ဖွဲ့စည်းပုံမပြင်လျှင် ရွေးကောက်ပွဲမဝင်ဟု ရခိုင်နိုင်ငံရေးခေါင်းဆောင် ကြေညာ

E-mail Print
စစ်အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ပါလျှင်၂၀၁၀ ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) က ပြောကြားလိုက်သည်။

ပြီးခဲ့သည့် တင်္နလာနေ့က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်တွင် ကျင်းပသော ALD ပါတီ ၂၁ နှစ်မြောက် နှစ် ပတ်လည် အခမ်းအနားတွင် ALD အတွင်းရေးမှူး ဦးအေးသာအောင်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ဦးအေးသာအောင်က“ဒီမိုကရေစီ စနစ်ကိုသွားချင်ရင် ဒီမိုကရက်တစ်ဆန်ရမယ်၊ ဒီမိုကရေစီမှာ ရွေးကောက် ပွဲဆိုတာကို မလွဲမသွေ ဖြတ်သန်းရမယ်ဆိုတာကိုနားလည်တယ်၊ ဒါပေမယ့် ဒီမိုကရက်တစ် အခင်းအကျင်း မပါတဲ့ရွေးကောက်ပွဲကိုတော့ အန်ကယ်လ်တို့က လက်မခံနိုင်ဘူး၊ အန်ကယ်လ်တို့ ပါတီအနေနဲ့ကတော့ ဒီကိစ္စမှာ ပြတ်ပြတ်သားသားပဲ ပြောလိုပါတယ်၊၂၀၀၈ အခြေခံဥပဒေကို ပြန်လည်မပြင်ဆင်ရင်၂၀၁၀ ရွေး ကောက်ပွဲကို မ၀င်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ သည် ပြည်နယ်များ တိုင်း ဒေသကြီးများ သတ်မှတ်ထားသော် လည်း အရေးပါသောလုပ်ပိုင်ခွင့်များကို စစ်တပ်ကသာ လက်ဝါးကြီးအုပ်ထားသောကြောင့် ဒီမိုကရေစီ စနစ် ကိုဖော်ဆောင်ရန်မဖြစ်နိုင်သော ဖွဲ့စည်းပုံဥပဒေသာ ဖြစ်ကြောင်းလည်း ၎င်းက ဝေဖန်ထောက်ပြသွားသည်။

“၂၀၀၈ခုနှစ်က တဖက်သတ်ပြဌာန်းထားတဲ့ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ဖို့ မစဉ်းစားဘူးဆိုရင် နအဖ က ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ဖို့ ကျနော်တို့ ရဲ့ မိတ်ဆွေ ညီအစ်ကိုတွေဖြစ်တဲ့ အခြား တိုင်းရင်း သား ပါတီတွေကလည်း မစဉ်းစားဘူးဆိုတာ ပြောပြီးသားပါ၊ အလားတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လည်း ရွေဂုံတိုင် ကြေညာချက်ကို ထုတ်ပြန်ပြီး အတိအလင်း သဘောထားထုတ်ပြန်ပြီးသားပါ”ဟု ဦးအေး သာအောင်က ဆက်ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်(ALD)ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရှစ်လေးလုံးအရေးတော် ပုံ ကာလက ဦးဆောင်လှုပ်ရှားခဲ့ကြသော ထင်ရှားသည့် ရခိုင်ခေါင်းဆောင်များဖြင့် ဖွဲ့ စည်းတည်ထောင် ခဲ့ ခြင်း ဖြစ်သည်။

ALD သည် ၁၉၉၀ ပြည့်နှစ်က ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာအရ အမတ် နေရာ ၁၁ နေရာဖြင့် တတိယ အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်ပြီး ရခိုင်ပြည်နယ်တွင်လည်း အမတ် ဦးရေ အများဆုံး အနိုင်ရခဲ့သော ပါတီဖြစ်သည်။

ALD အနေဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(န၀တ)၏  ၁/၉၀ ကြေညာချက်ကို ဆန့်ကျင်ကန့်ကွက်သောကြောင့် ၁၉၉၃ ခုနှစ်တွင် တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

ဦးအေးသာအောင်က“ကျနော် တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ကို စစ်အစိုးရက အကြောင်းအမျိုးမျိုး ပြပြီးတော့ ဖျက်သိမ်းလိုက်ပေမယ့် ကွယ်လွန်သွားပြီဖြစ်တဲ့ ဥက္ကဌကြီး ဒေါက်တာစောမြအောင်နဲ့ အခြားပါတီ ခေါင်း ဆောင်များက ကြုံလာတဲ့နိုင်ငံရေးမုန်တိုင်းတွေကို ကြံ့ကြံ့ခံပြီးတော့ ပါတီရဲ့ လမ်းစဉ် မူဝါဒတွေကို တစိုက် မတ်မတ် လုပ်လာခဲ့ပါတယ်၊ တိုင်းရင်းသားပါတီတွေနဲ့ ရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနဲ့ပါ လက်တွဲ ပြီး ချီတက်လာတာ အခု ၂၁နှစ်ရှိခဲ့ပါပြီ၊ ကျနော်တို့ပါတီကို ရခိုင်ပြည်သူတရပ်လုံးက ကိုယ်စားပြုပါတီ အဖြစ် ရွေးချယ်ထားတာမို့ ကျနော်တို့ ဟာ ပြည်သူတွေ ပေးအပ်ထားတဲ့ တာဝန်ကို ဆက်လက်ပြီး ထမ်းရွက်သွားမှာ ပါလို့ ပြည်သူလူထုကို ပြောချင်ပါတယ်”ဟု ဆိုသည်။  

ထို့အတူ ပြည်ပအခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ- ဗဟို)မှ ဥက္ကဌ ဦးထွန်းဝင်းကလည်း“နအဖရဲ့ ၂၀၀၈ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေဟာ ဒီမိုကရေစီနည်းကျ ပြဌာန်းတာမဟုတ်လို့ ကျနော်တို့ဆန့်ကျင် သလို အဲဒီဥပဒေနဲ့ ကျင်းပမယ့်၂၀၁၀ ရွေးကောက်ပွဲကိုလည်း ကျနော်တို့ ပါတီအနေနဲ့ လက်မခံပါဘူး၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ကျနော်တို့ ဆက်လက်ဆုပ်ကိုင်ပြီး ရခိုင်ပြည်သူတွေက ပေးအပ်ထားတဲ့ တာဝန်ကို ထမ်းဆောင်သွားမယ်လို့ ပြောလိုပါတယ်”ဟု ပြောဆိုသည်။

ဦးထွန်းဝင်းသည် ရခိုင်ပြည်နယ် မင်းပြားမြို့ နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ် သည်။ ယခုအခါ ၎င်းသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ)ကို ဦးဆောင်နေသူဖြစ်ပြီး ပြည်ထောင်စု မြန်မာ နိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ(NCGUB) ၏ ပညာရေးဝန်ကြီးလည်းဖြစ်သည်။

တနင်္လာနေ့က ကျင်းကသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် ၂၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ  ရခိုင်နိုင်ငံရေးသမားများ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးဝင်းတင်နှင့် ဦးစော နိုင်းနိုင်း၊ ဇိုမီးအမျိုးသား ကွန်ဂရက်မှ ဦးပူကျင့်ရှင်းထန်၊ မွန် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးနိုင်ငွေသိန်း၊ ချင်းနိုင်ငံရေးခေါင်းဆောင် ဦးထောင်ကိုထန်းနှင့် မကြာမီက သရက်ထောင်မှ ပြန်လည် လွတ်မြောက် လာ သည့် ရခိုင်နိုင်ငံရေးသမား ကိုခိုင်ကောင်းစံ အစရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Comments (5)Add Comment
0
လေးစားပါတယ် ဦးအေးသာအောင် ခင်ဗျား..
written by Wunna Htun, October 16, 2009
လူငယ်တွေ အနေနဲ့ အစိုးရ ရဲ့ အခြေခံ ဥပဒေ စာအုပ်ကို ဖတ်ရှု လေ့လာသ င့်ပါတယ် အထက်က ညီလေး မေးခဲ့သလို ၂၅% တစ်ခုတည်း မဟုတ်ပါဘူး... တကယ်တန်း လုပ်ပိုင်ခွင့်နဲ့ ပြည်သူ့ ဆန္ဒ ဆိုတာ ဘယ်လိုမှ ဖေါ်ထုတ်ခွင့် မရနိုင်မယ့်... ပြည်သူကို ဘယ်လိုမှ ကိုယ်စား မပြုနိုင်မယ့် ရုပ်သေး လွှတ်တော်သာ ပေါ်လာမှာ ဖြစ်တယ်လို့ အလွယ် ရှင်းပြချင် ပါတယ် ညီလေးရေ.... သေသေချာချာ အသေးစိတ် သိချင်ရင်တော့ သူတို့ ရဲ့ အခြေခံ ဥပဒေဆိုတဲ့ ၀တ္ထု စာအုပ်ကိုသာ ဖတ်ကြည့်သ င့်ပါတယ်နော်...

အန်ကယ် ဦးအေးသာအောင်ရဲ့ ရပ်တည်ချက်ကို အရမ်း လေးစားပါတယ်...
0
...
written by အောင်ဖြေအေး, October 15, 2009
စစ်အာဏာရှင်တို့အား ၊ ပြုလုပ်ခဲ့သည့် အမှုများကို တရား စွဲခြင်း မလုပ်သင့်ပါ။
စစ်အာဏာရှင်တွေမှာ
မပျောက်ကွယ်နိုင်သည့် အကြောက်တရားကြီးတခု ရှိနေကြပါတယ် ၊
တချိန် ငါတို့အာဏာမဲ့ကြပါလျှင် ငါတို့ကိုပြ န်လည်ဖမ်းဆီး ၊ ထောင်ချမှာ ဆိုပြီးမြင်တတ်ကြပါတယ် ။
0
် မထင်ပါ
written by Ko Phyo, October 15, 2009
လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်လို့ ရမယ် မထင်ပါ။
0
Bravo
written by bigcat, October 15, 2009
Salute to your courage and determination.
0
မဝင်ရင် တရားဝင်ချေမှုန်းခံရ ယ်..ထင်တယ်
written by မျိုးဆက်သစ်ကျောင်းသားတစ်ဦး, October 15, 2009
ဖွဲ့စည်းပုံ ကိစ္စနဲ့ ပက်သက်ပြီး အတိုက်အခံတွေ အနေနဲ့ လက်မခံနိုင်ဘူး လို့ပြောကြ တာကို ခဏခဏ တွေ့ရပါတယ်။ ကျွန်တော်တို့ လူငယ်တွေက ဥပဒေကိစ္စတွေကို နားမလည်တဲ့ အတွက်..ဘာလို့ လက်မခံ နိုင်တာလဲ ဆိုတာ.. အကွက်ကျကျ ထောက်ပြ သင်ကြား စည်းရုံးမှု ရှိရင် ကောင်းမယ်ဗျာ.. ၂၅% ဆိုတာ တစ်ခုတည်း နဲ့တော့ မကြိုက်တာ မဟုတ်ဘူး လို့ ထင်ပါတယ်... ဘာတွေက ဘယ်လို ချုပ်ကိုင်ထားသလဲ ဆိုတာ .... ဥပဒေ နားလည်တဲ့ သူတွေက ရှင်းပြပေး စေချင်ပါတယ်.... ကျွန်တော်ဆို
ဥပဒေထဲမှာ ပါတဲ့ တစ်ချက်ကို သိပ်မရှင်းဘူး... "တရား စွဲဆိုရာတွေ နောက်ကြောင်းပြန် သက်ရောက်ခြင်း မရှိစေရ.." ဆိုတဲ့ စာကြောင်းမျိုးကို နားမလည်ဘူး..။ ဒါပေမယ့် လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်၊ ရေးသား ထုတ်ဝေခွင့်တို့ တော့ ပြုထားတာပဲ။ ဦးတို့ အနေနဲ့ ဝင်ပြိုင်ကြည့်ပြီးတော့မှ "ရေးသားထုတ်ဝေခွင့်တို့၊စီတန်းလှည့်လည်ခွင့်" တို့ကို မရဘူးဆိုတော့မှ ဝေဖန်ရင် ပိုကောင်းမယ်ထင်တယ်။ နို့မိုဆို.. ကပ္ပိယကံကောင်းတို့၊ ငါးမင်းဆွေတို့၊ ကျော်မင်းလူ(ရွှေပြည်သာ)တို့၊ ပေါက်စတို့၊ မောင်စေတနာ ဆိုတဲ့ သူတွေ ရဲ့ ထောက်ကွက်ဖြစ်သွားမှာ ဆိုးပါတယ်..။ ဘာပဲပြောပြော.. သူတို့က တရားဝင် ရေးခွင့်ရတာ ဆိုတော့...လူငယ်တွေ အနေနဲ့ တကယ်ထင်သွားရင် မလွယ်ဘူး ခင်ဗျ..။

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Wednesday, 14 October 2009 17:34 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်