အဖမ်းအဆီးခံထားရသူများမှာ ကက ကြည်းမှ ဗိုလ်ကြီးအဆင့် ရှိသူများဖြစ်ပြီး ၎င်း သတင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ပေါက်ကြားခဲ့မှုတွင် ပါဝင်ပတ်သက်နေသော တခြား စစ်ဘက်ဆိုင်ရာ အရာရှိတချို့လည်း ထွက်ပြေး ပုန်းရှောင်နေရသည်ဟု စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သတင်းရရှိသည်။ထို့ပြင် ဒုဗိုလ်မှူးကြီး အဆင့်ရှိသူ တချို့ကိုလည်း မြန်မာ - မြောက်ကိုရီးယား ဆက်စပ်နေသည့် သတင်းများ၊ မြန်မာနိုင်ငံတွင်း ဥမင်လိုဏ်ခေါင်း ဖောက်နေသည့်သတင်းများ ပြည်ပမီဒီယာများတွင် ပါရှိခဲ့မှုနှင့် ပတ်သက်၍ ရာထူးမှ ဖယ်ရှားလိုက်သည်ဟု ၎င်းအသိုင်းအဝန်းမှ ကြားသိရသည်။
စစ်အစိုးရ၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံမှ တဆင့် မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်း မြို့တော် သို့ ၇ ရက်ကြာ လျှို့ဝှက် ခရီး သွားရောက် ခဲ့ပြီး ၎င်း ခရီးစဉ်နှင့် ပတ်သက်သည့် သတင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ပြည်ပမီဒီယာများတွင် ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။
၎င်းသတင်းများ ဓာတ်ပုံများနှင့် တပြိုင်နက်တည်း ပြည်တွင်း၌ အနုမြူလက်နက်များ စမ်းသပ်ရန် “လိုဏ်” များ ဆောက်လုပ်နေသည် ဆိုသည့် သတင်းများပါ ထွက်ပေါ်ခဲ့ပြီး နိုင်ငံတကာ မီဒီယာများဖြစ်သော CNN၊ BBC၊ အယ်ဂျာဇီးယား နှင့် ပြည်ပအခြေစိုက် မြန်မာမီဒီယာများဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) တို့က ဗီဒီယို မှတ်တမ်းများနှင့် တကွ ဖော်ပြခဲ့ကြသည်။
ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ခရီးစဉ်တွင် ၎င်းပါဝင်သည့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို မြောက်ကိုရီးယား အစိုးရက ပြုံယမ်းမြို့တော်နှင့် မြိုယမ်းမြို့ရှိ အရေးပါသည့် နေရာများကို လှည့်လည် ပြသခဲ့ပြီး တောင်ကြောများ အတွင်းရှိ ဥမင်များတွင် သိမ်းဆည်းထားသည့် ဂျက်တိုက်လေယာဉ်များ၊ ဒုံးပျံများ၊ တင့်ကားများ၊ အနုမြူနှင့် ဓာတုလက်နက်များကို ပြသခဲ့ကြကြောင်း ဧရာဝတီမဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်ရေးသားသော “မြန်မာနှင့် မြောက် ကိုရီးယားစစ်ရေး လျှို့ဝှက်ချက်များ” အမည်ရှိ ဆောင်းပါးတွင် ပါရှိသည်။
တပ်မတော် ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့်အတူ လေကြောင်းရန် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင်၊ ဗိုလ်ချုပ်လှဋ္ဌေးဝင်း၊ ဗိုလ်ချုပ် ခင်အောင်မြင့်၊ ဗိုလ်ချုပ်သိန်းဋ္ဌေး၊ ဗိုလ်ချုပ်မြဝင်း နှင့် အကြီးစား စက်မှုလုပ်ငန်းမှ တခြား အဆင့်မြင့် အရာရှိများလည်း ပါဝင်ကြသည်ဟု ၎င်းဆောင်းပါးတွင် ဖော်ပြထားသည်။
အဆိုပါ ဆောင်းပါးတွင် နိုဝင်ဘာလ ၂၇ ရက်နေ့၌ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် မြောက်ကိုရီးယားမှ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ် ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ကြပြီး မြန်မာနှင့် မြောက် ကိုရီးယား အကြား စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြသည် ကို ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်။
“မြန်မာနိုင်ငံရှိ အရေးပါသော စစ်ရေး အဆောက်အဦး တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း သို့မဟုတ် ကြီးကြပ်ပေးခြင်း ပြုမည်ဟူသော သဘောတူညီချက် အရ ဤသို့သော အဆောက် အဦးများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်ရန် ဥမင်များ၊ လိုဏ်ဂူများလည်း ပါဝင်မည် ဖြစ်သည်။ ထိုမျှမက မြန်မာ့တပ်မတော် အထူး တပ်ဖွဲ့များ အတွက် ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းများကိုလည်း မြောက်ကိုရီးယားက ကူညီပေးမည် ဖြစ်သည်။ ဤ သင်တန်းများတွင် လေကြောင်းရန် ကာကွယ်ရေး သင်တန်းများနှင့် နှစ်နိုင်ငံ တပ်မတော် အရာရှိများ အကြား ဘာသာ စကား ဖလှယ်မှု သင်တန်းများလည်း ပါဝင်မည် ဖြစ်သည်” ဟူ၍ အဆိုပါဆောင်းပါး၌ နားလည်မှုစာချွန်လွှာတွင် ပါရှိသည့် အချက်များကို ကိုးကား ရေးသားထားသည်။
ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ အဆိုပါ လျှို့ဝှက်ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းများ၊ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်း များ ပြည်ပမီဒီယာများတွင် ပျံ့နှံ့ရခြင်းမှာ နိုင်ငံတော်ထိပ်တန်း လျှို့ဝှက်ချက်များ ပေါက်ကြားခြင်း ဖြစ်သော ကြောင့် ထိုသို့ ပေါက်ကြားရာတွင် ပါဝင်သည်ဟု ယူဆရသည့် စစ်ဘက်ဆိုင်ရာ အရာထမ်းများကို စစ်ခုံရုံး တင်ကာ အလွန် ကြီးလေးသော ပြစ်ဒဏ်များ သတ်မှတ်လိမ့်မည်ဖြစ်ကြောင်း စစ်တပ်နှင့်နီးစပ်သည့် အသိုင်း အဝန်းက သုံးသပ်သည်။
Set as favorite
Bookmark
Email this
Hits: 17071
written by phyuphyutin, January 15, 2010
ကျမ ကတော့ ပြည်ပရောက်နေ တဲ့ မြန်မာပါ...ဒီမှာ အလုပ် လုပ်နေတဲ့ အခါမှာ ဘယ်က လာလဲ လို့ မေးကြတယ် ..မြန်မာက လို့  ပြောရင်တော့ ...အဆုံး မသတ်နိုင်တဲ့ မေးခွန်းတွေနဲ့ ...နိုင် ငံရေးက အစဘဲ...ကျမ ရင် အနာရဆုံး ကတော့ နင်တို့  မြန်မာတွေ တို့ နိုင်ငံမှာ အများကြီးဘဲ...နင်တို့  နိုင်ငံမှာ အလုပ် မရှိဘူးလား... ဆိုတာပေါ့.. ရွှေနိုင်ငံကြီးက ဘာတွေ ဖြစ်နေတာလဲ... ရွှေလူငယ်တွေရဲ့ ခံစားချက်ရော... သိကြရဲ့ လား လို့ ပါ
written by aungmaung, January 02, 2010
ဟ ဒါ ကောင်းတာပေါ့
မြောက်ကိုရီးယားနဲ့တောင် သဘောတူ ညီမှုရသွားပြီ
ပြီးတော့
ဒို့နိုင်ငံမှာ တော်တော် တိုးတက်လာေ တာ့မှာ(စစ်ရေးကို ပြောတာနော်)
ချမ်းသာလာဦးမှာ(စစ်တပ်က လူတွေကို ပြောတာ)
မြောက်ကိုရီးယားနဲ့တောင် သဘောတူ ညီမှုရသွားပြီ
ပြီးတော့
ဒို့နိုင်ငံမှာ တော်တော် တိုးတက်လာေ တာ့မှာ(စစ်ရေးကို ပြောတာနော်)
ချမ်းသာလာဦးမှာ(စစ်တပ်က လူတွေကို ပြောတာ)
written by tharsoe, July 20, 2009
မြန်မာနိုင်ငံပြင်ပ ရောက်နေတဲ့သူတွေရော၊ နိုင်ငံအထဲမှာ ရှိနေတဲ့သူတွေ ထဲကရော ကမ္ဘာ့လေလုံးသမဂ္ဂ.. အဲ့မှားလို့ ကုလသမဂ္ဂ ၊ အာစီညံ အဲ့မှားပြန်ပြီ.. အာဆီယံတို့ကို မေးပေးကြပါ။ ဒီလိုအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြနိုင်ခဲ့တဲ့ အတွက် မည်ကဲ့သို့ ရှေ့ဆက် လုပ်ဆောင်မလဲ ဆိုတာလေး။ ဘယ်သူပဲကြုံကြုံပါဗျာ
written by Saung, July 20, 2009
ဒါမျိုးတွေလုပ်တာ များပါပြီ သတိမထားမိလို့ ဖြစ်မှာပါ။ ဓါးမြတိုက်သလိုပေါ့ ကိုယ်လုပ်တဲ့အမှု ၀န်ခံရမှာကြောက်တော့ နှတ်ပိတ်တဲ့ သဘောပါပဲ။ ဘယ်တုံးကမှ ၀န်မခံဘူးသူတွေ အရာရှိတွေကို ကြီးလေးတဲ့အပြစ် ပေးပြီးတောင် သူတို့ကတော နိုင်ငံတကာကို လိမ်ဦးမှာပဲ။ လက်အောက် အရာရှိတွေကြတော့ အကြောင်းပြချက် ခိုင်ခိုင်ပြတာတောင်
ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ ရမ်းတော့မယ်။ မဆိုင်သူတွေပါဦးမှာ သေချာသလောက်ပါပဲ။
ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ ရမ်းတော့မယ်။ မဆိုင်သူတွေပါဦးမှာ သေချာသလောက်ပါပဲ။
written by a guest, July 19, 2009
How come like that?
Why they want to destroy our country?
USA, Europe must shot missile to Nay Pyi Daw on Than Shew house.
Why they want to destroy our country?
USA, Europe must shot missile to Nay Pyi Daw on Than Shew house.
written by Zo Khup, July 19, 2009
Now another group of pro people officers kicked Than Shwe's head again
written by ပြည်ပရောက်တပ်မတော်လေ စစ်သည်တဦး, July 18, 2009
ဒီလိုသတင်းမျိုးကလဲ မတိကျဘဲနဲ့ အခိုင်အမာ မဖေါ်ပြရင် ဘယ်သူမှ မယုံကြဘူး။ မြောက်ကိုရီးယား လျှို့ဝှက်ခရီးစဉ် ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများ ပေါက်ကြားကာ ပြည်ပ မီဒီယာများတွင် ဖော်ပြနိုင်ခဲ့မှု နှင့် ပတ်သက်၍ စစ်ဘက်ဆိုင်ရာ အရာရှိ ၁၀ ဦးထက်မနည်းကို အရးယူမယ်ဆိုကော့ သူတို့ ကပေးလာတယ် လို့ စွပ်စွဲတော့ ။ မယုံနိုင်စရာဘဲ ဗမာ့တပ်မတော်ရဲ့ အထူး လျှို့ ဝှက်သတင်းများကို ကိုင်တွယ်ခွင့်ရှိတဲ့ အရာရှိ ၁၀ ဦး လောက်က အဲဒီလောက် တိုင်းပြည်ကိုချစ်ရင် သစ္စာရှိရင် တပ်မတော်ကြီးက ဒီလောက်တောင် အခြေအနေ မဆိုးနိုင်ပါဘူး ဗိုလ်ချုပ်ကြီးများရယ်။ နဖူးပေါ်လက်တင်ပြီး သေသေချာချာလဲ စဉ်းစားကြပါအုံး။ အဲဒီအရာရှိ ၁၀ ဦး လုံးက ပေးတာဆိုရင်တော့
အရာရှိတွေကို ပြည်သူ နဲ့ နိုင်ငံ့အတွက် ပေးဆပ်ခြင်းအတွက် ဂုဏ်ပြုပါတယ်။ လေးစားပါတယ်။
ဒါပေမဲ့ တခုရှိတာက ဖမ်းပြီးထောင်ချ သေဒဏ်ပါ ကျခံရနိုင်တဲ့ အရာရှိတွေထဲမှာ တကယ်ပေးခဲ့တဲ့ အရာရှိ။ အရာထမ်းကော ပါလို့ လား။ တကယ်ကော ဟုတ်လို့ လား။ တကယ်ပေးတဲ့သူတွေ မဟုတ်ဘဲ နှိပ်စက်ပြီး အတင်း ဟုတ်မှန်ကြောင်း လက်မှတ်ထိုး ၀န်ခံခိုင်းကြတာ မဟုတ်လား။ ကျောင်းသားတွေ အရပ်သားတွေကို ရက်စက်သလိုဘဲ လုပ်ခဲ့ကြတာ မဟုတ်လား။ မျှတတဲ့ ဇြေရှင်းချက်တွေ သူတို့ ခုခံချက်တွေ ကိုကော နားထောင်ပေးရဲ့ လား။ ခုခံခွင့်ကော ပေးရဲ့ လား။ ပြန်တမ်းဝင် အရာရှိတွေကို ပြုမူရမဲ့ တပ်ရဲ့ ထုံးတမ်းတွေ နဲ့ ခံစားခွင့်တွေကော ပေးရဲ့လား။ စစ်သားချင်းကို ဇတ်တူသားတွေ အရမ်း စားနေကြတာ ခင်ဗျားတို့  အာဏာရူး တသိုက်တော့ ဟင်္သာကိုးသောင်း ပျက်တဲ့ကိန်း ၀င်တော့မယ်
အရာရှိတွေကို ပြည်သူ နဲ့ နိုင်ငံ့အတွက် ပေးဆပ်ခြင်းအတွက် ဂုဏ်ပြုပါတယ်။ လေးစားပါတယ်။
ဒါပေမဲ့ တခုရှိတာက ဖမ်းပြီးထောင်ချ သေဒဏ်ပါ ကျခံရနိုင်တဲ့ အရာရှိတွေထဲမှာ တကယ်ပေးခဲ့တဲ့ အရာရှိ။ အရာထမ်းကော ပါလို့ လား။ တကယ်ကော ဟုတ်လို့ လား။ တကယ်ပေးတဲ့သူတွေ မဟုတ်ဘဲ နှိပ်စက်ပြီး အတင်း ဟုတ်မှန်ကြောင်း လက်မှတ်ထိုး ၀န်ခံခိုင်းကြတာ မဟုတ်လား။ ကျောင်းသားတွေ အရပ်သားတွေကို ရက်စက်သလိုဘဲ လုပ်ခဲ့ကြတာ မဟုတ်လား။ မျှတတဲ့ ဇြေရှင်းချက်တွေ သူတို့ ခုခံချက်တွေ ကိုကော နားထောင်ပေးရဲ့ လား။ ခုခံခွင့်ကော ပေးရဲ့ လား။ ပြန်တမ်းဝင် အရာရှိတွေကို ပြုမူရမဲ့ တပ်ရဲ့ ထုံးတမ်းတွေ နဲ့ ခံစားခွင့်တွေကော ပေးရဲ့လား။ စစ်သားချင်းကို ဇတ်တူသားတွေ အရမ်း စားနေကြတာ ခင်ဗျားတို့  အာဏာရူး တသိုက်တော့ ဟင်္သာကိုးသောင်း ပျက်တဲ့ကိန်း ၀င်တော့မယ်
written by Myo Chit, July 17, 2009
Now we can clearly see that even their high rank officers also not respect to Myanmar Generals and changing their sides. Very good sign for revolution.
written by မြန်မာ, July 17, 2009
ကြီးလေးတဲ့ အပြစ်တွေပေးမယ်ဆိုပြီး ပုဆိုး ဝတ်ခိုင်းလိုက်တယ် ဆိုရင်ရော? ဒီသတင်း ထွက်လို့ သူတို့အတွက် အထိအခိုက် အကြီးကြီးမှ မရှိတာ။ လူတွေကို လှည့်စား တတ်လွန်းတော့ ဘာကိုမှ တမျိုးထဲ မတွေးရဲတော့။
written by Truth, July 17, 2009
ဒီလို ဖမ်းဆီး အရေးယူခံရ မှုတွေကို ကြည့်ခြင်းအားဖြင့် သူတို့ထဲမှာလဲ အထက်လူကြီးတွေ လုပ်ရပ်ကို မကျေနပ်လို့ သာငုံ့ခံနေရတယ် အလုပ် မဟုတ်တာတွေ မတရားတာတွေကို မကျေနပ်တဲ့သူတွေ ရှိနေတယ် ဆိုတာတွေ၊၊ လူကြီးတွေ ခိုးကြောင်ခိုးဝှက် လှိုင်ဂေါင်း တူးနေတယ် မြောက်ကိုးရီးယားနဲ့ ခိုးဝှက် အပေးယူတွေ လုပ်နေတယ် ဆိုတာတွေ ကို ၀န်ခံလိုက်တာဘဲ။
Write comment















