NLD ပြန်ကြားရေး အသစ်ပြန်လည်ဖွဲ့စည်း

E-mail Print
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ (Central Information Committee-NLD ) ကို မကြာသေးမီက ပြန်လည်ဖွဲ့စည်း လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည် ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပ ပြီးစီးခဲ့သည့် NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ပြန်လည် ပြင်ဆင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အဖွဲ့၏ အမည်မှာ အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေး အဖွဲ့ ဟု ဆိုသည်။

အဖွဲ့၏ပြန်ကြားရေးတာဝန်ခံအဖြစ် အဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်သော ဦးခင်မောင်ဆွေ ကိုတာဝန် ပေးအပ်ထားပြီး အဖွဲ့ဝင်များအဖြစ် ဦးအုန်းကြိုင် ၊ ဦးဉာဏ်ဝင်း ၊ ဦးသိန်းညွန့် ၊ ဦးစိန်လှဦး ၊ ဦးဟံသာမြင့် ၊ ဒေါက်တာဝင်းနိုင် တို့ဖြင့် ဖွဲ့ စည်းထားသည်ဟု သိရသည်။

“သတင်းနှင့် ပြန်ကြားရေး အဖွဲ့ကို ပြန်လည် ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်ကတော့ အရင်ပြန်ကြားရေး တာဝန်ခံ ဥက္ကဋ္ဌ  ဦးအောင်ရွှေ ကျန်းမာရေး မကောင်းတဲ့အတွက် ပြန်ကြားရေးလုပ်ငန်းတွေ သွက်လက်ထက်မြက် လာအောင်၊ ပိုပြီးတော့ သတင်းတွေ မြန်မြန်ဆန်ဆန်  ဖြန့်ချိနိုင်အောင် အဖွဲ့ကို ပြန်ဖွဲ့တာပါ”ဟု ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေ က ပြောကြားသည်။

NLD က ထုတ်ပြန်မည့်သတင်းများနှင့် ပတ်သက်ပြီး ယခုဖွဲ့စည်းလိုက်သည့် သတင်းနှင့် ပြန်ကြားရေးအဖွဲ့ ကသာ တရားဝင်ထုတ်ပြန်မည်ဟု ၎င်းကဆိုသည်။

ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တဦးဖြစ်သော ဒေါက်တာဝင်းနိုင်က“အနာဂတ် အနေနဲ့ ပုံမှန်လုပ်နေတာအပြင် လိုအပ်ရင် လိုအပ်သလို အဖွဲ့ချုပ် ရဲ့ပေါ်လစီများ ကိုထုတ်မယ်၊ နောက် တခုက ကျနော် တို့နဲ့ပတ်သက်တဲ့သတင်းတွေ ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ ရှင်းစရာ ရှိတာတွေကို ရှင်းနိုင်အောင် ၊ ခုခံနိုင် အောင် ၊ နိုင်ငံတကာ အဖွဲအစည်းတွေနဲ့ပတ်သက်ပြီး လိုအပ်ရင်အဖွဲ့ချုပ် ကိုယ်စား Respond လုပ်နိုင်အောင် ဖြစ်တယ်” ဟုပြောကြားသည်။

ယခင် NLD  အတွင်းရေးမှူး ဦးလွင် သတင်းနှင့်ပြန်ကြားရေးကို တာဝန်ယူစဉ်က မီဒီယာများနှင့် ဆက်ဆံရေးမှာ ပြေပြစ်မှု မရှိဟု မကြာခဏ ဝေဖန်ခံခဲ့ရသည်။

နောက်ပိုင်းတွင် ဦးလွင် ကျန်းမာရေးမကောင်း သောကြောင့် ဥက္ကဋ္ဌ ဦးအောင်ရွေက တာဝန်ယူခဲ့သည်၊ ယခုအခါ ဦးအောင်ရွှေမှာလည်း ကျန်းမာရေး မကောင်း၍ အနားယူနေရသောကြောင့် သတင်းများနှင့် အဆက်ပြတ် နေပြီး ပြန်လည် ဖြေရှင်းမပေးနိုင်၍ ဦးခင်မောင်ဆွေ က တာဝန်ခံအဖြစ် ပြန်လည် ဖွဲ့စည်း ခြင်း ဖြစ်သည်။

NLD ၏ နိုင်ငံရေး မူဝါဒ သဘောထားမှာ မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် ရွေဂုံတိုင် ကြေညာချက် အတိုင်း အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ နအဖ စစ်အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရေး မူဝါဒ အတိုင်းသာဖြစ်သည် ဟု ဒေါက်တာဝင်းနိုင် က ပြောကြားခဲ့သည်။

ယခု NLD သတင်းနှင့်ပြန်ကြားရေး ခေါင်းဆောင် ဦးခင်မောင်ဆွေသည် စမ်းချောင်းမြို့နယ် ရွေးကောက်ခံ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် တဦးဖြစ်သည်။ ထောင်ဒဏ် ၂ ကြိမ် ကျခံခဲ့ရပြီး ၊ ဒုတိယအကြိမ်တွင် ထောင်တွင်း၌ ၁၅ နှစ် ခန့် နေခဲ့ရပြီး ၂၀၀၈ ခုနှစ်တွင် လွတ်မြောက်လာခဲ့သည်။
Comments (4)Add Comment
0
information comittee
written by myint soe, July 16, 2009
နအဖ ကစားကွက်ကို အသင့်မျောလိုက်မယ့် အစား ကိုယ် ကစားကွက် စ ကစားမယ့် သွေးသစ်တွေနဲ့ ခေါင်းဆောင်ပိုင်းကို ပြန်လည် ဖွဲ့စည်းနိုင်ပါစေ လို့။
0
ဘာတွေ ပြန်ကြာမှာလဲ
written by မောင်သိချင်, July 16, 2009
ဘာတွေ ပြန်ကြားမှာလဲ။ ဆရာလူထုစိန်ဝင်း စကား ငှားပြောရရင့်  လက်တွေ့ မဆန်တဲ့ ကြေငြာစာတမ်းလောက် ထုတ်ပြန်နေရုံနဲ့ ကြေနပ် နေကြတော့မှာလား။ ယူအင်တောင် ဂရုမစိုက်တဲ့ နအဖ နွားတွေက ရွှေဂုံတိုင်က ကျောက်သင်ပုန်းမှာ ကပ်တဲ့ ကြေငြာစာတမ်းလောက် ကိုတော့ ဂရုစိုက်နေမှာ မဟုတ်ဘူး။
0
ပြောင်းလဲသင့် ပြီ
written by ၈၈ကျောင်းသားဟောင်း, July 16, 2009
ပြန်ကြားရေးအဖွဲ့ ဘဲ မပြောင်းပါနဲ့  ။ သွက်လက်ထက်မြတ်တဲ့ လူငယ်တွေနဲ့ ပါတီ ဗဟိုကော်မတီကို ပြောင်းသင့် ပါ
ပြီ ။လူကြီးများ နာယကအဖြစ် နေရာယူပြီး အကြံဥာဏ်ပေးသင့် ပါပြီ။ ခေတ်ကြီး ပြောင်းလဲနေပါပြီ ။ နအဖတောင် အ
မြဲပြောင်းလဲတယ်ဆိုတာ တွေ့ မြင်နေရပါတယ်။ ခေတ်လူငယ်တွေနဲ့ စိတ်ကူး စိတ်သန်း ကောင်းကောင်းဆုံးဖြတ်
ချက် ချပြီး တိုက်ပွဲဝင်သင့် ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတောင် အသက်ငယ်ငယ်နဲ့  လွတ်လပ်ရေး ရယူပေးခဲ့ပါတယ်။
NLD လူကြီးတွေ အခုကတည်းက အာဏာမက်နေပြီလား။ နှစ်တွေလဲ ကြာခဲ့ ပါပြီ။ သံဃာ ပြည်သူတွေလည်း သေခဲ့ ပါပြီ။
ကျွန်တော်လဲ နိုင်ငံရေးကို အများကြီး မသိပါ ။ ဒါပေမဲ့  ပြောင်းလဲရမှာတော့  အသေအချာ ပါဘဲဗျာ ။ ။
0
ချီးကျူးလေးစားပါတယ
written by Truth, July 15, 2009
စစ်အစိုးရက ဒီလောက် ကောက်ကျစ် ကလိန်ကကျစ်ဥာဏ်တွေ ဆင်ပြီး နည်းပေါင်းစုံနဲ့ နှိပ်ကွက်နေတဲ့ ကြားက ထောင်အကျခံပြီး လွတ်လာတော့လဲ တက်တက်ကြွကြွ ပြန်လည် လှုပ်ရှားရဲတဲ့ အန်အယ်ဒီ အဖွဲ့ဝင် အပေါင်း ခေါင်းဆောင် အပေါင်းကို ချီးလဲချီးကျူး လေးလဲ လေးစားပါတယ်။

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်