မြန်မာကျပ်ငွေ ခိုင်နေမှုအပေါ် ဝေဖန်သုံးသပ်ခြင်း

E-mail Print
မကြာသေးမီက အမေရိကန် ဒေါ်လာငွေနှင့် လဲလှယ်နှုန်းတွင် မြန်မာငွေ ဈေးတက်လာ ခြင်းကြောင့် ငွေကြေး ရောင်းဝယ်သူ များသာ ခေါင်းစား ကြရသည် မဟုတ်။ ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဈေးကွက်အပေါ် စောင့်ကြည့် အကဲဖြတ်နေ ကြသူများပါ အကြောင်းအရင်းကို စောကြောနေကြသည်။ တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၂၀၀ ကျပ်နှုန်း ဈေးပေါက်နေ ရာမှ နိုဝင်ဘာ လလယ်ပိုင်းတွင် ၉၉၀ ကျပ်အထိ မြန်မာကျပ်ငွေက ဈေးခိုင်နေခဲ့သည်။

၂၀၀၅ ခုနှစ်တွင် တဒေါ်လာလျှင် ၈၈၀ ကျပ်နှုန်းရှိရာမှ မြန်မာကျပ်ငွေက တဖြည်းဖြည်း တန်ဖိုးကျဆင်းလာခဲ့ပြီး ယခုနှစ် ဇန်န၀ါရီလတွင် ၃ နှစ်တာ ကာလအတွင်း အနိမ့်ဆုံး အနေအထား ၁၁၉၀ ကျပ်ဈေး ပေါက်ခဲ့သည်။ ထိုအချိန်မှစ၍ ကျနေ သည့် နှုန်းကနေ တပြောင်းပြန်ဖြစ်ခဲ့ပြီး ယခုအခါ ပြင်ပတွင် မှောင်ခိုလဲလှယ်နေကြသည့် ငွေကြေးဈေးကွက်တွင် တဒေါ် လာလျှင် ၉ရ၀ ကျပ်နှုန်းနှင့် ရောင်းဝယ်နေကြပြန်သည်။

အရေးကြီးသော အချက်မှာ ပုံမှန်အားဖြင့် ပို့ကုန် သွင်းကုန်အပေါ် တင်းကျပ်ကန့်သတ်မှုများ ပြုလိုက်သည့်အခါမျိုးတွင် ငွေဈေး အတက်အကျ ရှိတတ်သည်။ အကယ်၍ သွင်းကုန်များကို တင်းကျပ် လိုက်ပါက ပြင်ပဈေးကွက်တွင် ဒေါ်လာဝယ် လိုအား ကျဆင်းသွားပြီး မြန်မာကျပ်ငွေဈေး တက်လာတတ်သည်။ အကယ်၍ တင်းကျပ်မှုများ ဖြေလျှော့ပေးလိုက်သည့် အခါမျိုးတွင် အမေရိကန်ဒေါ်လာ ၀ယ်လိုအားတက်လာပြီး မြန်မာကျပ်ငွေဈေး ကျသွားတတ်ပြန်သည်။ ယခုမြန်မာငွေ ခိုင် နေပုံမျိုးက သွင်းကုန် ပို့ကုန် တင်းကျပ်ကန့်သတ်မှုများနှင့် မဆိုင်ကြောင်း ငွေကြေးရောင်းဝယ်နေသူများက ဆိုကြသည်။ 

မြန်မာနိုင်ငံတွင် ငွေကြေး ဈေးကွက် တရားဝင်မရှိသော်လည်း အမေရိကန်ဒေါ်လာအပေါ် အခြေတည်၍ ဈေး ကစား တွက် ချက် ရောင်းဝယ်မှုများ ရှိနေတတ်သည်။ တခါတရံ လက်ကြီးသမားများက အမေရိကန်ဒေါ်လာ သိန်းချီဝယ်၍ ဒေါ်လာဈေး ကို ပြန်မြှင့်တတ်သည်။ ထိုအခါ အခြားရင်းနှီးမြှုပ်နှံသူများကလည်း အမေရိကန်ဒေါ်လာကို အကြီးအကျယ်လိုက်၍ ၀ယ်ကြ ပြန်သည်။ ထိုသို့ ဈေးကွက်မတည်ငြိမ်ဖြစ်လာသည့်အချိန်ကျမှ ယခင် အချီကြီးဝယ်ယူထားသူက အမြတ်ယူ၍ ဒေါ်လာများ ကို ပြန်ထုတ်ရောင်းတတ်ပြန်သည်။

ထိုင်းဘတ်ငွေနှင့် တရုတ်ယွန်ငွေကို အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေးကိစ္စများတွင် လက်ခံရောင်းဝယ်ကြသော်လည်း မြန်မာဈေးကွက်တွင် အမေရိကန် ဒေါ်လာက မင်းမူထားသည်။ ယူရိုငွေ၊ ဂျပန်ယန်း နှင့် သြစတြေးလျဒေါ်လာကိုမူ သိပ် လက်မခံလိုကြပေ။

ရန်ကုန်မြို့ဗိုလ်ချုပ်ဈေးရှိ နေ့စဉ်နှင့်အမျှ ဒေါ်လာငွေ အမြောက်အများကို ရောင်းဝယ်နေကြသော ငွေကြေးရောင်းဝယ်နေ ကြသူများက မြန်မာနိုင်ငံ၏ “မှောင်ခို” ဒေါ်လာငွေလဲလှယ်နှုန်းကို သတ်မှတ်နေကြခြင်းဖြစ်သည်။ တကမ္ဘာလုံးတွင် ဒေါ်လာ ငွေ တန်ဖိုး ကျဆင်းသွားရမှုကြောင့် ယခုလို မြန်မာကျပ် ငွေ တန်ဖိုးတက်လာခြင်း ဖြစ်သည်ဟု သူတို့ကဆိုသည်။ 

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည် အများအပြား ပြန်ဝင်လာနေခြင်းကြောင့် မြန်မာကျပ်ငွေတန်ဖိုး တက်လာ ခြင်း ဖြစ်နိုင်သည်ဟုလည်း ငွေလဲလှယ်နေသူများက ဆိုသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနပိုင် မြန်မာခရီး သွားလုပ်ငန်းဌာန Myanmar Travels and Tours အရာရှိတဦး၏ အဆိုအရ ခရီးသွားဦးရေ ၃၀ ရာနှုန်း တိုးသည်ဟု ဆို သည်။ ပြီးခဲ့သည့်နှစ်တွင် နိုင်ငံခြားခရီးသွား၂၆၀၀၀၀ ကျော် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြပြီး နိုင်ငံတော်အတွက် အမေရိကန် ဒေါ်လာ ၁၆၅ သန်းမျှ ဘဏ္ဍာဝင်ငွေ ရရှိစေခဲ့သည်ဟု ဆိုသည်။

မြန်မာကျပ်ငွေ ခိုင်ရသည့် အခြားအရေးကြီးသော အကြောင်းရင်းမှာ တရုတ်-မြန်မာနယ်စပ်ရှိ ဘိန်းနှင့် စိတ်ကြွဆေးပြား များ ရောင်းရငွေ အလုံးအရင်းနှင့် မြန်မာဈေးကွက်ထဲ လှိမ့်ဝင်လာခြင်းကြောင့် ဖြစ်သည်ဟု ငွေလဲသူများက ဆိုကြပြန် သည်။ ရန်ကုန်ရှိ ငွေလဲလှယ်နေသူတဦးက ပြောပြရာတွင် "အခုဖြစ်တဲ့ ငွေလဲနှုန်းက ရန်ကုန်မှာရှိတဲ့ဈေးကွက်က ဆုံးဖြတ်တာ မဟုတ်ဘူး။ နယ်စပ်က တရုတ်ငွေနဲ့ မြန်မာငွေ လဲလှယ်နှုန်းကနေ ရန်ကုန်ကို ပြန်ပြီးရိုက်ခတ်လာတာ"ဟု ဆိုသည်။

ဤအယူအဆကလည်း ဖြစ်တန်သည့် အထောက်အထားများ ရှိနေသည်။

ယခု ကျပ်ငွေဈေးမြင့်တက်ချိန်က ဆောင်းရာသီ အစပိုင်းနှင့် တိုက်ဆိုင်နေပြီး ဘိန်းစိုက်တောင်သူများ၏ ဘိန်းခြစ်ရာသီ လည်း ဖြစ်သည်။ ပြီးခဲ့သည့် အပတ်က  ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇ၀တ်မှုဆိုင်ရာရုံး(UNODC)၏ "အရှေ့နှင့် အရှေ့တောင်အာရှ ဒေသ အတွင်း ၂၀၀၉ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့်လားရာများနှင့် အဖက်တမင်းကဲ့သို့သော စိတ်ကြွ ဆေးပြားများ ထုတ်လုပ်မှု အနေအထား" အစီရင်ခံစာ နှင့် ပတ်သက်၍ UNODC ၏ ကိုယ်စားလှယ် ဂယ်ရီ လူးဝစ္စ (Gary Lewis) က ဘန်ကောက်တွင် သတင်း ထောက်များကို ပြောကြားရာ၌  ရှမ်း၊ ၀ နှင့် ကိုးကန့် ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများသည် စစ်အစိုးရ၏ နှိမ်နင်းရေးလုပ်လာမည့် အရေးကို ကြိုတွက်၍ ရှိနေသည့် မူးယစ်ဆေးဝါး များကို ငွေဖြစ်အောင် လွယ်လွယ် ထုတ်ရောင်းနေကြကြောင်း ဆိုခဲ့သည်။ စစ်အစိုးရကလည်း လာမည့် ၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲမတိုင်မီ ၎င်းတို့အလိုကျ ဖြစ်စေရေးအတွက် တိုင်းရင်းသား အပစ်ရပ်အုပ်စုများကို တိုး၍ ဖိအားပေးလာနေ သည် မဟုတ်ပါလား။

အကယ်၍ ၎င်းသီအိုရီ အယူအဆသာ မှန်ပါက မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်လာမှုသည် နိုင်ငံတော်ဘဏ္ဍာဖြစ်လာမည့်  ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝင်ငွေကလွဲ၍ နေပြည်တော် စစ်အစိုးရ ထိန်းချုပ်မှု ပြင်ပတွင်သာ ရှိနေပြီး စီးပွားရေး တိုးတက်မှု အလားအလာများနှင့် လုံးဝ မသက်ဆိုင်လှပါ။

သို့သော်လည်း အမေရိကန်၊ ဗြိတိန်နှင့် ကြီး ၈ ကြီး စက်မှုထိပ်သီး(G-8) နိုင်ငံများက စီးပွားရေး ထိုင်းမှိုင်းကျဆင်းနေမှုမှ ကျော်လွှားစေရေး ငွေကြေးရိုက်ထုတ်နေကြချိန်တွင် စီးပွားရေးစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ နကန်းတလုံး မသိကြသည့် မြန်မာစစ်ဗိုလ်ချုပ်များက အားကျအတုယူ၍ ကျပ်ငွေများ ရိုက်ထုတ်နေသည်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့ဆိုလျှင် ငွေကြေးစနစ် ဖရိုဖရဲနှင့် ပြိုလဲရန်အကြောင်းသာ ထွက်ပေါ်လာဖွယ် ရှိပါသည်။

ရဲနည်ရေးသားသည့် Strengthening Kyat Gets the Experts Thinking ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
Comments (4)Add Comment
0
KOZ ပြောတာတွေဟာ ဖြစ်နိုင်ခြေ ရှိပါသည်။
written by ကိုကံ, December 16, 2009
၇၅% နီးပါးမျှ မှန်လိမ့်မည်ဟု ယုံကြည်ပါသည်။
0
ငွေဈေး
written by Reporter, December 10, 2009
ဒေါ်လာဈေး တက်တော့လဲ မကောင်းဘူးတဲ့။ အခုဒေါ်လာဈေး ကျပြန်တော့လဲ မကေငာ်းဘူးတဲ့ ကျုပ်တို့ စာဖတ်သူတွေက ဘာကို နားလည်ရမှာလဲ
0
Gold price is the factor
written by Myo Chit Thu, December 10, 2009
I think the stupid junta is trying to control domestic gold price to show their currency is stable and to gain other political issues. Since world gold price has increased more than 20%, the dollar rate goes down 20% against Myanmar Kyats. USD is weak now but not 20% less than last year.
0
---
written by KO Z., December 07, 2009
စစ်တပ်ကသူတို့ပိုင် ဒေါ်လာ အမြောက် အများကို နိုင်ငံတကာ Banks များမှ ပြန်လည် ထုတ်ယူခြင်း၊ အသိမ်းခံရမှာ ကြောက်ပြီး အကုန်ပြန်ထုတ် ယူလာခြင်း ကလည်း ဒေါ်လာဈေး ကျဆင်းခြင်း၏ အကြောင်း အရင်း ဖြစ်စေသည်။ နာဂစ်အတွင်းက ဘုန်းထားသော ဒေါ်လာများကိုလဲ နိုင်ငံတကာ ဘဏ်များတွင် မထားရဲ၊ လက်ထဲတွင်လဲ မြန်မာငွေ မထားရဲ သောကြောင့် နောက်ဆုံး ဒေါ်လာများကို ပြည်တွင်းမှာ အသုံးပြု လာခြင်းကလဲ ဈေးနှုန်း ကျဆင်းစေသည်။
မြန်မာငွေ တန်ဖိုး တတ်လာခြင်း မဟုတ်ပါ။ မြန်မာငွေ တန်ဖိုး တတ်လာလျင် ကုန်းဈေးနှုန်း၊ ဆီဈေးနှုန်း အစရှိသဖြင့် လုံးဝ ကျဆင်းရမည် ဖြစ်သည်။ အဓိကက စစ်တပ်မှာ ဒေါ်လာတွေ သိပ်များနေသည်။ သုံးစရာ ဒေါ်လာပဲ ရှိသည်။ ထို့ကြောင့် ဒေါ်လာဈေး ကျဆင်းနေသည်။

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၇၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၀ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်