စနေနေ့က ပြုလုပ်ခဲ့သည့် လန်ဒန်မြို့ ဖျော်ဖြေပွဲတွင် မိုးဟေကို နှင့် ကချေသည် ၂ ဦး တင်ဆက်သွားပုံမှာ နာဂစ် မုန်တိုင်း ရန်ပုံငွေပွဲ ဆိုသည့်အတိုင်းပင် မုန်တိုင်း ကျရောက်နေသကဲ့သို့ အုန်းအုန်းကျွက်ကျွက် တင်ဆက်သွားသည်ကို တွေ့ရသည်။
မိုးဟေကိုက စကပ်တိုတို၊ အသားကပ်ဘောင်းဘီတို့ကို ဝတ်ဆင်ထားသော်လည်း အင်္ဂလန်နိုင်ငံတွင် တင်ဆက်သည့် ပွဲဖြစ်သောကြောင့် အဆင်ပြေပါသည်ဟု ပရိသတ်တဦးက ပြောသည်။
“သူ့ကို sexy ဖြစ်တဲ့သူလို့ မမြင်ဘူး။ အင်္ဂလန်လို နေရာမျိုးမှာ ဖျော်ဖြေတဲ့ပွဲ ဖြစ်တဲ့အတွက်ကြောင့် သူ့နေရာနဲ့သူ သင့်တော်တဲ့ ဖျော်ဖြေမှုမျိုးနဲ့ အကောင်းဆုံး တင်ဆက်သွားတယ်လို့ မြင်ပါတယ်” ဟု ပရိသတ်တဦးက ဧရာဝတီကို ပြောပြသည်။
ဂီတဖျော်ဖြေပွဲတွင် ရန်ကုန်မှ ထင်ရှားသည့် အဆိုတော်များ ဖြစ်ကြသော အဲလက်စ်၊ တင့်တင့်ထွန်း၊ ရေဗက္ကာဝင်း၊ J- Me တို့ ပါဝင်သော်လည်း မိုးဟေကို၏ ဖျော်ဖြေတင်ဆက်မှုများသာ အင်တာနက် အသုံးပြုသူများကြားတွင် ရေပန်းစားနေသည်။
လူသုံးများသော အင်တာနက်စာမျက်နှာဖြစ်သည့် YouTube တွင်လည်း မိုးဟေကို၏ ကပြ၊ သီဆိုမှုကို တွေ့နိုင်သည်။
“ရန်ကုန်မှာထက်စာရင် လန်ဒန်မှာ ဖျော်ဖြေသွားတာ ပိုပြီးတော့ ကြည့်ကောင်းတယ်” ဟု YouTube မှတဆင့် စတိတ်ရှိုး ကြည့်သည့် ပရိသတ်တဦးက မှတ်ချက်ပေးထားသည်ကို တွေ့ရသည်။
ပရိသတ်တဦးကလည်း “ဒါ သူ့အသံလား၊ ကောင်းသားပဲ။ ဒါပေမယ့် ဘယ်လို ကရမယ် ဆိုတာ သူ မသိဘူး” ဟု ဆိုသည်။
ဂီတလောကသို့ ဝင်ရောက် ခြေစမ်းလေ့ရှိသည့် မော်ဒယ် သရုပ်ဆောင်များတွင် အမျိုးသား ပရိသတ်ကို ညှို့အားကောင်းကောင်းဖြင့် ဆွဲဆောင်နိုင်သည့် မိုးဟေကိုလည်း တယောက် အပါအဝင်ဖြစ်လာသည်။ ၂ဝဝ၇ ခုနှစ်တွင် ထုတ်ဝေသည့် “မာစတာသင်္ကြန်” စီးရီးတွင် ပါဝင် သီဆိုခဲ့သည်။
မန္တလေးဇာတိ မိုးဟေကိုသည် ၂ဝဝဝ ပြည့်နှစ်မှ စတင်ပြီး မော်ဒယ်တဦး ဖြစ်လာခဲ့သည်။ ၂ဝဝ၆ ခုနှစ်တွင် သရုပ်ဆောင်တဦး အဖြစ်လည်း ရပ်တည်လာသည်ကို တွေ့ရသည်။
မိုးဟေကိုသည် ၂ဝဝ၇ ခုနှစ် နှစ်လယ်ပိုင်းမှစပြီး အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့လာသည့် ဗီဒီယိုကလစ်တခုကြောင့် ပရိသတ်က ပိုမို သတိထားမိသည့် မော်ဒယ် သရုပ်ဆောင်တဦး ဖြစ်လာသည်။
YouTube တွင် တွေ့ရသည့် စင်မြင့်ဖျော်ဖြေပွဲ
http://www.youtube.com/watch?v=JKDIvfxtvSk
written by Dr.Myo THI-HA, July 26, 2009
written by raspberries, July 21, 2009
written by Aung Aung, July 19, 2009
Rude is the man who went up onto the stage and do rude behaviour.
written by ကူးကူး, July 18, 2009
ဘယ်လိုနည်းနဲ့ဘဲ နာမည်ကြီးလာပါစေ...
စင်ပေါ်မှာ ဖျော်ဖြေနေတဲ့ အနုပညာသည်ကို လေးစား သမှုနဲ့ နေသင့်တယ်ထင်တာဘဲ..
စင်ပေါ်တက် က ရမ်းနေတဲ့ အမျိုးသားတစ်ယောက်ကို အခွေထဲမှာ တွေ့မိလို့ပါ.. (မြန်မာတွေ မဟုတ်ပါစေနဲ့)
မလုပ်သင့်ဘူးထင်တာဘဲ..
written by LOL, July 18, 2009
written by Jean, July 17, 2009
written by kyaw kyaw, July 17, 2009
i didn't like spicy, too hot hot hot........it's about me.....



written by Escaper, July 17, 2009
written by TwinKyal, July 17, 2009
written by hope, July 17, 2009
written by အဲမွန်, July 17, 2009
written by phoot kyar, July 16, 2009
written by Wine, July 16, 2009
အခုလို လူငယ်ကြိုက်ပဲ ပြောပြော အပျော်ဖတ် ပ၇ိတ်သတ်ကြိုက်ပဲ ပြောပြော လူပြိန်း ကြိုက်လို့ ပဲ စော် စော် ကားကား ပြောပြော ပြောကြ ပါစေ
အန် တာ တိန်းမင့်န့်  သတင်း တွေ ကြားညပ် တင်သင့် ပါတယ်



written by smile, July 16, 2009















