“သူ့ကို မကြာခင်မှာ ပြန်လွှတ်ပေးဖို့ အစီအစဉ် ရှိပါတယ်။ သူ့ပါတီကို ပြန်လည် စုစည်းနိုင်ဖို့အတွက်ပါ” ဟု မြန်မာစစ် အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိ ဦးမင်းလွင်က သတင်းဌာနတခုကို မကြာသေးမီက ပြောခဲ့သည်။
သူ့ပြောကြားချက်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ဒီကိစ္စကတော့ လူတိုင်းကြားချင်နေတဲ့ ကိစ္စပါပဲ” ဟု တုံ့ပြန် ပြောဆိုခဲ့သည်။
သို့သော်လည်း မြန်မာပြည်သူ အများစုက သူတို့၏ မျှော်လင့်ချက်များကို ချက်ချင်း ပုံအော၍ မရသေးကြောင်း ကောင်းစွာ သဘောပေါက် နားလည်ကြသည်။ လူထုအနေနှင့် စစ်အစိုးရ၏ ပြောကြားချက်များကို သံသယထား နိုင်လေလေ သူတို့၏ အစစ်အမှန် ရည်ရွယ်ချက်ကို ပို၍ သဘောပေါက်နိုင်လေလေ ဖြစ်ပါလိမ့်မည်။ စစ်အစိုးရက လှည့်ဖျားလာမည်ကို ကြိုတင် မျှော်လင့်ထားလေလေ၊ လူထုအတွက် စိတ်ပျက် အားငယ်ရမည့် အရေးနှင့် ဝေးလေလေ ဆိုသည်ကို ယခင် အတွေ့အကြုံ များအရလည်း သိခဲ့ပြီဖြစ်သည်။
ထိုသို့ပြောနေခြင်းက ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်နိုင်ဟု ဆိုလိုခြင်းမဟုတ်ပါ။ သေချာသည်ကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဆိုသည်မှာ စစ်အစိုးရနှင့် ယခု တွေ့ဆုံဆွေးနွေးနေပြီ ဖြစ်သော အမေရိကန် အစိုးရ မြင်လိုသည့် အရေးကြီး ဦးစားပေးကိစ္စ ဖြစ်သည်။ စင်ကာပူနိုင်ငံတွင် ကျင်းပသည့် အမေရိကန် - အာဆီယံ ဆွေးနွေးပွဲတွင်လည်း သမ္မတအိုဘားမားက မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် တွေ့ဆုံစဉ်က ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေးအတွက် ထပ်မံတောင်းဆိုခဲ့သည်။
မည်သို့ပင်ဖြစ်စေ ကိစ္စအားလုံးက စစ်အစိုးရ အာဏာပိုင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံတွင်သာ အဆုံးသတ်နေသည်။ သူသည်သာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချပေးမည့်သူ ဖြစ်သည်။ အကယ်၍ သူသေချာ ပြင်ဆင်ခဲ့သည့် စစ်တပ် လွှမ်းမိုးချုပ်ကိုင်ထားသော အရပ်သားတပိုင်း အစိုးရတခု ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာစေရေး ကိစ္စအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဖျက်လိုဖျက်ဆီးမပြုနိုင်ဟု ယုံကြည်စိတ်ရှိနေလျှင် ပြန်လွှတ်ပေးပေလိမ့်မည်။ သို့မဟုတ်ပါက လွှတ်ပေးစရာ အကြောင်းမရှိပေ။
ပြဿနာ ဖြစ်နေရသည်မှာ မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ထောက်ခံပြီး ယခုတိုင် သြဇာ အင်အားကြီးနေသည့် ကိစ္စ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် မျက်နှာပြလိုက်သည်နှင့် လူထု၏ ဒီမိုကရေစီ လိုလား တောင့်တနေသည့် ဆန္ဒများက တားမနိုင် ဆီးမရ အုံကြွလာမည်ကို စစ်အစိုးရက အကြောက်ဆုံး ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ လှုပ်ရှားမှုများကို အတတ်နိုင်ဆုံး ကွပ်ညှပ်ထားသည့်တိုင် ၁၉၉၅ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်က သူ့ကို ပြန်လွှတ်ပေးသည့် တခဏတာ၌ လူထုက သူ့အနီးသို့ အားကိုးတကြီးဖြင့် မျှော်လင့်ချက် မီးရှုးတန်ဆောင်အလား စုရုံးရောက်ရှိလာခဲ့ကြသည်။
ဤသို့ ဖြစ်လာမည့်အရေးကို စစ်ဗိုလ်ချုပ်များက တခြားကိစ္စများထက် ပို၍ စိုးရိမ်ကြောက်ရွံ့နေခဲ့သည်။ အထူးသဖြင့် ယခုအချိန်က သူတို့၏ လမ်းပြမြေပုံ နောက်ဆုံးအဆင့် ဖြစ်နေသောကြောင့် ပို၍ စိုးရိမ်နေကြသည်။ မြန်မာလူထု၏ လိုလား တောင့်တချက်များကို နှစ်ပေါင်း ၂၀ ကျော် ငြင်းဆန်ခဲ့ရုံမက၊ အာဏာလက်ရှိ ရှိနေစဉ်ကာလအတွင်း အတောမသတ် ရက်စက်မှုများ ကျူးလွန်ခဲ့ကြပြီးနောက် လာမည့်နှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲသည် သူတို့ ဆင်ကွက်အတိုင်း အတိအကျ ဖြစ်ရန် လိုအပ်သည်ဟု သိထားကြသည်။
ဆိုလိုသည်မှာ နောက် တက်မည့် အစိုးရသည် လက်ရှိ စစ်အစိုးရ၏ ခေါင်းဆောင်မှုအပေါ် ဆက်လက်သစ္စာခံရန် လိုအပ်ပြီး ထိပ်သီး စစ်ဗိုလ်ချုပ်ကြီးများ အနေနှင့်လည်း လက်စားချေလာမည့်အရေးကို ပူပန်ကြောင့်ကြမှု မရှိဘဲ အေးအေးဆေးဆေး အနားယူနိုင်ရန် လိုအပ်နေသည်။
နောက်ဆုံးစည်းသို့ နီးလာသည်နှင့်အမျှ လူထု၏ ထောက်ခံမှု ပိုမိုရလာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျော်ကြားမှုကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပို၍ စိုးရိမ်စိတ် ပွားလာသည်။ ဤအချက်ကြောင့်ပင် ယခုနှစ်ဆန်းပိုင်းက ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် သက်တန်း ၁၈ လ ထပ်တိုးခဲ့ခြင်း ဖြစ်သည်။ အကျယ်ချုပ်ချထား သူထံ ကျူးကျော်ဝင်လာသည့် အမေရိကန် နိုင်ငံသားကို ညအိပ် လက်ခံထားရှိမှုဟုစွပ်စွဲပြီး ရယ်ဖွယ်ကောင်းလှသည့် စွပ်စွဲချက်များဖြင့် အပြစ်ဒဏ် ချမှတ်ခဲ့သည်။ လာမည့် ရွေးကောက်ပွဲကာလတိုင် ငြိမ်သက်စွာ နေအိမ်အကျယ်ချုပ်အတွင်း ထားရှိနိုင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ချုပ်နှောင်ထားခဲ့သည့် သြဂုတ်လမှစ၍ အပြောင်းအလဲ တချို့ ဖြစ်ပေါ်လာခဲ့သည်။ အထူးအရေးပါသည့် ကိစ္စမှာ အမေရိကန်ပြည်ထောင်စု၏ သမ္မတ အိုဘားမား အစိုးရက စက်တင်ဘာလတွင် မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံမည်ဟု ထုတ်ပြန်ကြေညာခဲ့သည့်အချက် ဖြစ်သည်။
မြန်မာစစ်ဗိုလ်ချုပ်များကို အထီးကျန် ပိတ်ဆို့ထားရေးဟူသည့် ကာလကြာရှည် ကိုင်စွဲထားသော မူဝါဒများမှ လမ်းခွဲထွက်ခဲ့ ပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ ဒဏ်ခတ်အရေးယူမှုကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သော်လည်း အကယ်၍သာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မှန်ကန်စွာ ပြုမူတုံ့ပြန်လျှင် ရုပ်သိမ်းကောင်း ရုပ်သိမ်းနိုင်သည်ဟူသည့် အရိပ်အယောင် များလည်း တွေ့မြင်လာရသည်။
တခြား အရေးကြီးသည့် အပြောင်းအလဲတခုကတော့ ဒေါ်အောင်ဆန်းစုကြည်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဒဏ်ခတ်ပိတ်ဆို့မှုများ အဆုံးသတ်စေရေးအတွက် စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိနေကြောင်း၊ ဤကိစ္စအတွက် နိုင်ငံရပ်ခြား သံတမန်များနှင့် တွေ့ဆုံခွင့်ပေးရန်နှင့် သူ၏ ပါတီခေါင်းဆောင်များနှင့် ဤကိစ္စ တွေ့ဆုံဆွေးနွေးခွင့်ပြုရန် တောင်းဆိုမှုတရပ် စက်တင်ဘာလတွင် ပေါ်ပေါက်လာခဲ့သည်။ ဤတောင်းဆိုချက်ကို စစ်အစိုးရက လိုက်လျောခဲ့သည်။ အမေရိကန်ပြည် ထောင်စု၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်းဘဲလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခွင့် ရခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း ကျေးဇူးတင်ကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုလာခဲ့သည်။
ဤသို့ အသစ်သော၊ ပြန်လည်ညှိနှိုင်း သင့်မြတ်လိုသည့် လေသံ ကြားလာရသည်နှင့်အမျှ သူတို့ဘက်ကလည်း ဒေါ်အောင် ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် ချုပ်ချယ်ကန့်သတ်မှုများ လျှော့ပေါ့ပေးလာဖွယ်ရှိကြောင်း နေပြည်တော်ရှိ မြန်မာ စစ်အစိုးရက နိမိတ်ပြလာခဲ့သည်။ စစ်အစိုးရ၏ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြီးခဲ့သည့် အောက်တိုဘာလတွင် ကျင်းပသည့် အာဆီယံ ထိပ်သီး အစည်းအဝေး၌ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ ကောင်းမွန်စွာ ပြုမူ နေထိုင်ခဲ့လျှင် သူတို့ဘက်က လျှော့ပေါ့ပေးဖွယ်ရှိသည်ဟူ၍ အချက်ပြ ပြောဆိုခဲ့သည်။
သို့သော်လည်း အမှန်တွင် ဒေါ်အောင်ဆန်းစုကြည်က ကောင်းမွန်စွာ ပြုမူနေထိုင်ပါက ပြစ်ဒဏ်လျှော့ပေါ့ ကျခံခွင့် ရစေမည်ဟု စတင်ပြောဆို ခဲ့သူမှာ ဗိုလ်ချုပ်ကြီးသိန်းစိန်၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေသာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ် ပြီးသည်နှင့် တပြိုင်နက် ချက်ချင်းဆိုသလိုပင် တရားရုံးပေါ်၌ ဗိုလ်ချုပ်မှူးကြီး၏ စာကို ဖတ်ပြခဲ့ခြင်းဖြစ်ပြီး သူက မူလ ပြစ်ဒဏ် ထောင်ဒဏ် ၃ နှစ်ကို တ၀က်လျှော့ချပေးခဲ့ရုံမျှမက အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က "ကောင်းမွန်စွာ ပြုမူနေထိုင်ပါက" ထပ်မံ၍ သက်သာခွင့် လျှော့ရက်များ ခံစားရစေမည်ဟု ဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စက်တင်ဘာလအတွင်း စာပေးပို့ ဆက်သွယ်ခဲ့စဉ် "ကောင်းမွန်စွာ ပြုမူနေထိုင်ခြင်း" ဆိုသည်ကို မည်သို့ သဘောပေါက်ပါကြောင်း သိစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု ကိစ္စအပေါ်တွင်သာ အလေးပေး ဖော်ပြခဲ့ပြီး လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် အငြင်းပွားဖွယ် ဖြစ်နေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စကို မတို့မထိဘဲ ချန်လှပ်ထားခဲ့သည်။
ယခု အခြေအနေတွင် သတိကြီးစွာဖြင့် တင်းမာ ရန်လိုမှုများ ရပ်ဆိုင်းထားသည့် အခြေအနေ မည်မျှကြာမြင့်လိမ့်မည် ဆို သည်မှာ ပြောရန် ခက်ခဲလှသည်။ မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် နီးကပ်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်၏ အပြုသဘော ကမ်းလှမ်းမှုများအပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက "လုပ်ကြည့်လေ" ဟူ၍ ကျေနပ်စွာ စောင့်ကြည့်နေသည်ဟု သိရသည်။
ယခုအခြေအနေကတော့ မြန်မာနိုင်ငံတွင် အကြွင်းမဲ့အာဏာကို ချုပ်ကိုင်ထားသည့် လူ ပုဂ္ဂိုလ်တဦး၏ စိတ်ခံစားချက် အပေါ် မူတည်ပြီး ရုတ်ချည်းပြောင်းလဲသွားနိုင်သကဲ့သို့ ကောင်းနေသည့် အခြေအနေမှနေ၍ လျှင်မြန်စွာ ယိုယွင်း ပျက်စီးသွားနိုင်သည်ဟု ဆိုရပေလိမ့်မည်။
ဤအချက်များကို သိထားသောကြောင့် ဒေါ်အောင်ဆန်းစုကြည်က သတိကြီးစွာဖြင့် တလှမ်းချင်းတိုး၍ ဆောင်ရွက်နေ သည်။ သို့သော်လည်း မြန်မာပြည် ဒီမိုကရေစီအင်အားစု၏ ခေါင်းဆောင်တဦး ဖြစ်နေသည်နှင့် အညီ အနှေးနှင့် အမြန်ဆိုသလို အရေးကြီးသည့် ကိစ္စများကို ကိုင်တွယ် ပြောဆိုရတော့မည် ဖြစ်သည်။ ဥပမာ ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ စသည့်ကိစ္စများကို ရှောင်လွှဲနေ၍ မရဘဲ ထုတ်ဖော်ပြောဆိုရလိမ့်မည် ဖြစ်သည်။
သမ္မတ အိုဘားမားအပါအဝင် နိုင်ငံတကာ အစိုးရများကလည်း စစ်အစိုးရနှင့် ပြောဆိုဆွေးနွေးရန် သတိကြီးစွာဖြင့် ရှေ့တိုးဆောင်ရွက်နေသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြန်လည်သုံးသပ်ရေးနှင့် ပတ်သက်၍ သူတို့က တိုက်တွန်း ပြောဆိုကြလိမ့်မည် မဟုတ်ဆိုသည်ကို ၎င်းတို့ ပြောကြားချက်များအရ သိရသည်။ ဤကိစ္စကို "အမျိုးသားရေးပြဿနာ ညှိနှိုင်းဆွေးနွေးမှု" အဖြစ်သာ ဆောင်ရွက်သင့်သည်ဟု ဆိုခဲ့သည်။
သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အတွက်မှာမူ သူ၏နောက်လိုက်များကို ချွေးသိပ်စရာ ရစေသည်။ စိတ်အေး စေနိုင်ခဲ့သည်။ ၀ါရင့်ဗိုလ်ချုပ်ကြီး၏ လှည့်ဖျားအသုံးချနိုင်သည့် အရည်အချင်းကို လျှော့ပေါ့တွက်ဆ မထားသင့်ပါ။
သိသာထင်ရှားသော အချက်အနေနှင့် သူ လိုလားနေသည်မှာ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းရန်နှင့် နောက်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲရလဒ်အပေါ် နိုင်ငံတကာမိသားစုက အသိအမှတ်ပြုလာစေရန် ဖြစ်သည်။ သို့သော်လည်း သူ့ဘက်ကတော့ လိုက်လျှောမှု တခုမျှ မယ်မယ်ရရ ပြန်၍ လုပ်ဆောင်ပေးခြင်း မရှိသေးပါ။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် သူ၏ ရည်ရွယ်ချက်များမှာ ထင်ထားသလောက် မကြီးမားဟုလည်း ယူဆနိုင်သည်။ သူ က ဖိအားများ လျော့ပါးသွားစေရုံမျှသာ ရည်ရွယ်ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဖိအားများ ခံသာလောက်အောင် သက်သာသွားပါက သူ့အာဏာ သက်တမ်းရှည်ရေး အတွက် ဆက်လက်လုပ်ဆောင်နိုင်သည်။ တနည်းဆိုရလျှင် ယခင် လှည့်ကွက်အတိုင်းသာ ဆက်ကစားဦးမည်ဟု ယူဆရသည်။ သို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကို လာမည့်နှစ်ရွေး ကောက်ပွဲ ကျင်းပပြီးသည့်တိုင် အိမ်အကျယ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်းထားလိမ့်ဦးမည် ဖြစ်သည်။
တချိန်တည်းမှာပင် သူက လုံခြုံစွာအနားယူနိုင်ရေးအတွက် အမှန်တကယ် စိတ်ဝင်စားနေသည် ဆိုပါက သူ၏ ရွေးကောက်ပွဲ အစီအစဉ်ကို အနှောင့်အယှက် မပေးပါမည့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံမှ လုံလောက်သည့် အာမခံချက်ရယူပြီး ပြန်လွှတ်ပေးသည့် အနေအထားမျိုးလည်း အရဲစွန့်၍ လုပ်ကောင်း လုပ်ဆောင်နိုင်သည်။ အကယ်၍ ရွေးကောက် ပွဲကို အတုအယောင်ဟု စွပ်စွဲခံရမည့် အရေးမှ ရှောင်လွှဲလိုသည်ဆိုပါကလည်း လုပ်ဆောင်ရန် နည်းလမ်း တခုသာ ရှိသည်၊ တခြားရွေးချယ်ရန်လမ်း မရှိ၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရလိမ့်မည် ဖြစ်သည်။
မည်သို့ ဆိုစေ အလွန်သိမ်မွေ့နူးညံ့စွာ ကိုင်တွယ်ရမည့် အခြေအနေ ရောက်နေပြီဖြစ်သည်။ အဓိကအရေးပါသည့် ဇာတ်ဆောင်များဖြစ်ကြသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ပြည်ထောင်စုတို့က ဤအခြေအနေကို သဘောပေါက်နားလည်ကြပြီး သတိကြီးစွာဖြင့် လုပ်ဆောင်ကြရမည် ဖြစ်သည်။
သို့သော်လည်း တစုံတခုသော အခြေအနေတွင် တစုံတဦးက စွန့်စား၍ ရှေ့တိုးလုပ်ဆောင်ရန်တော့ လိုအပ်နေသည်။ အကယ်၍ အလားတူ လုပ်ဆောင်မှုများ ရှိလာပါက လက်ရှိကစားပွဲကို အပြောင်းအလဲ ဖြစ်လာစေပေလိမ့်မည်။ သို့မဟုတ်ပါက မူလအခြေအနေအတိုင်း မပြောင်းမလဲ ရှေ့မတိုးနောက်မဆုတ်သည့် နိုင်ငံရေးအခြေအနေ အဖြစ်သာ ရှိနေပါလိမ့်မည်။
ကျော်စွာမိုးရေးသားသည့် The Next Big Step ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
Set as favorite
Bookmark
Email this
Hits: 3056
written by khingyi , December 03, 2009
lets clear about what is STATE and what is PEOPLE... since u had told about Our Aunty is on People side. let say, who crate the state, and what happen if our people don't support state and don't give any tax to your GOV... .think of it, and who call STATE, we think SPDC calls themselves STATE, we never ever legally made a position to rule our country for SPDC, but themselves. They called themselves "Naing Gan Daw". I think they steal it from our people.
written by ဘပွား , December 03, 2009
ကျနော့်အမြင် ပြောရရင် မြန်မာတွေ အခြား လူမျိုးတွေနဲ့ ယှဉ်ရင် အောက်တန်း ကျနေတာလည်း မထူးဆန်းပါဘူး။
ဘာကြောင့်လဲ ဆို့တော့ အခြေခံ အတွေးအမြင်ကကို နိမ့်ကျနေလို့ပါပဲ။ ဒါကလည်း နှစ်ပေါင်းများစွာ
နှိပ်ကွပ် ခံရမှုကြောင့် ထင်ပါရဲ့။
မြန်မာလူမျိုးတွေဟာ သူရဲကောင်း ကိုးကွယ်သူများလို့ တချိုးက ဆိုကြရဲ့။ ရှေးတုန်းကတော့ အခက်အခဲ ပေါ်လာရင်
မင်းလောင်း မျှော်ကြတာပေါ့။ ခုတော့ နိုင်ငံတကာကို မျှော်တယ်။ ခေါင်းဆောင်ကို ပုံပြီး အားကိုးတယ်။
ပြသနာတစ်ခုကို ခြေခြေမြစ်မြစ် သုံးသပ်နိုင်စွမ်းအား နည်းတယ်ပေါ့။
ကျနော်တို့ တည်ဆောက်ရမှာ မူဝါဒပါ။ သူရဲကောင်း ကိုးကွယ်မှု မဟုတ်ပါ။ ကျနော်တို့ လေ့လာရမယ်။ အတွေး အခ်ါတွေကို မြှင့်တင်ရမှာပါ။
ဘာကြောင့်လဲ ဆို့တော့ အခြေခံ အတွေးအမြင်ကကို နိမ့်ကျနေလို့ပါပဲ။ ဒါကလည်း နှစ်ပေါင်းများစွာ
နှိပ်ကွပ် ခံရမှုကြောင့် ထင်ပါရဲ့။
မြန်မာလူမျိုးတွေဟာ သူရဲကောင်း ကိုးကွယ်သူများလို့ တချိုးက ဆိုကြရဲ့။ ရှေးတုန်းကတော့ အခက်အခဲ ပေါ်လာရင်
မင်းလောင်း မျှော်ကြတာပေါ့။ ခုတော့ နိုင်ငံတကာကို မျှော်တယ်။ ခေါင်းဆောင်ကို ပုံပြီး အားကိုးတယ်။
ပြသနာတစ်ခုကို ခြေခြေမြစ်မြစ် သုံးသပ်နိုင်စွမ်းအား နည်းတယ်ပေါ့။
ကျနော်တို့ တည်ဆောက်ရမှာ မူဝါဒပါ။ သူရဲကောင်း ကိုးကွယ်မှု မဟုတ်ပါ။ ကျနော်တို့ လေ့လာရမယ်။ အတွေး အခ်ါတွေကို မြှင့်တင်ရမှာပါ။
written by Burmese, November 26, 2009
ညီလေးမင်း မပွားခင် အရင်လေ့လာကွာ။ ဒေါ်စုက ဘယ်ပြည်သူပေါ်မှာ ထိုင်နေလို့ လဲ။ သူက နေအိမ်အကျယ်ချုပ် ကျနေတာလေ။ မင်းအဘ စစ်တပ်ကသာ အာဏာဆိုတဲ့ ကုလားထိုင်ပေါ်မှာ သေနတ်ထမ်းပြီး ထိုင်နေတာကွ။ အဲဒီလို အောက်တန်းကျကျ လုပ်နေလို့ လည်း တိုင်းပြည် စုတ်ပြတ်သထက် စုတ်ပြတ်လာပြီ။ အရေးကြီးတဲ့ နောက်တစ်ဆင့်ဆိုတာ သန်းရွှေကို ကုလားထိုင်ပေါ်က ကန်ချဖို့ ပဲကျန်တော့တယ်။
written by CTM, November 26, 2009
Ba-Pwa,
Think twice before talk/write.
Oops.... sorry. Do you ever have a brain to think like your Na-aa-pha???
Shrimp-headed guy!

Think twice before talk/write.
Oops.... sorry. Do you ever have a brain to think like your Na-aa-pha???
Shrimp-headed guy!


Write comment















