“ဒါကတော့ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံ တနိုင်ငံပဲ ရေခဲတောင်ကို ပိုင်ဆိုင်တာကိုး။ ပြီးတော့ အဲဒီမှာ တကယ့် သဘာဝတောကြီးတွေ ရှိတယ်” ဟု လွင်မိုးက ဆိုသည်။ ဆက်လက်၍ လွင်မိုးက ရေခဲတောင် တက်သူ တဦးအနေဖြင့် လိုအပ်သည်များကို ခြေလျင်တောင်တက် အဖွဲ့များနှင့် တိုင်ပင်ကာ ရိုက်ကူးမည်ဖြစ်ကြောင်း၊ ထိုတောင်တက် လမ်းတလျှောက်တွင် ၎င်းတို့အဖွဲ့ လှုပ်ရှားမှုများ၊ တွေ့မြင်ခဲ့ရသည့် သဘာဝတောရိုင်း တိရစ္ဆာန်များ၊ ပန်းများနှင့် ထိုဒေသတွင် နေထိုင်သည့် ဒေသခံများအကြောင်းကို မှတ်တမ်းအနေနှင့် တောက်လျှောက် ရိုက်ကူးသွားမည်ဖြစ်ကြောင်း ပြောသည်။
၎င်းသည် “လွင်မိုး ခရီးသွားနေသည်” ခေါင်းစဉ်ဖြင့် ချင်းပြည်နယ်၊ တနင်္သာရီတိုင်း၊ မြိတ် ခရီးစဉ်များ ရိုက်ကူးကာ မြန်မာ့ရုပ်မြင်သံကြားတွင် ထုတ်လွှင့် ပြသပြီးဖြစ်သည်။
“ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး” မှတ်တမ်းကိုလည်း ဗီဒီယိုအခွေအဖြစ် ထုတ်လုပ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
မြို့ပြများနှင့် ဝေးလံခေါင်းပါးသော ဒေသများသို့ သွားရောက်ပြီး တိုင်းရင်းသားတို့၏ နေထိုင်မှု ဘဝ၊ ယဉ်ကျေးမှု ဓလေ့ စရိုက်များကို ပေါ်လွင်အောင် ရိုက်ကူးခြင်း၊ ထို တိုင်းရင်းသား ဓလေ့စရိုက် များကို ပရိသတ်တို့အား မျှဝေခြင်း အဖြစ် ၎င်းမှတ်တမ်းများကို ရိုက်ကူးခြင်းဖြစ်သည် ဟုလွင်မိုးကဆိုသည်။
လွင်မိုးသည် ၁၉၈၉ ခုနှစ်မှ စတင်ကာ သရုပ်ဆောင် လောကကို ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး သရုပ်ဆောင် သက်တမ်း ၁၂ ကြာပြီးနောက် ယခုကဲ့သို့ ခရီးသွား သတင်းမှတ်တမ်းများကို ရိုက်ကူးခြင်းဖြင့် ၎င်း၏ ရှေ့ဆက် အသက်မွေးဝမ်းကြောင်းပုံစံကို ပြောင်းလဲမည် ဖြစ်သည်ဟု သိရသည်။
ခရီးသွားမှတ်တမ်းကို ရိုက်ကူးနေသော်လည်း တဖက်တွင် ဇာတ်ကားများတွင်လည်းပါဝင် သရုပ်ဆောင် လျက် ရှိသည်။
အကယ်ဒမီ လွင်မိုးက “ အမြင့်ပေ ၁၂၀၀၀ လောက်ရှိတဲ့ ဖွန်ဂန်ရာဇီ ဆိုတဲ့တောင်ကိုတော့ ကျနော် ၂ ခေါက်တက်ပြီးပြီ။ တကယ်ရိုက်ကူးမယ့် အပိုင်းကတော့ ဖွန်ဂန်ရာဇီတောင်ဖြစ်ချင်မှဖြစ်မှာ၊ အမြင့်ပေ ၁၄၀၀၀ ရှိတဲ့ ဖုန်ရန်တို့ ဖုန်ရင်တို့ရှိတယ် အဲဒီဘက်က ပိုခက်ခဲတယ်၊ အဲဒီဘက်တွေက ပရိသတ်ကို ပိုပြီး ဆွဲဆောင်မှု ရှိမယ် ထင်လို့ ရိုက်ကူးဖို့ ကျနော်ရွေးထားပါတယ်” ဟု ပြောသည်။
Set as favorite
Bookmark
Email this
Hits: 4721
written by Truth, July 17, 2009
ကိုယ်နိုင်ငံရဲ့ သဘာဝ အလှတွေကို ဖေါ်ထုတ်ပေးနိုင်တာ ကောင်းတဲ့ စိတ်ကူးလေးပါ။
written by Amalay, July 16, 2009
တိတ်တခိုး လေးစားတယ်ဗျာ။ လူချင်းတွေ့မှ ပေါ်တင် လေးစားတော့မယ်။
written by အားပေးပါတယ်, July 16, 2009
နောက်ပိုင်း မင်းသားတွေ ထဲမှာတော့ လွင်မိုးကို အတော် ကြိုက်တယ်ဗျာ။ အခု အလုပ်တွေကိုလည်း အားပေးတယ်။ နိုင်ငံတကာ အရည်အချင်း မမှီချင်နေပါစေ ဗဟုသုတ ပေးနိုင်တယ်။ ကြိုက်တယ်ဗျာ။
written by vipermaungmaung, July 16, 2009
ကိုလွင်မိုး ရဲ့  အိုင်ဒီယာက ကောင်းတယ်...။ ဒီလိုလုပ်ဖို့ ထွက်တဲ့ အကြံဥာဏ်ကို လေးစားပါတယ်..။ ဒီနေရာကနေ အကြံပြုချင်တာက Presentation မှာ နည်းနည်း ညံ့နေသလားလို့ဗျာ...။ တခြား နံမည်ကြီး documentary ကားတွေ များများ ကြည့်ပြီး အိုင်ဒီယာယူပါလို့ပဲ ပြောချင်တယ်..။ BBC documentary တွေဆို အလကား ပေးနေတာ အွန်လိုင်းမှာ ပေါမှပေါဗျ..။ rapidshare account(www.rapidshare.com) လေး ၀ယ်ပြီး ဂူဂယ်မှာ (keyword)+rapidshare ဆို ရိုက်ရှာလိုက် rapidshare နဲ့ တင်ထားတဲ့ documentary ကားတွေ တပြုံကြီး ထွက်ကျလာလိမ့်မယ်...။ မင်းသားကို ကုန်ကျစရိတ် သက်သာပြီး အရည် အသွေး ပိုမိုကောင်းတဲ့ ကမ္ဘာ့ အဆင့်မှီ ကားတွေ ထွက်စေချင်လို့...။ သရုပ်ဆောင်နဲ့ ကင်မရာမန်း က ဒါရိုက်တာလုပ်တဲ့ အတွက် နားလည်ပါတယ်..။
တကယ်ကို ပြည်ပက လူတွေ တော်တော်များများ မသိကြတဲ့ ကိုယ်နဲ့ တမြေတည်းနေ တိုင်းရင်းသားတွေရဲ့  ယဉ်ကျေးမှု ဓလေ့စရိုက်တွေကို ရိုက်ပြနိုင်တာ ချီးကျူးစရာပါ.။
တကယ်ကို ပြည်ပက လူတွေ တော်တော်များများ မသိကြတဲ့ ကိုယ်နဲ့ တမြေတည်းနေ တိုင်းရင်းသားတွေရဲ့  ယဉ်ကျေးမှု ဓလေ့စရိုက်တွေကို ရိုက်ပြနိုင်တာ ချီးကျူးစရာပါ.။
written by Black Coffee, July 16, 2009
ကိုလွင်မိုး
အရမ်း အားကျတယ်ဗျာ.. .အားလည်း ပေးတယ်...ခရီး သွားရတာ ၀ါသနာ ပါတော့ ခရီးသွား မှတ်တမ်းတွေ ကြည့်ရတာ အရမ်း ကြိုက်တယ်...ကိုမိုးတို့ အဖွဲနဲ့ လိုက်လို ရရင် သိပ်ကောင်းမှာဘဲ. ..ခေါ်ပါလားဗျာ
အရမ်း အားကျတယ်ဗျာ.. .အားလည်း ပေးတယ်...ခရီး သွားရတာ ၀ါသနာ ပါတော့ ခရီးသွား မှတ်တမ်းတွေ ကြည့်ရတာ အရမ်း ကြိုက်တယ်...ကိုမိုးတို့ အဖွဲနဲ့ လိုက်လို ရရင် သိပ်ကောင်းမှာဘဲ. ..ခေါ်ပါလားဗျာ
written by Sept 17th 1960, July 16, 2009
you and I have same birthday Lwin Moe.
Wish you all the best with your new production.
Wish you all the best with your new production.
written by myanmar, July 16, 2009
ကိုလွင်မိုး ခုလို စိတ်ကူးကောင်းကောင်းနဲ့ documentary တွေကို ရိုက်တာ တကယ် ကျေနပ်စရာပါ.. ရှေ့ဆက် ဒီထက် အောင်မြင်ပါစေဗျာ..
written by coban, July 16, 2009
I hope it will be a successful production.. I hope he uses hi-def camera.. it will very cool....
written by မြန်မာ, July 15, 2009
ဟုတ်ပါ့ဗျာ။ တချို့ဆို လူ မသေသေးဘူး။ အနုပညာက သေနေကြပြီ။
written by Tyn, July 15, 2009
Yeah, Do it Lwin MOe,Our country have plenty of Natural Views.Until Now ,we cannot show world.Why? Anyway,Thanks for your work.
written by kg kg, July 15, 2009
ပြည်သူချစ်တဲ့ အနုပညာသမားတွေကို လေးစားပါတယ်ဗျာ။ ကိုကျော်သူတို့၊ ကို ဇာဂနာတို့၊ ကိုလွင်မိုးတို့ က အနုပညာသယ် ဂျုနီယာများကိုလည်း တစ်ဖက်က နေရာပေးရာ ရောက်၊ ကိုယ့်အလုပ်လဲ လူငယ်များ တို့ကို နည်းပေးလမ်းပြရာ ရောက်တဲ့ အလုပ်မျိုးကို လုပ်ပြသတာ အားကျရာပါပဲ။ အခွင့်အခါသင့်ရင် မြန်မာနိုင်ငံရဲ့
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်ရေး ဇာတ်ကားတွေလဲ ရိုက်ပါအုံး ကိုလွင်မိုးရေ ၊
လူသေပေမယ့် အနုပညာမသေတဲ့် အနုပညာသည်များများ ပေါ်ပါစေဗျာ။
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်ရေး ဇာတ်ကားတွေလဲ ရိုက်ပါအုံး ကိုလွင်မိုးရေ ၊
လူသေပေမယ့် အနုပညာမသေတဲ့် အနုပညာသည်များများ ပေါ်ပါစေဗျာ။
Write comment














