ထိုအစီအစဉ်စတင်ခဲ့သည့် သောကြာနေ့က ထိုင်းနိုင်ငံတွင် တရားမဝင် ရောက်ရှိနေသည့် အလုပ်သမား ၃ဝ ကို ကော့သောင်းမြို့တွင် တရားဝင် နိုင်ငံကူးလက်မှတ်စာအုပ် နေ့ချင်းပြီး ထုတ်ပေးခဲ့သည်ဟု စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။
ထိုအစီအစဉ်အတွက် နိုင်ငံသားလက်မှတ် စိစစ်သည့် ဌာနများကို ထိုင်း-မြန်မာ နယ်စပ်မြို့များ ဖြစ်သည့် ကော့သောင်း၊ မြဝတီ နှင့် တာချီလိတ် တို့တွင် ဖွင့်လှစ်ထားသည်ဟု သိရသည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော သန်းနှင့်ချီသည့် မြန်မာပြည်သားများအတွက် ထိုအစီအစဉ်မှာ အလုပ်ဖြစ်လိမ့်မည်မဟုတ်ဟု ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအဖွဲ့တဖွဲ့က သုံးသပ်လိုက်သည်။
“လက်ရှိဖြစ်နေတာက ဒီစနစ်ကို ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာတွေက အစိုးရကို မယုံဘူး၊ မယုံတဲ့ အတွက် သူတို့ နာမည်၊ နေရပ်လိပ်စာကို အမှန်မပေးရဲဘူး၊ မှတ်ပုံတင်နံပါတ်အရင်းကို မပေးရဲကြဘူး” ဟု မဲဆောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားရေး အဖွဲ့မှ ဦးမိုးဆွေက ပြောသည်။
“သူတို့လုပ်နေတာတော့ ကြာပြီ၊ မြန်မာအစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှု နည်းတော့ သူတို့မလုပ်နိုင်တာ၊ မြန်မာ၊ ကမ္ဘာဒီးယား၊ လာအို နိုင်ငံသားတွေရဲ့ ထိုင်းနိုင်ငံမှာ လုပ်ထားတဲ့ မှတ်ပုံတင် စာရင်း၊ ဒီစာရင်းတွေကို သက်ဆိုင်ရာ နိုင်ငံတွေမှာ ပြန်စစ်ခိုင်းမယ်၊ မှန်တယ် ဆိုရင် ထိုင်းနိုင်ငံကို ပြန်ပို့မယ်၊ နောက်မှ တဆင့် ထိုင်းအစိုးရ နဲ့ လုပ်ငန်းရှင်တွေက စားရင်းအရ နယ်စပ်မှာသွားပြီး စာရင်းသွင်း ဖို့ကြိုးစားတာပါ” ဟု ဦးမိုးဆွေက ပြောသည်။
မြန်မာပြည်သားတို့သည် ၂ နှစ် သက်တမ်းရှိသော အဆိုပါ ယင်း ယာယီနိုင်ငံကူး လက်မှတ်ဖြင့် ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်ခွင့် ရမည် ဖြစ်သည်။ ၂ နှစ် ပြည့်ပါက သက်တမ်း ထပ်မံတိုးနိုင်သည်ဟု သိရသည်။
၂ဝ၁ဝ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ရွှေ့ပြောင်း လုပ်သားများအားလုံး၏ နိုင်ငံသား ဖြစ်မှုကို စိစစ်မှုပြုသွားရန် ထိုင်းအစိုးရက စီစဉ်ထားသည်။
ယခုကဲ့သို့သော ယာယီ နိုင်ငံကူး လက်မှတ် ထုတ်လုပ်ပေးမှုကို ၂ဝဝ၆ ခုနှစ်ကလည်း မြန်မာ နှင့် ထိုင်း နှစ်နိုင်ငံ သဘောတူညီ မှုဖြင့် တကြိမ် ဆောင်ရွက်ခဲ့ရာ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့ပေ။
Set as favorite
Bookmark
Email this
Hits: 2890
written by Ko Phyo, July 15, 2009
ပြဿနာတွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ပြည်တွင်း ပြဿနာတွေကို မဖြေရှင်းဘဲ နိုင်ငံခြားကို ရောက်နေတဲ့ မြန်မာနိုင်ငံ သားတွေရဲ့ ပြဿနာကို ဖြေရှင်း နိုင်မှာ မဟုတ်ပါဘူး ။
written by Truth, July 14, 2009
သြော်ဗမာဗမာ တယ်လဲ အောက်ကျ နောက်ကျ နိုင်နေပါလား။ စစ်အစိုးရ သက်တမ်း ရှေမှုတွေ ရဲ့ရလဒ်တွေ ဘဲ ပေါ့နော်။ ကိုယ့်နိုင်ငံမှာ အောက်ခြေ အလုပ်သမားအဆင့်က တလကို ကျပ်၁သိန်း (သို့) ဘတ် ၃၄၀၀ (သို့) ဒေါ်လာ ၁၀၀ လောက် ရနေနိုင်ရင် ဒီပြသနာတွေလဲ ဘယ်ရှိနိုင်တော့မလဲ။ ရှိတောင်မှ အရေအတွက်က အများကြီး လျော့ကျသွားမှာ အမှန်ဘဲ။ တကယ်တော့ တလ ၁၀၀ ဆိုတာလဲ တနေ့လုံးလုပ်မှ ၃ဒေါ်လာခွဲ တောင် မရှိပါဘူး။ ဒါတောင်မှ မရနိုင်တဲ့ ဗမာဘ၀ မြန်မာဘ၀ တွေပါလား။
Write comment
















