အဆိုပါ ကုန်တင်ကားကို ရှာဖွေဖမ်းဆီးစဉ် မက်သာအဖက်တမင်း ဆေးပြားများ အပါအဝင် ဘလောက်တုံး သဏ္ဍန် ပြုလုပ်ထားသော ဘိန်းဖြူ အတုံးပေါင်း၂၀၀၀ ကျော်အား ကားပေါ်တွင်ဝှက်၍ သယ်ဆောင်လာသည်ကို တွေ့ရှိရသည်ဟု တာချီလိတ် ရဲ စခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။ ယင်း ဘိန်းဖြူ အတုံး၂ တုံးလျှင် ၁ ကီလို ဂရမ် အလေးချိန်ရှိသည်ဟုလည်း ၎င်းက ပြောပြသည်။ထို မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော ကားသည် ရှမ်းပြည်နယ် တောင်ပိုင်း ကျိုင်းတုံမြို့နယ် မိုင်းဆတ် ဘက်မှ တာချီ လိတ်မြို့ဘက်သို့ လာရောက်ခြင်းဖြစ်ပြီး ဘိန်းဖြူများသယ်ဆောင်လာသူ ၃ ဦးကို လက်ရှိ တာချီ လိတ် ရဲစခန်းတွင် ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။
“သူတို့ ဒီဘိန်းဖြူတွေကို ဘယ်ကသယ်လာပြီး ဘယ်သူ့ဆီကို ပို့တယ်ဆိုတာ ဆက်ပြီး စစ်နေပါတယ်၊ အသေး စိတ်တော့ မသိရသေးပါဘူး၊ အခုမိတာက ဒီမှာ အများဆုံးမိတာ”ဟု တာချီလိတ် ရဲက ပြောပြသည်။
ယင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများသည် ထိုင်းနိုင်ငံဘက်သို့ သယ်ဆောင်ဖွယ်ဖြစ်နိုင်ကြောင်းလည်း ၎င်း က ဆိုသည်။
ယခု မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးမိသူများသည် ရှမ်း-တရုတ် လူမျိုးများဖြစ်ပြီး ဝ အဖွဲ့နှင့် အဆက်အသွယ် ရှိသူ များဖြစ်နိုင်ကြောင်း တာချီလိတ်မြို့မှ အရောင်းအဝယ် လုပ်ကိုင်သူ တဦးကလည်း ပြောသည်။
“ကားက တောင်ကြီးဘက်ကနေ မိုင်းတုံ မိုင်းဆတ်ကနေဖြတ်ပြီးတော့ တာချီလိတ်ကို ဝင်လာတာ၊ အဲဒီ အဝင်မှာ စစ်တပ် ဂိတ်တဂိတ်ရှိတယ်၊ စစ်တပ်က ဖမ်းမိတာ၊ ၆ ဘီးကား နဲ့ ၊ ၀ အဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်လို့ ထင်နေ ကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တောင်ကြီးကနေပြီး မိုင်းတုံ မိုင်းဆတ်က ကွေ့ပြီးဝင်လာတယ်ဆိုကတည်းက မိုင်းတုံ မိုင်းဆတ်မှာ ဝ ဂိတ်ရှိတယ်၊ သူတို့က လွှတ်ပေးတယ်ဆိုကတည်းက အဆက်အသွယ်ရှိတာ သေချာတယ် ပေါ့၊ အခုမိတာက ဒီ တာချီလိတ်နဲ့အနီးတဝိုက်မှာ အများဆုံး မိတာပဲ”ဟု ယင်းတာချီလိတ်မြို့ခံ အရောင်း အဝယ် သမားက ပြောဆိုသည်။
ယင်း ရှမ်းတိုင်းရင်းသားများ နေထိုင်သည့် မိုင်းတုံ မိုင်းဆတ်နယ်မြေသည် တရား မဝင်မူးယစ်ဆေးဝါးများ ကျယ် ပြန့်စွာ ထုတ်လုပ်ရောင်းဝယ်နေသည်ဟု သတင်းများထွက်ပေါ်နေသော ဝ ပြည်စည်းလုံးညီညွတ်ရေး တပ်မတော် (UWSA)၏ နယ်မြေဖြစ်ပြီး ထိုနယ်မြေမှ ဘိန်းဖြူများကို ထိုင်းနိုင်ငံဘက်သို့ သယ်ဆောင်မှုများ ရှိသည်ဟုလည်း ၎င်းက ဆိုသည်။
ယခု တာချီလိတ်တွင် မူးယစ်ဆေး ဖမ်းဆီးရမိသည့် သတင်းကို အစိုးရ မီဒီယာများတွင် ဖော်ပြသည်ကို မတွေ့ရှိရ ပေ။ ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်းကလည်း ရန်ကုန်မြို့ အေးရှားဝေါလ် ဆိပ်ကမ်းမှ ကိုတာ တီဂက် (Kota Tegap) အမည်ရှိ ပြည်ပထွက်ခွာ သဘောင်္တစီးပေါ်တွင် ဘိန်းဖြူ အနည်းဆုံး ၂၉ ကီလို ဂရမ်ကို မြန်မာနိုင်ငံ မူးယစ်ဗဟို က ဖမ်းဆီးရမိခဲ့သေးသည်။
အေးရှားဝေါလ် ကုမ္ပဏီသည် ဘိန်းဘုရင် လော်စစ်ဟန်၏ သားဖြစ်သူ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်၏ ကုမ္ပဏီဖြစ်ပြီး ယင်း ကုမ္ပဏီကို အမေရိကန်အစိုးရက ဘဏ္ဍာရေးအရ ပိတ်ဆို့ အရေးယူမှု ပြုလုပ်ထားသည်။
အမေရိကန်နှင့် ကုလသမဂ္ဂတို့ ၏ ထုတ်ပြန်ချက်များအရ ကမ္ဘာတဝန်းလုံး အာဖဂန်နစ္စတန် ပြီးလျှင် မြန်မာနိုင်ငံ သည် ဒုတိယ အကြီးဆုံး ဘိန်းထုတ်လုပ်သည့် နိုင်ငံဖြစ်နေသေးကြောင်း သိရသည်။
မြန်မာအစိုးရကမူ ယခုနှစ်အတွင်း ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ခင်းပေါင်း ၇၈၉၃ ဧက ကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
Set as favorite
Bookmark
Email this
Hits: 4665
written by ဆရာမူး, July 14, 2009
ဒီလောက်ကတော့ ပါးပါးလေးပါ။ အဖမ်း ပြတာပေါ့ဗျာ။ ရန်ကုန်မှာဆို ကွန်တိန်နာ အလိုက် ထုတ်တာ။ မယုံရင် ပုံပြင်မှတ်။
written by the learner, July 13, 2009
Many years ago, an unwitting police informer managed to arrest a "Wa" man at Myawaddy-Maesot illegal crossing with 7800 tablets of "Ya-Ba" drug. Further search yeilded 200 tablets from the guy's rented home. So it was a supposed success isn't it? Central "Wa" Organization promptly announced that the guy was their member but was already expelled from their organization. Then the case was forwarded to Rangoon and never heard of any consequences/news anymore. But for the hero who busted the drug carrier, he lost his police informer job and can never find a job relate with authorities again. Any guess? Be your own.
Write comment
| < Prev | Next > |
|---|












