အကူအညီတွေ ထိရောက်ပါရဲ့လား…

E-mail Print

ဒီနှစ်ထဲမှာ ဆူဒန်နိုင်ငံသမ္မတ မစ္စတာ အိုမာက ခုခံအားကျရောဂါ တိုက်ဖျက်ရေး ကူညီနေတဲ့ NGO များ အပါ  အ၀င် NGO ၁၃ ခုကို နိုင်ငံကနေ နှင်ထုတ်လိုက်တဲ့ သတင်းကြောင့် ကျမ အများကြီး အံ့သြ တုန်လှုပ်သွားပါ တယ်။

NGO တွေ ဆူဒန်နိုင်ငံရေးမှာ ၀င်ရှုပ်တယ် ဆိုတဲ့ သူ့စွပ်စွဲချက်တွေ ဘယ်လောက် ခိုင်လုံတယ် ဆိုတာတော့ ကျမ မသိနိုင်ပါဘူး။ ဆေးသောက်လက်စ လူနာတွေ ဘယ်လောက်များ ဒုက္ခ ရောက်သွားသလဲ ဆိုတာကို စဉ်းစား နေမိတာပါ။

NGO တွေက ကျမတို့ နိုင်ငံမှာလည်း ရှိပါတယ်။ စစ်အစိုးရကလည်း NGO တွေကို အကန့်အသတ်နဲ့ လုပ်ကိုင်ခွင့် ပြုထားပါတယ်။ ၂၀၀၈ မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်မှာတော့ ပြည်တွင်း NGO၊ တနည်း ပြောရရင် ခါတော်မီ NGO တွေ မှိုလို ပေါက်လာပါတယ်။ မှိုလိုပေါက်တယ် ဆိုတဲ့ အသုံးနှုန်းကို တချို့ကတော့ ကြိုက်မယ် မထင်ဘူး။ ဒီတိုင်းပြည် လူဦးရေ ၅၆ သန်းကျော်အတွက် ဒီ NGO လေးတွေပဲ ရှိတာ မှိုလိုပေါက်တယ်လို့ ပြောရမလား ဆိုပြီး အပြစ် မြင်နိုင်ပါတယ်။

မှိုလိုပေါက်နေတယ် ဆိုတဲ့ စကား မမှားဘူးလို့ဘဲ ပြောရပါမယ်။ သူတို့တွေဟာ တကယ့် လိုအပ်ချက်ကို မဖြည့်နိုင်လို့ ဒီစကား ပြောရတာပါ။ သူတို့ဟာ ဝေးလံ သီခေါင်တဲ့ နေရာတွေကို မသွားနိုင်ပါဘူး။ သွားလို့ မရတာလည်း အကြောင်းအချက် တခု ဖြစ်မယ်လို့ ကျမ စဉ်းစားမိပါတယ်။ ရန်ကုန်မြို့မှာတော့ NGO တွေ များတယ် ဆိုရမှာပါ။

စဉ်းစားမိတဲ့ နောက်တချက်က အလှူရှင်နဲ့ လုပ်ကိုင် ဆောင်ရွက်သူတွေကြား နားလည်မှုပါပဲ။

အလှူငွေတွေဟာ 3D Fund လို့ ခေါ်တဲ့ တီဘီ၊ ငှက်ဖျား၊ ခုခံအားကျ ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီတဲ့ နိုင်ငံတကာ အဖွဲ့ဆီက လာပါတယ်။

3D Fund အဖွဲ့ကြီးဟာ ရောဂါ သုံးမျိုးအတွက် မြန်မာနိုင်ငံကို ၅ နှစ်ထောက်ပံ့မယ့် အဖွဲ့ဖြစ်ပါတယ်။ အဲဒီလို ထောက်ပံ့ဖို့အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ သုံးစွဲဖို့ရာထားပါတယ်။ ဒီနှစ်အတွက် ဒေါ်လာ ၆ သိန်း ၃သောင်း သုံးစွဲမယ်လို့လည်း အဖွဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီ 3D Fund က မြန်မာနိုင်ငံကို မူဝါဒ အမှားကြီးနဲ့ ၀င်လာတာကြောင့် ဒေသခံ NGO တွေ ပွားများ လာစေတာပါ။ သူတို့ မူဝါဒ အမှားကြီးက ကျမတို့ နိုင်ငံက ဒေသခံ NGO တွေကို ပျက်စီးစေတဲ့ လမ်းကြောင်း ဘက်ဆီ တွန်းပို့သလို ဖြစ်နေတာပါ။ 3D Fund ကို ကျမ မြင်တာကတော့ ဒီအတိုင်းပါပဲ။

သူတို့ရဲ့ ယေဘုယျမူကတော့ သူတို့ ကိုယ်တိုင်ကိုယ်ကျ အကူအညီ မပေးနိုင်ဘူး။ ဒါပေမယ့် ကြားခံ တခု ထားပြီးတော့ ပေးမယ်။ ပေးမယ့် နေရာမှာလည်း အားလုံးကို ပေးမယ်၊ ကျမတို့လိုမျိုး နိုင်ငံရေးအဖွဲ့အစည်းက လွဲလို့ပေါ့။ ဒါ ကျမတို့ကို မပေးလို့ ဝေဖန်နေတာလည်း မဟုတ်ဘူး။ ကျမတို့ အနေထားက သူတို့ ပေးမယ် ဆိုရင်တောင် လက်မခံနိုင်တဲ့ အခြေအနေပါ။ 

အာဏာပိုင်တွေနဲ့ NGO တွေရဲ့ သဘောတူညီချက်တွေ အရ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အဖွဲ့တွေ၊ အစိုးရနဲ့ ပတ်သက်တဲ့ အဖွဲ့တွေကို သူတို့ ကူညီလို့ မရဘူး။ ဒါပေမယ့် အငြင်းပွားစရာ ဖြစ်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေး အသင်းလိုမျိုးတွေကို ကူညီနေတာ တွေ့ရတယ်။

ဒီလို အကူအညီတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်မယ့်သူ ဘယ်သူဖြစ်မလဲ၊ စောင့်ကြည့်တာကိုရော ခံနိုင်သလား ဆိုတာ လေ့လာပြီးတော့မှ အကူအညီပေးသင့်တယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် တခါတုန်းက ပြောခဲ့တဲ့ စကားဟာ အလွန်ကိုပဲ တန်ဖိုးရှိပါတယ်။

3D Fund က NGO တွေကို ထောက်ပံ့တယ်။ ငွေသာ ၀င်သွားတယ် NGO တွေက ဘာတွေလုပ်နေတယ်ဆိုတာ ပြည်သူလူထု မသိလိုက်ကြဘူး။ ထိရောက်မှု ဘယ်လောက် ရှိတယ်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

3D Fund က တကယ် ထိထိရောက်ရောက် လုပ်နေသူတွေနဲ့ လက်တွဲမှ အောင်မြင်မှာ ဖြစ်ပါတယ်။ တကယ်လုပ်နေတဲ့ အဖွဲ့တွေက အကူအညီ မရတာတွေ ရှိပါတယ်။

တဘက်မှာလည်း အာဏာပိုင်တွေက ထိန်းချုပ်မှု သိပ်များရင် ဒီငွေတွေက ထိရောက်မှာ မဟုတ်ဘူး။ HIV နဲ့ ပတ်သက်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ထိထိရောက်ရောက် လုပ်မှ အောင်မြင်မှာပါ။ အာဏာပိုင်တွေက NGO တွေကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးဖို့လည်း လိုအပ်ပါတယ်။

3D Fund လိုပဲ အဲဒီ ရောဂါသုံးမျိုးအတွက် လှူဒါန်းနေတဲ့ နောက်ထပ် နိုင်ငံတကာ ရန်ပုံငွေ အဖွဲ့အစည်းကြီး တခုဖြစ်တဲ့ Global Fund ဆိုတဲ့အဖွဲ့ကြီးဆိုရင် စစ်အစိုးရက လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်ကို ချုပ်ချယ် ကန့်သတ်ထားလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံကနေ ထွက်ခွာသွားခဲ့ပါတယ်။

မနေ့တနေ့ကတော့ အဲဒီ Global Fund အဖွဲ့ကြီးဟာ မြန်မာနိုင်ငံကို လာမယ့် တနှစ်အတွင်း အမေရိကန် ဒေါ်လာ သန်း ၁၁၀ ကူညီသွားမယ်ဆိုတဲ့သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အခုလို လိုအပ်နေတဲ့ အကူအညီကို ပြန်ပေးတဲ့ အတွက် ကြိုဆိုရမှာပါ။ ဒါပေမယ့် ဒီအလှူတွေက တကယ် လိုအပ်နေတဲ့ သူတွေရဲ့ လက်ထဲကို ရောက်နိုင်တဲ့ အစီအစဉ်တွေလည်း သေသေချာချာ ရှိသင့်ပါတယ်။

လက်တွေ့ လိုအပ်ချက်ကို မပေးနိုင်ဘဲနဲ့ သူ မလိုအပ်တာ ပေးမိပြန်ရင်လည်း ပေးကားပေး၏ မရ ဆိုတာလိုမျိုး ဖြစ်မှာပါပဲ။

ဥပမာနဲ့ မြင်သာအောင် ပြောရရင် ကျမ လူနာတချို့ကို NGO တခုက လာခေါ်ပါတယ်။ စက်ချုပ် သင်တန်း ပေးမယ်လို့ ပြောပါတယ်။ အသက်မွေးမှု ပညာ တတ်မြောက်ထားရင် မဆိုးဘူး ဆိုပြီး သင်တန်း လွှတ်လိုက် ပါတယ်။ သင်တန်းလည်း ပြီးလာရော သူတို့ ပညာအနည်းငယ်တော့ တတ်လာပါပေရဲ့။ ဒါပေမယ့် လက်တွေ့ လုပ်ကိုင် ဆောင်ရွက်ဖို့ စက်က ဘယ်မှာလဲ လို့ သင်တန်းပေးသူတွေကို မေးကြည့်တော့ “အဲဒါတော့ မတတ်နိုင် ဘူး၊ ဒီ စက်ချုပ် သင်တန်း ပေးတဲ့ စက်တွေတောင် ငှားထားရတာ” ဆိုတော့ ကျမလည်း သက်ပြင်းချရုံ မှတပါး မတတ်နိုင်တော့ဘူးပေါ့။

ဒီသင်တန်းကို လူ ၃၅ ယောက် အတွက် ပေးတာပါ။ ကျမ စဉ်းစားမိတာက သင်တန်းကို ၅ ယောက်လောက် အတွက်ပဲ ပေး၊ ပြီးတာနဲ့ စက် ၅ လုံး ၀ယ်ပြီး ဆင်ပေးလိုက်ရင် မဖြစ်ဘူးလား ဆိုတာမျိုးပါ။ တကယ်ဆို လူ ဒီလောက်များများ ဘာလို့ သင်တန်းပေးသလဲ မေးရင် အလှူရှင် ဘက်ကနေ ကြည့်ကောင်းအောင် ပေးတယ် ဆိုတဲ့ အဖြေပဲ ထွက်ပါတယ်။ လူနည်းနေရင် ထောက်ပြ ပြောဆိုခံရမှာ စိုးရိမ်ပုံ ရပါတယ်။ ဒီတော့ သင်တန်းတခု ပေးလိုက်၊ ဒေသခံ NGO လေးတွေက ငွေသုံးလိုက်၊ လူနာတွေ တကယ် ထိရောက်မှု ရှိမရှိ ဆိုတာလိုမျိုး ဘယ်သူမှ မသိနိုင်တော့တဲ့ အနေအထားတွေ မြင်နေရပါတယ်။

တလောက HIV/AIDS ဆိုင်ရာ အကူညီပေးရေး ဆွေးနွေးပွဲကြီး တခုအတွက် ကျပ် သိန်း ၂၄၀ လောက် သုံးလိုက်တယ်တဲ့။ လုပ်ငန်း မစနိုင်သေးခင် ကုန်သွားတဲ့ ပိုက်ဆံပါ။ အရမ်းပဲ နှမြောမိပါတယ်။

ဆွေးနွေးပွဲကို ဟိုတယ်ကြီးမှာ လုပ်မယ့်အစား ဈေးသက်သာတဲ့ ခန်းမ တခုမှာ လုပ်လိုက်ပေါ့။ ဈေးကြီးတဲ့ အစားအစာတွေနဲ့ ဧည့်ခံမယ့်အစား ငွေကုန်ကြေးကျ သက်သာမယ့် လက်ဖက်ရည် တခွက်စီလောက် တိုက် လိုက်ပေါ့။ ဒါဆို ကုန်ကျစရိတ်က နည်းသွားပြီး လုပ်ငန်းစချိန်မှာ ဒါတွေထည့်သုံးရင် လူနာတွေအတွက် ပိုမို အကျိုးရှိမယ်လို့ တွေးမိနေတာမျိုးပါ။ နိုင်ငံတကာစံ ဆိုတာလည်း ဒီလောက်ကြီး အကုန်ကျခံပြီး လုပ်ပြမှ မဟုတ်လောက်ပါဘူး။ 

ဒါက ထင်သာမြင်သာရှိတဲ့ ကိစ္စရပ်ပါ။ မမြင်သာတာတွေလည်း ရှိပါတယ်။ လူနာတွေကတော့ ဘာမှ မသိသလို အလှူရှင်တွေလည်း ဘာမှ သိမယ် မထင်ပါဘူး။

ဒီလုပ်ငန်း လုပ်ကိုင်နေတိုင်း ချီးမွမ်း ထောမနာပြု၊ သူရဲကောင်း တယောက်လို ဆက်ဆံနေတာဟာ မြန်မာပြည် မှာတော့ အတော့်ကို လွဲမှားနေတယ်လို့ ပြောချင်ပါတယ်။ အလှူရှင်တွေလည်း သတိရှိရှိ ကူညီ ဆောင်ရွက်ပါလို့ ကျမ အလေးအနက်ထား သတိပေး ပြောဆိုလိုက်ရပါတယ်။     ။

Comments (14)Add Comment
0
လာသာလာပါ
written by ဂျိုနာသန်ဲ, December 03, 2009
အင်ဂျီအိုတွေ များလာတာ တိုင်းပြည်ကောင်းတဲ့ ကိတ်စပါဗျ

ပထမ ကောင်းကျိုးက သူတို့ ၀င်လာလိြု့ ပည်တွင်းက လူငယ်တွေအလုပ် ရတယ်
ဒုတိယ ဆေးသောက်မဲ့ လူနာတွေ အကျိုး ရှိတယ်
ဟာကွက်တွေ ရှိနေပေမဲ့ သူတို့ မရှိလို့လဲ မဖြစ်ဘူးလေ
အင်ဂျီအို လုပ်စားပြီး ချမ်းသာသွားတဲ့ သူတွေ ရှိတာပဲ သူဟာသူ ရှာစားတတ်လို့ ဌေးသွားတာ။ သူကံ က သူ့ကိုအကျိုးပေးလိမ့်မယ်
0
တလွဲဆံပင်ကောင်းခြငးများ
written by zaw-g, November 28, 2009
မဖြူပြောတာတွေ တွေ့ရသိရတော့ ကိုယ်တွေ့လေး ပြန် အမှတ်ရမိလို့ပါ။
NGO research တခုကို Company တခုနဲ့ တွဲလုပ်တာ။
ဝန်ထမ်းတချို့ကို Company မှပဲ training ပေးတယ်၊ Part-time အလုပ်လေးမို့ မပါတော့ဘူး ထင်တာ။
နောက်မှဆိုပြီး ပြန်ချိန်းလိုက်တယ်၊ နောက် ခေါ်တော့ Training က Traderမှာ တဲ့ .... အားပါးပါး မြင့်လှချည်လားပေါ့။
ဘယ်ဟုတ်မလဲ အစိုးရ အဖွဲ့ထဲက လူကြီးတွေ ပါနေလို့လေ။
အဲ့ဒါနဲ့ တွေးမိပါတယ်၊ ငွေတွေ တလွဲကုန်နေတာ။
ကျွန်တော့် ဗိုက်တော့ ၃ ရက်လောက် ခွေးနမ်းသွားတယ်...။ smilies/grin.gifsmilies/grin.gif
0
HIV Information for Myanmar [him] readers looking forward to reading some of this discussion in English
written by HIV Information for Myanmar, November 25, 2009
English-only readers of HIV Information for Myanmar [him] http://him.civiblog.org are looking forward to an English language translation of this fascinating discussion. ...
0
Looking forward to a translation ...
written by [him] moderator, November 25, 2009
English-only readers of HIV Information for Myanmar [him] at http://him.civiblog.org are looking forward to an English language translation of this article ...
0
...
written by ကိုအောင်ကြီး, November 24, 2009
We need the monitors on the health care activities of various organization in our country.
Thank you Ma Phyu.
0
ရင်ထဲမှာ ခံစားမိလိုက်တာ လေးပါ
written by khinmyantmon, November 24, 2009
ဒီအကြောင်းအရာကို ဖတ်ပြီး..ရင်ထဲမှာ ခံစားမိတာလေးပြောချင်လို့ ပါ.. မဖြူဖြူသင်း ပြောတာတွေဟာ.. တကယ်အမှန်တွေပါလို့ ..ကျမ..ကိုယ်တိုင်လဲ. .မြန်မာပြည်ကိုပြန်တဲ့ ခဏမှာ..
ဒီလိုပြုလုပ်နေကြတာကို ..မြင်တွေ့ ခဲ့ ရပါတယ် ..ဒါဟာ.. မြို့ ပြမှာမဟုတ်သေး ပါဘူး.. နယ်ဘက်မှာပါ
မြိုပြမှာဆို ဘယ်လောက် ဖြစ်နေပြီလဲ ဆိုတာ.. မြင်သာမှာပါ.. တကယ်ခံစားနေရတဲ့  လူထုတွေကို ကျေးဇူးပြုပြီး
တစ်ချက်လောက် လှည့်ကြည့်ကြပါဦးလို့ . .ပြောချင်ပါတယ်
0
....
written by Burmese, November 23, 2009
ဟုတ်ကဲ့... ၀န်ထမ်းတွေ လခကောင်းတယ်၊ Founder တွေချမ်းသာသွားပါတယ် ခင်ဗျ။ နောက် ဘာများသိချင်ပါသလဲ မသိဘူး။
0
Shouldn't we be considerate???
written by zaw, November 23, 2009
This is a good article that sounds seemingly informative but, I would say, lacking a logical assumption rather than just “criticizing the supports of INGO’s operating in Myanmar”. I guess Ma Phyu Phyu Thin has prioritized her emotional feelings ahead of the real situations faced by the actors on the ground.
I am not gonna augue with the author on whether or not NGOs’ operations in Myanmar are effective. Instead, I would like to raise a question whether it is that easy to run an aid operation in a country like Myanmar.
First thing I would like to point out is that the author seems to criticize there are many numbers of NGOs in Yangon. I think she wants to mention that they are based in Yangon other than operating in Yangon. I assume she is talking about Local NGOs.
I am sure the author has sound knowledge of NGOs’ operations and procedures that require them to work together in a timely fashion with pertinent counterparts including Department of Social Work, Ministry of Health, Ministry of Education, partner organizations, so on and so forth.
If communications, negotiations and so on are considered, may I ask the author whether there are any other places in Myanmar which is more suitable and pragmatic than Yangon. On top of it, I doubt if the author is aware that most of those NGOs have their field offices in project areas. And NGOs operating solely inside Yangon is quite a few in numbers.
The article’s credibility is also doubtful by the assumption that the 3D Fund came into Myanmar with a wrong policy. I don’t really understand what she means by ‘Wrong Policy’. Does she mean supporting communities through community based organizations is a wrong strategy?
Additionally, The author’s argument on USDA and MCWA has proven that she has some difficulties with understanding humanitarian operations in Myanmar. They are not officially supported by INGOs but as everyone understands, these associations are like quasi-governmental organizations with which some INGOs need to work together sometimes on some occasions. I think the further explanation for the linkage between the comment of Daw Aung San Suu Kyi and the author’s argument is also needed as it is totally unclear.
Regarding the question on LNGOs’ accountability to the general public, I understand that the author is worried about the welfare of the citizens but I would hereby contend that INGOs have their own monitoring strategies to ascertain that the LNGOs are utilizing their funds effectively as planned. There are well-designed indicators to prove whether or not the planned objectives is achieved. There are no perfect contracting or monitoring strategies but they are anyhow well designed based on worldwide experiences to minimize the agency problems of going after their own interest.
I am honestly surprised by the author’s empirical example (as she said) of tailoring training. I thought up till now the author has a good attitude towards the wellbeing of society as she even accused the 3D Fund of putting LNGOs on the wrong track. I would like to ask author a question how she conceived aid dependencies and the consequences, how she defined self reliance and what made her think it is essential that the general public should be provided material aids such as tailoring machines following certain trainings such as tailoring. I am not saying they are not necessary at all. It depends on situations. Millions of dollars were spent by different INGOs to provide fishing and farming assets to the survivors of Nargis Cyclone in Delta. That would take a long space to simplify the difference but I strongly hope it is understood.
With all things in the article considered including the information on the recent even which cost around K 24 million, I would contend that the author’s assumption are not based on concrete assumptions and welfare of the citizens but on personal feelings with a narrowly observed perception on the subject matters.
In fact, I find it quite hard to find out the major theme of the story rather than unrepresentatively criticizing the INGOs’ operation. The theme is driven by nothing but the personal feelings. It is also totally inconsiderate to say “That is so wrong in Myanmar to praise and treat as heroes to whoever is involved in this (humanitarian) work”. Does the author want everyone in HIV/AIDS prevention sector including both INGOs/LNGOs and their personnel to be treated as hypocrite or conman?
Ultimately, the author’s warning to donors to be careful reminds me of the early period of various economic sanctions toward Myanmar.

0
Oneof the sutibable Point Of View
written by koyelay, November 23, 2009
In these days, we should ask this is question!!!!!!
0
Should learn more
written by Phoe Auu, November 22, 2009
Seems like author doesn't know well about the donors organizations and how they do it.
One thing for sure is that money doesn't come that easy from these international donors. They have well-crafted check and balance system and monitoring and evaluation systems for the recipient organizations to be accountable as much as possible. I agree with author about the fact that intended amount of these aids should reach the beneficiaries. But some points opinions in the article are not well-thought and professional.
0
မှန်တယ်
written by MHM, November 22, 2009
မြန်မာတွေက ငါးပွက်ရာ ငါးစာချဖို့ လုပ်ကြတာ များတယ်။ အန်ဂျီအိုကို စစ်အစိုးရက သူ့အတွက် အသုံးချဖို့လောက်ပဲ ကြည့်နေတာပါ။ ပြည်တွင်း အန်ဂျီအို အတော်များများကလည်း အစိုးရနဲ့ ပလူးပလဲ လုပ်ပြီး၊ စီးပွားရေးလုပ်ငန်း တခုလို ၀င်လုပ်နေကြတာလို့ပဲ မြင်ပါတယ်။ NGO Business ပေါ့။
0
ဒီလိုမျိုးလည်း ရှိတယ်လား?
written by Phoenix, November 21, 2009
ဒီလိုအဖြစ်မျိုးလည်း ရှိတယ်ပေါ့? ကျနော် အရင်က သေချာမသိဘူးဗျာ။ NGO တိုင်းက သူ့ Donor နဲ့သူ တကယ်ထိထိရောက်ရောက် လုပ်နေတယ်ပဲ ထင်ခဲ့မိတာ။ Fund တွေ အလဟသတ် ကုန်သွားတာ နှမြောဖို့ကောင်းတယ်ဗျာ။ ပြုပြင်သင့်ပါတယ်။
0
HIV & Burma
written by Mi Mi Linn, November 21, 2009
You are right. I am currently working in one of the LNGOs in Burma. Yes. we are spending too much money but we don not know what the results are. We need to produce more efforts. Of course, this military regime should be changed. With this regime, no efforts can be made. This is politics. Everything in Burma is related to politics. Love live Burma.
0
welcome to all INGOs
written by myo, November 21, 2009
We should welcome to all of INGOs because they are helping our people as much as they can.There may have some error in their management because they are led by foreigners and they don't know well about the country.Inernational donors trust to them only.They know the regulations how to get the funs from donors. "Welcome to all INGOs who helping our people".

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Saturday, 21 November 2009 19:13 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်