နှီးဖြင့် ပြုလုပ်ထားပြီး “နေကြာပန်း”များ အပါအဝင် ပန်းပေါင်းစုံ အပွင့်များဖြင့်ဆင်ယင်ထားသော ဉာဏ်တော် တစ် ပေ ခန့်ရှိ ဗုဒ္ဓရုပ်ပွားတော် ၃၅ ဆူကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်တို့က မိသားစုဝင်များနှင့် အတူ ရွှေတိဂုံဘုရားသို့ သယ်ဆောင် ပူဇော်ခဲ့ခြင်းဖြစ်သည်ဟု ရွှေတိဂုံ ဂေါပက အဖွဲ့ဝင်တဦးက ပြောပြသည်။“နှင်းဆီပန်း၊ ရွှေပန်း၊ ငွေပန်းစတဲ့ ပန်းအမျိုးအစားပေါင်း မနည်းဘူး။ ရုပ်ပွားတော်ရဲ့ကိုယ်မှာစိုက်လှူထားတာ ၊ ရုပ်ပွားတော် ၃၅ဆူလောက်ရှိတယ်။ ဘုရားလာဖူးတဲ့ လူတွေက ပန်းပေါင်းစုံရုပ်ပွားတော်တွေ မွေးနံ ထောင့်တိုင်း မှာရှိနေတာ့ တအားစိတ်ဝင်တစားမေးမြန်းတာ"ဟု ၎င်းက ပြောသည်။
အဆိုပါ ရုပ်ပွားတော်များကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်စောစောက ရွှေတိဂုံဘုရား၏ နေ့နံအလိုက် သတ်မှတ် ထားသော မွေးနေ့ ထောင့်တိုင်းတွင် ပူဇော်ထားရှိခြင်းဖြစ်ပြီး “နေကြာပန်း”များအား ထည့်သွင်း ပူဇော်ခြင်းသည် အနေကြာစေရန် ဟူသော အဓိပ္ပာယ်ဖြင့် အာဏာဆက်လက် တည်မြဲရေးနှင့် ကျန်းမာရေးကောင်းမွန်ရန်တို့ အတွက် ယတြာချေခြင်း ဖြစ်နိုင်ကြောင်းလည်း သူက ဆိုသည်။
အတိုင်ပင်ခံ ဗေဒင်ဆရာများ၏ အခါပေးစေခိုင်းမှုဖြင့် ယတြာချေခြင်းဖြစ်ပြီး ဒေါ်ကြိုင်ကြိုင် ထီးတော် တင်ထား သော ဓနုတ်စေတီတော် ပြိုကျခြင်းနှင့်ပတ်သတ်၍ ကျရောက်လာမည့် အညံ့ များကို ချေဖျက်ရန် ထိုသို့ ပြုလုပ် ခြင်းဖြစ်ကြောင်း အစိုးရအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။
ရွှေတိဂုံ ဘုရားဖူးတဦးကလည်း"ဘုရားမှာ ထူးထူးခြားခြား တွေ့တော့မေးကြည့်တာ၊ စေတီတော် တစ်ကိုယ်လုံး ပန်းအစုံနဲ့ ဘုရားကိုယ်ကိုတောင် မမြင်ရဘူး၊ ဘာလုပ်တာလဲမေးတော့ ဒီနေ့မနက်(ဇူလိုင် ၁၀) ငါးနာရီလောက်က ဘုရားက တံခါးတွေပိတ်ပြီး သူစိမ်းဝင်ခွင့်မပြုတော့ဘဲ ဦးသန်းရွှေတို့ ဇနီးမောင်နှံနဲ့ အပေါင်းအပါတို့ ယတြာ လာချေ သွားတာတဲ့"ဟု ပြောသည်။
မကြာသေးခင်က ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့် အစိုးရထိပ်ပိုင်း အဖွဲ့ဝင် ၅ ဦးတို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံမှ အာဏာ သိမ်းရန် ကြိုးပမ်းကြောင်း ကောလာဟလ ထွက်ပေါ်မှုများလည်း ရန်ကုန် လူထုကြား ပျံ့နှံ့နေ သည်ဟုလည်း ၎င်း ဘုရားဖူး က ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်တို့သည် ၎င်း၏ ကံဇာတာ အညံ့များ ကောင်းမွန်ရန်အတွက် ဗေဒင် ယတြာများကို ယုံကြည်မှု ရှိကြောင်း ၎င်းတို့နှင့် နီးစပ်သည့် ဗေဒင်ဆရာ တဦးက ပြောသည်။
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အခက်အခဲ အကျပ်တည်းထဲမှာ ရောက်နေတယ်၊ ဒါကြောင့် သူ့ကံဇာတာ ကောင်း အောင် ယတြာချေတာ”ဟု အထက်ပါ ဗေဒင်ဆရာ က ပြောသည်။
ယင်း ပန်းပေါင်းစုံ နှီးဘုရားများကို စိတ်ဝင် တစားမေးမြန်းသူများလာခြင်းကြောင့် သော်လည်းကောင်း၊ ယတြာချေ ပြီး၍ သော်လည်းကောင်း ဇူလိုင်လ ၁၄ရက်နေ့ က လာရောက် သိမ်းဆီးသွားကြောင်း ရွှေတိဂုံ ဘုရားမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က ဒေါ်ကြိုင်ကြိုင် ထီးတင်ခဲ့သည့် ရန်ကုန်တိုင်း ဒလ မြို့နယ်ရှိ ရှေးဟောင်း ဓနုတ် စေတီကြီး ပြိုကျခဲ့သည်။ ၎င်းစေတီကြီးအား မေလ ၇ ရက်နေ့က ထီးတင်ခဲ့ခြင်းဖြစ်သည်။
ထုစေတီကြီးပြိုကျမှုနှင့် ပတ်သက်ပြီး“အလှူရှင်များဆန္ဒအရ မိုးမကျမီ အားလုံးပြင်ဆင် ပြီးစီးရန် မွမ်းမံ တည် ဆောက် လိုက်ရသောကြောင့် အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ ဖြစ်ပေါ်ပျက်စီးခဲ့ရသည်”ဟု အစိုးရ သတင်းစာများတွင် ရေးသား ဖော်ပြခဲ့သည်။
ဤသတင်းအား ဧရာဝတီ သတင်းထောက် မင်းလွင် နှင့် ပူးပေါင်း ရေးသားသည်။
Set as favorite
Bookmark
Email this
Hits: 10845
written by Zo Khup, July 17, 2009
this may be really shocked him, haha. He should remember Ne Win's Maha Wizayah
written by သေမင်းတမန်, July 16, 2009
ဘု၇ား သားတော်တွေတောင် သတ်၇ဲသေးတာပဲ ဘာအခုမှ ကြောက်နေတာလဲ
written by Boedaw, July 16, 2009
အဆောက်အဦ တစ်ခု ခိုင်မြဲ တည်တံ့ဖို့ ဆိုတာ ထောင့်တိုင်တွေ အထောက်အပံ့တွေ ကောင်းဖို့ လိုပါတယ်။ တကယ်တော့ ဦးနေ၀င်းသည် နှစ်ပေါင်း (၅၀) အတွင်းမှာ သူ့ရဲ့ အုပ်ချုပ်မှု စတိုင်ကို ဘယ်လိုမှ မယိုင်မနဲ့အောင် ဘက်စုံထောင့်စုံ စီမံထားခဲ့ပါတယ်။ သူ ဆင်းပေးခဲ့ရသော်လည်
written by NO Miracle, July 16, 2009
အဲဒီ ဗိုလ်ချုပ်မူးကြီးထက် ဗေဒင် ယတြာပိုယုံတာက မြန်မာပြည်သူလူထုကြီးဖြစ်နေတယ်။
ဘာမှ မယုံနဲ့၊
သူပြုတ်စေချင်ရင် သူ့ကို ဖြုတ်ချကြ၊
ဘာသံသရာ၊ ဘာအကုသိုလ်၊ ဘာငရဲမှ မရှိဘူး၊ အခုလုပ် အခုဖြစ်တယ်။
ဟိုလွဲချ၊ ဒီလွဲချနဲ့ ခံနေရတာ နှစ် ၄၀ ကျော်ပြီ။
Miracleတွေ မျှော်ကိုးရင်း နေလာတာ တသက်မကတော့ဘူး၊
နောင်ဘ၀မှ စစ်ကျွန်ဘ၀က လွတ်ကြရမှာလား။
ဒီMiracle တွေသာ တကယ်ရှိရင် တိဗက်ဒလိုင်လားမား သူ့တိုင်းပြည် လွတ်လပ်ေ၇း ရတာကြာလှပြီ။
ဘာမှ မယုံနဲ့၊
သူပြုတ်စေချင်ရင် သူ့ကို ဖြုတ်ချကြ၊
ဘာသံသရာ၊ ဘာအကုသိုလ်၊ ဘာငရဲမှ မရှိဘူး၊ အခုလုပ် အခုဖြစ်တယ်။
ဟိုလွဲချ၊ ဒီလွဲချနဲ့ ခံနေရတာ နှစ် ၄၀ ကျော်ပြီ။
Miracleတွေ မျှော်ကိုးရင်း နေလာတာ တသက်မကတော့ဘူး၊
နောင်ဘ၀မှ စစ်ကျွန်ဘ၀က လွတ်ကြရမှာလား။
ဒီMiracle တွေသာ တကယ်ရှိရင် တိဗက်ဒလိုင်လားမား သူ့တိုင်းပြည် လွတ်လပ်ေ၇း ရတာကြာလှပြီ။
written by myo chit, July 16, 2009
Than Shwe & all of his family members are the really broken Myanmar Tat Ma Daw.
written by myo chit, July 16, 2009
ဗိုလ်သန်းရွှေ နှင့် မိသားစု သည်သာ မြန်မာ့ တပ်မတော် ကို အမှန် ဖြိုခွဲ သူများ ဖြစ်သည်
written by မောင်မျိုး, July 16, 2009
မြတ်စွာဘုရား ရုပ်ပွါးတော်ကို လုပ်ချင်သလို လုပ်
ဆင်ချင်သလို ဆင် ထားချင်သလို ထား နဲ့ တော်တော်အကုသိုလ် ရှာတဲ့ လူကြီး
ဆင်ချင်သလို ဆင် ထားချင်သလို ထား နဲ့ တော်တော်အကုသိုလ် ရှာတဲ့ လူကြီး
written by့ hinthaaye, July 16, 2009
ဂျိုဂုတ်ဒူးကြီး က တိုင်းပြည်မှာ ပညာတတ်တွေ မနေ နိုင်အောင်လုပ်ပြီး တပည့် စစ်ဗိုလ်တွေ ပဲနေရာ ပေး အာဏာပေး ထားလို့ ကတော့ ပြည်သူအများစု ရဲ့ မေတာတွေ စူးပြီ; ယခုလိုပဲ ဖြစ်နေအုံးမှာပဲ။ ပညတ်တရားအရ ဘယ် ဟာမှ အမြဲမရှိ ဘူးလေ။ မြဲတယ်ဆိုတာ ဘာမှ မရှိ နိုင်ဘူး သေချာတာတစ်ခုတော့ရှိပါတယ် ဂျိုဂုတ်ကြီး သေရင် ၀ုတ်ကနဲ အ၀ိဇိ ဆိုတာ သေချာနေပါပြီ
written by ကံရာဇာကြီး, July 16, 2009
'အဘ' က တကမ္ဘာလုံး မှာ ရှိတဲ့ လူသား အားလုံး ပြောတဲ့ စကား၊ ဘယ်သူ့ စကား မှ နားမထောင် ဘူး။ ဗေဒင်ဆရာ့ စကား တော့ တသွေမသိမ်း လိုက်နာ သားပဲ။ ပြောယင် ပြောတဲ့ အတိုင်း ဟုတ်ဟုတ် မဟုတ်ဟုတ် အကုန် လိုက်လုပ်၊ အရင်းချုပ် လိုက်ယင် အဘ ကို နိုင်နိုင် နင်းနင်း ပြောရဲ ဒါ အဲဒီ ဗေဒင် ဆရာပဲ ရှိတယ်။ ကျုပ်သာ အဲဒီ ဗေဒင် ဆရာဆို ဟောဒိ ယတြာ ပေးလိုက် မယ် ... "ကိုယ့်လူ ရေ....လွယ်လွယ်လေးပါ၊ တိုင်းသူ ပြည်သား အများ ဆန္ဒ အတိုင်း ဖြစ်အောင် လုပ်ပေးလိုက်ပါ၊ ဒါဆို အသက်ရှည်ပြီး အနာကင်း မည်။ မလုပ်ဆောင် က သေခြင်းဆိုး နှင့် သေမည်"
written by mso, July 16, 2009
ဗိုလ်သန်းရွေ မျက်စိ မိတ်သွားရင် ဘာတွေဖြစ်မလဲ တတ်နိုင်သလောက် တွေးပေးပါအုံး
written by ပြည်သူ, July 16, 2009
ပြည်တွေတွေ ချွေးနည်းစားကို ဓားပြတိုက် အဲဒီလို မသန့်မရှင်းနဲ့ ရလာတဲ့ ငွေတွေနဲ့ ဘာပဲ လုပ်လုပ် သံသရာမှ မကြေပါဘူးကွယ်။
written by ၈၈ကျောင်းသားဟောင်း, July 16, 2009
မတော်မတရားတွေ လုပ်ပြီး ဘုရားလာခွင့် လွတ်ဘို့  ဆုတောင်းနေသေးတယ် ။ယတြာကောင်း မင်းလောင်းတောင်
ဖြစ်တယ်လို့  ဘယ်သူက ပြောလိုက်လဲမသိ ။ လုပ်လိုက်တဲ့  ယတြာတွေ ။ ဓနုဘုရားကြီးလဲ သူတို့ ကြောင့်  မြေခခဲ့ ပြီ။ တော်သေးတယ် ရွှေတိဂုံ ဘာမှ မဖြစ်လို့ ။သူ
တို့ ထက် ဘုန်မီးနေလ တန်ခိုး ကြီးပေလို့ ဘဲ။ ဘုရားမှန်း တရားမှန်း သံဃာမှန်း မသိတဲ့  စစ်ဗိုလ်ယုတ် လာပူဇော်လို့လဲ
ဘာထူးမှာလဲလေ။ ကုသိုလ်ထက် အာဏာမြဲဘို့  အဓိကဆိုတော့ ဘယ်သူက သာဓုခေါ်မှာလဲ။ ကုသိုလ်တစ်ပဲ ငရဲတစ်
ပိသာဘဲ ရမယ်။။
ဖြစ်တယ်လို့  ဘယ်သူက ပြောလိုက်လဲမသိ ။ လုပ်လိုက်တဲ့  ယတြာတွေ ။ ဓနုဘုရားကြီးလဲ သူတို့ ကြောင့်  မြေခခဲ့ ပြီ။ တော်သေးတယ် ရွှေတိဂုံ ဘာမှ မဖြစ်လို့ ။သူ
တို့ ထက် ဘုန်မီးနေလ တန်ခိုး ကြီးပေလို့ ဘဲ။ ဘုရားမှန်း တရားမှန်း သံဃာမှန်း မသိတဲ့  စစ်ဗိုလ်ယုတ် လာပူဇော်လို့လဲ
ဘာထူးမှာလဲလေ။ ကုသိုလ်ထက် အာဏာမြဲဘို့  အဓိကဆိုတော့ ဘယ်သူက သာဓုခေါ်မှာလဲ။ ကုသိုလ်တစ်ပဲ ငရဲတစ်
ပိသာဘဲ ရမယ်။။
written by Truth, July 15, 2009
ယတြာချေတာက အတိုင်းတာ တခုထိတော့ ရကောင်းရမှာပေါ့။ ဒါပေမဲ့ သူလဲ အသက် ၇၆နှစ် ကျော်နေပြီ။ ဘုရား ပေါင်းစုံတောင်မှ မရဏ သေခြင်းတရားကို မလွန် ဆန်နိုင်သေးတာ သူတို့ယတြာလောက် ကတော့ သေမင်းက ပြုံးတောင်နေဦးမယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီပဲယင်းမှာ လုပ်ကြံတဲ့ ၆နှစ် တိတိပြည့်တဲ့ မေလ၃၀ရက် နေ့မှာ ဓနုတ်ဘုရားပြိုတော့ အဖိုးကြီးရေား အဖွားကြီးရော တော်တော် လန့်သွားပုံ ရပါတယ်။
Write comment















