလေး နှလုံးသွင်းပြီး တရားနဲ့ ဖြေကြပါဗျာ..
ဘာတဲ့..
မြန်မာ အားကစား ကမ္ဘာကို လွှမ်းရမည်ဆိုလား.. ဘာဆိုလား..
အဲဒါလေး နှလုံးသွင်းပြီး တရားနဲ့ ဖြေကြပါဗျာ..
written by ပေတိုး, November 09, 2009
တော်လိုက်တာ ဗိုလ်သန်းရွှေကြီးရာ။ လူပျက် လုပ်စားရယင် ကျုပ်တို့ မြန်မာတွေ ရယ်ရလို့ ဗိုလ်သန်းရွှေကြီးကို လူရွှင်တော်ဆိုပြီး ကြိုဆိုကြမှာ။ သီးလေးသီးလို့ ဗီဇာ ပိတ် မခံရဘဲ နိုင်ငံတကာ ကို လှည့်ပြီး ဟာသတွေ ထုတ်နိုင်တယ်။ ဟား ဟား ဟား ဟား

written by Koyu, November 09, 2009
This is a clear example how this country has been being destroyed by such unwised selfish & stupid military guys. Even their top leader Than Shwe is this much stupid, we can not expect Mg Aye, Shwe Man, Tin Ag Myint Oo will save the country. All those top generals are stupid, coward, crazy and selfish. They don't deserve to govern Burma, they are not elected to govern Burma. They are the worst robbers and criminals. What a shame!,
We all citizens of Burma need to stand against this military supremacy.
This is time for change!. Show up poeple power!.
We all citizens of Burma need to stand against this military supremacy.
This is time for change!. Show up poeple power!.
written by Burmese, November 09, 2009
ကိုသန်းရွှေ ခင်ဗျားကသာ ကို့ ဘာသာ မသိတာ ကျုပ်တို့ လူတွေ(လူ) က ခင်ဗျား ဘယ်ဘ၀၊ ဘယ်ဇာတိက လာတယ်၊ အရည်အချင်း ဘယ်လောက်ရှိလဲ ဆိုတာ ခင်ဗျား ပါးစပ်ကြီး လှုပ်တာနဲ့ သိတယ်ဗျ။ ဘယ်နှယ့်ဗျာ ဒုက္ခရောက်နေတဲ့ နေရာမှာ စက်မှုနိုင်ငံ တည်ထောင်မယ် သွားပြောနေတယ်။
written by yetwayni, November 09, 2009
ချင်းမိုင် ရုက္ခစိုးကြီးနဲ့ ဂျိုကုတ်ဒူးကြီး တွေ့ကြတဲ့ ဇာတ်လမ်းတွေ ဖတ်ပြီး ပြောင်မြောက်တဲ့ ဟာသတစ်ပုဒ် ကိုယ်တိုင် ဖန်တီးလိုက်တာလား ဗိုလ်ချုပ်မှူးကြီးရယ်...
နာဂစ် ဒုက္ခသည်တွေ အတွက် အသက် မွေးဝမ်းကျောင်း ပညာတွေ စွန့်ပစ်ပြီး စက်မှု နိုင်ငံကြီးကို ဘယ်လို ထူထောင်ရ ပါ့မလဲ။
စပါးတြွေ ပန်စိုက်ပြီး အသက်မွေးလို့ ရအောင်ပဲ အကူအညီတွေ အရင်ပေးပါဦး။
နအဖ ဘိုချုပ်ပ်တွေကတော့ ပြည်သူအတွက် ဘာလုပ်ေ ပးရမလဲ ဆိုတာ အရင် မပြောဘဲ ဟိုဟာ လုပ်ပါဦး။ ဒီဟာလုပ်ပါဦး ဆိုတာတွေပဲ ပြောနေ တော့တာပါပဲ။
ဗိုလ်ချုပ်သိန်းစိန် သွားတုန်းကလည်း `အရင်လို ပေါ့ပေါ့ဆဆ မနေဘဲ အရင်ထက် နှစ်ဆတိုး ကြိုးစားကြပါ´ ဆိုပဲ။
နာဂစ်တိုက်ခံရပြီးလို့ စိတ်ဓါတ် ကျနေတဲ့ ပြည်သူတွေကို ဟာဒယ ရွှင်ဆေးလေး တိုက်ကျွေး ပေးသွားတာတော့ ကျေးဇူး တင်ပါတယ်ဗျာ။
နောင်ကိုလည်း မရိုးနိုင်တဲ့ ဟာသတွေ ထုတ်ကြပါဦးလို့ ဂျိုကုတ်ဒူးကြီးနဲ့ အပေါင်းပါများကို တောင်းဆိုပါတယ်။

written by ၀င်းကိုကို, November 09, 2009
ကြားရတာရော မြင်ရတာပါ အတော်ဘဲ အကုသိုလ် များ လိုက်တာဗျာ
လယ်ယာ လုပ်ငန်းနဲ့ နိုင်ငံတကာ အဆင့် မှီအောင် မလုပ်နိုင်ေ သးတာကိုလည်း မြန်မာ နိုင်ငံသားတိုင်းလည်း အသိ
လူသား မှန်သမျှ အားလုံး သိပါလျှက်နဲ့ စက်မှု နိုင်ငံ လုပ်မယ် ဆိုတော့ အရင်ဆုံး ခဲချွန်စက်နဲ့ လက်ချုပ်အပ်ကို အရင်ဆုံး ပြည်တွင်းမှာ ဘယ်နိုင်ငံရဲ့ အကူအညီ မပါဘဲ အရင်ဆုံး
အောင်မြင်အောင် လုပ်ပါ
ပြီးလျှင်တော့ နိုင်ငံတကာကို အော်နေစရာ မလိုတော့ပါ

written by Chit Lay, November 09, 2009
ပါးစပ်က ပြောတာတော့ လွယ်တာပေါ့ ။ စက်မှုဆိုတာ ဖယောင်းတိုင်မီးနဲ့မှမရတာပဲ သူ့အိမ်မှာ မီးတွေ ထိန်ထိန်ညီးနေလို့ လျှပ်စစ်တွေ ဖေါသီနေပြီများ ထင်လား လျှပ်စစ် အရင်ရအောင် လုပ်ပါအုံး ပြီးရင် သူတို့ မိသားစုတွေ အရင် လုပ်ခိုင်းပါ သူတို့မိသားစုနဲ့ အပေါင်းပါတွေ ၀မှ ပြည်သူ လူထုကို ချပေးပါ ဂယောင်ဂတန်းတွေ ထပြောမနေပါနဲ့
written by စောဇော်မင်း, November 09, 2009
အဘရေ သူငယ် ပြန်နေပြီလား ၊ ဒါမှမဟုတ် တခြား နောက်စရာ မရှိတော့လို့လား ၊ တခြား စကားလုံး နဲ့ပျက်လုံး ထုတ်ပါ
ဒီလို မကြည်စားပါနဲ့ ။ ဆင်ရေကို ဆိတ်သားရေနဲ့ မဖုံးပါနဲ့ဆို အဘပဲပြောပြီး မေ့နေပြီလား ။ မှတ်မိနေတယ်နော် မနောက် နဲ့ ။ ကိုယ့်အသက်လဲ ပြန်ကြည့်အုံး ဒါနောက်စရာမဟုတ်ဘူး ။
ဒီလို မကြည်စားပါနဲ့ ။ ဆင်ရေကို ဆိတ်သားရေနဲ့ မဖုံးပါနဲ့ဆို အဘပဲပြောပြီး မေ့နေပြီလား ။ မှတ်မိနေတယ်နော် မနောက် နဲ့ ။ ကိုယ့်အသက်လဲ ပြန်ကြည့်အုံး ဒါနောက်စရာမဟုတ်ဘူး ။
written by Truth, November 08, 2009
မှတ်ချက်နံပါတ်တစ် (သက်ထွန်းဦး) ရေးသားချက်များ နှင့်အခြားသော မှတ်ချက်များ မှ အာဏာရူးကြီး မှုးကြီးသန်းရွှေ ဖယောင်းတိုင်ထွန်း ၍ စက်မှုနိုင်ငံ ဆီသို့ ချီတတ် နေပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ ဆောရီးဗျာ ပိုက်ဆံရှိသူများ က အင်ဗက်တာများ သုံး၍ ဒီထက်ရှိသူများ က မီးစက်များ ဖွင့်၍ နည်းမျိုးစုံးဖြင့် ချီတတ် နေပါကြောင်း။
written by eiphan, November 08, 2009
အခုလဲ လယ်ယာ စိုက်ပျိုးရေး နိုင်ငံ မဟုတ်ပါဘူး။ ရှိသမျှ ထုတ်ရောင်းနေသော အထည်ကြီးပျက် နိုင်ငြံ ဖစ်ပါသည်။
written by dong 2, November 08, 2009
I don;t think so, just* road to mad*! foolish ideas and instructions as you have to make lime to become sour! haha! anyway he is a fool!
written by Zawmintun, November 08, 2009
ပထမ စာကြောင်း ဖတ်တော့ ဟုတ်သလိုလိုပေါ့ ။ စိုက်ပျိုးရေး နိုင်ငံ ကနေ စက်မှုနိုင်ငံ ဖြစ်အောင် ထူထောင် မယ် ဆို ကောင်းတာပေါ့ ။ ဆက်ဖတ်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဧရာဝတီတိုင်း နာဂစ်ဒေသ ခရီးစဉ်တွင် ပြောကြောင်း တဲ့ ။ ဘာပြောရမှန်းကို မသိတော့ပါဘူးဗျာ ။ လယ် စိုက်မရလဲ စိုက်မနေကြပါနဲ့ တော့ ။ တံစဉ် ကနေ ဂွ ပြောင်းကိုင် လိုက်ပေါ့ လို ပြောတာလားဗျာ ။ အရမ်းကို အမြှော်အမြင်ြ ကီးပါပေတယ်။ ကောင်းလေစွ ကောင်းလေစွ။

written by ဗိုက်ကလေး, November 08, 2009
ထူထောင် နိုင်ရင်တော့  အတိုင်းထက် အလွန် တံခွန်နဲ့ ကုက္ကားပေါ့ ဗျာ. .... ခုဟာက .... ကျွှန်တော်တို့ နိုင်ငံဟာ လယ်ယာ စိုက်ပျိုးရေး နိုင်ငံပါ ဒီ စိုက်ပျိုးရေး လုပ်နေတဲ့ လယ်သမားတွေကို တတ်နိုင်သလောက် ဖေးမ ကူညီရမှာ မဟုတ်လား.. ခုဟာက ဖေးမဘို့  နေနေသာသာ ဘာကြေး ကောက်၊ ညာကြေး ကောက်၊ ခုတလော ဧရာဝတီ မြစ်ဝကျွှန်းပေါ် ဒေသမှာ ကြွက်တွေ သောင်းကျန်းနေတာ နအဖက ဘာများ ကူညီပေးလို့ လဲ... မကူညီတဲ့ အပြင် တအိမ်ကို ကြွက်မြီး ဘယ်လောက် ပေးရမယ်လို့  အမိန့် ထုတ်တယ်လေ...နောက်ပြီးတော့  လယ်သမားတွေရဲ့  လယ်တွေသိမ်း ...ILO ကို တိုင်တော့ နှူတ်မိန့် နဲ့ ပြန်ပေး..ပြီးတော့ လယ်သမားတွေက သူတို့ ရဲ့ ဘိုးဘွားပိုင် မြေတွေ ပြန်လုပ်တော့ .. ရိတ်သိမ်းခါနီးမှ .. လယ်သမားတွေကို ဖမ်းဆီး ထောင်ချ......လယ်ယာ စိုက်ပျိုးရေး နိုင်ငံတောင် စံနစ်တကျ မထူထောင်နိုင်ပဲနဲ့ .. ..တချိန်က မြန်မာနိုင်ငံဟာ ဆန်စပါး နိုင်ငံခြားကို အရှေ့တောင် အရှမှာ အများဆုံး တင်ပို့ တဲ့ နိုင်ငံဆိုတာ သမိုင်းထဲမှာပဲ ကျန်တော့ မယ်....ဒါနဲ့ များ စက်မှူ နိုင်ငံထူထောင် မလို့ တဲ့ ...
written by Zero, November 07, 2009
အဟက် အဟက် အဟက်...
ဟား ဟား ဟား ဟား..
ခွီး ခွီး ခွီး
ရူးပါ့.. နှမ်းပါ့...လိမ်တတ်ပါ့.. အရှက်နည်းပါ့.. အဲလို ဘဲ ပြောပစ်မယ်...
ဟား ဟား ဟား ဟား..
ခွီး ခွီး ခွီး
ရူးပါ့.. နှမ်းပါ့...လိမ်တတ်ပါ့.. အရှက်နည်းပါ့.. အဲလို ဘဲ ပြောပစ်မယ်...
written by sayargyipar, November 07, 2009
စက်မှုနိုင်ငံ ဆိုတာ ဘာလဲ ဆိုတာ အရင်သိ အောင် လုပ်စမ်းပါဦး
written by Bo Shoke, November 07, 2009
Ha Ha Ha!
Big Mouth! How can we reach to Modern Nation with Candles???????
Big Mouth! How can we reach to Modern Nation with Candles???????
written by Yan Naing, November 07, 2009
လျှပ်စစ်မီးလေးဘဲ မှန်မှန် ရအောင် လုပ်ပေးစမ်းပါဗျာ..ကျုပ်တို့ရွာမှာ မီး မှန်မှန် လာရင် ခင်ဗျားကို ထိုင် ကန်တော့မဲ့ လူတွေ ရှိတယ်ဗျ....ရှိတဲ့ နွား၂ရှဉ်းလေးနဲ့ဘဲ လယ် ဆက်ထွန်နေပါဦးမယ်. ...မီးလေးတော့ မှန်အောင် လုပ်ပေးလိုက်ပါဗျာ ..အရည်အချင်း ရှိတယ် လို့များ ကိုယ့်ကိုယ်ကို ထင်နေခဲ့ရင် ပြောပါတယ်...
စိုက်ပျိုးရေးမှာတောင် စက်ကိရိယာ စုံစုံလင်လင် မသုံးစွဲနိုင်သေးဘူး.. .စက်မှု နိုင်ငံတော်ကြီးကိုများ တည်ထောင်ဦးမတဲ့..
မှူးကြီးက မြန်မာပြည်ကြီးကို အတော် ပြောင်းလဲ တိုးတက်စေချင်ပုံ ရတယ်နော်.... စေတနာ မပါတဲ့ ပါးစပ်က ထွက်တဲ့ လေကလေးနဲ့လေ....
မြန်မာပြည်ကို တိုးတက်စေချင်ရင် သူကိုယ်တိုင်က စပြီး ပြုပြင်ရမှာ...အိုး အများကြီး ပြောင်းလဲမှုတွေ လုပ်ရဦးမယ်...
ကိုယ်တိုင်တောင် သင်္ချိုင်းကုန်း ခြေတစ်ဖက်နဲ့ တစ်ဝက် လှမ်းနေပြီ အာဏာကို မစွန့်နိုင်သေးတာ ... ဘယ်လိုများ ပြုပြင် ပြောင်းလဲဦးမှာ တဲ့လဲ.... တိုင်းပြည်ထက် ကိုယ့်ကိုယ်ကို ပိုချစ်တဲ့ လူ့ငတုံးတွေ.. ကိုယ်ကျိုးရှာ သမားတွေ.. နိုင်ငံတော်ရဲ့ အရေးကြီးတဲ့ ရာထူး နေရာတိုင်းကိုလည်း အရည်အချင်း ရှိတဲ့လူတွေကိုမပေးဘဲ အလွမ်းသင့်တဲ့သူ.. ပြောသမျှ ခေါင်းငြိမ့် မဲ့သူတွေ ကိုသာ ပေးနေမှတော့ ဦးဆောင်မှု ကောင်းတဲ့ခေါင်းဆောင်ေ ကာင်းတွေကို ရဖို့ဆိုတာ တိုင်းပြည် အတွက်တော့ဝေလာဝေး....
ဘာအရည် အချင်းမှ မရှိဘဲ စစ်တပ်က ဖြစ်ရင်ပြီးရော ဆိုပြီး ရှိသမျှ နေရာတိုင်းကို သူတို့လူတွေချည်းဘဲ အသိဥာဏ် ဗဟုသုတ မရှိ အတတ်ပညာ နားမလည်.. ဒီလို လူမျိုးတြွေ ကီးစိုးတဲ့ တိုင်းပြည်မှာ ဘယ်လိုနည်းနဲ့များ တိုးတက်အောင်ြ ကံဆောင်ကြဦးမှာလဲ..

written by Oo Gyi Kyaw, November 07, 2009
ကြားရတာ မစားရ ဝခမန်းပါ ကိုသန်းရွှေ၊ ခင်ဗျားတို့ ကြွေးကြော်နေတဲ့ စိုက်ပျိုးရေးကို အခြေခံခဲ့ လို့ ကျုပ်တို့ ဟင်္သာတ ဘက်က တောင်သူလယ်သမား အများစုလဲ လယ်ပြုတ်၊ ကိုင်းပြုတ်၊ နွားပြုတ် နဲ့ တစ်ချို့ဆို နေစရာ အိမ်တောင် ပြုတ်ကုန်ပါပြီ။ ခင်ဗျား တို့ဆီက ဘာမှ့ ထောက်ပံ့ မူ့ မရတဲ့ အပြင် လယ်၊ကိုင်း ကသီးနှံ မထွက်။ ခင်ဗျားတို့ နဲ့ လက်ဝါးချင်း ရိုက်ထား တဲ့ စီးပွားရေး သမားတွေ ရဲ့ ပိုးသတ်ဆေး အကြွေး တွေကို လယ်ထိုးပေး ၊ ကိုင်းထိုးပေး၊ နွားထိုးပေး နဲ့ နောက်ဆုံး နေ နေတဲ့ အိမ်ပါ ထိုး ပေး လိုက်ရတဲ့ တောင်သူ လယ်သမား တွေ ကျုပ်တို့ဆီ မှာ ထုနဲ့ဒေးပါ။
ခင်ဗျားပြောတဲ့ စက်မူ့ နိုင်ငံဆိုတာ ခိုင်းနွာနဲ့ လှည့်ပြီး လျှပ်စစ် ထုတ်တဲ့ စက်တွေကို ပြောတာ လာဗျာ(တစ်လောက ကြားလိုက်ရတဲ့ သတင်း)။ ခင်ဗျား ပြော မှ့ ကျူပ်တို့ ရွာက အရီးမြ ကို သွား သတိယမိရဲ့၊ ကျုပ်တို့ နယ်တွေ မှာ ထော်လာဂျီတွေ ခေတ်စား နေတဲ့ အချိန် ၊ ဗေဒင် က စက်ပစ္စည်း ဝင်ကိန်း ရှိတယ် ဆိုလို့ ကိုင်းပေါ်ရင် ထော်လာဂျီ တစ်စီး လောက် ဝယ်နိုင်ပြီး စက်ပိုင် ဖြစ်ရခြည် သေးရဲ့ လို့ စိတ် ကူးယဉ် နေတဲ့ အရီးမြ၊ ကိုင်းက မရတဲ့ အပြင် သားအငယ် ကောင် မူလတန်း အောင်လို့ ဟိုဘက်ရွာ တွဲဘက် အလယ်တန်း ကျောင်းကို အိမ်ကနေ အသွား အပြန် ကျောင်းတက် ရမယ် လဲ ဆိုရော အိမ်မှာ မွေးထား တဲ့ ကြက်တစ်အုပ် ရောင်း ပြီး စက်ဘီး အစုတ်ကလေး တစ်စီး ဝယ်ပေး လိုက်ရပါပကော။ အော်.. အရီးမြ လဲ စက်ပိုင် ဖြစ် သွားပါတယ် လေ။ ကိုသန်းရွှေတို့ ရဲ့ စက်မူ့ နိုင်ငံတော် စီမံကိန်းကြီး အောင်မြင် ပါစေလို့ ဆန္ဒပြု လျှက်.... ..........။

written by ပေါဆင်, November 07, 2009
မြန်မာပြည် အုပ်ချုပ်ရေး လူတန်းစားများ၏ တွေးတော ကြံဆမှုက အံ့မခန်း ကြီးကျယ်လှ၏။ တေမိ ဇာတ်တော်ကို အားကျ၍ အနှစ် နှစ်ဆယ်ခန့် ၀ဇီပိတ် ကျင့်နေသော တပ်ချုပ်ကြီး၏ ကြီးစွာသော ညဏ်စွမ်းပကားဖြင့် အမှတ်မထင် ပြောဆိုလိုက်သော အနာဂတ် အမိ နိုင်ငံတော်၏ ရည်မှန်းချက်သည် ကမ္ဘာ တစ်ခြမ်းအား သိတ်သိတ် တုပ်စေ၏။ ခုနှစ်ရက် သားသမီးသော ပြည်သူ အပေါင်းနှင့် တောစောင်နတ့် တောင်စောင်နတ် အလုံးစုံသော နတ်မင်းတို့အား ခွက်ထိုး ခွက်လန် ဟားတိုက် ရယ်သွမ်းစေ၏။ လျှပ်စစ်မီး စွမ်းအင် ဗလာနံတ္ထိ နှင့် ကျောက်ခေတ် လမ်းပန်း ဆက်သွယ်ရေး တို့ဖြင့် အတိ ပြီးနှင့်သော အမိ နိုင်ငံတော်အား ဧရာမ စစ်မှု နိုင်ငံ တစ်ခု အဖြစ် ထူထောင်မည် ဆိုသည်မှာ ယုတ္တိယုတ္တံ အသိညာဏ ခွဲခြားမှုနှင့် အတွေး အခေါ် မျှော်အမြင် ကြွယ်ဝမှုတို့အား လယ်ပြင်တွင် ဆင်ကြီး သွားနေသကဲ့သို့ ထင်ဟတ် ပေါ်လွင်စေပါသည်။
written by မိုးကောင်းကင်, November 07, 2009
ဗိုလ်သန်းရွှေကြီးက ဗူးပေါက်တာ မသိချင် ရေပါတာပဲ လိုချင်တဲ့ လူကြီးဗျ
တိုင်းပြည် ဖွံ့ဖြိုးဖို့ အခြေခံ အဆောက်အအုံတွေ လိုတယ်လို့လဲ သူသိရော
အဆောက် အအုံကြီးတွေ အခိုင်အမာဆောက်ခိုင်းတော့တာပဲ
နည်းပညာ တက္ကသိုလ် သုံးထပ်ကြိးတွေ ကွန်ပျူတာ တက္ကသိုလ် သုံးထပ်ကြီးတွေ ဒါပေမယ့် အထဲမှာ လက်တွေ့ ပစ္စည်းတွေက ဗလာ
အခုဆိုရင် ဘာမဟုတ်တဲ့ စင်ကာပူက အထက်တန်းကျောင်း အဆင့် ITE တွေမှာ တတန်းမှာ လူ ၄၅ယောက် ရှိရင် ၃၇ ယောက်က မြန်မာလေးတွေ
မြန်မာနိုင်ငံက ကျောင်းတွေကို သူတို့သား သမီးတွေကိုတောင်မှ မပို့တာ ဘယ်သူက အားကိုးမှာလဲ
ကျန်းမာရေး မှာလဲ အခုဆို သူတို့ အမျိုးတွေကိုပဲ လုပ်စားခိုင်းဖို့ပြင်
သူတို့ အလုပ်မပေးနိုင်လို့ ပြည်ပမှာ မျက်နှာငယ်နဲ့ အလုပ် သွားလုပ်သူတွေဆီက အခုဆို တ၀က်ကို သူတို့ဖြ တ်အုပ်ဖို့ပြင်
တရုတ် ကုလား Passport သက်တမ်း ၁၀ နှစ် အခွန်အခမဲ့ အချိန်မှာ
ဗမာပြည်က Passport သက်တမ်း ၃ နှစ် တခါတိုး S$ ၃၀၀ အခွန်တနှစ် S$ ၁၀၀၀ နီးပါး ဂုတ်သွေး စုတ်နေတာကို အားမရ
ဖုန်းပြောခ သူများ နိုင်ငံတွေ ၁၀ ဒေါ်လာဖိုးကို မိနစ် ၃၀၀ လောက် ပြောလို့ရချိန်မှာ မြန်မာပြည်ကတော့ ၁၀ဒေါ်လာ ကို မိနစ် ၂၀ ...
သံရုံး သွားတော့လဲ ကိုယ့် ပိုက်ဆံနဲ့ကိုယ် မျက်နှာငယ်ရ
ကျနော်ဗျာ... စောစော စီးစီး
ဗိုလ်သန်းရွှေ တမျိုးလုံးကို ကော်ဆဲချင်ေ တာ့တာပါပဲ

written by Simon, November 07, 2009
ဒီလိုမျိုး မဟာ့မဟာ အတွေးတွေ တကယ်ရှိရင် ခင်ဗျားရဲ့ ဂူပြည်တော်မှ မိန့်ကြားပါဗျား။ စိုက်ပျိုး ထွန်ယှက်ဖို့ ကျွဲ ၊နွား တောင်မှ လိုတလောက် အကူအညီ မပေးနိုင်လျက် ဒီလိုနေရာမျိုးမှာ ယောင်ပြီး ဘာတွေေ ပြာနေတာလဲဗျား။
written by Zaw, November 07, 2009
i gonna say as a citizan
we need to see the country to be developed whoever has idea and creativity.
i just want say " hey .. i am from myanmar " proudly
we need to see the country to be developed whoever has idea and creativity.
i just want say " hey .. i am from myanmar " proudly
written by ဒေါင်းဂွင်, November 07, 2009
စစ်တပ်က ဘားတိုက်ကို ပြန်ပြီး အရပ်သား အစိုးရကို အာဏာ လွဲလိုက်ပါ... ကျန်တာတွေ သူ့ အလိုလို ဖြစ်လာလိမ့်မည်။
written by Chotuu Mar, November 07, 2009
ဘိုဘိုသန်းရွှေ တို့ သိပ်လေးစားတဲ့ ရှေးရှေးက များတို့ ဗမာဘုရင်တွေလေ။ သိတယ်ဟုတ်။
မသိဘူး လို့တော့ ဘူး တလုံးဆောင် ဖြီးဘို့တော့ မကြံနဲ့နော်။ သူတို့ သေပြည်တော်က ရင်ပြင်တခုမှာ အရုပ်ကြီးတွေ ပတ်ပတ်လည် ထုထားတာ များတို့ သိတယ်။
အားလုံး မဟုတ်တောင် အဲဒီ ဘုရင်တွေထဲက တယောက်လောက်၊ ဘုရင် အနော်ရထာ ခြေဖျားလောက် လိုက် အတု ခိုးကြည့်ပါလား။ နာဂစ်ဒေသ ကို ဟန်ပြမသွားပဲ၊ အနော်ရထာမင်းလို တခေါက်လောက် ရုပ်ဖျက် သွားကြည့်လိုက်ပါဦး။
အော် ဆောရီးပဲ၊ မေ့သွားလို့။ လူချစ်များတဲ့ အနော်ရထာက တယောက်ထဲ ရုပ်ဖျက်သွားလို့ ဘာမှ မဖြစ်ပေမဲ့၊ သွပ်ပြားတို့ ဘိုဘိုရှုပ်ကြီးကတော့ အဲသလို လိုက်လုပ်ရင် အမျာြး ပည်သူတွေ ထားတဲ့မေတ္တာနဲ့ တယောက် တချက် လက်ဖျားနဲ့ တို့တာနဲ့တောင် အရိုးအသား မပြောနဲ့၊ ဆံဖျားလေးတောင် ပြန်ရမှာ မဟုတ်ဘူး။
ကြွစရာရှိ မြန်မြန်ကြွ။ တော်တော်ကြာ ဦးဝင်းအောင်လို လူမသိ သူမသိ ကြွနေရဦးမယ်။

written by kyaekuusit, November 07, 2009
ရှက်တတ်ရင် အဲဒီလူကြီး လဲသေဖို့ကောင်းတယ်။
written by kaorot, November 06, 2009
နွားနဲ့ လျှပ်စီးမီး ထုတ်လုတ်ေ နမှတော့ စက်မှုခေတ်ကို ရောက်မှာ မဟုတ်ဘူး.. .နွားခေတ်ကိုပဲေ ရာက်မှာ ဗိုလ်သန်းရွှေရေ...
written by sannaymin, November 06, 2009
သူဘဲ အညိုးညိုး.... ...အရင်တုန်းကတော့ စိုက်ပျိုးေ ရးကို အခြေခံမယ် ဆို....အခုကြတော့
စက်မှုနိုင်ငံ တဲ့....
စက်မှုနိုင်ငံ တဲ့....
written by ကိုလူလှ, November 06, 2009
စက်မှုနိုင်ငံ ထူထောင်ဖို့ ပါးစပ်ကတော့ ပြောနေပြီး ဆွေမျိုးနဲ့ နောက်လိုက် နောက်ပါ ကောင်းစားရေး၊
မိသားစု လုံခြုံရေးကသာ နိုင်ငံတော်ကြီး ဖွံ့ဖြိုး တိုးတက်ရေးထက် ပိုအရေးကြီးကြောင်း ဥမင်လှိုဏ်ခေါင်း
တူးခြင်း၊ Nuclear Weapon ပိုင်ဆိုင်နိုင်ရေး အားထုတ်ြ ကိုးပမ်းမှုတို့က သက်သြေ ပနေပြီး၊ တိုင်းပြည်မှာ
ဖွံ့ဖြိုး တိုးတက်ဖို့ အခြေခံ အကျဆုံး လျှပ်စစ်မီးတောင် မှန်အောင် မပေးနိုင်ဘဲ အိမ်နီးချင်းနိုင်ငံတွေကို ရောင်းစား
ဖို့ အားထုတ်နေတာနဲ့ အထွေထွေသော ပြည်သူလူထုရဲ့ ဆင်းရဲမွဲတေမှုကို မကုစားပဲ ပါးစပ်က ထင်ရြာ မင်ရာပြော
နေတာ စတက်ကထဲက ပါပဲ။ စက်မှုနိုင်ငံ ထူထောင်ဖို့ နေနေသာသာ တိုင်းပြည်မှာ အရိုးစွဲနေတဲ့ နှစ်လုံးထီ လောင်းကစား
ကို စနစ်တကျ အမြစ်ပြတ် မနှိမ်နင်းနိုင်ဘဲ စီးတော်ရဟတ်ယဉ်ကို ဆင်ဖြူတော်လို့ နာမည်ပေးတဲ့ သူ့ စကားကို
ဘယ်သူမှ မယုံပါဘူးဗျာ။

written by Shwe Thwe, November 06, 2009
Every childen can talk. What is the basic requirement? This is basic on education. basic on infrastruture. where is power supply? where is water supply? where is human resources? All soliders are non educated who can lead to ind. country? What did he do for toward there? suprise!!!! he can easily talk this words.
written by Burmese, November 06, 2009
သြော်. .ယတြာချေတာလည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် ဆေး မသောက်ရေ သးလို့ လားမှ မသိတာ။ သနားပါတယ်၊
written by Nyo M.N, November 06, 2009
သိပ် မပြောကြပါနဲ့ဗျာ..
သူ့ခမျာ နေကောင်းပြီးကာစ ဂယောင် ချောက်ခြား လျှောက်ပြောမိတာပါ..
အမိုက် အမဲကြီးကို ဗွေမယူပါနဲ့..
တော်သေးတာပေါ့.. မသေခင် ဖွံ့ဖြိုးတဲ့ တိုင်းပြည်ဆိုတာ ဘာလဲလို့ သိသွားရှာတာ..
ဦးဏှောက် နည်းနည်းတော့ ကောင်းချင်သလိုလို ဖြစ်လာပြီ ထင်တယ်..

written by NEW GENERNATION, November 06, 2009
မြန်မာပြည် တိုးတက် စေချင်ရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆက် မအုပ်ချုပ် နဲ့။ အုပ်ချုပ်ရေးမှာ စစ်တပ် မပါနဲ့။ တိုင်းပြည်နဲ့ လူမျိုးအပေါ် မတရား လုပ်နေတာတွေ ရပ်ပါ။ အသိဥာဏ်ရှိတဲ့ လူတွေ အုပ်ချုပ်ပါ။ ရှင်းရှင်း လေး။
written by Ko J J, November 06, 2009
အရူးစကား ကြားရသလို ပါဘဲ...စစ်တပ်က အာဏာ စသိမ်းတဲ့ ဗိုလ်နေဝင်း ခေတ်ကနေ ဒီကနေ့ ဗိုလ်သန်းရွှေ လက်
ထက်ထိ ပြောခဲ့တာတွေ များလှပြီ... တိုင်းပြည်ကတော့ မွဲသထက်မွဲ ချွတ်ခြုံ ကျနေတာ လွဲပြီး ဘာမှ တိုးတက်မှု မရှိ
ဘူး..ပြည်သူတွေရဲ့ဘဝ ဘာမှ တိုးတက်မလာပါဘူး.. မင်းမကောင်းလို့ မီး..ရေ..လေ တောင် မမှန်တော့ ပါဘူး......

written by fullmoon, November 06, 2009
Let alone (proper) broadband, we don't even have enough electricity and basic supplies.
How can we make it Industrial country? It won't happen unless government build the basic infrastructure.
How can we make it Industrial country? It won't happen unless government build the basic infrastructure.
written by ???????, November 06, 2009
လယ်ယာ လုပ်ငန်းတောင် အမြီး အမောက် တဲ့ အောင် မစီစဉ် နိုင် နားမလည် နိုင် ပဲနဲ့ ဘယ်လို လုပ်ပြီး စက်မှု နိုင်ငံ ထူထောင်မလဲ။
ထော်လာဂျီ လောက်တောင် ဖြောင့်အောင် မထုတ်နိုင်ပဲနဲ့ ဒီလို စကားတွေ လျှောက်ပြောနေတာ လူရီ စရာ။
ဥာဏ်နဲတာ လူသိတာပေါ့ဗျာ။
မြန်မာပြည် တိုးတက် စေချင်ရင် ဒင်းတို့ ဆက် မအုပ်ချုပ် နဲ့။ အုပ်ချုပ်ရေးမှာ စစ်တပ်မပါနဲ့။ တိုင်းပြည်နဲ့ လူမျိုးအပေါ် မတရား လုပ်နေတာတွေ ရပ်ပါ။ ပြည်သူ သဘောကျတဲ့ လူတွေ အသိဥာဏ်ရှိတဲ့ လူတွေ အုပ်ချုပ်ပါစေ။ ရှင်းရှင်း လေးပါ။

written by KNM, November 06, 2009
ခြောက်ခြားစရာ အိမ်မက်ကနေ လန့် နိုးပြီး အော်လိုက်တာလား ကိုသန်းရွှေ။ လေလုံးတွေကြွား ဝါးခဲ့တာလည်း များပါပြီး။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် သတင်း လွတ်လပ် ဖွံ့ဖြိုးအောင်၊ လူအခွင့်အရေး ဖွ့ံဖြိုး အောင်၊ လုပ်နိုင် မလုပ်နိုင်ကို ပထမဦးဆုံး စဉ်းစားပါ။ အဲဒီခြေလှမ်းကို သတ္တိရှိရှိ လှမ်းရဲမယ် ဆိုလျှင်တော့ ဖြစ်လာနိုင်ပါတယ်။
written by သက်ထွန်းဦး, November 06, 2009
စက်မှုနိုင်ငံ ဆိုတာကို ဖယောင်းတိုင် ထွန်းပြီး ကျောက်ဂူထဲကနေ ထူထောင်လို့တော့ မရဖူးဗျ။ မြန်မာပြည်မှာ လျှပ်စစ်မီး ဆိုတာ ရှားပါးပစ္စည်း ဖြစ်နေပြီ ဆိုတာ သိတယ်နော်။ လျှပ်စစ်၊ စွမ်းအင်၊ ခေတ်မှီ ဆက်သွယ်ရေး စံနစ်၊ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်မှု စတဲ့ အခြေခံ အဆောက်အဦ တွေ မရှိပဲနဲ့ စိတ်ကူး မယဉ်စမ်းပါနဲ့။ ဒါထက် ပိုဆိုးတာက လက်ရှိမြ န်မာပြည်က ခေတ်စံနစ်ပဲ။ ခြစားနေတဲ့ သစ်ငုတ်ကို ရွှေချလို လှလာမှာ မဟုတ်ဖူး ဆိုတာကို မဆလခေတ် ၂၆ နှစ်နဲ့ န၀တ၊ နအဖခေတ် ၂၁ နှစ်က သက်သေ ထူခဲ့ပြီးပြီလေ။ ကိုယ်ကိုတိုင် စီမံခန့်ခွဲမှု ညံ့ဖျင်းတာကို ဟိုလူက ပိတ်လို့ ဒီလူက ဆို့လို့ ဆိုပြီး လက်ညှိးထိုး လျှောက်အော်နေတာ ဘိုချုပ်တွေ အစား ရှက်မိပါတယ်ဗျာ။
Write comment