သံဃာတော်များ ဘန်ကောက်တွင် ဆန္ဒပြ

E-mail Print
ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြား နေကြသော သံဃာတော် အပါး သုံးဆယ်ခန့်သည် ဒေါ်အောင်ဆန်းစုကြည် အမှုဆင် တရားစွဲခံနေရခြင်းကို ကန့်ကွက်သည့်အနေဖြင့် ဘန်ကောက်မြို့ မြန်မာသံရုံးသို့ ယမန်နေ့က သွားရောက် ဆန္ဒပြကြသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားခြင်းကို ပယ်ဖျက်ပေးပြီး တွေ့ဆုံ ဆွေးနွေးကြရန် သံဃာတော်များက တောင်းဆိုကြသည်။

“တိုင်းပြည်မှာ ပြည်သူတွေ ပူပန်နေရတယ်၊ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ရဟန်း ရှင်လူ နိုင်ငံရေးသမားတွေ အမြန် လွတ်မြောက်ဖို့ လာရောက် ဆန္ဒပြ တောင်းဆိုတာပါ” ဟု ဦးဆောင်သံဃာ တော် အရှင်တေဇက မိန့်ကြားသည်။

ဆန္ဒပြရာတွင် ပါဝင်သော ဦးပဉ္ဇင်းဦးသုန်ကလည်း “ကျုပ်တို့က မခံမရပ်နိုင်လွန်းလို့ အခုလို လာရောက် ဆန္ဒပြတာပါ၊ ဟိုက ဒကာတွေလည်း နိုင်ငံတကာမှာတော့ ဒီလို ဖြစ်နေပြီဆိုတာ သိစေချင်တယ်” ဟုပြောသည်၊

ဆန္ဒပြပွဲ အစပိုင်းတွင် မြန်မာနိုင်ငံသား စာသင်သား ရဟန်းတော်များသည် မေတ္တာသုတ် ကို ရွတ်ဆိုပြီး၊ ရွှေဝါရောင် တော်လှန်ရေးဟု ထင်ရှားသည့် ၂ဝဝ၇ ခုနှစ် မြန်မာနိုင်ငံ သံဃာ့လှုပ်ရှားမှု ကာလက သံဃာတော်များ ရွတ်ဖတ်ခဲ့ကြသော မေတ္တာပို့ ကိုလည်း ရွတ်ဆိုကြသည်။

သံဃာတော်များ ဆန္ဒပြမှုတွင် မြန်မာပြည်သား များနှင့် နိုင်ငံခြားသားများလည်း ပူးပေါင်း ပါဝင်ကြသည်ကို တွေ့ရသည်။

လက်ရှိအခြေအနေတွင် အမှန်တရားဘက်က ရပ်တည်သင့်သည်ဟု ယူဆသဖြင့် လာရောက် ဆန္ဒပြခြင်းဖြစ်ကြောင်း စိန့်ဂျွန် တက္ကသိုလ်မှ မြန်မာ ကျောင်းသား တဦးက ရှင်းပြသည်။

“ရွှေဝါရောင် တော်လှန်ရေး ပြီးကတည်းက သံရုံးရှေ့ကို မရောက်ဖြစ်တော့ဘူး။ အခုလို သတင်းကြားတော့ မနေနိုင်လို့ လာရောက် ဆန္ဒပြတာပါ၊ ကျနော်တို့လိုပဲ နိုင်ငံ တကာ မှာ ရှိတဲ့ မြန်မာကျောင်းသားတွေလည်း ထွက်စေချင်တယ်၊ နိုင်ငံရေးဆိုတာ အားလုံးနဲ့ ဆိုင်တယ်။ မတရားတာ အတွက် ကျနော်တို့ ငုံ့ခံနေစရာ မလိုပါဘူး” ဟု အဆိုပါ ကျောင်းသားက ပြောသည်။

မြန်မာပြည်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို စာနာသည်ဟု ဆန္ဒပြပွဲတွင် လာရောက် ထောက်ခံ အားပေးသူ အင်္ဂလန်နိုင်ငံသား Mr.Julian Pieniazek က ပြောသည်။ ၎င်းသည် မြန်မာ့အရေး ဆောင်ရွက်နေသူ Peace for Burma အဖွဲ့မှ စည်းရုံးရေးမှူး တဦးလည်း ဖြစ်သည်။

“တရုတ်နဲ့ ရုရှားက အကူအညီတွေကို ရပ်တန့်ပေးဖို့၊ တရား မျှတတဲ့ ဒီမိုကရေစီစနစ် မြန်မာပြည်မှာ အမြန်ဆုံးပေါ် ပေါက်ဖို့ အတွက် ရဟန်းတော်တွေနဲ့ အတူ လာရောက် ဆန္ဒပြရတာပါ” ဟု Mr.Julian Pieniazek က ပြောသည်။
Comments (0)Add Comment

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Friday, 22 May 2009 17:03 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၁၊ ၂၀၁၀
၁ ဒေါ်လာ = ၉၈၀ ကျပ်
၁ ဘတ် = ၂၉.၈၀ ကျပ်