ယခုနေ့စဉ် မှတ်တမ်း၌ ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်ချထားရာ၎င်း၏ နေအိမ်အတွင်းသို့ အင်းလျားကန်မှ တဆင့် ရေကူး ဝင်ရောက်ခဲ့သော မစ္စတာဂျွန် ဝီလျံ ယက်ထောအား မေလ ၃ ရက်နေ့မှ ၅ ရက်နေ့ ညအထိ နေအိမ်အတွင်း နေထိုင်ခွင့်ပြုခြင်း၊ လက်ခံစကားပြောခြင်း၊ အစားအသောက်များ ကျွေးမွေး ခြင်း ပြုခဲ့ပြီး အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့က ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှု အပေါ် အားပေးကူညီခဲ့ သဖြင့် အမှုဖွင့်အရေးယူရန် ဒုတိယရဲမှူးကြီးဇော်မင်းအောင်က တိုင်ကြားထားကြောင်း ပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ဥက္ကဌ၊ ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီး ဦးသောင်းညွန့်နှင့် အဖွဲ့ဝင် ရန်ကုန် အနောက်ပိုင်း ခရိုင် တရားသူကြီး ဦးညီညီစိုးတို့က အင်းစိန်ထောင် တရားရုံးတွင် စစ်ဆေး လျှက် ရှိသည်။
နေ့စဉ်မှတ်တမ်းတွင် ၎င်းအမှုအတွက် ခေါ်ယူစစ်ဆေးမည့် တရားလိုပြသက်သေ ၂၂ ဦးတို့၏ အမည်စာရင်း အပြင် မစ္စတာ ဂျွန် ဝီလျံ ယက်ထောလက်တွင်းမှ သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်း ၆၁ မျိုး၊ ၎င်း တည်းခိုသည့် Beauty Land ဟိုတယ် မန်နေဂျာ ဦးကျော်သူထံမှ သိမ်းယူခဲ့သည့် မစ္စတာယက်ထော၏ ပစ္စည်း ၂၇ မျိုးနှင့် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်း အတွင်းမှ သိမ်းယူရခဲ့သည့် သက်သေခံ ပစ္စည်း ၁၁ မျိုး တို့၏ စာရင်းများကို ဖော်ပြထားသည်။
အသေးစိတ်ကို သိရှိလိုပါက (ဤနေရာ) တွင် ဖတ်ရှုနိုင်ပါသည်။
written by Richard, May 22, 2009
written by APN, May 22, 2009
ဒုတိယ ရဲမှုးကြီး ဇော်မင်းအောင်က အဖေမပေါ်ပဲ မွေးခဲ့လို့ နေပါလိမ့်မယ် 



written by htun lwin, May 22, 2009
Trial is stupid as DASSK admitted that she accepted intruder and no point in questioning witnesses .Issus is it is lawful or not and what should be punishment.
written by zaw, May 22, 2009
Nu
အဖေ မရှိတာလည်း ဖြစ်နိုင်တာပဲ၊၊ အဖေကို မသိတာလည်း ဖြစ်နိုင်တယ်။
သေချာတာတော့ လက်ရှိ လက်နက်ကိုင်တွေ အားလုံးကတော့ သန်းရွှေ ကို အဘပဲ ခေါ်ကြတယ်။ understood မို့မထည့်တာ ဖြစ်မှာပါ။
အဖေ မရှိတာလည်း ဖြစ်နိုင်တာပဲ၊၊ အဖေကို မသိတာလည်း ဖြစ်နိုင်တယ်။
သေချာတာတော့ လက်ရှိ လက်နက်ကိုင်တွေ အားလုံးကတော့ သန်းရွှေ ကို အဘပဲ ခေါ်ကြတယ်။ understood မို့မထည့်တာ ဖြစ်မှာပါ။
Write comment
















ကိုယ့်ဖက်က လှုပ်ရှားမှုသတင်းကို သိုသိုသိပ်သိပ် လုပ်ကြပါ။ ဦးဆောင်နေသူတွေ လှုပ်ရှားနေသူတွေ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာတွေကို အင်တာဗျူးတွေမှာ ကြိုပြောနေတာဟာ နအဖကို ကြိုသတင်းပေး သလိုဖြစ်နေပါတယ်။ သတင်းဌာနတွေ အွန်လိုင်းတွေကနေ အသုံးချရာနေရာလိုဖြစ်နေပြီး နအဖကို တစ်ဘက်လှည့်နဲ့  အသိပေးနေသလို ဖြစ်နေပါတယ်။
သတင်းဌာနများ၊ အွန်လိုင်းပေါ်တွင် သတင်းရေးခြင်း ပြောခြင်းများကို ပညာသားပါပါ ဆောင်ရွက်ကြပါ။ နအဖဟာ ဒီဖက်က သတင်း လွှင့်တာတွေကို စုဆောင်းပြီး ကြိုတင် စီစဉ်မှုတွေ အကွက်ချနေပါတယ်။ သတင်းဖေါ်ပြလိုဇော သတင်းဦးလိုဇော သတင်းပါလိုဇောနဲ့  သတိမမူဘဲ မလုပ်ကြပါနဲ့ ။ ပြောချင်သလို အထိန်းသိမ်းမဲ့ မပြောကြပါနဲ့ ။ သတင်းကိုလည်း စီစစ်ပါ။ လာသမျှသတင်း အကုန်လုံးတင်တာ အကုန်လုံးဖေါ်ပြတာတွေ သတိထားကြပါ။ နအဖသဘောကျ သတင်းတွေ မဖြစ်ပါစေနဲ့ ။
မြန်မာပြည်အရေးဟာ သတင်းဖေါ်ပြနေရုံသက်သက် မီဒီယာအလုပ်မဟုတ်ပါဖူး။ မီဒီယာတွေမို့  ဘက်မလိုက်ဖူး သတင်းဖြစ်ရင်ပြီးရောဆိုပြီး မလုပ်ကြပါနဲ့ ။ မြန်မာပြည်သူတွေ လွတ်မြောက်ဖို့  တိုက်ပွဲဝင်နေရဆဲ ဖြစ်လို့  မီဒီယာသမားတွေအနေနဲ့ လည်း တော်လှန်ရေးသမားလို စိတ်ထားပြီး တော်လှန်ရေးသတိရှိကြပါစေ။ မြန်မာပြည်ဟာ မလွတ်လပ်သေးပါဖူး။ လွတ်လပ်တဲ့နိုင်ငံတွေမှာ ရှိနေတဲ့ ကျင့်သုံးနေတဲ့ မီဒီယာကျင့်ထုံးတွေအတိုင်း ကျင့်သုံးလို့ မရပါဖူး။ မိမိရဲ့  မီဒီယာလုပ်ဆောင်မှုကြောင့် အာဏာရှင်ကို ဆန့် ကျင်နေတဲ့သူတွေ ဒုက္ခပြန်မရောက်ပါစေနဲ့ ။
တော်လှန်ရေးအသိ တော်လှန်ရေးသတိနဲ့  အထူးသတိထားကြပါ။
(ပြည်တွင်းမှ အသက်နဲ့ ရင်းပြီး လှုပ်ရှားနေရသူများထဲမှာ အချို့ မှ ပြောကြား သတိပေးလာတာ ဖြစ်ပါတယ်)။
အပြည့်ဖတ်မည်...
ပြန်ချုံ့မည်...
Remind and copy from Ko Niknayman http://www.niknayman-niknayman.co.cc/